Creator တွေအတွက် အသစ်မိတ်ဆက်လာတဲ့ Instagram ရဲ့ Broadcast Channel

Creator တွေနဲ့ သူတို့ရဲ့ Follower တွေ၊ Audience တွေကို ကောင်းကောင်းချိတ်ဆက်နိုင်ဖို့အတွက် နည်းမျိုးစုံကိုဖန်တီးပြီး မိတ်ဆက်ချပြပေးနေတဲ့ Instagram ဟာ Broadcast Channel အသစ်ကိုလည်း Creator တွေအတွက် မိတ်ဆက်တော့မယ့်အကြောင်းကို Mark Zuckerberg က Instagram ကသူ့ရဲ့ကိုယ်ပိုင် “Meta Channel” ကတစ်ဆင့် မိတ်ဆက်ခဲ့ပါတယ်။

Image: Meta

Broadcast Channel ဆိုတာကတော့ One to Many Messaging Tool တစ်ခုဖြစ်ပြီးတော့ ကိုယ့်ရဲ့ Follower တွေကိုဖိတ်ခေါ်ပြီး စာသားတွေ၊ ဗီဒီယိုတွေ၊ ဓာတ်ပုံတွေကို ပေးပို့နိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် Voice Note တွေကိုလည်း မျှဝေနိုင်ဦးမယ်လို့ သိရပါတယ်။ Follower တွေရဲ့ Feedback တွေအတွက်လည်း Poll လေး ဖန်တီးနိုင်တဲ့ လုပ်ဆောင်ချက်တွေလည်း ပါဝင်ဦးမှာပါ။ Broadcast Channel မှာတော့ ဖန်တီးလိုက်တဲ့ Creator တွေကပဲ စာပို့ခွင့် ရှိပြီး Follower တွေကတော့ Content တွေကို React ပေးတာ၊ Poll တွေကို Vote ပြုလုပ်တာလောက်ပဲ ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။

Image: Meta

Broadcast Channel ကိုစတင်အသုံးပြုနေကြသူတွေကိုလည်း ဝင်ရောက်ကြည့်ရှုနိုင်အောင် ဖော်ပြ ပေးလိုက် ပါတယ်။ Broadcast Channel တွေကို ခုလက်ရှိအချိန်မှာတော့ Mobile Device တွေကတစ်ဆင့်ပဲ ဝင်ရောက်ကြည့်ရှုနိုင်ဦးမှာ ဖြစ်ပါတယ်။

Broadcast Channel ကိုအသုံးပြုခွင့်ရသွားတဲ့ Creator တွေအနေနဲ့ ပထမဆုံးစာပို့လိုက်တာနဲ့ သူ့ရဲ့ Follower တွေကို Channel Join ဖို့အတွက် Instagram က one-time notification ပို့ပေးမှာ ဖြစ်ပါတယ်။ ဘယ်သူမဆို Broadcast Channel ကိုဝင်ကြည့်နိုင်ပေမယ့် Channel ကို Join ထားသူတွေပဲ Update နဲ့ပက်သက်ပြီး Notification တွေရရှိမှာ ဖြစ်ပါတယ်။ Follower တွေအနေနဲ့ Channel ကနေလည်း အချိန်မရွေးထွက်နိုင်ပြီး Notification တွေကိုလည်း အဖွင့်အပိတ် ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ Broadcast Channel ကို လူတိုင်းအသုံးပြုခွင့် ရပြီဆိုတာနဲ့ Creator တွေအနေနဲ့ သူတို့ရဲ့ ကိုယ်ပိုင် Profile နဲ့ Story တွေမှာ “Join Channel” ဆိုပြီး ထည့််သွင်း ထားနိုင်မှာ ဖြစ်ပါတယ်။

Image: Meta

Broadcast Channel ကိုပြုလုပ်လိုတဲ့ Creator တွေအနေနဲ့ Follower တွေအားလုံးကို လက်ခံဖို့အတွက် Channel Audience မှာ “All Followers” ကိုပြုလုပ်ထားဖို့ လိုအပ်ပါတယ်။ Paid Subscriber တွေအတွက်ပဲ ပြုလုပ်နိုင်တဲ့ Broadcast Channel ကိုလည်း ပြုလုပ်သွားဖို့ ရှိတယ်လို့ သိရပါတယ်။

အခုလက်ရှိမှာတော့ Creator အနည်းငယ်နဲ့ Broadcast Channel ကိုစမ်းသပ်လျက်ရှိပြီး Mobile Device ကနေ Broadcast Channel Early Access ကိုစမ်းသပ်အသုံးပြုလိုတဲ့ Creator တွေအနေနဲ့ Waitlist ကိုဝင်ရောက် Sign Up ပြုလုပ်ထားနိုင်မှာ ဖြစ်ပါတယ်။ Broadcast Channel ကို Instagram မှာ Feature အသစ်တစ်ခုအနေနဲ့ စတင်မိတ်ဆက်ပေးတာဖြစ်ပြီး နောက်ပိုင်းလအနည်းငယ်မှာလည်း Facebook နဲ့ Messenger အတွက် စမ်းသပ်မယ်လို့ သိရပါတယ်။