Realme C3 စမတ်ဖုန်းကို ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီ ၂၅ ရက်နေ့တွင်မိတ်ဆက်မည်

Realme မှအသစ်ထပ်မံ မိတ်ဆက်ပေးလာမယ့် realme C3 TripleCameraGameMonster ထုတ်ကုန်သစ် မိတ်ဆက်ပွဲ အခမ်းအနားကို ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီ ၂၅ ရက်နေ့တွင် မိတ်ဆက်သွားမည်ဖြစ်ကြောင်းသိရသည်။ realme C3 TripleCameraGameMonster တွင်ပါဝင်လာမည့် 12MP AI Triple Camera ၏ ဆန်းပြားသည့်လုပ်ဆောင်ချက်များကို ထိုနေ့မှာမြင်တွေ့ရမည်လည်းဖြစ်သည်။

Photo Source – https://www.facebook.com/realmeMyanmar/

Reamme C3 သည် Octa-core နှင့် Android 10.0 ကိုအခြေခံထားကာ realme UI 1.0 ကိုအသုံးပြုထားခြင်းလည်း ဖြစ်သည်။ Resolution အနေနှင့် 720 x 1600 pixels အသုံးပြုထားခြင်းကြောင့် ကြည်လင်ပြတ်သားပြီး အသုံးပြုသူများအတွက် ပိုမိုအဆင်ပြေချောမွေ့စေမည်လည်းဖြစ်သည်။ 6.5 လက်မမျက်နှာပြင်အကျယ်ရှိပြီး Mini-drop Fullscreen ကိုအသုံးပြုထားသည်။ အလေးချိန်အားဖြင့် 195g ရှိပြီး Helio G70 Processor ကိုအသုံးပြုထားခြင်းကြောင့် ဂိမ်းကစားသူများအတွက် ပိုမိုကောင်းမွန်ပြီး လို့ကောင်းပြီး အတွေ့အကြုံကောင်းများကို ယူဆောင်လာပေးနိုင်မည့် ဖုန်းအမျိုး အစားတစ်ခုလည်းဖြစ်သည်။
Storage အနေဖြင့် 32GB/2GB, 32GB/3GB နဲ့ 64GB/4GB တို့ရရှိနိုင်မှာဖြစ်သည်။ ကြည်လင်ပြတ်သားကောင်းမွန်သော 12MP (wide), 2MP (macro) နဲ့ 2MP (depth) စသည့် Camera သုံးလုံးကို အသုံးပြုထားခြင်းလည်းဖြစ်သည်။ Selfie Camera အတွက် 5MP (wide) တပ်ဆင်အသုံးပြုပေးထားသည်။ Video များကိုလည်း 1080p@30fps အထိရယူရိုက်ကူးနိုင်မည်ဖြစ်သည်။ အားသွင်းစနစ်ကို microUSB 2.0 အသုံးပြုထားပြီး Battery ကြာကြာခံနိုင်သည့် Li-Po 5,000 mAh Battery ကိုအသုံးပြုပေးထားခြင်းလည်းဖြစ်သည်။ အရောင်အနေဖြင့် လှပဆန်းသစ်သော Frozen Blue နှင့် Blazing Red ဆိုသည့် အရောင်နှစ်မျိုးရရှိမည်လည်းဖြစ်သည်။

Photo Source – https://www.facebook.com/realmeMyanmar/

ပြီးခဲ့သည့် ဇန်နဝါရီလ ၂၂ ရက်နေ့တွင်လည်း Realme 5i စမတ်ဖုန်းကို စတင်မိတ်ဆက်ပေးခဲ့ပြီး ဇန်နဝါရီ ၂၅ ရက်နေ့မှ စတင်ကာ မြန်မာကျပ်ငွေ ၂၂၉၉၀၀ ဖြင့်စတင်ရောင်းချခဲ့သည်။
Realme C3 ၏ ထုတ်ကုန်သစ်မိတ်ဆက်ပွဲတွင်လည်း နာမည်ကြီးဂိမ်းကစားသူတွေနှင့်အတူတကွ MLBB Fun Match (တစ်ပွဲ) ပျော်ပျော်ရွှင်ရွှင်အတူတူဆော့ကစားနိုင်မည့် အစီအစဉ်တွေများနှင့် အခြားအစီအစဉ်ကောင်းများစွာခမ်းခမ်းနားနား တင်ဆက်ပေးသွားမည်လည်းဖြစ်သည်။ ထို့ပြင် ပွဲတက်ရောက်ခွင့်ကိုလည်း Realme ရဲ့ တရားဝင် Facebook Page တွင်ကံ စမ်းနိုင်မည်ဖြစ်ပြီး ကံထူးသူအယောက် ၃၀ ကိုရွေးချယ်သွားမည်ဖြစ်သည်။

Photo Source – https://www.facebook.com/realmeMyanmar/

ထိုအစီအစဉ်တွင်ပါဝင်လိုသူများအနေဖြင့် Realme Facebook Page တွင် သတ်မှတ်ထားသော Post ကို Like & Share (public) ပြီး Screen shot နှင့်အတူ Mobile Legend – MLBB ထဲက မိမိတို့အကြိုက်ဆုံး Signature Hero ၏နာမည်ေရေးခဲ့ရမည်ဖြစ်ပြီးrealme Myanmar Fans Group (RMFG) Facebook Group ကို Join ထားသည့် member ဝင် ဖြစ်ရမည်လည်းဖြစ်သည်။ Account တစ်ခုကို တစ်ကြိမ်သာ ပါဝင်ကံစမ်းနိုင်မှာဖြစ်ပြီး ပွဲတက်ရောက်ခွင့် ကံထူးရှင် (၃၀) ဦး ရွေးချယ်သွားမည်ဖြစ်ပြီး Winners များကို ဖေဖော်ဝါရီ ၂၂ ရက်နေ့တွင် Realme Facebook Page တွင် ပြန်လည်ဖော်ပြပေးသွားမည်ဖြစ်သည်။
အောက်ပါ Link တွင်ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
https://www.facebook.com/realmeMyanmar/