TVနှင့်အခြားဖျော်ဖြေရေးလျှပ်စစ်ပစ္စည်းများနေရာတွင် အစားထိုးနေရာယူလာသော OPPO A52 စမတ်ဖုန်း Screen Display ၏အရေးပါမှုများ

ယနေ့ခေတ်အခါတွင် အထူးသဖြင့် လူငယ်လူရွယ်အများစုသည် ဖျော်ဖြေရေးနှင့် သတင်းအချက်အလက် များကိုကြည့်ရှုရာ တွင် TV၊ Computer နှင့် အခြားလျှပ်စစ်ပစ္စည်းများထက်မိမိတို့နှင့် အမြဲမကွာအဆင်သင့်ရှိနေပြီးသိလိုသော အကြောင်း အရာများကို အလွယ်တကူရှာဖွေနိုင်ကာသိမ်းဆည်းကြည့်ရှုနိုင်သည့် စမတ်ဖုန်းများကိုသာပိုမိုအသုံးပြုလာသည်ကို သတိပြုမိကြမည်ဖြစ်သည်။ Screen ပိုင်းအရယှဉ်မည်ဆိုလျှင် ကြီးမားမှုမှာ TV၊ ကွန်ပျူတာတို့နှင့် ကွာခြားသော်လည်း ယခုတိုးတက်ပြောင်းလဲလာသောစမတ်ဖုန်း Screen Display များကြောင့် အဆင်မပြေမှုများစွာမရှိတော့ဘဲသုံးစွဲရန် အထူး လွယ်ကူသက်သာလာသဖြင့် ကောင်းမွန်သော ကြည့်ရှုခံစားမှုအတွေ့အကြုံတစ်မျိုးကိုလည်းပေးစွမ်းနိုင်လာသည်။ ထို့အပြင် အခြားမိသားစုဝင်များနှင့် အငြင်းပွားစရာမလိုဘဲမိမိစိတ်ကြိုက် အစီအစဉ်ကိုကြည့်ရှုနိုင်ခြင်း၊ အလွယ်တကူသယ်ယူသွား လာနိုင်ခြင်း၊ ထုတ်လွှင့်ပြီး TV အစီအစဉ်များကိုလည်း Mobile app များ Website များမှ တစ်ဆင့် မည်သည့်အချိန်တွင် မဆိုပြန်လည်ကြည့်ရှုနိုင်ခြင်းစသည်တို့ကစမတ်ဖုန်းများကိုပိုမိုအသုံးပြုစေရန် ကူညီလျက်ရှိသည်။

Photo Source https://www.facebook.com/oppomyanmar/

အရည်အသွေးကောင်းပြီး စိတ်ဝင်စားဖွယ် Mobile Game များကိုငွေပေးချေစရာမလိုဘဲ ဆော့ကစားနိုင်သည့်အတွက် ကြောင့် စမတ်ဖုန်းသုံးစွဲသူလူကြီးလူငယ်မရွေးဂိမ်းကစားခြင်းဖြင့် စိတ်ပင်ပန်းမှုများကိုဖြေဖျောက်နိုင်သည်။ လူကြီးများ အနေနှင့်လည်းခလုတ်တစ်ချက်နှိပ်ရုံနှင့် အလိုရှိသောတရား‌ဒေသနာများကိုရှာဖွေနာယူနိုင်သော‌ကြောင့် အားလုံး၏ နေ့စဉ် ဘဝကိုပိုမိုအဆင်ပြေအောင် စွမ်းဆောင်ပေးလျက်ရှိသည်။
ထိုသို့ ဖျော်ဖြေရေးအတွက် စမတ်ဖုန်းများကိုအများအပြားသုံးစွဲကြရာတွင် စမတ်ဖုန်း၏ အဆင့်မြင့်မားသောစွမ်း ဆောင်ရည်များ၊ နည်းပညာများနည်းတူ Screen Display မှာလည်းမပါမဖြစ် ထည့်သွင်းစဉ်းစားရမည့် အရာပင်ဖြစ်သည်။ ကောင်းမွန်သော Screen Display ကိုရွေးချယ်ရာတွင် Resolution နှင့် Aspect Ratio မှာ အလွန်အရေးပါသည်။ ပိုမိုကြည်လင်ပြတ်သားသောပုံရိပ်များကိုအရောင်အသွေးစိုစိုပြည်ပြည်ဖြင့် အားပါးတရကြည့်ရှုနိုင်ရန် Full HD Experience ကိုပေးစွမ်းနိုင်ပြီး Screen-to-Body Ration များသောဖုန်းများကိုရွေးချယ်ကြရန်လိုအပ်သည်။ Brightness မှာလည်းဖုန်းကို ကြည့်ရှုအသုံးပြုရာတွင် အထူးလိုအပ်သောအချက်တစ်ခုဖြစ်သည်။ Brightness Nit ပါဝင်မှုအပေါ် မူတည်ကာမည်သည့် အလင်းရောင်တွင်မဆိုဖုန်းကိုမြင်နိုင်ရန်နှင့် မျက်လုံးကိုအန္တရာယ်ဖြစ်စေသောအလင်းရောင်များမှ ကာကွယ်ပေးရန်လည်း လိုအပ်သည်။ ထည့်သွင်းစဉ်းစားရမည့် နောက်အချက်တစ်ခုမှာ ပုံမှန် ဖုန်းအသုံးပြုမှုများနှင့် ဂိမ်းကစားရာတွင် လိုအပ်သော Touch Response ပင် ဖြစ်သည်။ ထို့ပြင် အခြားအချက်များအနေဖြင့် ကောင်းမွန်သော CPU System, Sound Effect နှင့် အခြား Support Function များကလည်းဖုန်းသုံးစွဲမှုအတွေ့အကြုံကိုတစ်ဆင့် မြှင့်တင်ပေးနိုင်သောအချက်များဖြစ်သည်။

Photo Source https://www.facebook.com/oppomyanmar/

Screen Display ပိုင်းတွင် ကောင်းမွန်သောစမတ်ဖုန်းအမျိုးအစားအဖြစ် ယခုဈေးကွက်တွင် မကြာခင်ကထွက်ရှိထားသော OPPO A52 သည်လည်းရွေးချယ်စရာဖုန်းတစ်မျိုးဖြစ်သည်။ OPPO A52 သည် Screen Ratio 20:9 နှင့် Screen-to-body Ratio: 90.5% ရှိပြီးသာမာန်ထက်ကျယ်ပြီးဖုန်း Screen ကြည့်ရှုရာတွင် ရှင်းလင်းသပ်ရပ်သော 6 ဒဿမ 5-inch LCD Blind Hole Screen ပါရှိသည်။ ထို့ပြင် Resolutionပိုင်းတွင် အလွန်မြင့်မားသော Display Resolution: FHD + (2400 × 1080) PPI 405 ပါဝင်သည့်အပြင် In-Cell Touch Screen Technology ကိုထည့်သွင်းထားသောကြောင့် ဖုန်းအသုံးပြုခြင်း၊ ရုပ်ရှင်၊ ဗီဒီယိုများကြည့်ခြင်းနှင့် ဂိမ်းကစားခြင်းတို့ကိုအထူးကောင်းမွန်စေသည်။ လက်ရှိခေတ်စားနေသော Video Platformများတွင် HD videoများကြည့်ရှုနိုင်ကြောင်းအသိအမှတ်ပြုလက်မှတ်ကိုလည်း WIDEVINE L1 မှ ရရှိထားသည်။ Brightness မှာ 480 nits အထိအများဆုံးအသုံးပြုနိုင်ကာအသုံးပြုသူ၏ သုံးစွဲပုံအလေ့အထအပေါ် မူတည်ပြီးအလို အလျောက် ထိန်းညှိပေးသော AI Backlight Adjustment၊ နေရောင်ပြင်းသည့်အချိန်တွင်ပင် ဖုန်းကိုရှင်းလင်းစွာမြင်နိုင် သော Sunlight Screen၊ ကြည့်ရှုမှုကိုသက်သောင့်သက်သာရှိစေသော Dark Mode တို့ကိုထည့်သွင်းထားသည်။ ထို့ကြောင့် မည်သည့် အလင်းရောင်အခြေအနေတွင်မဆိုဖုန်းကိုကောင်းမွန်စွာမြင်တွေ့ အသုံးပြုနိုင်သည့်အပြင် မျက်လုံးကို အန္တရာယ်ဖြစ်စေသောအပြာရောင် အလင်းတန်းများမှ ကာကွယ်ပေးသည့် ထောက်ခံချက်လက်မှတ်ကိုလည်း TÜV Rheinland မှ ရရှိထားသည်။

Photo Source https://www.facebook.com/oppomyanmar/

ဖုန်းကြည့်ရှုသုံးစွဲမှုအတွေ့အကြုံပိုမိုကောင်းမွန်စေရန် Qualcomm Snapdragon665 Octa core processor က အားဖြည့်ကူညီထားကာရုပ်ရှင်ကြည့်ရှုမှုနှင့် ဂိမ်းကစားမှုတို့ကို အထောက်အကူပြုစေရန် Dirac 2.0 High Resolution Dual Stereo Speakers နှင့် HyperBoostတို့ ပါဝင်သည်။ ပေါ့ပါးသောအလေးချိန် 192g သာရှိပြီးမြင့်မားသောColorOS 7.1(Android 10) System နှင့်အတူ၄၅ မိနစ်အတွင်း 0% မှ 50% အထိအားပြန်ဖြည့်ပေးနိုင်သော 18W Fast Charge System ပါဝင်သည့် 5000mAh Battery နှင့် သိုလှောင်မှုပမာဏ 4GB+128GB တို့ ပါဝင်သောကြောင့် အလိုရှိသော ဂိမ်းများ၊ ဗီဒီယိုများစသည်တို့ကိုစိတ်ကြိုက်ထည့်သွင်းကာ ဖုန်းကိုအချိန်အကြာကြီးအသုံးပြုနိုင်မည်ဖြစ်သည်။ OPPO A52 ကိုမြန်မာနိုင်ငံဈေးကွက်တွင် မြန်မာကျပ်ငွေ ၂၉၉,၉၀၀ ကျပ်ဖြင့်မေလ ၁၂ ရက်နေ့မှစတင်ဖြန့်ချိခဲ့ပြီး မြန်မာနိုင်ငံအမြို့မြို့အနယ်နယ်ရှိဆိုင်များနှင့် shop.com.mm တို့တွင် ပို့ဆောင်ခအခမဲ့ဖြင့် ဝယ်ယူရရှိနိုင်မည်ဖြစ်သည်။
သတင်းအချက်အလက်များပိုမိုသိရှိလိုပါကအောက်ပါ Link တွင်ဝင်ရောက်လေ့လာနိုင်ပါသည်။
https://www.facebook.com/oppomyanmar/
https://bit.ly/3bghmkG