Android 9.0 ပေါ် အခြေခံထားသော vivo Y15 စမတ်ဖုန်း၏ လုပ်ဆောင်ချက်များအကြောင်း

Vivo ရဲ့တန်ဖိုးသင့်စမတ်ဖုန်းတွေထဲမှာ အလှပဆုံးဒီဇိုင်းဆန်းတွေအပြင် Android 9.0 ပေါ် အခြေခံထားပြီး ထုတ်လုပ်ထား တဲ့ vivo Y15 စမတ်ဖုန်းရဲ့ လုပ်ဆောင်ချက်တွေကို သိရှိထားသင့်ပါတယ်။
Vivo Y15 စမတ်ဖုန်းဟာ 6.35 လက်မ Halo FullView™ Display ပါဝင်ပြီး 19.3:9 aspect ratio နဲ့ ဖြစ်ပါတယ်။ အတော်လေးကျဉ်းမြောင်းတဲ့ ဘေးဘောင်တွေက screen-to-body ratio ကို 89 ရာခိုင်နှုန်း အထိရှိစေပြီး flagship အဆင့်တန်းမီ မြင်ကွင်းကဲ့သို့ ဖန်တီးပေးပါတယ်။ ဒီလိုကျယ်ပြန့်တဲ့ မြင်ကွင်းကိုမှ လက်တစ်ဖက်ထဲနဲ့ သက်သက်သာသာ အသုံးပြုနိုင်အောင် ဖန်တီးပေးထားတာကလည်း လေးစားစရာကောင်းတဲ့ စမတ်ဖုန်းတစ်လုံးရဲ့ သွင်ပြင်လက္ခဏာကို ဖော်ပြ နေသလိုပါပဲ။
AI အထူးမြင်ကွင်းကျယ်ကင်မရာပါဝင်တဲ့အတွက် စမတ်ဖုန်းအသုံးပြုသူရဲ့ မြင်ကွင်းတွေကို 120 ဒီဂရီအထိ ချဲ့ထွင်နိုင်ပြီဖြစ်လို့ ပိုမိုကျုယ်ပြန့်တဲ့ရှုခင်းပုံတွေ၊ သူငယ်ချင်းများများ ပိုဆန့်တဲ့ပုံတွေ၊ အထင်ကြီးလောက်စရာ ဓာတ်ပုံတွေကို ဖမ်းယူနိုင်မှာလည်းဖြစ်ပါတယ်။ ဒါ့အပြင် AI Face Beauty ကလည်း ပိုလှစေသလို ပိုပြီးသဘာဝဆန်စေမှာလည်းဖြစ်ပါ တယ်။

Photo Source https://www.vivo.com/mm

Y15 ဟာ 16MP အရှေ့ကင်မရာပါဝင်ပြီး တိကျပြတ်သားတဲ့ မျက်နှာအသွင်အပြင်ကို ဖမ်းယူနိုင်ပါတယ်။ ရိုက်ချက်တွေ တိုင်းက သဘာဝဆန်ဆန် လှပနေစေပြီး AI Face Beauty ကပေးစွမ်းမယ့် အလှဆုံး မျက်နှာအချိုးအစားကြောင့် ယုံကြည်မှု အပြည့်အ၀ ရရှိစေမှာလည်းဖြစ်ပါတယ်။ vivo Y15 ဟာဆိုရင် ဈေးကွက်ကို ဦးဆောင်မယ့် 5,000mAh Battery ကို တပ်ဆင်ပေးထားပြီး Battery သက်တမ်းကို ပိုမိုရှည်ကြာစေမယ့် power-saving နည်းပညာကလည်း ထောက်ပံ့ပေးထား ပါသေးတယ်။
Y15 ဟာ octa-core processor ကိုမှ 12nm ဒီဇိုင်းနဲ့ဖြစ်ပြီး clock speed ကတော့ 2.0GHz အထိ ရှိပါတယ်။ သူ့မှာ ပါဝင်တဲ့ 4GB RAM နဲ့ 64GB ROM ဟာ app များစွာကို သွင်းထားပြီး အထစ်အငေါ့မရှိ အသုံးပြုနိုင်တော့မှာ ဖြစ်ပါတယ်။ ဒါ့အပြင် Y15 ဟာ vivo ရဲ့ Funtouch OS 9 ကို အသုံးပြုပေးထားပြီး Android 9.0 ပေါ် အခြေခံထားပါတယ်။ vivo Y15 နဲ့ဆို အရာရာဖြတ်သန်းဖို့ လွယ်ကူသွားစေတာတော့ အမှန်ပါပဲ။
Ultra Game Mode ဟာ ကျေနပ်ပျော်ရွှင်ရဆုံး ဂိမ်းသမားတစ်ဦးဖြစ်ဖို့ ဒီဇိုင်းဖန်တီးထားပါတယ်။ Competition Mode ကို အသုံးပြုပြီး ဂိမ်းလုပ်ဆောင်ချက်စနစ်တွေကို ဦးစားပေးထားမှုကြောင့် e-sports တွေကို Pro တစ်ဦးလို ဆော့ကစားနိုင်ပါလိမ့်မယ်။ ဒါ့အပြင် Dual-Turbo ဆိုတာ ဂိမ်းကစားသူတွေအတွက် လျှပ်စီးလို လျင်မြန်မှုတွေကို ပေးစွမ်းသွားဦးမှာဖြစ်ပြီး ဒီနှစ်ခုစလုံးဟာ ပေါ့ပါးသွက်လက်တဲ့ အတွေ့အကြုံနဲ့အတူ frame-drop ဖြစ်မှုကို လျှော့ချပေးမှာဖြစ်လို့ ကျေနပ်ရင်ခုန်စရာကောင်းတဲ့ Gaming အတွေ့အကြုံတွေ ရရှိစေမှာအသေအချာပါပဲ။ ဈေးနှုန်းက တော့ မြန်မာကျပ်ငွေ ၂၂၉၈၀၀ ကျပ်ပဲဖြစ်ပါတယ်။
vivo သည် စမတ်ဖုန်းလောကရဲ့ ဆန်းသစ်တီထွင်မှုနှင့် အသိဉာဏ်ရှိသော စွမ်းဆောင်မှုများမှာ စီးပွားရေး ဝန်ဆောင်မှု များကို အဓိကဦးဆောင်လမ်းဖောက်နေတဲ့ နည်းပညာကုမ္ပဏီတစ်ခုဖြစ်ပါတယ်။ vivo ဟာ စိတ်လှုပ်ရှားဖွယ် ကောင်းပြီး ဆန်းသစ်တီထွင်ထားသော စမတ်ဖုန်းများနှင့် ဆက်စပ်ပစ္စည်းများအပြင် နည်းပညာ နှင့် ဒီဇိုင်းအတွေးအခေါ်များကို ထူးခြားဆန်းသစ်သည့် နည်းပညာများ၊ ဒီဇိုင်းအတွေးအခေါ်များဖြင့် ပေါင်းစပ်ဖန်တီးထားသော ဝန်ဆောင်မှုများမှတစ်ဆင့် ကမ္ဘာတစ်ဝှမ်းလုံးရှိ အသုံးပြုသူများကို ချိတ်ဆက်ပေးနိုင်ရန် ကြိုးစားအားထုတ်လျက်ရှိပါတယ်။ ဆန်းသစ်တီထွင်မှု၊ အသုံးပြုသူများအား အလေးထားခြင်းသည် ကုမ္ပဏီ၏ အဓိကအလေးထား လိုက်နာရသည့် အချက်များဖြစ်ပြီး vivo ဟာ ရေရှည်တည်တံ့ခိုင်မြဲသည့် မဟာဗျုဟာကို အကောင်အထည်ဖော်ပြီး ကမ္ဘာ့အဆင့်မီ စီးပွားရေးလုပ်ငန်းတစ်ခု ဖြစ်ခဲ့ပါတယ်။

Photo Source https://www.vivo.com/mm

နောက်ဆုံးပေါ်နည်းပညာများ၊ 5G, AI, photography နှင့် မျိုးဆက်သစ် စမတ်ဖုန်း ဒီဇိုင်းများကို သုံးစွဲသူများအတွက် တရုတ်ပြည်ရှိ ဌာနချုပ်အပါအဝင် Shenzhen, Dongguan, Nangjin, Beijing, Hangzhou, Shanghai, Taipei, Tokyo နှင့် San Diego မြို့များတွင် သုတေသန ဖွံ့ဖြိုးရေးစင်တာများ တည်ထောင်ထားပါတယ်။ တရုတ်၊ တောင်အာရှ နှင့် အရှေ့တောင်အာရှ တွင် နှစ်စဉ် စမတ်ဖုန်း သန်း (၂၀၀) ကျော်ထုတ်လုပ်သည့် အချက်အချာကုန်အမှတ်တံဆိပ် ထုတ်လုပ်ရေးဌာန ကို တည်ထောင်ခဲ့ပြီး ၂၀၁၉ ခုနှစ် မှတ်တမ်းများအရ vivo ဟာ အရောင်းကွန်ယက်ကို နိုင်ငံ ၃၀ တွင် ဖြန့်ကျက်ခဲ့ပြီး သုံးစွဲသူ သန်း ၃၀ ကျော် ကမ္ဘာတစ်ဝှမ်းတွင် နှစ်သက်ခဲ့ကြပါတယ်။
ပိုမိုသိရှိလိုပါက အောက်ပါ Link တွင်ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
https://www.vivo.com/mm