အူရီဒူးမြန်မာမှ ဝန်ဆောင်မှုအသစ်တစ်ရပ်အနေဖြင့် ပျော်ပျော်ယူ အစီအစဉ်ကိုမိတ်ဆက်

အူရီဒူးမှ ၎င်း၏ဝန်ဆောင်မှုအသုံးပြုသူများအနေဖြင့် မိတ်ဆွေများ၊ မိသားစုများနှင့် အမြဲအဆက်အသွယ်ရှိရန်နှင့် အကောင်းဆုံးဆက်သွယ် လုပ်ကိုင်နေထိုင်နိုင်ရန်အတွက် ဆက်သွယ်ရေးသည် အရေးကြီးသည့်ကဏ္ဍမှ ရပ်တည်နေ ကြောင်း နားလည်ထားသည့်အတွက် မိမိအသုံးပြုသည့် ပုံစံစရိုက်နှင့် ထပ်တူကျမည့် ဝန်ဆောင်မှုတစ်ရပ်အနေဖြင့် ပျော်ပျော်ယူ အစီအစဉ်ကို မိတ်ဆက် ပေးလိုက်ကြောင်းသိရသည်။
အူရီဒူး၏ ပျော်ပျော်ယူ အစီအစဉ်သည် ၎င်း၏ဝန်ဆောင်မှုကိုအသုံးပြုသူ တစ်ဦးချင်းစီ၏ လိုအပ်ချက်နှင့် ကိုက်ညီမည့် သီးသန့် အထူးအစီအစဉ်များကို ဖန်တီးပေးထားပြီး ဝန်ဆောင်မှုပေးထားခြင်းဖြစ်သည်။ ပျော်ပျော်ယူအစီအစဉ်မှနေပြီး သုံးစွဲသူများအတွက် သီးသန့်အထူးအစီအစဉ်များအဖြစ် အကောင်းဆုံး ဒေတာအစီအစဉ်၊ ဖုန်းခေါ်ဆိုမှုအစီအစဉ်နှင့် ဒေတာ နှင့်ဖုန်းခေါ်ဆိုမှု ပေါင်းစပ်ထားသော Combo အစီအစဉ်များကို ရယူနိုင်မှာဖြစ်ပါသည်။

Photo Source https://www.facebook.com/OoredooMyanmar

အူရီဒူး၏ဝန်ဆောင်မှုကိုအသုံးပြုသူတစ်ဦးချင်းစီအတွက် လိုအပ်ချက်နှင့်ကိုက်ညီသည့် ဈေးနှုန်းချိုသာသော သီးသန့်အထူး အစီအစဉ်များကို ပေးအပ်ထားသည့် ပျော်ပျော်ယူ အစီအစဉ်မှ ဒေတာအစီအစဉ်ကို ရယူလိုပါက *၁၄၀# သို့ ဖုန်းခေါ်ဆိုရ ယူနိုင်ပြီး ဖုန်းခေါ်ဆိုမှုအစီအစဉ်ကို ရယူလိုပါက *၁၅၀# သို့ ဖုန်းခေါ်ဆိုရယူနိုင်ပါသည်။
ပျော်ပျော်ယူအစီအစဉ်နှင့်အတူ အူရီဒူးအသုံးပြုသူများအနေဖြင့်လည်း My Ooredoo App တွင် ဝန်ဆောင်မှုပေးထားသော ဒစ်ဂျစ်တယ်အပန်းဖြေမှုအစီအစဉ်များဖြင့် အပန်းဖြေနိုင်သည့်အပြင် လေ့လာသင်ယူမှုအစီအစဉ်များကို လည်းပြုလုပ်နိုင် မည်ဖြစ်ကြောင်းသိရသည်။
အူရီဒူးမြန်မာသည်မြန်မာနိုင်ငံတွင်ဆက်သွယ်ရေးဝန်ဆောင်မှုများပေးအပ်ရန် ၂၀၁၃ ခုနှစ် ဇွန်လ တွင်လိုင်စင်ရရှိခဲ့ပါသည်။ အူရီဒူးမြန်မာသည် ပြည်သူများ၏လူမှုဘဝကိုဒစ်ဂျစ်တယ်လူနေမှုဖြင့်တောက်ပကောင်းမွန်အောင်လုပ်ဆောင်ပေးမည် ဆိုသည့် ရည်မှန်းချက်နှင့်အတူမြန်မာနိုင်ငံ၏ ဆက်သွယ်ရေးကဏ္ဍတွင်ဆက်သွယ်ရေးဝန်ဆောင်မှုများ ပေးအပ်ရာ၌ ဦးဆောင်လျှက်ရှိနေပါသည်။ အူရီဒူးမြန်မာသည်လ က်ရှိတွင်တစ်ဦးချင်းအသုံးပြုသူများအတွက်သာမက စီးပွားရေး လုပ်ငန်းများ၊ အစိုးရဌာနများနှင့်အသေးစားနှင့်အလတ်စားလုပ်ငန်းများအတွက်လည်း လုပ်ငန်းများတိုးတက် ကောင်းမွန်စွာ လုပ်ဆောင်နိုင်စေရန်ဝန်ဆောင်မှုများစွာပေးအပ်လျက်ရှိပါသည်။ အဆိုပါဝန်ဆောင်မှုများသည် လူမှုဘဝဖွံ့ဖြိုးရေးနှင့် လုပ်ပိုင်ခွင့်အခွင့်အလမ်းများရရှိရေးတို့ကို ဦးတည်၍ ဝန်ဆောင်မှုပေးထားသဖြင့်ပြည်သူများအားလုပ်ကိုင်စွမ်းအားများ ကိုမြှင့်တင်ပေးခြင်းနှင့် စီးပွားရေးလုပ်ငန်းများကိုပိုမိုချောမွေ့စွာလုပ်ဆောင်နိုင်မှာဖြစ်သည်။ အူရီဒူးမြန်မာသည် ၎င်း၏ထုတ်ကုန်များ၊ ဝန်ဆောင်မှုများနှင့်လူမှုအကျိုးပြုလုပ်ငန်းများမှတဆင့် ပြည်သူများ၏ဘဝကို တောက်ပကောင်းမွန်စေ ရန် လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။

Photo Source https://www.facebook.com/OoredooMyanmar

မြန်မာနိုင်ငံမှ စီးပွားရေးလုပ်ငန်းများအတွက် ဈေးနှုန်းသက်သာ၍သုံးစွဲရပိုမိုအဆင်ပြေစေမည့် အင်တာနက်ဝန်ဆောင်မှုများ အား ပေးအပ်နိုင်ရန် ရည်ရွယ်ချက်ဖြင့် အူရီဒူးမြန်မာသည် အစိုးရလုပ်ငန်းဌာနများ၊ အသေးစားနှင့်အလတ်စား စီးပွားရေး လုပ်ငန်းများနှင့် စီးပွားရေးလုပ်ငန်းကြီးများအတွက် မိုဘိုင်းအင်တာနက်ဝန်ဆောင်မှုများကို မိတ်ဆက်ထားပြီးဖြစ် ကြောင်းလည်းသိရသည်။ ထို့ကြောင့် စီးပွားရေးလုပ်ငန်းများအနေနှင့် ၎င်းတို့ကြိုက်နှစ်သက်ရာ အင်တာနက် အစီအစဉ်များအား ရွေးချယ်ဝယ်ယူ၍ မြန်မာ့အမြန်ဆုံး 4G LTE TURBO ကွန်ရက်ကို အသုံးပြုနိုင်မည်ဖြစ်သည်။
အူရီဒူးမြန်မာသည် စီးပွားရေးလုပ်ငန်းများအတွက် ဈေးနှုန်းသက်သာ၍သုံးစွဲရလွယ်ကူ အဆင်ပြေစေမည့် ဝန်ဆောင် မှုများနှင့် ထုတ်ကုန်အမျိုးမျိုးအားအချိန်ပြည့် သုံးစွဲသူဝန်ဆောင်မှုနှင့်အတူ ပေးအပ်ထားပါသည်။ အသုံးပြုသူများအနေဖြင့် အူရီဒူး၏ စီးပွားရေးလုပ်ငန်းများအတွက် မိုဘိုင်းအင်တာနက် အစီအစဉ်များနှင့် နှုန်းထားများအား အောက်ပါ Link တွင်ဝင် ရောက် ကြည့်ရှုနိုင်ပါသည်။
https://www.facebook.com/OoredooMyanmar