Samsung ၏ နောက်ဆုံးပေါ်တန်ဖိုးသင့် Galaxy စမတ်ဖုန်းများ မြန်မာပြည်တွင် စတင်မိတ်ဆက်

Samsung Electronics မှ နောက်ဆုံးပေါ် Galaxy A Series စမတ်ဖုန်းမော်ဒယ်များဖြစ်သည့် A51၊ A71၊ A01 တို့နှင့်အတူ စမတ်ဖုန်းအမျိုးအစားအသစ်တစ်ခုဖြစ်သည့် Galaxy Note 10 Lite တို့အား ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီ ၈ ရက်နေ့တွင် စတင် မိတ်ဆက်ခဲ့ကြောင်းသိရသည်။ အဆိုပါ စမတ်ဖုန်းများသည် သင့်တင့်သောဈေးနှုန်းများဖြင့် သုံးစွဲသူများကို အကောင်းဆုံးအ ရည်အသွေးများပေးအပ်နိုင်ရန် ကင်မရာလုပ်ဆောင်ချက်၊ အဆင့်မြင့်ဒီဇိုင်းနှင့်တာရှည်ခံဘက်ထရီတို့အား အဆိုပါ စမတ်ဖုန်း များတွင် ထည့်သွင်းပေးထားကြောင်းသိရသည်။
“သုံးစွဲသူတွေအတွက် အရည်အသွေးမြင့် စမတ်ဖုန်းအသုံးပြုမှု အတွေ့အကြုံတွေကို သင့်တင့်မျှတတဲ့နှုန်းထားတွေနဲ့ ပေးအပ်သွားနိုင်ဖို့ဆိုတာ Samsung ရဲ့ အဓိက ရည်သန်ချက်တစ်ခုဖြစ်ပါတယ်။ တက္ကသိုလ်မှာ ပညာသင်ကြားနေသူဖြစ်ဖြစ်၊ ဘွဲ့ရပြီးသားသူပဲ ဖြစ်ဖြစ်၊ TiK Tok အသုံးပြုရတာ ကြိုက်နှစ်သက်သူပဲ ဖြစ်ဖြစ်၊ ဒါမှမဟုတ် မိသားစုနဲ့ ဆက်သွယ်လိုတဲ့ အဘိုးအဘွားတွေပဲ ဖြစ်ဖြစ် လူတိုင်းရဲ့နေ့စဉ်ဘဝတွေနဲ့ ကိုက်ညီမှုရှိမယ့် စမတ်ဖုန်းတွေကို ဖန်တီးထတ်လုပ်ဖို့ Samsung အနေနဲ့အစဉ်တစိုက် ကြိုးပမ်းလုပ်ဆောင်နေပါတယ်။ ဒါကြောင့်မို့လို့ အခုမိတ်ဆက်လိုက်တဲ့ စမတ်ဖုန်း အမျိုးအစားအသစ်တွေမှာလည်း အံ့အားသင့်စရာကောင်းတဲ့ လုပ်ဆောင်ချက်တွေကို သင့်တင့်မျှတဲ့ နှုန်းထားနဲ့ ရယူပိုင်ဆိုင်နိုင်စေဖို့ လုပ်ဆောင်ထားပါတယ်” ဟု Samsung Myanmar ၏ Head of Business Group ဖြစ်သူ ကိုဇာနည်ဝင်းထက်မှ ပြောကြားသည်။

Photo Source By Myanmar Tech Press

Galaxy A51 စမတ်ဖုန်းတွင် အဆင့်မြင့် ၆.၅ SUPER AMOLED မျက်နှာပြင်နှင့်တြိဂံထောင့်ချိုးပုံစံကျောဖက်ဒီဇိုင်းထည့်သွင်း ပေးထားသည့်အတွက် သုံးစွဲသူများအနေနှင့် ၎င်းတို့၏ အကြိုက်နှစ်သက်ဆုံး တီဗီအစီအစဉ်များအားကြည့်ရှုရာတွင်ဖြစ်စေ သူငယ်ချင်းများ၊ မိသားစုများနှင့်ဆက်သွယ်ပြောဆိုရာတွင်ဖြစ်စေ အဆင်ပြေလွယ်ကူမှုအပြည့်အ၀ ရရှိစေမည်ဖြစ်သည်။ 32 MP အရည်အသွေးရှိ ကင်မရာကိုလည်း Galaxy A51 စမတ်ဖုန်း၏ မျက်နှာပြင်တွင် တပ်ဆင်ပေးထားသည်။ Samsung ၏ Galaxy A Series စမတ်ဖုန်းများတွင် ပထမဆုံးအဖြစ် 5MP(Macro)+ 5MP(Depth)+ 48MP (wide) + 12MP (Ultrawide) ကင်မရာလေးလုံးကို တစ်ပြိုင်နက်တည်းတပ်ဆင်ပေးထားသည်။
Galaxy A71 စမတ်ဖုန်းတွင် သာမန် mid-range ဖုန်းများထက် ပိုမိုကောင်းမွန်သောအရည်အသွေးကိုပေးအပ်နိုင်မည်ဖြစ်ပြီး အဆင့်မြင့်ကျောဘက်ကင်မရာ လေးလုံးပါရှိကာ 5MP(Macro) + 5MP (Depth) + 64 MP + 12 MP (Ultrawide) lens များလည်းတပ်ဆင်ပေးထားသည်။ Ultrawide ကင်မရာလုပ်ဆောင်ချက်သည် ၁၂၃ ဒီဂရီအထိကျယ်ပြန့်သောပုံရိပ်များကို ရိုက်ကူးနိုင်သည့်အပြင် 4,500 mAh ဘက်ထရီနှင့် 25 W Super-Fast charging အားသွင်းစနစ်လည်းပါရှိသည်။

Photo Source By Myanmar Tech Press

Galaxy A01 စမတ်ဖုန်းသည် မျက်နှာပြင်အကျယ် ၅.၇ လက်မရှိပြီး စတိုင်ကျကျဒီဇိုင်း HD + Infinlty V display ဖြင့် စမတ်ဖုန်းတစ်လုံးလည်းဖြစ်သည်။ 3,000 mAh ဘက်ထရီ၊ 2GB RAM နှင့် 16 GB internal Storage ထည့်သွင်းထား သည်။ အရည်အသွေးမြင့်ကင်မရာစွမ်းဆောင်ချက်များနှင့် နောက်ဆုံးပေါ် gesture functions (လက်ဟန်အမူအယာ လုပ်ဆောင်ချက်)များ ပါဝင်သည်။
Galaxy Note 10 Lite စမတ်ဖုန်းတွင် 4,500 mAh ဘက်ထရီထည့်သွင်းပေးထားပြီး Super-fast charging နည်းပညာဖြင့် ပံ့ပိုးပေးထားသည့်အတွက် သုံးစွဲသူများအနေဖြင့် ကြိုက်နှစ်သက်ရာလုပ်ဆောင်ချက်များအား စိတ်ကြိုက်လုပ်ဆောင်သွားနိုင် မည်ဖြစ်သည်။ ထို့အပြင် နိုင်ငံတကာအဆင့်မီ အလွန်မြင့်မားသော လုံခြုံရေးစနစ် Samsung Knox ကိုထည့်သွင်းပေးထား သည်။
Samsung Galaxy စမတ်ဖုန်းများအား ဝယ်ယူအားပေးသူများအား အထူးခံစားခွင့်အနေနှင့် No Worry Crack Program အား ဝယ်ယူသည့်နေ့မှ သုံးလအတွင်း ရယူသွားနိုင်မည်လည်းဖြစ်သည်။ ထို့အပြင် သုံးစွဲသူများအနေနှင့် ဖုန်းအရှေ့မျက်နှာ ပြင် ကွဲအပ်သွားပါက ၄၀ ရာခိုင်နှုန်းလျှော့ဈေးဖြင့် တစ်ကြိမ်ပြင်ဆင်နိုင်မည့် အခွင့်အရေးအား ရရှိမည်လည်းဖြစ်သည်။

Photo Source By Myanmar Tech Press

Galaxy A51 စမတ်ဖုန်းကို ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီ ၇ ရက်နေ့မှစတင်ကာ အနက်ရောင်၊ အဖြူရောင်၊ အပြာရောင် စသည့်အရောင်းသုံးမျိုးရောင်းချပေးနေပြီဖြစ်ပြီး မြန်မာငွေကျပ် ၅၀၉၀၀၀ ကျပ်ကျသင့်မည်ဖြစ်သည်။ ဦးဆုံးဝယ်ယူသူများ ကိုလည်း Galaxy Fit e လက်ပတ်နာရီများ မေတ္တာလက်ဆောင်ပေးသွားမည်လည်းဖြစ်သည်။ Galaxy A71၊ Galaxy A01 နှင့် Galaxy Note 10 lite စမတ်ဖုန်းများကိုလည်း ၂၀၂၀ ခုနှစ်ဖေဖော်ဝါရီ ၁၄ ရက်နေ့တွင်စတင်ကာ ရောင်းချပေးသွားမည် ဖြစ်သည်။ အထူးအစီအစဉ်အနေဖြင့် Galaxy A71 နှင့် Galaxy Note 10 Lite စမတ်ဖုန်းများအား ဦးဆုံးဝယယ်ယူသူများ အနေဖြင့် Galaxy Fit e လက်ပတ်နာရီနှှု့် 10,000 mAh Power Bank၊ Galaxy A01 စမတ်ဖုန်းဝယ်ယူသူူများအနေဖြင့် Earphone များအား ပစ္စည်းလက်ကျန်ရှိသည်အထိ မေတ္တာလက်ဆောင်ပေးသွားမည်လည်းဖြစ်သည်။ Galaxy A41 စမတ် ဖုန်းအား မြန်မာငွေကျပ် ၆၆၉၀၀၀ ကျပ်ဖြင့်ရောင်းချပေးသွားမည်ဖြစ်ပြီး အရောင်အားဖြင့် အနက်ရောင်၊ ငွေရောင်၊ အပြာ ရောင်တို့ရရှိနိုင်မည်ဖြစ်သည်။ Galaxy A01 စမတ်ဖုန်းကိုလည်း အပြာရောင်၊ အနက်ရောင်၊ အနီရောင်တို့ဖြင့် ရရှိနိုင်မည်ဖြစ် ပြီး ဈေးနှုန်းအားဖြင့် မြန်မာငွေကျပ် ၁၇၉၀၀၀ ကျပ်ဖြင့် ရောင်းချပေးသွားမည်လည်းဖြစ်သည်။
8GB RAM၊ 128GB internal storage နှင့် 64-bit Octa-core processor တို့အပါအဝင် သုံးစွဲသူများနှစ်သက်သဘော ကျစေမည့် အဆင့်မြင့်လုပ်ဆောင်ချက်များစွာထည့်သွင်းပေးထားသည့် Galaxy Note 10 Lite စမတ်ဖုန်းများအား Aura Glow၊ Aura Black နှင့် Aura Red ဟူ၍ အရောင်သုံးမျိုးဖြင့် ဝယ်ယူနိုင်မည်ဖြစ်ပြီး မြန်မာကျပ်ငွေ ၈၅၉၀၀၀ ကျပ်ဖြင့် ရောင်း ချပေးသွားမည်လည်းဖြစ်သည်။