TÜV Rheinland ရဲ့ထောက်ခံချက်ရရှိထားသော HUAWEI Y6 Pro 2019 စမတ်ဖုန်း၏ လုပ်ဆောင်ချက်များ

HUAWEI Y6 Pro 2019 စမတ်ဖုန်းရဲ့ သေသပ်လွန်းတဲ့အရောင်တွေက အသုံးပြုသူတိုင်းအတွက် အံသြစရာဖြစ်စေမှာပါ။ အနက်ရောင်ကတော့ သဘာဝရဲ့အရိပ်လေးသဖွယ်ပုံစံလေးက ခေတ်မီလှပတဲ့ပုံစံမျိုးဖြစ်စေပါတယ်။ ဒီအနက်ရောင်က အမှောင်ပုံစံ၊ ရိုးရှင်းသေသပ်တဲ့ပုံစံမျိုးဖြစ်တာကြောင့် မြင်ရသူတိုင်း နှစ်သက်စေမှာပါ။
အပြာရောင်ကတော့ တောက်ပပြီး အလင်းပြန်စေဖို့ ၁၅ မိုက်ခရွန်အထိ သေးငယ်တဲ့ ရောင်ပြန်အမှုန်လေးတွေ ပါဝင်တာကြောင့် ဒီအပြာရောင်က ကြယ်တံခွန်တစ်ခုလို တောက်ပစေမှာပါ။ အညိုရောင်ကတော့ လက်ရာမထင်နိုင်သလို အထာကျတဲ့ Leather ဒီဇိုင်းပုံစံကို အသုံးပြုထားတာကြောင့် ဒီအညိုရောင်ရဲ့ထူးခြားမှုကိုဖြစ်ပေါ်စေပြီး လူတကာအလယ်မှာ ထင်ပေါ်စေမှာဖြစ်ပါတယ်။
HUAWEI Y6 Pro 2019 စမတ်ဖုန်းဟာ 6.09 လက်မရှိတဲ့ HD+ Dewdrop Display နဲ့ပြုလုပ်ထားတာဖြစ်ပါတယ်။ ဒီမျက်နှာပြင်က 87 ရာခိုင်နှုန်း မျက်နှာပြင်-ဖုန်းကိုယ်ထည်အချိုး ရှိတာကြောင့် စာဖတ်တာဖြစ်ဖြစ်၊ ဓာတ်ပုံတွေ၊ ရုပ်ရှင်တွေကြည့်တာပဲဖြစ်ဖြစ် ပိုကောင်းတဲ့မြင်ကွင်းကိုရရှိစေနိုင်ပါတယ်။ ဒါ့အပြင် HUAWEI Y6 Pro 2019 က TÜV Rheinland ရဲ့ထောက်ခံချက်ရရှိထားပြီး မျက်စိထိခိုက်နိုင်တဲ့ အပြာရောင်အလင်းတွေကို တားဆီးပေးနိုင်ပါတယ်။

Photo Source https://consumer.huawei.com/mm/

HUAWEI Y6 Pro 2019 မှာပါတဲ့ 8 MP ရှေ့ကင်မရာက အဆင့်မြင့်တဲ့ Selfie Toning Flash 2.0 စနစ်ပါဝင်ပါတယ်။ အဲ့ဒါကြောင့် အလင်းရောင်နည်းပါးတဲ့အခြေအနေမှာတောင် သေသပ်စစ်မှန်ပြီး သဘာဝကျတဲ့ဓာတ်ပုံတွေကို ရရှိစေမှာပါ။ 13 MP ကျောဖက်ကင်မရာနဲ့ အကောင်းဆုံးတွေကို ဖမ်းယူနိုင်ပါတယ်။ f/1.8 ထိကျယ်တဲ့ Aperture Lens က ၅၀ ရာခိုင်နှုန်းအထိ အလင်းပိုမိုလက်ခံနိုင်ပါတယ်။ အဲ့ဒါကြောင့် အလင်းရောင်နည်းနေချိန်မှာတောင် အရည်အသွေးကောင်းပြီး တိကျသေသပ်တဲ့ ဓာတ်ပုံတွေရနိုင်တာလည်းဖြစ်ပါတယ်။
HUAWEI Y6 Pro 2019 က ပိုကျယ်တဲ့ Bass Effect တွေထုတ်လွှတ်ပေးနိုင်ပါတယ်။ အဲ့လိုမျိုး စပီကာတစ်လုံးလို စွမ်းဆောင်ပေးနိုင်တာကြောင့် အိမ်မှာနားထောင်ရင်ပဲဖြစ်ဖြစ်၊ သူငယ်ချင်းတွေနဲ့ပါတီလုပ်ရင်ပဲဖြစ်ဖြစ်၊ ကမ်းခြေမှာ အပန်းဖြေနေရင်ပဲဖြစ်ဖြစ် အဆင်ပြေစေပြီပေါ့။ ဒါ့အပြင် FM Radio ပါဝင်ပြီးသားဖြစ်တာကြောင့် နားကြပ်တပ်ထားစရာမလိုပဲ နားဆင်နိုင်ပါတယ်။
12nm chipset နဲ့ 3 + 32 GB ကိုမှ ထပ်ပြီး SD သုံးနိုင်တာကြောင့် HUAWEI Y6 Pro 2019 က အားရပါးရသိမ်းဆည်းနိုင်သလို App တွေ Run တဲ့အခါမှာလည်း ပိုမိုချောမွေ့လာပါတယ်။ 3020 mAh5 ဘက်ထရီပမာဏနဲ့ဖြစ်ပြီး အသိဉာဏ်မြင့်ဘက်ထရီချိန်ညှိမှုလဲ ပါဝင်ပါတယ်။ ဒီလို Software နဲ့ Hardware ပူးပေါင်း အလုပ်မှုကြောင့် ဘက်ထရီကပိုပြီးခံနိုင်တာပါ။

Photo Source https://consumer.huawei.com/mm/

EMUI 9.0 ကလည်း ရိုးရှင်း သေသပ်မှုကိုပေးစွမ်းပါတယ်။ Software ပိုင်းမှာ အဆင့်မြင့်စေသလို မျက်နှာပြင် အပြည့်အထိအသုံးပြုနိုင်တဲ့ Gesture Navigation နဲ့ System ရဲ့ လျင်မြန်မှုကို အသိဉာဏ်မြင့် ချိန်ညှိမှုကြောင့် ဖုန်းသုံးတဲ့အခါမှာ ပိုပြီးလျင်မြန်ချောမွေ့တဲ့ အတွေ့အကြုံတွေကို ရရှိစေမှာပါ။ လျင်မြန်ပြီး တုံ့ပြန်မှုကောင်းတဲ့ Face Unlock စနစ်ကြောင့် အလင်းရောင်နည်းပါးချိန်မှာတောင် Unlock ပြုလုပ်နိုင်ပါတယ်။
Huawei ဟာ သတင်းအချက်အလက်နဲ့ ဆက်သွယ်ရေး နည်းပညာ (ICT) ၊ စမတ်စက်ပစ္စည်းများကို ပံ့ပိုးပေးတဲ့ နိုင်ငံတကာ ရှေ့ဆောင်ကုမ္ပဏီတစ်ခုဖြစ်ပါသည်။ အဓိက နယ်ပယ်လေးခုဖြစ်တဲ့ ဆက်သွယ်ရေး ကွန်ရက်များ၊ IT၊ စမတ် စက်ပစ္စည်းများ နဲ့ ကလောက်ဒ် ဝန်ဆောင်မှုများ ကိုပေါင်းစပ်ထည့်သွင်းထားတဲ့ ကုမ္ပဏီတစ်ခုလည်းဖြစ်ပါတယ်။
Huawei ရဲ့ စီးပွားရေးအုပ်စု (၃) ခုထဲမှ တစ်ခုဖြစ်တဲ့ Huawei Consumer BG သည် စမတ်ဖုန်းများ၊ PC များ၊ Tablets များ၊ ဝတ်ဆင်စရာများ၊ Mobile Broadband ထုတ်ကုန်များ၊ မိသားစုသုံး စက်ပစ္စည်းများနဲ့ Cloud ဝန်ဆောင်မှုများအတွက် AI နဲ့ ပတ်သက်သော အခြေအနေအားလုံးတို့တွင် ဦးဆောင်သူလည်းဖြစ်ပါတယ်။
အောက်ပါ Link မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
https://consumer.huawei.com/mm/