MPT Money မှ လွယ်ကူအဆင်ပြေစွာဖြင့် အွန်လိုင်းမှငွေဖြည့်သွင်းနိုင်မည့် ဝန်ဆောင်မှုကို မိတ်ဆက်

မြန်မာနိုင်ငံ၏ ယုံကြည်စိတ်ချရဆုံး ဒီဂျစ်တယ်ငွေကြေး ဝန်ဆောင်မှုလုပ်ငန်းတစ်ခုဖြစ်သည့် MPT Money သည် CB ဘဏ်၊ ဧရာဝတီဘဏ်တို့နှင့် ပူးပေါင်းကာ လတ်တလော ကိုရိုနာဗိုင်းရပ်စ် (COVID-19) ရောဂါ ဖြစ်ပွားနေမှုအခြေအနေများကြောင့် မိမိတို့နေအိမ်တွင် ဆက်လက်နေထိုင်ရစဉ်ကာလအတွင်း သုံးစွဲသူများအတွက် ပိုမိုတိုးတက်ကောင်းမွန်လာစေသည့် အတွေ့ အကြုံကောင်းများ ရရှိနိုင်စေရန်ရည်ရွယ်၍ လွယ်ကူလျင်မြန်စွာ၊ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်သည့် ငွေဖြည့်ဝန် ဆောင်မှုကို ၂၀၂၀ ပြည့်နှစ်၊ မေလ မှ စတင်၍ အသုံးပြုနိုင်ပြီဖြစ်ကြောင်းသိရသည်။
CB ဘဏ် နှင့် ဧရာဝတီဘဏ် အသုံးပြုသူများသည် အဆင့်အနည်းငယ်ပြုလုပ်ရုံဖြင့် MPT Money ၏ E-Wallets အကောင့်အတွင်းသို့ ငွေဖြည့်သွင်းခြင်းကို ဆောင်ရွက်နိုင်ပြီး ငွေဖြည့်ဝန်ဆောင်မှုအသစ်၏ စိတ်လှုပ်ရှားဖွယ် ခံစားခွင့်များ ကိုပါ ရရှိခံစားနိုင်မည် ဖြစ်သည်။

Photo Source https://web.facebook.com/MPTMoneyOfficial/

ငွေဖြည့်ဝန်ဆောင်မှုအသစ်ကို အသုံးပြုလိုသည့် သုံးစွဲသူများအနေဖြင့် ဦးစွာပထမ MPT Money အကောင့်ကို ဖွင့်ရမည် ဖြစ်သည်။ MPT Money အက်ပလီကေးရှင်းကို မည်သည့်မိုဘိုင်းလ်ကွန်ရက်ဖြင့်မဆို အသုံးပြုနိုင်ကာ Android အသုံးပြုသူများအနေဖြင့် http://bit.ly/MPTMoneyAndroid နှင့် iOS အသုံးပြုသူများအနေဖြင့် http://bit.ly/MPTMoney_iOS မှ ဒေါင်းလုတ်ရယူပြီး “ငွေဖြည့် ဝန်ဆောင်မှု” မှပေးသော စိတ်လှုပ်ရှားဖွယ်ကောင်းသည့် အကျိုးကျေးဇူးများကို ရရှိခံစားနိုင်မည် ဖြစ်သည်။
ဧရာဝတီဘဏ်၏ AYA M-Banking ၊ AYA iBanking ၊ AYA Mobile Banking 2.0 နှင့် CB ဘဏ်၏ CB Pay ဝန်ဆောင်မှုကို အသုံးပြုသူများသည် အဆင့်အနည်းငယ်ပြုလုပ်ရုံဖြင့် MPT Money ၏ အကောင့်အတွင်းသို့ ငွေဖြည့်ခြင်း ဝန်ဆောင်မှုကိုဆောင်ရွက်နိုင်မည်ဖြစ်သည်။ ငွေဖြည့်ဝန်ဆောင်မှု၏ လုပ်ငန်းစဉ်ဆောင် ရွက်ပုံအဆင့်ဆင့်ကို ဧရာဝတီဘဏ်သုံးစွဲသူများအနေဖြင့် https://mptmoney.com.mm/news_detail/103 တွင် လည်းကောင်း၊ CB ဘဏ် သုံးစွဲသူများအနေဖြင့် https://mptmoney.com.mm/news_detail/104 တွင် လည်းကောင်း ဝင်ရောက် ကြည့်ရှုနိုင် မည်ဖြစ်သည်။
“ကျွန်တော်တို့ တန်ဖိုးထားရတဲ့ MPT Money သုံးစွဲသူတွေအတွက် ပိုမိုကောင်းမွန်တဲ့ ဒီဂျစ်တယ်နည်းပညာ အတွေ့အကြုံတွေကို ရရှိနိုင်စေဖို့နဲ့ ဘဏ္ဍာရေးဝန်ဆောင်မှုတွေရဲ့ လက်ရှိလုပ်ဆောင်မှုတွေအပေါ်မှာ လက်လှမ်းမီမီနဲ့ ပိုမိုကောင်းမွန်လာအောင် အထောက်အကူပြုနိုင်စေဖို့အတွက် ဧရာဝတီဘဏ်၊ CB ဘဏ်တို့နဲ့ ပူးပေါင်းဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ Online Banking ကနေတစ်ဆင့် အလွယ်ကူဆုံးနှင့် အဆင်ပြေဆုံး ငွေဖြည့်ဝန်ဆောင်မှုတွေကို လုပ်နိုင်တဲ့အကျိုးကျေးဇူးကြောင့် MPT Money သုံးစွဲသူတွေအနေနဲ့ အိမ်ပြင်ထွက်စရာမလိုဘဲ MPT Money ရဲ့ ပရိုမိုးရှင်းအစီအစဉ်တွေမှာလည်း ပါဝင်ခံစားခွင့် ရရှိနိုင်မှာ ဖြစ်ပါတယ်” ဟု MPT Money ကုမ္ပဏီလီမိတက်၏ အုပ်ချုပ်မှု ဒါရိုက်တာဖြစ်သူ ဦးခင်မောင်မြင့်မှ ပြောကြားသည်။

Photo Source https://web.facebook.com/MPTMoneyOfficial/

COVID-19 အခက်အခဲကာလအတွင်း MPT Money သည် စိတ်လှုပ်ရှားဖွယ်ရာ အကျိုးခံစားခွင့်များနှင့် ကမ်းလှမ်းမှုများကို သုံးစွဲသူများထံသို့ ဝန်ဆောင်မှုများ ပေးအပ်သွားမည်ဖြစ်သည်။ MPT Money အသုံးပြုသူ များအနေဖြင့် MPT ဆင်းမ်ကတ်များကို ငွေဖြည့်သွင်းရာတွင် ပြန်အမ်းငွေ ၁၀ ရာခိုင်နှုန်း နှင့် အခြား ဆင်းမ်ကတ်များကို ငွေဖြည့်သွင်းရာတွင် ပြန်အမ်းငွေ ၃ ရာခိုင်နှုန်းကို e-money အဖြစ် [သတ်မှတ်ထားသည့် ပမာဏအတွင်း] ရရှိခံစားနိုင်မည်။ ထို့အပြင် ဈေးဆိုင်များ၌ ငွေပေးချေမှုပြုလုပ်ရာတွင် တစ်ပတ်လျှင် ငွေကျပ် ၅၀,၀၀၀ ဖိုးအထိ ဝယ်ယူမှုတိုင်းအတွက် ပြန်အမ်းငွေ ၁၀ ရာခိုင်နှုန်းကိုလည်း MPT Money အသုံးပြုသူများအတွက် ပြန်လည်ပေးအပ်သွားမည် ဖြစ်ကြောင်းသိရသည်။