Huawei MatePad Pro နှင့် Mate XS များကို၂၀၂၀ ခုနှစ် ဧပြီလ၂၀ ရက်နေ့မှစ၍ ကြိုတင်မှာယူနိုင်

စိတ်ကူးထားတဲ့အရာတွေကိုအလွယ်တကူလျင်မြန်စွာအကောင်ထည်ဖော်နိုင်ရန် စွမ်းဆောင်ရည်မြင့် Huawei MatePad Pro၊ Huawei M-Pencil၊ Smart Magnetic Keyboard နှင့် ဆန်းသစ်တီထွင်မှုတွေနဲ့ အတူမှင်သက်ဖွယ် ကောင်းလောက်အောင် စိတ်ဝင်စားမှုတွေအပြည့်ခေါက်လို့ရသည့် Huawei Mate Xs အားကျပ် ၉၉,၀၀၀ (ကိုးသိန်းကိုးသောင်းကိုးထောင်)နှင့် ၃,၉၉၉,၀၀၀ (သုံးဆယ့်ကိုးသိန်းကိုးသောင်းကိုးထောင်) ကျပ်ဖြင့် ၂၀၂၀ ခုနှစ် ဧပြီ ၂၀ ရက်နေ့မှစတင်ကာ ကြိုတင်မှာယူနိုင်တော့မှာ ဖြစ်ပါတယ်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းကမိတ်ဆက်ခဲ့သည့် ဒီဇိုင်းပိုင်းရောနည်းပညာပိုင်းမှာပါကောင်းမွန်နေသောFlagship Tablet တစ်ခုအဖြစ် MatePad Pro ကိုဧပြီလ၂၀ရက်နေ့တွင် စတင်မှာယူနိုင်မှာဖြစ်ပြီး Smart Magnetic Keyboard နှင့် M-pencil များကိုပါတစ်ပါတည်းရရှိမှာဖြစ်ပါတယ်။ အလွန်ပါးလွှာသော bezel များဖြင့်ပေါင်းစပ် ထားသည့်မျက်နှာပြင်ကျယ်ကြောင့် ကမ္ဘာပေါ်တွင် screen-to-body ratio 90 ရာခိုင်နှုန်းနဲ့ အမြင့်ဆုံးအမျိုးအစားဖြစ်ပါတယ်။ ချော့မွေကျစ်လစ်သော ကိုယ်ထည်ကြောင့် အလေးချိန်ကလည်း 460 g သာရှိပါသည့်အတွက် သယ်ဆောင်ရအလွန်လွယ်ကူပြီး မျက်နှာပြင်အကျယ် ၇ ဒသမ၂ မီလီမီတာသာရှိသဖြင့် ကိုင်တွက်ရလွယ်ကူပြီးကျစ်လစ်ပေါ့ပါးပါတယ်။
MatePad Pro မှာပါရှိတဲ့ M-pencil သည် မှတ်စုတိုများမှတ်ရာတွင် သဘာဝအတိုင်းရေးသည့်အတွေ့အကြုံ များကိုပေးစွမ်း နိုင်မှာဖြစ်ပါတယ်။ M-pencil ကို Tablet ထိပ်တွင်ကပ်ထားလိုက်ရုံနဲ့ bluetooth ဖြင့် အလိုအလျောက်ချိတ်ပြီး Magnetic charging ကိုလည်းအလိုအလျောက်စတင်လုပ်ဆောင်မှာဖြစ်ပါတယ်။ ဒါ့အပြင် Smart Magnetic Keyboard နဲ့တွဲဖက်သုံးကာ Desktop mode ကိုအသုံးပြုနိုင်မှာဖြစ်ပါတယ်။

Photo Source https://web.facebook.com/HuaweimobileMM/

ရှေ့ကင်မရာ 8MP နဲ့ နောက်ကင်မရာ 13MP ပါရှိသောကြောင့်ဓာတ်ပုံရိုက်ရင်ဖြစ်စေ၊ ဗီဒီယိုခေါ်ဆိုရင်ဖြစ်စေ အကောင်းဆုံး အရည်သွေးကိုပေးစွမ်းပါတယ်။ နောက်ဆုံးပေါ် Kirin 990 flagship chipset ကိုထည့်သွင်းထားတာကြောင့် စွမ်းဆောင်ရန်ပိုင်းမှာအထူးပြောစရာမလိုပေ။ အရွယ်စားကြီးမားတဲ့7250mAh ဘက်ထရီကြောင့်မည်သည့် အခြေအနေတွင်မဆို အသုံးပြုမှုအတွက် ဘက်ထရီသက်တမ်းကိုစိတ်ချယုံကြည်နိုင်ပါတယ်။ အမြန်အားသွင်းရန် 20W power adapter ပါရှိပြီး သုံးစွဲသူများ Tablet ကိုလျင်မြန်စွာအားသွင်းနိုင်စေရန်အတွက် 40W Huawei Super Charge ကိုလည်းထောက်ပံ့ပါတယ်။ Huawei MatePad Pro သည်ကမ္ဘာ့ပထမဆုံး wireless charging နဲ့ reverse wireless charging သွင်းနိုင်တဲ့ Tablet အမျိုးအစားဖြစ်ပါတယ်။ ယခုဖော်ပြခဲ့သောအချက်အလက်များပါဝင်တဲ့ Huawei MatePad Pro ကို ၉၉၉,၀၀၀ ကျပ်ဖြင့် Keyboard ရော M-pencil ကိုပါတစ်ခါတည်းမှာယူရရှိနိုင် မှာဖြစ်ပါတယ်။

Photo Source https://web.facebook.com/HuaweimobileMM/

နောက်တစ်ခုမိတ်ဆက်ပေးချင်တဲ့အမျိုးအစားကတော့ ဆန်းသစ်တီထွင်မှုဒီဇိုင်းအသစ်နဲ့မျက်နှာပြင်ခေါက်နိုင်တဲ့ Mate Xsဖုန်းအမျိုးအစားဖြစ်ပါတယ်။ Kirin 990 chipset အမျိုးအစားကိုအသုံးပြုကာ 5G network ကိုလည်းထောက်ပံ့ပြီး simcard ၂ ခုထည့်သွင်းအသုံးပြုနိုင်ပါတယ်။ မူလမျက်နှာပြင်အရွယ်အစားသည် ၆ ဒသမ ၆ လက်မအရွယ်အစားဖြစ်ပြီး ဖြန့်နိုင်တဲံမျက်နှာပြင်ကြောင့် ၈ လက်မအထိချဲ့ထွင်အသုံးပြုနိုင်ပါတယ်။ Huawei အနေနဲ့နည်းပညာအသစ်တွေကို အမြဲယူဆောင်ပေးနေသလို Huawei Mate Series တွေဟာဆိုရင် ကင်မရာပိုင်းမှာအရည်အသွေးကောင်း တယ်ဆိုတဲ့ သုံးစွဲသူများရဲ့feedback များကြောင့် ယခု Mate Xs တွင်လည်းကင်မရာအရည်အသွေးကိုအကောင်းဆုံးမြှင့်တင် ထားပါတယ်။ Mate Xs တွင်ကင်မရာလေးလုံးပါဝင်သော Leica Quad Camera အသုံးပြုထားပါတယ်။ Mirror shooting mode ပါဝင်တာကြောင့် ဓာတ်ပုံရိုက်ပေးသူတင်မကပဲ မိမိကိုယ့်ကိုကိုယ်ပါ screen ပေါ်တွင်မြင်နိုင်မှာဖြစ်ပါတယ်။ 4500 mAh battery အမျိုးအစားကိုအသုံးပြုထားတာကြောင့် ကြာရှည်ခံမှုအပိုင်းကိုတော့အထူးပြောစရာမလိုသဖြင့် တစ်နေကုန်စိတ်ကြိုက်အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
အားသွင်းမှုအပိုင်းတွင်လည်း 55W supercharge ကိုအသုံးပြုထားတာကြောင့် 0 ရာခိုင်နှုန်းမှ 85 ရာခိုင်နှုန်းအထိကို မိနစ် ၃၀ အားသွင်းလိုက်တာနဲ့ရောက်ရှိမှာဖြစ်ပါတယ်။ ယခုဖော်ပြခဲ့သော MateXs ကို မြန်မာကျပ်ငွေ ၃၉၉၉၀၀၀ ဖြင့် ၂၀၂၀ ခုနှစ် ဧပြီ ၂၀ ရက်နေ့မှစတင်၍ မှာယူရရှိနိုင်ပြီလည်းဖြစ်ပါတယ်။