HUAWEI P40 Pro ကို ၂၀၂၀ ဧပြီလ ၂၀ ရက်နေ့မှ စတင်ကာ Pre-Oder မှာယူနိုင်

၂၀၂၀ ခုနှစ် မတ်လ ၂၆ ရက်နေ့ စတင်မိတ်ဆက်ခဲ့ချိန်တည်းကပင် ကင်မရာပိုင်းမှာထူးခြားသာလွန်မှုများကြောင့် ပရိသတ်များအကြားစိတ်ဝင်စားမှု ရေချိန်မြင့်တက်နေသည့် HUAWEI P40 Series များအနက်မှ HUAWEI P40 Pro ကို ၂၀၂၀ ခုနှစ် ဧပြီလ (၂၀) ရက်နေ့မှ စတင်ပြီး Pre-Order မှာယူရရှိနိုင်ပြီဖြစ်ကြောင်းသိရသည်။ HUAWEI P40 Pro ကို မြန်မာကျပ်ငွေ ၁၅၉၉၀၀၀ ဝယ်ယူနိုင်ပြီး ဝယ်ယူသူများကိုလည်း လက်ရှိရေပန်းစားနေသည့် HUAWEI x Gentle Monster Eyewear ကိုပါတစ်ပါတည်းလက်ဆောင်ရရှိမည်လည်းဖြစ်သည်။
HUAWEI အနေနှင့် အစဉ်ဆက် နည်းပညာသစ်များ ယူဆောင်ပေးခဲ့ပြီး သုံးစွဲသူတွေ ပါးစပ်ဖျားတွင်လည်း HUAWEI P Series ကိုရေပန်းစားခဲ့သည်။ ကင်မရာပိုင်းအရည်အသွေးကောင်းသည်ဆိုသည့် Feedback များကျန်နေတဲ့အတွက် မကြာမီဝယ်ယူရရှိနိုင်တော့မည့် P40 Series သည် ထူးခြားဆန်းသစ်တဲ့ ကင်မရာလုပ်ဆောင်ချက်၊ နည်းပညာ ၁၀ မျိုးနှင့် အတူ Pre-Order စတင်မှာယူနိုင်မည့် အစီအစဉ်အကြမ်ဖျဉ်းကို အောက်ပါအတိုင်းဖော်ပြပေးလိုက်ပါသည်။

Photo Source https://web.facebook.com/HuaweimobileMM/

အကြီးမားဆုံး CMOS Sensor အသုံးပြုထားခြင်း
HUAWEI P40 Series တွင် Ultra Vision Sensor အသုံးပြုထားပြီး လက်ရှိစမတ်ဖုန်းများ အားလုံးထဲတွင် အကြီးဆုံးဖြစ်သော 1/1.28” Sensor တပ်ဆင်ထားသည်။ Sensor နှင့် ပြောင်မြောက်သည့် ကင်မရာအရည်သွေးရရှိလာရန် အတွက် Optical Design ကိုလည်း ကျကျနနဖော်ဆောင်ထားတာဖြစ်ပြီး သုံးစွဲသူတွေကို အလင်းရောင်အားနည်းနေသည့် အခြေအနေမျိုးတွင် Dynamic Range ကောင်းမွန်ပြီး Quality ပြည့်ဝသော ရလာဒ်ကိုပေးစွမ်းနိုင်သည်။
၎င်းအထဲတွင် 50MP Camera ပါဝင်ပြီး Pixel-binning နည်းပညာအသုံးပြုထားသော Ultra Vision Sensor သည် 2.44 Supersize Pixel ကိုပိုင်ဆိုင်ထားသည်။။ တစ်နည်းအားဖြင့််ဆိုရမည်ဆိုလျင် Photoelectric Effect (ကာလာနဲ့ အလင်းရောင်) တွင်ပါဝင်သော Electron များကိုကောင်းစွာစုပ်ယူနိုင်သည်။ အကျိုးဆက် အနေဖြင့် Signal-to-noise တနည်းအားဖြင့်ဆိုရလျှင် အလင်းရောင် အားနည်းချိန်နှင့် အမှောင်ထဲမှာဓာတ်ပုံရိုက်ကူးသည့်အခါ Noise Reduction ကောင်းမွန်တယ်လို့ ဆိုလိုခြင်းလည်းဖြစ်သည်။ အခုကဲ့သို့ Low-light Performance အနေထား ပြည့်ဝလာရန် RGGB CFA Pixel Group ထဲမှ Green Pixels ကို Yellow Pixel နှင့် အစားထိုးလိုက်ခြင်းလည်းပါဝင်ပြီး အလင်းဝင်အားကို ၄၀ ရာခိုင်နှုန်းပိုကောင်းစေသည်။
AF စွမ်းဆောင်ရည်အတွက် Full Pixel Octa PD Autofocus ပါဝင်လာခြင်း
50MP Ultra Vision Sensor ၏ Pixel တစ်လုံးချင်းစီတွင် Dual Pixel Diode Autofocus အတွက် Photodiodes နှစ်ခုစီပါဝင်သည်။ ပုံမှန် အနေထားတိုင်းဆိုလျှင် 12.5MP နှင့် ညီမျှသည့် ပုံရိပ်ကို ရိုက်ကူးမည်ဖြစ်ပြီး 4-in-1 Pixel Binning နည်းပညာကြောင့် Pixel တစ်လုံးချင်းစီတွင် AF Photodiodes ၈ ခုစီ ပါဝင်နေသည်။ ယခုကဲ့သို့ Octa Autofocus ဖြစ်လာသည့်အတွက် ညအမှောင်ထဲတွင်ဖြစ်စေ ရွေ့လျားနေသည့် Small Objects များရိုက်ကူးသည့်အခါမျိုးတွင် Focus Speed နှင့် Accuracy ပိုပြီး မြန်ဆန်တိကျလာစေမည်ဖြစ်သည်။
Ultra-wide Cine Camera လုပ်ဆောင်ချက်
နောက်ထပ် အရေးပါသည့် အချက်အနေဖြင့် HUAWEI P40 Pro နှင့် Pro+ တွင်သုံးထားသော Ultra-wide angle Lens ဖြစ်သည်။ ထိုအကောင့်တွင် 1/1.54” Sensor ရှိပြီး 3:2 Aspect Ratio ထောက်ပံ့ထားသည်။ Low-light ဗီဒီယို ရိုက်ကူးရန်အတွက် ISO 512,00 နှင့် Ultra-Slow Motion အတွက် 7,680 fps နှုန်း ရိုက်ကူးနိုင်အောင် ပံ့ပိုးထားသည့် Sensor ဖြစ်သည်။ နည်းပညာပိုင်းအနေဖြင့် SedecimPixel Fusion Technology အသုံးပြုထားပြီး 4.48 နှင့်ညီမျှသည့် Binned Pixel ကိုရရှိစေသည်။ Pixel Size ကြီးမားလာသည့်အတွက် အလင်းဝင်အားပိုကောင်းသွားစေသလို Low-light ဗီဒီယိုများကိုလည်း Quality ကောင်းကောင်းနဲ့ ရိုက်ကူးစေနိုင်မည်ဖြစ်သည်။

Photo Source https://web.facebook.com/HuaweimobileMM/

Audio Zoom
ကင်မရာလုပ်ဆောင်ချက်ကို တဆက်တည်းဖော်ပြပါက Audio Zoom အတွက် Omnidirectional Microphones သုံးထား သည့် အချက်ဖြစ်သည်။ စမတ်ဖုန်း၏ အပေါ်၊ အောက်နှင့် အနောက်ဘက် နေရာမှ အသံလားရာအတိုင်း ကောင်းမွန်စွာဖမ်းယူပေးနိုင်သော Directional Microphones များက Camera Zoom လုပ်ဆောင်ချက်ကို Focus ထားပြီးဖမ်းပေးနိုင်သလို အသံ Source ကြည်လင်ပြတ်သားစေရန် Amplified ချဲ့ပေးနိုင်ခြင်းဖြစ်သည်။ ယခုကဲ့သို့ အသံလားရာအတိုင်း Zoom In လုပ်ပြီးသုံးသည့်အခါ Background Noise များ မပါဝင်စေရန် Filter လုပ်ပေးနိုင်သည်။
Powerful Front Cameras
HUAWEI P40 Series ၏ ကျောဖက် ကင်မရာလုပ်ဆောင်ချက်တွင် ပါဝင်လာသည့် 32MP AI Selfie Camera သည်လည်း တမူထူးခြားသော စွမ်းဆောင်ရည်ကို ပိုင်ဆိုင်ထားသည်။ P40 Pro နှင့် Pro+ တွင် IR Camera ၊ Proximity Sensor နှင့် Ambient Sensor ပါဝင်သေးသလို သုံးစွဲသူများကို ကိုစုံလင်သော Feature များပေးစွမ်းထားသည်။ Autofocus လုပ်ဆောင်ချက်နှင့် Face Detection ပိုကောင်းလာသလို 4K UHD ဗီဒီယို ရိုက်ကူးနိုင်သည်။ IR Camera သည် Pro-grade Bokeh ရိုက်ကူးသည့်အခါ ထူးခြားသွားစေမှာအသေအချာပင်ဖြစ်သည်။
ယခုဖော်ပြခဲ့သည့် P40 Series ၏ ကင်မရာပိုင်းလုပ်ဆောင်ချက်နှင့်အားသာချက်ျားက စမတ်ဖုန်း Photography နှင့် Videography ပိုင်းရှေ့ပြေးနည်ပညာများလည်းဖြစ်သည်။ နောက်တစ်နည်းပြောရလျှင် ကမ္ဘာတဝှမ်းကသုတေသီ၊ သိပ္ပံပညာရှင်၊ ဓာတ်ပုံဆရာနှင့် အနုပညာများ၏ ဖန်တီးမှုလက်ရာတစ်ခုဟုလည်းသုံးနှုန်းနိုင်သလို HUAWEI စမတ်ဖုန်းနှင့် အရည်သွေးပြည့်ဝသော ရိုက်ချက်ျား ရရှိစေရန် ကြိုးပမ်းအားထုတ်မှု ရလာဒ်ကောင်းဟုလည်း ဆိုနိုင်ပေသည်။ HUAWEI P40 Pro ကို မြန်မာနိုင်ငံတွင် Brush Gold (ရွှေရောင်) ၊ Deep Sea Blue (နက်ပြာရောင်) နှင့် Silver Frost (ငွေရောင်) တို့ဖြင့် တင်သွင်းလာမည်ဖြစ်ပြီး ဈေးနှုန်းအားဖြင့် (1,599,000) ကျပ်ဖြင့် Pre-Order မှာယူနိုင်မည်ဖြစ်သည်။ HUAWEI P40 Pro ဝယ်ယူသူတိုင်း လက်ဆောင်အနေဖြင့်ငွေကျပ် ၅သိန်းဝန်းကျင်ခန့် တန်ဖိုးရှိတဲ့ HUAWEI x Gentle Monster Eyewear ကိုရရှိဦးမည်လည်းဖြစ်သည်။