OPPO Reno3 | Reno3 Pro ဖုန်းများ မြန်မာနိုင်ငံတွင်စတင်မိတ်ဆက် မတ်လ ၁၉ ရက်နေ့တွင်စတင်ဝယ်ယူနိုင်

OPPO မှ Clear in Everyshot ခေါင်းစဉ်နှင့် အသစ်ထွက်ရှိလာသောမည်သည့် အလင်းအမှောင်အခြေအနေတွင် မဆိုကြည်လင်ပြတ်သားသည့် ပုံရိပ်များဖန်တီးပေးနိုင်သည့်OPPO Reno3 | Reno3 Pro တို့နှင့်အတူစမတ်ဖုန်းများနှင့် တွဲဖက် နားဆင်ရန် အသင့်တော်ဆုံး OPPO Enco Free Headphones တို့ကိုလည်း မတ်လ ၁၈ ရက်နေ့တွင် OPPO ၏ Official Facebook Page ၌ တိုက်ရိုက်ထုတ်လွှင့်သည့် Online Launch Event မှ တစ်ဆင့် မြန်မာနိုင်ငံဈေးကွက်သို့ စတင်မိတ်ဆက်ခဲ့ပြီး မတ်လ ၁၉ ရက်နေ့(ယနေ့) တွင်စတင်ဝယ်ယူနိုင်ပြီဖြစ်ကြောင်းသိရသည်။
ထို့အပြင် OPPO ၏ ပထမဦးဆုံးကြိုးမဲ့နားကြပ် Enco Free Headphones လည်း မြန်မာနိုင်ငံဈေးကွက်တွင်းသို့ အတူတူရောက်ရှိမည်ဖြစ်ကြောင်းကြေညာခဲ့ကာမတ်လ ၁၉ ရက်နေ့မှ စတင်ကာဝယ်ယူနိုင်မည်ဖြစ်သည်။
OPPO Reno3 Pro တွင် OPPO ၏ ပထမဦးဆုံး 44MP Dual Punch-hole design ဖြင့် ထုတ်လုပ်ထားပြီး OPPO Reno3 တွင် Waterdrop Display ဖြင့် သုံးစွဲသူအမျိုးအစားအလိုက် အကြိုက်တွေ့စေရန် ထုတ်လုပ်ထားသည်။ OPPO Reno3 | Reno3 Pro တို့ကိုရရှိနိုင်သောအ‌ရောင်များမှာ Aurora အလင်းတန်းများတည်ရှိရာ Northern Europe ၏ ညများအတိုင်း အပြာ၊ အစိမ်း၊ ခရမ်းအရောင်ပြေးများဖြင့် ရင်သပ်ရှုမောဖွယ် လှပသော Auroral Blue နှင့် လျှို့ဝှက်သော ညဉ့်နက်ကိုကိုယ်စားပြုသည့် Midnight Black တို့ပင် ဖြစ်သည်။

Photo Source https://www.facebook.com/oppomyanmar/

8GB RAM and 256GB ROM ရှိကာ 64MP Zoom Quadcam, 44MP Dual Punch-hole Camera နှင့် Dual Lens Bokeh, တို့ ပါဝင်ပြီးကမ္ဘာ့ ပထမဦးဆုံး44MP+2MP Dual Punch-holeပါSuper AMOLED Display ပါဝင်သော OPPO Reno3 Pro ကို မြန်မာကျပ်ငွေ ၆၂၉၉၀၀ ဖြင့်လည်းကောင်း ၊ 8GB RAM and 128GB ROM ရှိကာ 48MP Zoom Quadcam, 44MP Front Camera တို့ပါဝင်သော OPPO Reno3 ကိုမြန်မာကျပ်ငွေ ၄၉၉၉၀၀ ဖြင့်လည်းကောင်း၊ စမတ်ဖုန်းများနှင့် လွယ်ကူစွာချိတ်ဆက်နိုင်ပြီးအသံထွက်အားကောင်းမွန်သောOPPO Enco Free Headphones ကိုလည်းမြန်မာကျပ်ငွေ ၁၃၉၉၀၀ ဖြင့်လည်းကောင်းမတ်လ ၁၉ရက်နေ့မှ စ၍ မြန်မာနိုင်ငံအမြို့မြို့အနယ်နယ်ရှိဆိုင်များတွင် ဝယ်ယူရရှိနိုင်မည်ဖြစ်သည်။
မည်သည့် OPPO Reno3 | Reno3 Pro ဖုန်းများကို ဧပြီလ ၉ ရက်အထိဝယ်ယူအားပေးသူတိုင်းအတွက် ဝယ်ယူသည့် ရက်မှ စ၍ ရက်ပေါင်း ၁၈၀ အတွင်းမတော်တဆမှုကြောင့် ကျကွဲသွားသည့် ဖုန်းမျက်နှာပြင်အတွက် ကျပ်တစ်သိန်းဝန်းကျင်တန်ဖိုးရှိမှန်အခမဲ့ လဲလှယ်နိုင်တဲ့ အခွင့်အရေး ၁ ကြိမ်ပါဝင်သော VIP Card ကို ပေးသွားမည်ဖြစ်သည်။ ထို့အပြင် OPPO Reno3 Pro ဝယ်ယူသူများအတွက် Clock Speakerများနှင့် OPPO Reno3 ဝယ်ယူသူများအတွက် Q Speaker များပေးသွားမည်ဖြစ်သည်။

Photo Source https://www.facebook.com/oppomyanmar/

OPPO Reno3 တွင် 20X Zoom Quad cam၊ 44MP Ultra night camera၊ VOOC Flash charging တို့ ပါဝင်လာပြီး OPPO Reno3 Pro တွင် ကမ္ဘာ့ပထမဦးဆုံး 44MP+2MP Dual Punch-hole Super AMOLED Display ပါဝင်လာကာဖုန်းနှင့် ဓာတ်ပုံရိုက်ကူးမှုကိုပိုမိုဆန်းသစ်လာစေကာတမူထူးခြားသည့် အတွေ့အကြုံသစ်များကိုရရှိစေမည်လည်းဖြစ်သည်။
“OPPO ဟာ၂၀၀၉ ခုနှစ်မှာနိုင်ငံတကာဈေးကွက်ကို စတင်ဝင်‌ရောက်ခဲ့တဲ့ အချိန်ကစပြီး ‘ပြည်တွင်းအမြင်များနှင့် နိုင်ငံတကာ Brand’ ဆိုတဲ့ မူလဦးတည်ချက်အပေါ် အခြေခံပြီးမပြောင်းလဲဘဲရှေ့ဆက်သွားနေပါတယ်။ OPPO Reno3 | Reno3 Pro ကိုထုတ်လုပ်ဖြန့်ချိနိုင်ခဲ့ခြင်းဟာထင်ရှားတဲ့ သက်သေတစ်ခုပါ။ ကျွန်တော်တို့အနေနဲ့ ဝယ်ယူသူတွေကိုရှေ့ တန်းတင် စဉ်းစားပေးနိုင်တဲ့အတွက်လည်းအမြဲဂုဏ်ယူလျက်ရှိပါတယ်။ ဒီ OPPO Reno3 | Reno3 Pro အသစ်က OPPO သုံးစွဲသူတွေအတွက် နေ့စဉ်သုံးစွဲတဲ့ နေရာမှာပိုမိုကောင်းမွန်ပြီးပြီးပြည့်စုံတဲ့ ခံစားမှုများကိုပေးနိုင်မယ်လို့ အပြည့်အဝယုံကြည် ထားပါတယ်” ဟု OPPO ၏ Project Director Mr. Will က ပြောကြားသွားခဲ့သည်။
OPPO Reno3 Pro သည် ရှေ့ကင်မရာ 44MP+2MP ကျောဘက်တွင် 64MP Main Camera Lens၊ 13MP Telephoto Lens၊ 8MP Ultra Wide-angle Lens နှင့် 2MP Black-and-White Lens တို့ပါရှိပြီးကမ္ဘာ့ပထမဦးဆုံးနောက်ဆုံးပေါ် MediaTek (MTK) P95 Chips ၏ အားဖြည့်မှုနှင့်အတူ 8GB RAM + 256GB ROM ရှိပြီးအဆင့်မြင့် စွမ်းဆောင်ရည်များကိုချောမွေ့စွာအသုံးပြုနိုင်အောင် ကူညီပေးသည်။ ထို့ပြင် Reno 3 Pro တွင် ဖုန်းများအတွင်းအမြန်ဆုံးနှင့် လုံခြုံစိတ်ချရဆုံးအားသွင်းစနစ် VOOC Flash Charge 4.0/30W ထည့်သွင်းထားပြီး 4025mAh Battery ဖြင့် အားပြည့်ရန် ၅၆ မိနစ်သာကြာပြီး မိနစ် ၂၀ အတွင်း ၅၀ ရာခိုင်နှုန်းအထိအားသွင်းနိုင်မည်ဖြစ်သည်။
Ultra-Resolution Algorithm ကိုအသုံးပြုထားသောကြောင့် ရုပ်ပုံ Resolution ကို 108MP အထိရောက်အောင် ပြုလုပ် ပေးနိုင်သည်။ Ultra Clear 108MP Image ရရှိသောသောကြောင့် ဓာတ်ပုံရိုက်ကူးမှုကိုအနုစိတ် ပေါ်လွင်စေကာပိုမိုအဆင့်မြင့်စေသည်။ ထို့ပြင် selfie ရိုက်သောအခါ ပိုမို သဘာဝကျကျ လှပနိုင်စေရန် OPPO ၏ ဂုဏ်ယူ ဖွယ် တီထွင်မှုဖြစ်သည့် Dual Lens Bokeh ကို Reno 3 Pro ၏ ရှေ့ကင်မရာတွင် ကိုထည့်‌ပေးထားသောကြောင့် တစ်ဦးတည်းသာမကပို့စ်မျိုးစုံနှင့် အုပ်စုလိုက် ရိုက်သော Selfie များတွင်ပါ ပုံထွက်ကောင်းစေပြီး Background Gradient ကိုလည်းသဘာဝကျစေသည်။

Photo Source https://www.facebook.com/oppomyanmar/

OPPO Reno3 သည် ရှေ့ကင်မရာ 44 MP ပါဝင်ပြီးကျောဘက်တွင် 48MP Main Camera Lens၊ 13MP Telephoto Lens၊ 8MP Ultra Wide-angle Lens နှင့် 2MP Black-and-White Lens တို့ ပါဝင်သောကင်မရာ ၄ လုံးပါရှိပါသည်။ Ultra Clear 108MP Image ရရှိနိုင်ပြီး Zoom Quadcamအနေဖြင့် 20x Digital zoom ပါရှိသည့်အတွက် ရှေ့ကင်မရာရော၊ နောက်ကင်မရာပါ အဆ၂၀ ထိ Zoom ချဲ့ ရိုက်ကူးနိုင်မှာဖြစ်သည်။ OPPO Reno3 တွင် MediaTek(MTK) P90 Chips ၏ အားဖြည့်မှုနှင့်အတူ 8GB RAM + 128GB ROM ပါရှိပြီး VOOC Flash Charge 3.0/20W ထည့်သွင်းထားသောကြောင့် မိနစ် ၃၀ အတွင်း ၅၀ ရာခိုင်နှုန်းအထိအားသွင်းနိုင်ပြီး ၇၂ မိနစ်အတွင်း ၁၀၀ ရာခိုင်နှုန်းအားပြည့်မည် ဖြစ်သည်။
OPPO Reno3 | Reno3 Pro ၏ ထူးခြားသောစွမ်းဆောင်ချက်များအနေဖြင့် Video Stability ကို မြှင့်တင်ပေးသော 1080P 60fpsနှင့် ရိုက်ကူးနိုင်သည့် Ultra Steady Video 2.0 ၊ Video Bokeh ၊ Video Zoom နှင့် AI Beauty Mode တို့ အပြင် Smart Video Editor Soloopလည်းပါဝင်သောကြောင့်video အမျိုးမျိုးကိုစိတ်တိုင်းကျ ပုံဖော်ရိုက်ကူးတည်းဖြတ် နိုင်မည်ဖြစ်လည်းဖြစ်သည်။