HUAWEI MatePad 11 ၏ အသေးစိတ်လုပ်ဆောင်ချက်များအကြောင်း

HUAWEI MatePad 11 က ပိုမိုထိရောက်သော touchscreen သို့မဟုတ် mouse ကို အသုံးပြု၍ အက်ပလီကေးရှင်းများ အားလုံးကိုကြည့်ရှုအသုံးပြုနိုင်ပါတယ်။ မကြာသေးမီကအသုံးပြုခဲ့သောအက်ပလီကေးရှင်းများကို မျက်နှာပြင်၏အောက်ခြေ တွင်ပြသပြီး app window တစ်ခုချင်းစီကိုဖွင့်စရာမလိုဘဲကြည့်ရှုရန် app icon များကိုကျော်ဖြတ်နိုင်ပါတယ်။
App Multipler က screen တစ်ခုတည်းမှာ Multi-Window ကြောင့် Apps ၄ မျိုးအထိဖွင့်ထားနိုင်ပါတယ်။ ဖွင့်ထားချိန်မှာ Application တစ်ခုတည်းအတွင်းရှိ အလုပ်နှစ်ခုကိုလုပ်ဆောင်နိုင်စေရန်ပြုလုပ်နိုင်သော Window Lock feature အသစ်ကိုထည့်သွင်းပေးထားပါသေးတယ်။ ဒါ့ကြောင့် email များကိုစစ်ရင်းနဲ့ လုပ်ဖော်ကိုင်ဖက်များနဲ့စကားပြောခြင်း၊ conference calls များမှာ လိုအပ်သည့် notes များကိုမှတ်သားထားနိုင်ခြင်းစတဲ့ နေထိုင်မှုပုံစံကို လိုအပ်သလို စိတ်ကြိုက်ပြုလုပ်နိုင်ပါတယ်။
HUAWEI MatePad 11 App Multiplier က စိတ်ကူးအိမ်မက်များကို လက်တွေ့ဘဝမှာ အကောင်အထည်ဖော်ဖို့ ဒုတိယမျိုးဆက် HUAWEI M-Pencil နဲ့ စတင်နိုင်ပါတယ်။ ပုံကြမ်းခြစ်ခြစ်၊ မှတ်စုမှတ်မှတ်၊ Message reply ပြန်တာပဲဖြစ်ဖြစ် လွယ်ကူလျင်မြန်စွာ ဘက်စုံအသုံးချနိုင်ပါတယ်။

Photo Source https://consumer.huawei.com/mm/tablets/matepad-11/

HUAWEI MatePad 11 နဲ့အတူ video editing studio လေးတစ်ခု ဖန်တီးနိုင်ပါသေးတယ်။ ဖုန်းနဲ့ရိုက်ကူးထားတဲ့ ဗီဒီယိုများကို MatePad 11 ပေါ်အလွယ်တကူ ကူးပြောင်းပြီး မျက်နှာပြင်ကျယ်ကျယ်ပေါ်မှာ သက်သောင့်သက်သာ edit ပြုလုပ်နိုင်မယ့်အပြင် HUAWEI M-Pencil နဲ့အတူ Special Touch များနဲ့ အရမ်းမိုက်တဲ့ Doodles တွေလည်း ဗီဒီယိုမှာ ထည့်သွင်းရေးဆွဲနိုင်မှာဖြစ်ပါတယ်။
HUAWEI MatePad 11 ကို Laptop နဲ့ ချိတ်ဆက်ပြီး secondary screen အဖြစ်လည်း အသုံးပြုုနိုင်ဦးမှာ ဖြစ်ပါတယ်။ Projects နှစ်ခုကို တစ်ပြိုက်နက်အလုပ်လုပ်ခြင်းဖြစ်စေ၊ Screen ပေါ်မှာ ဖိုင်အကူးအပြောင်းတွေ ရွှေ့ခြင်းဖြစ်စေ ပိုမိုအလုပ်တွင်စေမှာဖြစ်ပါတယ်။ ဒါမှမဟုတ်လည်း Laptop Screen ကို MatePad ပေါ်မှာ Mirror လုပ်ထားပြီး ဒီဇိုင်းပရောဂျက်တွေကို ပိုမိုကောင်းမွန်ပြီး ပြီးပြည့်စုံအောင် ဖန်တီးရေးဆွဲနိုင်ပါတယ်။
HUAWEI MatePad 11 ပေါ်မှာ browsing ပြုလုပ်တာပဲဖြစ်ဖြစ်၊ ဂိမ်းဆော့တာပဲဖြစ်ဖြစ်၊ ရုပ်ရှင်ကြည့်တာပဲဖြစ်ဖြစ် ချောမွေ့တဲ့ အမြင်အာရုံခံစားမှုကို ရရှိစေမှာပဲဖြစ်ပါတယ်။ DCI-P3 colour gamut ကြောင့်လည်း ရုပ်ရှင်တွေကြည့်ရာမှ စိုပြေတောက်ပ ရွှန်းလဲ့နေတဲ့ ရုပ်ထွက်ကို ရှုမြင်ခံစားစေနိုင်ဦးမှာဖြစ်ပါတယ်။
HUAWEI MatePad 11 ဟာ TÜV Rheinland dual certification5 ရရှိထားပြီး အပြာရောင်အလင်းတန်းများ ဝင်ရောက်မှုကို Display Mode ပြောင်းလဲခြင်းမပြုပဲနဲ့ကို သိသိသာသာ သက်သာစေမှာပဲဖြစ်ပါတယ်။ အလင်းရောင်တိုးဝင်မှုကြောင့် မျက်စိပင်ပန်းတဲ့ ဒဏ်ကို သိသိသာသာ လျော့ကျစေမှာပါ။
I noise reduction technology နဲ့ပြုလုပ်ထားတဲ့အတွက် စာရိုက်သံ၊ ပြင်ပဆူညံသံ စတာတွေဖမ်းယူမှုကို လျှော့ချ ပေးနိုင်တဲ့ မိုက်ခရိုဖုန်း ၄ ခု ကို HUAWEI MatePad 11 မှာ တပ်ဆင်ပေးထားပြီး ကိုယ့်ရဲ့စကားသံတိုင်းဟာ ကြည်လင်ပြတ်သားတဲ့ အသံနဲ့ တစ်ဖက်ကို ဆက်သွယ်နိုင်စေမှာပါ။
၁၂ နာရီအလုပ်အသုံးပြုမှုဘက်ထရီသက်တမ်းက Frame rate Adaptation နည်းပညာကြောင့် မိမိရဲ့အလုပ်နေ့ရက်များကို စိတ်ပူစရာမလိုပဲဖြတ်သန်းနိုင်ပါတယ်။ ဒါ့အပြင် Multi-Channel Intelligent Scheduling အင်ဂျင်က apps အများကြီးကိုလည်ပတ်နေတဲ့အခါ ပြီးမြောက်တဲ့အချိန်ကို လျော့ချပေးပါတယ်။
HUAWEI M-Pencil နဲ့ HUAWEI Smart Magnetic Keyboard တို့နဲ့ချိတ်ဆက်ထားပြီး ပြန်လည်နေရာချထားပေးနိုင်သည့် layout နဲ့ မူပိုင်ခွင့်ရများပြားသော အင်တင်နာနည်းပညာတို့ကြောင့် တည်ငြိမ်သော ဆက်သွယ်မှုကွန်ရက်ကို ခံစားနိုင်ပါ တယ်။
HUAWEI MatePad 11 မှာရွေးချယ်စရာ အရောင် ၃ မျိုးရှိပါတယ်။ အထာကျတဲ့ Matte Grey ၊ နှစ်လိုဖွယ် Isle Blue နဲ့ စိုပြေတောက်ပတဲ့ Olive Green ဆိုပြီး ၃ မျိုးရွေးချယ်ရရှိမှာဖြစ်ပြီး လုံးဝန်းတဲ့ ထောင့်စွန်းတွေ၊ ကိုင်တွယ်ရ သက်သောင့်သက်သာ ဖြစ်စေတဲ့ အထိအတွေ့တွေ နဲ့အတူ ဆန်းသစ်လှပနေမှာပဲဖြစ်ပါတယ်။