HUAWEI P40 Series စမတ်ဖုန်းများအကြောင်း

HUAWEI Consumer Business Group မှ မျိုးဆက်သစ် P40 Pro+ ၊ P40 Pro နဲ့ P40 စမတ်ဖုန်းသစ်တွေကိုမိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။ HUAWEI ရဲ့အသစ်စက်စက် P40 Series Flagship တွေဟာ အသွင်သစ်နဲ့လှပသောဒီဇိုင်း၊ မြင်သူနှစ်ခါငေးရမယ့်ဓာတ်ပုံ၊ဗီဒီယိုရိုက်ကူးမှုနည်းပညာသစ်တွေထွေးပိုက်ထားပြီး Mobile Photography နဲ့ Video လုပ်ဆောင်နိုင်စွမ်းတွေမှာနောက်ထပ်သမိုင်းမှတ်ကျောက်တင်မယ့် ထုတ်ကုန်သစ်တွေပဲ ဖြစ်ပါသည်။
ယခုကဲ့သို့စွမ်းဆောင်နိုင်ဖို့အတွက် HUAWEI P40 Series များသည်စမတ်ဖုန်းဓာတ်ပုံရိုက်ကူးမှုအပိုင်းတွင် စဉ်ဆက်မပြတ်နာမည်ကောင်းရရှိခဲ့သည့် ယခင် P Series များ၏အမွေအနှစ်များဆက်ခံထားသည်ကိုတွေ့ရပြီး အလင်းရောင် အားနည်းသည့်အချိန်များတွင်အရည်အသွေးကောင်းမွန်သည့်ဓာတ်ပုံကောင်းတစ်ပုံရရှိနိုင်စေရန် Camera Sensor ပိုင်းကို 1/1.28” အရွယ်စားထိကြီးမားလာအောင်ထည့်သွင်းတည်ဆောက်ထားပါတယ်။ Pixel Binning နည်းပညာနှင့်ပေါင်းစပ်ထားတဲ့ Pixel Size ဟာ 2.44μm ရှိလာတဲ့အတွက်အလင်းဝင်အားပိုမိုကောင်းမွန် လာခြင်းဖြစ်ပါတယ်။ Zooming စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီး Periscope Lens အသစ်က 10x True Optical Zoom ရိုက်ကူးနိုင်မည်ဖြစ်ပါတယ်။

Photo Source https://www.facebook.com/huaweimobile/

HUAWEI P40 Series တွေမှာ Kirin 990 5G SoC အသုံးပြုထားပြီးပိုမိုမြန်ဆန်သည့် 5G ကွန်ရက်ကိုချိတ်ဆက်အသုံးပြုနိုင်သည့် Wi-Fi 6 Plus နည်းပညာကိုပါအသုံးပြုထားပါတယ်။ ကင်မရာနဲ့ စွမ်းဆောင်ရည်ပိုင်းမှာပိုမိုကောင်းမွန်လာခြင်းသာမက ဒီဇိုင်းပိုင်းတွင်လည်းဆွဲဆောင်မှုရှိနေ အောင်ကျစ်ကျစ်လျစ်လျစ်နဲ့ လှပသည့်ဒီဇိုင်းကိုယ်ထည်၊ OLED Curved Panel ကိုလေးဖက်လေးတန်ကွေးညွတ်လှပနေစေရန်အတွက် HUAWEI Quad-curve Overflow Display နည်းပညာနှင့်ပုံဖော်ထားပါတယ်။ ဒီဇိုင်းပိုင်းမှာလည်းပြောင်းလဲလာပြီး လေးဖက်ကွေးမျက်နှာပြင်တွေက တုံ့ပြန်အားကောင်းပြီးသုံးစွဲသူတွေအနေနဲ့အမြင်အာရုံပိုင်းနဲ့ဒီဇိုင်းပိုင်းမှာ ပါအတွေ့အကြုံ ကောင်းတွေရရှိစေရန်ဖန်တီးပေးထားခြင်းဖြစ်ပါသည်။
Unprecedented ဒီဇိုင်းပိုင်းမှာဆိုရင် HUAWEI P40 Pro ၊ P40 Pro+ စမတ်ဖုန်းတွေဟာ HUAWEI ရဲ့ Quad-curve Overflow Displayနဲ့ဖွဲ့စည်းထားပါတယ်။ လေးဖက်လေးတန်မျက်နှာပြင်ခုံးဖြစ်လာတဲ့ဒီဇိုင်းသည် တစ်နည်းအားဖြင့်ရေရဲ့ တည်ငြိမ်သော ရွေ့လျားမှုကိုနမူနာယူထားခြင်းလည်းဖြစ်ပါတယ်။ ဥပမာဆိုရင် ရေအပြည့်ဖြည့်ထားသည့်ခွက်ပေါ်မှာ ရေရွှေ့လျားနေပုံနဲ့ဆင်တူပါသည်။ စမတ်ဖုန်းဘောင်များကသေးငယ်သလိုကိုယ်ထည်ထောင့်နေရာတွေများမှာ လုံးလုံး ဝန်းဝန်းကျစ်ကျစ်လျစ်လျစ်နဲ့ ကိုင်လို့အဆင်ပြေအောင်ဖန်တီးထားပြီး P40 Series ကိုကြည့်လိုက်တာနဲ့ မျက်နှာပြင် အပြည့်ဖြစ်လုနီးပါးဖြစ်နေတဲ့ခံစားချက်မျိုးကိုပေးစွမ်းနိုင်မှာဖြစ်ပါတယ်။ ယခုကဲ့သို့ Display နှင့် Design အလှမှာသူမတူ အောင်ဖန်တီးထားသလို Biometric Authentication အတွက် In-display Fingerprint Reader က ယခင်မျိုးဆက်စမတ်ဖုန်းတွေထပ် ၃၀ ရာခိုင်နှုန်း ပိုမိုလျှင်မြန်စွာ Unlock လုပ်ပေးနိုင်ပါတယ်။

Photo Source https://www.facebook.com/huaweimobile/

ရရှိနိုင်မယ့်ဒီဇိုင်းအရောင်ပိုင်းမှာတော့ Glossy Glass မှန်ကဲ့သို့တောက်ပြောင်မှုကိုအခြေခံထားသော Ice White ၊ Deep Sea Blue နဲ့ Black တို့ဖြစ်ပြီး အလင်းတုံ့ပြန်စွမ်းအားကောင်းမွန်သည့် Refractive Matte Glass တွင် Blush Gold နဲ့ Silver Frost အရောင်၂မျိုးရွေးချယ်နိုင်သည်။ ထိုကဲ့သို့ဆန်းသစ်သည့်အရောင်များကြောင့် P40 နဲ့ P40 Pro စမတ်ဖုန်းများကို မည့်သည့်ရှုဒေါင့်ကနေပဲကြည့်ကြည့် ကြွရွလှပတဲ့ဒီဇိုင်းနဲ့မြင်တွေ့နိုင်မှာပဲဖြစ်ပါတယ်။ P40 Pro+ မှာ ထူးခြားသည့် Nanotechnology နှင့်ဖန်တီးပြုလုပ်ထားမယ့် Ceramic ကိုယ်ထည်သားနဲ့ Exclusive ရရှိနိုင်ပြီး အဖြူနဲ့ အနက်ရောင်နှစ်မျိုးနဲ့ထုတ်လုပ်ထားပါတယ်။
HUAWEI P40 Series ရဲ့ကင်မရာပိုင်းထူးခြားလာတာတွေကတော့ပိုမိုအဆင့်မြင့်တဲ့ Ultra Vision Leica Camera စနစ်ကိုအသုံးပြုထားခြင်းဖြစ်ပါတယ်။ ဒီကင်မရာစနစ်တွေကို Triple ၊ Quad နဲ့ Penta Cameras ဆိုပြီး HUAWEI P40 ၊ P40 Pro နဲ့ P40 Pro+ တွေနဲ့မြင်တွေ့ရမှာပါ။ Ultra Vision Leica Camera အသုံးပြုထားတဲ့အားသာချက်က HUAWEI P40 Series တွေမှာကင်မရာစွမ်းဆောင်ရည်တစ်ခုချင်းစီမြင့်မားလာပြီး Ultra-wide ၊ Wide Angle နဲ့ Telephoto Lens လုပ်ဆောင်ချက်တွေမှာသူမတူတဲ့ဖန်တီးမှုအနုပညာကိုပေးစွမ်းစေမှာဖြစ်ပါတယ်။ HUAWEI P40 Pro တွင်အသုံးပြုထားတဲ့ Leica Quad Camera စနစ်သည်ယခင်ထက်ပိုမိုစွမ်းဆောင်ရည်ကောင်းလားသော Ultra-wide Cine Camera နှင့်ToF (Time of Flight) Sensor တွေနှင့်တွဲဖက်ထားသလို Tele Lens စွမ်းအားနဲ့SuperSensing Zoom ကိုအဆ 50x Maximum ပုံရိပ်များဖမ်းယူနိုင်မည်ဖြစ်ပါတယ်။
P40 Pro+ မှာတော့ P40 Pro အားသာချက်များအကုန်ပါဝင်အသုံးပြုထားသည့်အပြင်SuperZoom Array နည်းပညာထောက်ပံ့ထားတဲ့အတွက် 10x True Optical Zoom အပြင်အမြင့်မားဆုံး Digital Zoom ကိုအဆ 100x အထိရိုက်ကူးနိုင်သည်။ HUAWEI P40 Series မှာပါဝင်တဲ့ Ultra Vision Sensor အားသာချက်တွေကအကြီးမားဆုံး CMOS Sensor အသုံးပြုထားပြီး Pixel Binning နည်းပညာအထောက်ပံ့နှင့် Sensor Size ကအရွယ်အစား 1/1.28” အထိရှိပြီး Pixel Size က 2.44μm ရှိသည်။ Full Pixel Octa PD (Phase Detection) Auto Focus လုပ်ဆောင်ချက်က AI နည်းပညာနဲ့ပေါင်းစပ်ထားသည့်အတွက်အလင်းရောင်အားနည်းသည့်အခြေအနေမျိုးမှာလည်းပိုမိုလျှင်မြန်စွာ Auto Focus လုပ်ပေးနိုင်ပါတယ်။ HUAWEI ရဲ့ XD Fusion Engine ကလည်း Wide ၊ Ultra-wide နဲ့ Telephoto Lens ကဲ့သို့မတူညီတဲ့ရှုဒေါင့်ကနေရိုက်ကူးလိုက်တဲ့ပုံများကို တခဏအတွင်းမှာလေ့လာစမ်းစစ်ပြီးပိုမိုကောင်းမွန်တဲ့ Picture Quality ရရှိလာအောင်ကူညီပံ့ပေးနိုင်ပါသည်။

Photo Source https://www.facebook.com/huaweimobile/ 

HUAWEI P40 Pro မှာအသုံးပြုထားတဲ့ Periscope Lens သည် 5x Optical Zoom ၊ 10x Hybrid Zoom နှင့် 50x Maximum Digital Zoom ရိုက်နိုင်တယ်လို့သိထားတဲ့အတိုင်း Telephoto စွမ်းပကားမြင့်မားနေအောင်ကုမ္ပဏီရဲ့ ပထမဆုံးသော RYYB Colour Filter Array နည်းပညာကိုအသုံးပြုထားသည်။အလင်းဝင်အားပိုမိုကောင်းမွန်သည့်အပြင် Zoomဆွဲရိုက်လိုက်တဲ့ အခါတိုင်းမှာလည်းဓာတ်ပုံအရည်အသွေးအရမ်းကျမသွားအောင်လည်းထိန်းပေးနိုင်မှာပဲဖြစ်ပါတယ်။
Portrait အလှရိုက်ကူးမှုအတွက် Lighting နဲ့ Detail Effect ကို Deep Learning Algorithm နဲ့ Real-time Optimisationလုပ်းပေးနိုင်သည်။ HUAWEI P40 Pro နဲ့ P40 Pro+ မှာ 32MP AF Selfie Camera အသုံးပြုထားပြီး IR Depth Camera အကူညီနဲ့ Autofocus ၊Bokehရိုက်ချက်တွေကို HUAWEI ထုတ်ကုန်တွေရဲ့ Signature Quality စံနှုန်းအတိုင်းပံ့ပိုးထားသည်။
AI Remove Passerby ဆိုတာကတော့ရိုက်ကူးလိုက်တဲ့ဓာတ်ပုံထဲမှာတခြားသူ ဒါမှမဟုတ်ပစ္စည်းတစ်စုံတရာ ပါလာမယ်ဆိုရင် Camera Setting ထဲမှာပဲအလွယ်တကူဖျောက်ထားနိုင်မယ်။ဒီလိုပဲ AI Remove Reflection ဆိုတာကပုံရိပ်ထဲမှာအလင်းပြန်တာကိုဖယ်ရှားပေးနိုင်တဲ့အတွက် Image Quality ပိုကောင်းလာအောင်ဖြည့်ဆည်းပေးနိုင် ပါတယ်။
ဓာတ်ပုံရိုက်ကူးမှုအပိုင်းကောင်းမွန်လာတဲ့ P40 Series များသည် Video Functionality ပိုင်းမှာလည်းအဆင့်မြင့်တင်ထားပြီး P40 Pro နဲ့ P40 Pro+ တို့တွင့် 40MP Ultra-wide Camera 18mm Focal Length တို့ကိုအသုံးပြုထားပြီး 3:2 Aspect Ratio ထောက်ပံ့ထားကာ Sensor Size က 1/1.54” ရှိပါသည်။အဆိုပါကင်မရာတွေမှာSedecimPixel Fusion နည်းပညာနဲ့ပေါင်းစပ်ထားပြီး 16-in-1 Pixel Binning ကိုထောက်ပံ့ထားတဲ့အတွက် 4.48μm နဲ့ညီမျှတဲ့ Super Pixel Size ကိုရရှိစေမည်ဖြစ်သည်။အလင်းဝင်အားကေားင်မွန်စေဖို့ Light Sensitivity ISO ကို 512,000 အထိထောက်ပံ့ထားပြီး Ultra Slow-Motion Footage ကို 7,680 fps (Frame Per Second) နှုန်းဖြင့်ရိုက်ကူးနိုင်ပါတယ်။
HUAWEI P40 Series အားလုံးမှာ Real-time Bokeh Videos အသုံးပြုနိုင်ပြီး Highlight ပြချင်သည့် Subject ကို Wide-angle Lens မှာလည်းအသုံးပြုနိုင်ပါတယ်။ Telephoto Camera လုပ်ဆောင်ချက်အနေနဲ့ကတော့ High Quality Zoom ဗီဒီယိုဖန်တီးနိုင်ပြီး 4K Time-lapse Footage ကိုလည်းရိုက်ကူးနိုင်ပါသည်။
HUAWEI P40 Series အားလုံးတွင် Kirin 990 5G SoC နဲ့မောင်းနှင်ထားပြီး Integrated ထည့်သွင်းထားသည့် 5G ကွန်ရက်စနစ်ကပိုမိုကောင်းမွန်တဲ့ချိတ်ဆက်မှုကိုထောက်ပံ့ထားသည်။ပူးတွဲပါဝင်လာတဲ့ NPU လုပ်ဆောင်ချက်က AI စွမ်းဆောင်ရည်မြင့်တင်ပေးနိုင်တဲ့အပြင်စွမ်းအင်ချွေတာမှုအပိုင်းအတွက်တစ်ဖက်တလှမ်းအားဖြည့်ပါဝင်ထားသည်။
HUAWEI P40 Series တွေကိုသက်ဆိုင်ရာဈေးနှုန်းများဖြင့်ရောင်းချသွားမည်ဖြစ်ပြီး အောက်ဖော်ပြပါဈေးနှုန်းများ မှာနိုင်ငံတကာမှာရောင်းချတဲ့ဈေးနှုန်းများဖြစ်သည်။မြန်မာပြည်တွင်ဧပြီလအကုန်မေလဆန်းတွင်ဝင်ရောက်လာမည်ဟုခန့်မှန်းပြီးရက်အတိအကျနှင့်ဈေးနှုန်းအတိအကျကို Huawei Consumer Business Group (Myanmar) ရုံးမှထုတ်ပြန်ကြေငြာ ပေးသွားမှာဖြစ်ပါတယ်။