HUAWEI nova 7i စမတ်ဖုန်းအား မြန်မာပြည်တွင် ၂၀၂၀ ခုနှစ် မတ်လ ၁ ရက်နေ့၌စတင်ရောင်းချမည်

HUAWEI ၏ Nova Series အသစ်တစ်ခုဖြစ်သော HUAWEI nova 7i စမတ်ဖုန်းကို ၂၀၂၀ ခုနှစ် မတ်လ ၁ ရက်နေ့မှစတင် ကာမြန်မာပြည်တွင်စတင်ရောင်းချတော့မည်ဖြစ်ကြောင်းသိရသည်။ Rre-Order များကိုလည်း ၂၀၂၀ ခုနှစ်ဖေဖော်ဝါရီ ၂၀ ရရက်နေ့မှ ဖေဖော်ဝါရီ ၂၉ ရက်နေ့အထိ မှာယူနိုင်မည်ဖြစ်ပြီး Pre-Order မှာယူသူများအတွက် HUAWEI Band4 လက် ဆောင်ရရှိမည်ဖြစ်ကြောင်းလည်းသိရသည်။

Photo Source – https://www.facebook.com/HuaweimobileMM/

HUAWEI nova 7i တွင် ပါဝင်သော Features များကစုံလင်လှပြီး သေသပ်လှပသော ဒီဇိုင်းပိုင်းကိုလည်း Punch FullView Display ဖြင့်ပြုလုပ်ထားသည်။ ထောင့်လေးဖက်တွင်လည်း 3D Curved ပုံစံအပြင် Nova ဖုန်းများ၏ ထူးခြားတဲ့ ရောင်ပြေးပုံစံအတိုင်း ပုံဖော်ထားခြင်းလည်းဖြစ်သည်။ ကင်မရာပိုင်းတွင်လည်း ကျောဖက်ကင်မရာ (၄) ခု၊ ဆယ်လ်ဖီ ကင်မရာ (၁) ခုပါဝင်သည်။ ကျောဖက်မှာ 48MP Wide ကင်မရာ၊ 8MP Ultra Wide ကင်မရာ၊ 2MP Bokeh နဲ့ 2MP Macro ဟူ၍ Feature အစုံအလင်ပါဝင်သလို 16MP ဆယ်လ်ဖီကင်မရာနှင့်ဖြစ်သည်။ AI နည်းပညာများ၊ Super Night Mode များ၊ AI HDR+ Super Night Selfie 2.0, AI Video Editing စသည်များကိုလည်း ပေါင်းစပ်ပါဝင်ထားသည်။

Photo Source – https://www.facebook.com/HuaweimobileMM/

စွမ်းဆောင်ရည်ပိုင်းအနေဖြင့် 7nm Chipset ဖြစ်သည့် Kirin 810 နှင့်ဖြစ်သလို 8GB RAM + 128GB ROM တို့ပါဝင်သည်။ ဂိမ်းများ အားရပါးရဆော့ကစားနိုင်ရန်အတွက် GPU Turbo 3.0 ပါဝင်သည့်အတွက် စွမ်းဆောင်ရည်မြင့်မားမှုကို ပိုမိုရရှိနိုင် မည်လည်းဖြစ်သည်။ ထို့အပြင် 6.4 လက်မအရွယ်မျက်နှာပြင်၊ 4200mAh ဘက်ထရီနှင့် 40W SuperCharge စနစ်၊ ပါဝါခလုတ်တွင်ပါသည့် Fingerprint စနစ်တို့အပြင် EMUI 10 တို့လည်း ပေါင်းစပ်ထားသည်။ HUAWEI nova 7i တွင် အရောင်အားဖြင့် Sakura Pink, Crush Green နဲ့ Midnight Black ဟူ၍ အရောင်သုံးမျိုးရွေးချယ်နိုင်မည်လည်းဖြစ်သည်။
အဓိကပါဝင်တဲ့ Features တွေကတော့-
-6.4 လက်မအရွယ် Punch FullView Display
-2310 x 1080 Resolution
-Kirin 810 7nm Chipset
-8GB RAM + 128GB ROM
-ကျောဖက်ကင်မရာ = (48MP Wide + 8MP Ultra Wide + 2MP Bokeh + 2MP Macro)
-16MP ဆယ်လ်ဖီကင်မရာ
-4200mAh နဲ့ 40W SuperCharge တို့ဖြစ်ပြီး Super Night Selfie 2.0 အပြင် AI ဓာတ်ပုံရိုက်ကူးမှုနည်းပညာများလည်း ပါဝင်မည်ဖြစ်သည်။

Photo Source – https://www.facebook.com/HuaweimobileMM/

HUAWEI nova 7i ကို ပထမဆုံးပိုင်ဆိုင်နိုင်မည့် အခွင့်အရေးတစ်ခုအနေဖြင့်လည်း အသစ်ထွက်ရှိလာမဲ့ HUAWEI nova 7i ၏ ဈေးနှုန်းကိုခန့်မှန်းပြီး ရယူနိုင်မည်လည်းဖြစ်သည်။ HUAWEI Facebook Page တွင် ဝင်ရောက်ကံစမ်းနိုင်မည်ဖြစ်ပြီးပြိုင် ပွဲစည်းကမ်းများအနေဖြင့် (၁) ယခု “Guess to Win” ပြိုင်ပွဲတွင် မည်သည့်ဖုန်းအမျိုးအစားကိုင်သူမဆို ပါဝင် ယှဉ်ပြိုင်ခွင့်ရှိမည်ဖြစ်သည်။ (၂) #HuaweiNova7i ဖြင့် Post ကို Public ဖြင့် Share ပြီး အသစ်ထွက်ရှိလာမည့် HUAWEI nova 7i ၏ဈေးနှုန်းကိုခန့်မှန်း၍ Comment တွင်ရေးပေးရမည်ဖြစ်သည်။ (၃) ဖေဖော်ဝါရီလ (၂၆) ရက်နေ့၊ ညနေ (၆) နာရီ နောက်ဆုံးထားပြီး ပါဝင်ယှဉ်ပြိုင်နိုင်မည်ဖြစ်သည်။ (၄) HUAWEI nova 7i ၏ဈေးန်းကို ဖေဖော်ဝါရီလ (၂၇) ရက်နေ့တွင် ကြေညာပေးသွားမည်ဖြစ်ပြီး တစ်ပြိုင်နက်တည်း ပါဝင်ယှဉ်ပြိုင်သူများထဲမှ အဖြေမှန်သူတစ်ယောက်ကို မဲနှိုက်ကြေညာ ပေးသွားမည်လည်းဖြစ်သည်။ (၅) အနိုင်ရရှိသူသည် HUAWEI nova 7i တစ်လုံး လက်ဆောင်ရရှိမည်ဖြစ်သည်။
ပါဝင်ကံစမ်းလိုသူများနှင့် အသေးစိတ်ထပ်မံသိရှိလိုပါက အောက်ပါ Link တွင်ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
https://www.facebook.com/HuaweimobileMM/