Ooredoo နှင့် UNDP တို့မှ ဒစ်ဂျစ်တယ်နည်းပညာကို အသုံးပြုပြီး အပူပိုင်း‌ဒေသရှိ တောင်သူလယ်သမားများ ကိုကူညီထောက်ပံပေး

အူရီဒူးမြန်မာ နှင့် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) တို့သည် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာနနှင့် ပူးပေါင်းပြီးမြန်မာနိုင်ငံအပူပိုင်းဒေသရှိ တောင်သူလယ်သမားများကိုပံ့ပိုးပေးနိုင်ရန်အတွက် ရာသီဥတုဒဏ်ခံနိုင်သော လယ် ယာ စိုက်ပျိုးရေးအလေ့အကျင့်ကောင်းများ၊ စားသောက်ကုန်ထုတ်လုပ်နည်းများနှင့်ဝင်ငွေတိုးတက်စေရန် ဈေးကွက်ချိတ် ဆက်မူများ အစရှိသည်တို့ပါဝင်ပြီး COVID-19 ကာလ၏ သက်ရောက်မှုကိုပါ တုံ့ပြန်နိုင်မည့် စီမံကိန်းတစ်ခုကို ဆောင်ရွက် လျက်ရှိကြောင်းသိရသည်။
ယင်း ၁၅ လတာကြာမြင့်မည့် ရေရှည်တည်တံ့သောစီးပွားရေးလုပ်ငန်းများနှင့်စိုက်ပျိုးရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (SEAD) သည် ကမ္ဘာ့ကပ်ရောဂါ COVID-19 ဖြစ်ပွား နေစဉ်ကာလ အတွင်း မြန်မာနိုင်ငံအလယ်ပိုင်းဒေသအပူပိုင်းဇုန်ရှိ ထိခိုက်နစ်နာနိုင်သည့် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းဆောင်ရွက်လျက်ရှိသည့် လူမှုအဖွဲ့အစည်းများအတွက် အရည် အသွေးမြင့်မျိုးစေ့များနှင့် ထုတ်ကုန်ဆိုင်ရာ သရုပ်ပြသမှုများ၊ သင်တန်းများဖြင့်ပံ့ပိုးဆောင်ရွက်ပေးသွားမည် ဖြစ်သည်။
ကနဦးထောက်ပံ့မှုတစ်စိတ်တစ်ပိုင်းအနေဖြင့် မန္တလေးတိုင်းဒေသကြီးရှိ မြင်းခြံ နှင့် ညောင်ဦးမြို့နယ်များ မှ လက်တွေ့ လယ်ယာသရုပ်ပြ သင်တန်းကျောင်းများ ဖြစ်လာမည့်လယ်ကွင်း ၄၀ အတွက် ရာသီဥတုဒဏ်ကို ခံနိုင်ရည်ရှိသည့် အရည် အသွေးမြင့်မျိုးစေ့များကို ဖြန့်ဖြူးပေးခဲ့ပြီး တောင်သူလယ်သမားများအတွက် ပိုမိုအားကောင်းသော ဝင်ငွေရင်းမြစ် မျိုးစုံလင်၍ ဝင်ငွေတိုးတက်လာစေရန်နှင့်ရပ်တည်မှုပိုမိုခိုင်မာလာသည့် လူမှုဘဝများကို အုတ်မြစ်ချနိုင်ရန်ပံ့ပိုးပေးခြင်း ဖြစ်ပါသည်။ တောင်သူလယ်သမားများအနေဖြင့်လယ်စိုက်ရာသီတစ်လျှောက် ရာသီဥတုဒဏ်ခံနိုင်ရည်ရှိသော လယ်ယာ စိုက်ပျိုးရေးနည်းပညာ အတွေ့အကြုံများ ရရှိနိုင်မည်ဖြစ်ပြီး သက်ဆိုင်ရာအစိုးရ ဌာနဆိုင်ရာအသီးသီးနှင့် ပူးပေါင်း ဆောင်ရွက်ထားသည့်ကောင်းမွန်သည့် စိုက်ပျိုးရေးနည်းစနစ်များ၊ မွေးမြူ‌ရေးနည်းစနစ်များ၊ အချိန်နှင့်တပြေးညီ ရာသီဥတု ခန့်မှန်းချက်များနှင့် လေ့ကျင့်ရေးဆိုင်ရာအထောက်အကူပြု နည်းလမ်းများကို ဒစ်ဂျစ်တယ်နည်းပညာကို အသုံးပြုပြီး Webinars၊ Podcasts၊ Youtubeနှင့် လူမူကွန်ယက်များမှတစ်ဆင့် ကြည့်ရှုနိုင်အောင်ဖြန့်ဝေပေးမည် ဖြစ်သည်။

Photo Source https://www.facebook.com/OoredooMyanmar

“ကမ္ဘာ့ကပ်ရောဂါ COVID-19ကြောင့် လယ်ယာစိုက်ပျိုးရေးကဏ္ဍအပါအဝင်ကဏ္ဍများစွာအပေါ်မှာ သက်ရောက်မှုတွေ ထင်ရှားသိသာစွာ ရှိနေပါတယ်။ထိပ်တန်း‌ရှေ့ဆောင် ဆက်သွယ်ရေးဝန်ဆောင်မှု တွေကို ပေးအပ်လျက်ရှိတဲ့အူရီဒူးအနေနဲ့ မြန်မာနိုင်ငံရဲ့ အဓိက အသက်သွေးကြောလုပ်ငန်းဖြစ်တဲ့လယ်ယာစိုက်ပျိုးရေးကဏ္ဍမှ တောင်သူလယ်သမားတွေရဲ့ အသက်မွေးဝမ်း‌ကျောင်းဘဝရပ်တည်‌ရေးကို မြှင့်တင်ပေးနိုင်ဖို့က အလွန်အရေးပါတဲ့ အကြောင်းကိစ္စတစ်ခုဖြစ်ပါတယ်။ အခုလို ခက်ခဲတဲ့ အချိန်ကာလမှာ ကျွန်တော်တို့ရဲ့မိုဘိုင်းနည်းပညာဟာ လယ်သမားတွေအတွက် ရေရှည်တည်တံ့ခိုင်မြဲတဲ့လယ်ယာစိုက်ပျိုးရေးအတွက် ပိုမိုကောင်းမွန်တဲ့ နည်းပညာဗဟုသုတတွေတိုးပွားရရှိနိုင်စေဖို့အတွက် ပံ့ပိုးဖြည့်ဆည်းပေးနိုင်မယ့်နည်းလမ်းကောင်းတစ်ခု ဖြစ်တယ်လို့ ယုံကြည်ပါတယ် ” ဟု အူရီဒူးမြန်မာ၏ Head of Corporate Communications ဖြစ်သူ ဦးတင့်နိုင်ထွဋ်က ပြောကြားသည်။
COVID-19 ၏ တောင်သူလယ်သမားများအပေါ် သက်ရောက်မှုကို နားလည်နိုင်ရန်စမ်းစစ်ချက်များအပေါ် အခြေပြု ဆောင်ရွက်ပေးလျက်ရှိသည့် SEAD စီမံကိန်းအောက်တွင် လိုအပ်ချက်နှင့် အံဝင်ခွင်ကျဖြစ်အောင် ဆောင်ရွက်ထားသည့် အွန်လိုင်းမှ ရာသီဥတုဆိုင်ရာ အကြံပေးဝန်ဆောင်မှုများ၊ရေရှည်တည်တံ့ခိုင်မြဲသည့် စိုက်ပျိုးရေးနှင့်မွေးမြူရေးဆိုင်ရာ အလေ့ အကျင့်ကောင်းများကို စိုက်ပျိုးရေးဦးစီးဌာန၊ စိုက်ပျိုးရေး သုတေသနဦးစီးဌာန ၊ မွေးမြူရေး နှင့်ကုသရေးဦးစီးဌာနတို့နှင့် ပူးပေါင်းဆောင်ရွက်၍လေ့ကျင့်မှုများ ပေးအပ်သွားမည်ဖြစ်သည်။
အဆိုပါစီမံကိန်းသည် ‌ရေရှည်တည်တံ့ခိုင် မြဲသော လယ်ယာစိုက်ပျိုးရေးအတွက်‌ရောင်းလိုအား နှင့် ဝယ်လိုအား ကို မျှတစေရန် ကူညီပေးနိုင်မည် ဖြစ်ပါသည်။ လယ်ယာစိုက်ပျိုးရေး နှင့် မွေးမြူရေး နယ်ပယ်များတွင်တန်ဖိုးမြင့်တက်နိုင်စေမည့်အပြင် လယ်စိုက်တောင်သူများကို မိုဘိုင်းငွေကြေး သုံးစွဲမှုနှင့်တကွ ဈေးကွက်ကိုပါ ချိတ်ဆက်နိုင်အောင် ကူညီပေးနိုင်မည် ဖြစ်ပါသည်။
အဆိုပါစီမံကိန်းကြောင့်မြင်းခြံ နှင့် ညောင်ဦးမြို့နယ်များရှိ ရွာပေါင်း ၁၃၀ မှ လယ် သမားများ ၏ဘ၀ တိုးတက်မြင့်မား လာစေမည့် အကျိုးကျေးဇူးများ ရရှိခံစားနိုင်မည်ဖြစ်ပါသည်။ထို့အပြင် တန်းတူညီမျှစွာ ပါဝင်နိုင်မှုအခွင့်အရေးကိုလည်းမြှင့် တင်ပေးနိုင်မည်ဖြစ်သည်။
အနည်းဆုံး ၃၀ ရာခိုင်နှုန်းသော အမျိုးသမီးတောင်သူလယ်သမားများသည်စိုက်ပျိုးရေးနှင့် မွေးမြူရေးဆိုင်ရာ လူမှုအဖွဲ့ အစည်းများတွင်ပါဝင်ဆောင်ရွက်ကြမည် ဖြစ်ပါသည်။ သတင်းအချက်အလက်နှင့်ဆက်သွယ်ရေး နည်းပညာပေါင်းစပ်မှုဖြင့် သင်ကြားမည့် လက်တွေ့လယ်ယာ သင်တန်းကျောင်းများတွင် အဆိုပါအမျိုးသမီးအဖွဲ့သည်လည်း ပါဝင်ဆောင်ရွက်မည် ဖြစ်သည်။

Photo Source https://www.facebook.com/OoredooMyanmar

“ကျွန်တော်တို့အနေနဲ့ အခုလိုမျိုး မိုဘိုင်းဆက်သွယ်ရေး နည်းပညာကိုအသုံးပြုပြီး လက်တွေ့လယ်ယာသင်တန်းတွေနဲ့ လက်တွေ့သရုပ်ပြတာတွေကိုတောင်သူလယ်သမားများစွာ သိရှိနိုင်စေရန် ဖြန့်ဝေပေးပြီး သက်ဆိုင်ရာအစိုးရဌာနအ သီးသီးနဲ့ တောင်သူလယ်သမားတွေရဲ့ စွမ်းဆောင်ရည်တွေကိုမြှင့်တင်ပေးခြင်းဖြင့် လယ်ယာစိုက်ပျိုးရေးနဲ့ ဆက်စပ်လုပ် ငန်းတွေကိုခွန်အားဖြည့်တင်း ကူညီခွင့်ရရှိတဲ့အတွက် ကျေနပ်ဝမ်းသာပါတယ်။ဒီဦးဆောင်စီမံကိန်းအနေနဲ့ COVID-19 ကပ်ကာလကို တုံ့ပြန်ရန် ကျေးလက်‌ဒေသရှိတောင်သူလယ်သမားတွေကို အချိန်နဲ့တစ်ပြေးညီ ယုံကြည်စိတ်ချရတဲ့ သတင်း အချက်အလက်များ ပေးပို့ခြင်းဖြင့် လယ်ယာထွက်ကုန် ပစ္စည်းများအထွက်နှုန်း တိုးတက်စေရန် ၊ ရာသီဥတုဒဏ်ခံနိုင် ရည်ရှိစေရန် ၊ စားသောက်ကုန်လုံခြုံစိတ်ချစေရေးနဲ့ ကျေးလက်‌ဒေသတိုးတက်စေရန် ပံ့ပိုးပေးသွားနိုင်မှာဖြစ်ပါတယ်” ဟု အဆိုပါစီမံကိန်းနှင့် ပတ်သတ်ပြီး UNDP မြန်မာ ၏ Officer-in-Charge and Deputy Resident Representative ဖြစ်သည့် Dawn Del Rio မှလည်း ပြောကြားသည်။
နောက်တစ်ဆင့်အနေနဲ့အဓိကကျသည့် လယ်သမားများကို ရွေးချယ်၍ “Training for Trainers (TOT)”အစီအစဉ်ဖြင့် လေ့ကျင့်သင်ပြပေးသွားမည်ဖြစ်ပြီးယင်းလယ်သမားများမှ မိမိရပ်ရွာအတွင်းရှိ အခြားလယ်သမားများကို ဗဟုသုတများ ပြန်လည်မျှ‌ဝေပေးမည် ဖြစ်ပါသည်။ ယခုအစီအစဉ်သည် ပြောင်းလဲနေသည့် ပတ်ဝန်းကျင်အခြေအနေများတွင် ရေရှည်တည် တံ့ခိုင်မြဲစေမည့်လယ်ယာစိုက်ပျိုးမွေးမြူရေးစနစ်ကို ပုံဖော်ကျင့်သုံးနိုင်ရန်အတွက်လယ်ယာစိုက်ပျိုးရေးနှင့် ပတ်သတ်သည့် ဆုံးဖြတ်ချက်ချသည့် စွမ်းဆောင်ရည်ကိုမြင့်တင်ပေးမည် ဖြစ်သည်။
SEAD စီမံကိန်း တွင် တောင်သူလယ်သမားများ ကောင်းကျိုးခံစားနိုင်စေရန်အတွက် အစိုးရနှင့် ပူးပေါင်း၍ လူမှုကွန်ရက် များမှတဆင့်သော်လည်းကောင်းအက်ပလီကေးရှင်းပုံစံဖြင့် ဒစ်ဂျစ်တယ်ပလက်ဖောင်များမှတစ်ဆင့်သော်လည်းကောင်း သင်ခန်းစာများကို စီစဉ်ဖြန့်ဝေပေးခြင်းနှင့်လက်တွေ့လယ်ယာသရုပ်ပြသင်တန်းကျောင်းများတွင် လေ့ကျင့်ပေးခြင်း အစီ အစဉ်များကို ဆောင်ရွက်သွားမည် ဖြစ်သည်။
အောက်ပါ Link တွင်ဝင်ရောက်လေ့လာနိုင်ပါသည်။
https://www.facebook.com/OoredooMyanmar