Cloud VR သုံးစွဲသူအတွေ့အကြုံနှင့် အကဲဖြတ် အဆိုပြုစာတမ်းကို Huawei နှင့် Video Experience Alliance တို့ ပူးပေါင်းထုတ်ပြန်

(ရှန်းကျန်း၊ တရုတ်၊ ၂၀၁၉ ခုနှစ် မတ်လ ၂၅ ရက်) – Huawei နှင့် တရုတ်နိုင်ငံ၏ ဗွီဒီယိုအတွေ့အကြုံစံနှုန်း သတ်မှတ်ရေးလုပ်ငန်းအဖွဲ့အစည်းဖြစ်သည့် Video Experience Alliance တို့ ပူးပေါင်းကာ Cloud VR ဝန်ဆောင်မှုများအတွက်ပထမဆုံးအကြိမ်Cloud VR သုံးစွဲသူအတွေ့အကြုံနှင့် အကဲဖြတ်ခြင်း အဆိုပြု စာတမ်းကို မကြာသေးမီက ထုတ်ပြန်ခဲ့သည်။ ၎င်းအဆိုပြုချက်စာ တမ်းထုတ်ပြန်ခြင်းသည် နယ်ပယ်တွင်းစံနှုန်းသတ်မှတ်မှုကို အရှိန်မြင့်လာစေပြီး VR ultra-HD ဗီဒီယိုဝန်ဆောင်မှုများတွင် အကောင်းဆုံးအတွေ့အကြုံများ ဆောင်ယူ လာပေးရန် အခြေခံအုတ်မြစ်တစ်ခုကိုလည်း ဖြစ်လာစေသည်။ အဆိုပြုချက်စာတမ်းတွင် Cloud VR သုံးစွဲသူ အတွေ့အကြုံပုံစံ နှင့် Cloud VR ဝန်ဆောင်မှုအကဲဖြတ်ခြင်း အခြေခံစည်းမျဉ်းများဟူ၍ အဓိက အပိုင်း (၂)ပိုင်း ပါဝင်သည်။ ၎င်းအဆိုပြုလွှာသည် Cloud VR ဝန်ဆောင်မှုအရည် အသွေးကိုအကဲဖြတ်တိုင်းတာနိုင်ရန် ဝန်ဆောင်မှု အစိတ်အပိုင်းများ၏ လုပ်ဆောင်ချက်နှင့်အကဲဖြတ်ခြင်းလုပ်ငန်း စဉ်များကို စံသတ်မှတ်ပေးသည်။ ထို့အပြင် ၎င်းသည် Cloud VR ဝန်ဆောင်မှုအရည်အသွေးများအား တိုင်းတာနိုင်စေရန်နှင့် အကဲဖြတ်နိုင်စေရန် လုပ်ပေးခြင်း အားဖြင့် လုပ်ငန်းနယ်ပယ်တွင်း Cloud VR စံနှုန်းသတ်မှတ်ခြင်းကို မြှင့်တင်ပေးကာ သုံးစွဲသူများအတွက် အရည်အသွေးမြင့်ဝန်ဆောင်မှုအတွေ့အကြုံများပေးအပ်နိုင်စေမည် ဖြစ်သည်။

5G၊ Wi-Fi6၊ cloud rendering ကဲ့သို့ အရေးပါသည့်နည်းပညာများ အရှိန်အဟုန်ဖြင့် အပြည့်အဝဖွံ့ဖြိုးလာသည်နှင့် အမျှ Cloud VR နယ်ပယ်သည်လည်း လျှင်မြန်စွာတိုးတက်လာပြီး စီးပွားရေးစတင်ဖွံ့ဖြိုးသည့်ကာလအပိုင်းအခြား တွင် ဝန်ဆောင်မှုသုံးစွဲမှုပုံစံမျိုးစုံကို စတင်မြင်တွေ့လာသည်။ ဦးဆောင်အော်ပရေတာများက စီးပွားရေး အရ Cloud VR အသုံးပြုခြင်းကို အသေးစားစမ်းသပ်မှုများဖြင့် စတင်နေပြီဖြစ်သည်။ သို့ရာတွင် ရောင်းချသူများအကြား လုပ်ငန်း သတ်မှတ်ချက်များနှင့် ထုတ်ကုန်တည်ဆောက်ရေးနည်းလမ်းများ ကွဲပြားနေခြင်း၊ အပြန်အလှန်စနစ်ပေါင်းစည်းမှု ခက်ခဲခြင်း နှင့် သုံးစွဲသူအတွေ့အကြုံများ အားအကန့်အသတ်ထားရှိခြင်းကဲ့သို့ အခက်အခဲများကြောင့် အသုံးပြုသူ ၁၀,၀၀၀ ကျော်အတွက် စီးပွာရေးဖြစ် အသုံးပြုနိုင်ရေးချဲ့ထွင်ရာတွင် စိန်ခေါ်မှုများကြုံတွေ့နေရဆဲဖြစ်သည်။

မတူညီသည့်ရောင်းချသူများမှပံ့ပိုးသော နည်းပညာများသည် encoding၊ latency နှင့် positioning precision ပိုင်းများတွင် များစွာကွဲပြားမှုရှိခြင်းသည် ရုပ်ပိုင်းဆိုင်ရာအရည်အသွေး၊ ဗီဒီယိုပိုင်းဆိုင်ရာအဆင်ပြေချောမွေ့မှု၊ အပြန်အလှန်နှင့်စူးစိုက်ခြင်းဆိုင်ရာအတွေ့အကြုံများကိုအကျိုးသက်ရောက်စေသောကြောင့် Cloud VR အသုံးပြုမှု တွင်ကျယ်လာစေရန် ကြီးမားသောအဟန့်အတားဖြစ်နေသည်။ အဆိုပါစိန်ခေါ်မှုများ ကို ဖြေရှင်းရန် နှင့် အရည် အသွေးမြင့် Cloud VR ဝန်ဆောင်မှုအတွေ့အကြုံများ အပြည့်အဝပေးအပ်နိုင်ရန် VR နယ်ပယ်တစ်ခုလုံးအတွက် ပြီးပြည့်စုံသောသတ်မှတ်ချက်များနှင့် စမ်းသပ်ရေးစံနှုန်းပြစနစ်များ သတ်မှတ်ရန် လိုအပ်လာသည်။
Huawei ၏ လှိုင်းအလျားကျယ်ကွန်ရက်တီထွင်ခြင်းလက်တွေ့စမ်းသပ်ခန်း iLab က Cloud VR သုံးစွဲသူအတွေ့ အကြုံနှင့် ရည်မှန်းချက်ညွှန်ပြကိန်းများ၊ ရလဒ်အရေအတွက်ကို အကဲဖြတ်နိုင်မည့်လုပ်ဆောင်ချက် များ၊ မျှမျှတတ အကဲဖြတ်ခြင်းနည်းလမ်း များ၊ အစိတ်အပိုင်းများကို ပယ်ထုတ်ခြင်းအတွက် အကဲဖြတ်ခြင်းလုပ်ငန်း စဉ်များ၊ အချက်အလက်ခွဲခြမ်းစိတ်ဖြာခြင်းများ၊ နမူနာဒေတာရယူခြင်း နှင့် အဆင်ပြေသည့် algorithm ရှာဖွေခြင်း တို့အား ဆက်စပ်ပေးမည့် သုတေသနတစ်ခုကို ဆောင်ရွက်ခဲ့သည်။

အဆိုပြုချက်စာတမ်းတွင် ဖော်ပြထားသည့် Cloud VR သုံးစွဲသူအတွေ့အကြုံပုံစံငယ်တွင် အတွေ့အကြုံ (၂) မျိုး (စူးစိုက်ခြင်းအတွေ့အကြုံနှင့် အပြန်အလှန်အတွေ့အကြုံ)၊ အရည်အသွေးကိုညွှန်းဆိုသည့်အချက် (၄)ခု (ပါဝင် သည့်အကြောင်းအရာ၏အရည်အသွေး၊ပြသမှု အရည်အသွေး၊ လုပ်ငန်းဆောင်ရွက်မှုအရည်အသွေး နှင့် တုန့်ပြန် မှု အရည်အသွေး) နှင့် frame freezing၊artifacts၊ delay နှင့် black borders တို့ အပါအဝင် အချက်အလက် ၁၅ ချက် ပါဝင်သည်။ Cloud VR အကဲဖြတ်ခြင်းအခြေခံစည်းမျဉ်းတွင် မျှမျှတတ အကဲဖြတ်ခြင်းအချက်အလက် ၁၉၂ ခု၊ အကဲဖြတ်ခြင်းနည်းလမ်းများနှင့် အကဲဖြတ်ခြင်းကိရိယာများ ပါဝင်သည်။ ၎င်းအားဖြင့် သုံးစွဲသူအတွေ့အကြုံ ပြဿနာများကို ဖြေရှင်းရန်နှင့် တိုးတက်စေရန် အော်ပရေတာများက Cloud VR ဝန်ဆောင်မှုများ၊ VR ultra-HD ဗီဒီယိုဝန်ဆောင်မှုများ၊ VR terminals များ၊ positioning suites၊ ကွန်ရက် အရည်အသွေး နှင့် the cloud rendering platform တို့၏ ဒေတာကိုစုဆောင်းပြီး လုပ်ဆောင်ချက် နှင့် စွမ်းဆောင်ရည်များကို အကဲဖြတ် လုပ်ဆောင်ပေးနိုင်သည်။

“အခုလို Cloud VR သုံးစွဲသူအတွေ့အကြုံနှင့် အကဲဖြတ်ခြင်း အဆိုပြုချက်စာတမ်း ထုတ်ပြန်ကြေညာတာနဲ့အတူ အကဲဖြတ်နည်းစနစ်တွေတိုးတက်လာဖို့၊ မျှတစွာအကဲဖြတ်ပေးနိုင်မယ့်ကိရိယာတွေတည်ဆောက်ဖို့၊ စီမံချက်အပြည့်အစုံနဲ့ နယ်ပယ်ရဲ့ပြဿနာရှိနေတဲ့ နေရာတွေကို ပေါင်းကူးပေးမယ့် လက်ခံနိုင်မှုစံနှုန်းတွေ တည်ထောင်ဖို့၊ Cloud VR terminals တွေနဲ့ platforms တွေကြားမှာ ချောမွေ့တဲ့ဆက်သွယ်မှုစနစ်တွေကို မြှင့်တင်ဖို့၊ သာယာဝပြောတဲ့နယ်ပယ်တွင်းဂေဟစနစ်တစ်ခု ဖြစ်ထွန်းလာဖို့ Huawei က လုပ်ငန်းတွေနဲ့ ဆက်လက်ပူးပေါင်းသွားလိုပါတယ်။” ဟု Huawei’s Strategy Department ၏ ဥက္ကဌ Mr. Will Zhang က ပြောကြားသွားခဲ့သည်။ Huawei က VR နယ်ပယ်တိုးတက်လာစေရန် ဦးတည်ချက်ထားဆောင်ရွက်ပေးခဲ့ပြီး VR ကို စီးပွားရေးအရ တွဲဖက်အသုံးပြုရေးကိစ္စရပ်များဖြစ်ပေါ်လာစေရန် upstream နှင့် downstream industries များ ပူးပေါင်း ဆောင်ရွက်ရေးအတွက် VR Openlab နယ်ပယ်ပူးပေါင်းရေးအစီအစဉ်ကိုလည်း တင်ပြခဲ့သည်။ လုပ်ငန်းတွင်း ဆန်းသစ်တီထွင်မှုများ ပေါက်ဖွားလာရေးအတွက် Huawei iLabက မိတ်ဖက်များနှင့် အတူပူးပေါင်း ကာ Cloud VR စီးပွားရေးအရအသုံးပြုခြင်း အခြေအနေများ၊ ဝန်ဆောင်မှုနည်းပညာများနှင့် ကွန်ရက်ပို့ဆောင်မှု နည်းလမ်းများတွင် အပြုသဘောဆောင်သည့် တီထွင်မှုများ ပိုမိုဖြစ်ထွန်းလာစေရန် ဆောင်ရွက်လျှက်ရှိပြီး Cloud VR ဝန်ဆောင်မှုများ စီးပွားရေးအရ အသုံးပြုခြင်းများကို အစဉ်တစိုက် မြှင့်တင်ပေးနေသည်

ref : Huawei