ဖန်တီးရာမှ နည်းပညာ Startup သစ်တစ်ခုကိုဖန်တီးနိုင်သည့် ပထမဆုံးအကြိမ် LaunchPad Online သင်တန်းဖွင့်လှစ်မည်

ဖန်တီးရာမှ နည်းပညာ startup သစ်တစ်ခုကို idea အဆင့်မှ ဈေးကွက်ထဲရောက်သည်အထိ ချပြမိတ်ဆက်နိုင်သည့် အနီးကပ်သင်ကြားလေ့ကျင့်ပေးသွားမည့် ပထမဦးဆုံးသော Online သင်တန်း LaunchPad Online ကိုဖွင့်လှစ်ပို့ချသွားမည် ဖြစ်ကြောင်း ဖန်တီးရာ Facebook Page တွင်ဖော်ပြထားသည်။
အဆိုပါ LaunchPad Online သင်တန်းဆိုတာသည်မှာလည်း မြန်မာနိုင်ငံအတွင်း နည်းပညာအခြေပြုစီးပွားရေးလုပ်ငန်းများ ကို လေ့ကျင့်ပျိုးထောင်ပေးရုံသာမက ရင်းနှီးမြှုပ်နှံမှုများကိုပါလုပ်ဆောင်နေသော Phandeeyar မှအတွေ့အကြုံရင့် coach များကိုယ်တိုင် သင်ကြားပြသသွားမည်ဖြစ်ကြောင်းလည်းသိရသည်။ သင်တန်းသူ၊ သင်တန်းသားများအနေဖြင့်လည်း အကောင်အထည်ဖော်လိုသော ထုတ်ကုန်အသစ်(သို့)ဝန်ဆောင်မှုအသစ်တွေကို ဈေးကွက်အတွင်းမိတ်ဆက်ပေးနိုင်သည့် အထိ အွန်လိုင်းမှတဆင့် အသေးစိတ်သင်ကြားလေ့ကျင့်ပေးမည့် အစီအစဉ်ကောင်းတစ်ခုလည်းဖြစ်သည်။
LaunchPad Online အစီအစဉ်၏ ထူးခြားချက်များမှာလည်း နည်းပညာ Startup တစ်ခု (သို့မဟုတ်) ရေရှည်တွင်လူသန်း ပေါင်းများစွာကို အကျိုးရှိစေမည့်စီးပွားရေးလုပ်ငန်းတစ်ခုအား အောင်အောင်မြင်မြင်ဖြင့်တည်ထောင်ချင်သူများကို အကြံ ဉာဏ်အဆင့်မှ အကျိုးအမြတ်ရှိရှိလည်ပတ်နိုင်မည့် စီးပွားရေးလုပ်ငန်းမော်ဒယ်အဖြစ် အသွင်ပြောင်းနိုင်သည်အထိ တစ်ဦး ချင်းအနီးကပ်သင်ကြားပေးသွားမည်ဖြစ်ကြောင်းလည်းသိရသည်။

Photo Source – https://www.facebook.com/phandeeyar/

Online သင်တန်းဖြစ်နေသော်လည်း သင်ကြားမှုထိရောက်မည်ကို စိတ်ပူစရာမလိုပဲ သင်ခန်းစာတွေကို Online ပေါ်မှ သင်တန်းသူ/သင်တန်းသားများ ကြိုက်နှစ်သက်သည့်အချိန်တွင် ဝင်ရောက်ကြည့်ရှုနိုင်စေရန်စီစဉ်ထားပေးသွားမည့် သင် တန်းတစ်ခုလည်းဖြစ်သည်။ သင်တန်းသူ/သင်တန်းသားတစ်ဦးချင်း မိမိကိုယ်ပိုင် Password ဖြင့်ဝင်ရောက်ပြီး လိုချင်သည့် သင်ခန်းစာကို မိမိစိတ်ကြိုက်နှုန်းဖြင့် ဝင်ရောက်ကြည့်ရှုနိုင်မည်လည်းဖြစ်သည်။ ထို့အပြင် LaunchPad Online အစီအစဉ်၏ coach ကမှတဆင့် Startup များအားလုံးကို နှစ်ပတ်လျှင် တစ်ကြိမ်နှုန်းဖြင့် သုံးလစာ လူချင်းတွေ့ဆုံဆွေးနွေးပေးမည့် ထူးခြားသော ဝန်ဆောင်မှုများလည်းပါဝင်မည်ဖြစ်သည်။
LaunchPad Online ၏ အဓိကရည်ရွယ်ချက်မှာလည်း လုပ်ငန်းတည်ဆောင်ရန် စိတ်ကူးနေသူတွေအားလုံးကို သင်တန်း ကာလ ၆ လအပြီးတွင် အမှန်အကန်ရေရှည်ရပ်တည်နိုင်သည့် Startup များဖြစ်လာစေရန် ကူညီပျိုးထောင်ပေးမည့် ရည်ရွယ်ချက်ဖြစ်သောကြောင့် တစ်ဦးချင်းလူတွေ့ဆွေးနွေးမှုများကို ထိထိရောက်ရောက်ပြုလုပ်ပေးမည်လည်းဖြစ်သည်။
အဆိုပါ သင်တန်းတွင် သင်တန်းသူ/သင်တန်းသာ ၃၀ ဦးကိုသာလက်ခံသင်ကြားပေးသွားမည်ဖြစ်ပြီး တစ်ဦးချင်းလိုအပ်မည့် တိုင်ပင်ဆွေးနွေးမှုများ၊ လိုအပ်မည့်နည်းပညာအထောက်အပံ့များကို သင်တန်းအစအဆုံး ထောက်ပံ့ပေးသွားမည်ဖြစ် ကြောင်းလည်း ဖန်တီးရာ Facebook Page တွင်ဖော်ပြထားသည်။

Photo Source – https://www.facebook.com/phandeeyar/

အဆိုပါ သင်တန်းပြီးဆုံးပါကလည်း မိမိလုပ်ငန်းနှှုင့်သက်ဆိုင်သည့် အကြံအဉာဏ်ကောင်းများရရှိလာခြင်း၊ လုပ်ငန်းတစ်ခုစ တင်ရန်အတွက် ဈေးကွက်တစ်ခု၏ အလားအလာကောင်းများရှိ/မရှိသုံးသပ်လာနိုင်ခြင်း၊ ထုတ်ကုန်အသစ်(သို့)ဝန်ဆောင်မှု အသစ်များကို မည်သို့စတင်ဆန်းသစ်တီထွင်ရမည်ဆိုသည်များကို သိရှိလာခြင်း၊ ဈေးကွက်တစ်ခုအတွင်း မဝင်ရောက်မှီ သိ ထားသင့်သည့်အကြောင်းအရာများအား သိရှိလာခြင်း၊
အဆိုပါ သင်တန်းကြာမြင့်ချိန်မှာ ၆ လဖြစ်ပြီး ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၂ ရက်နေ့တွင်စတင်ဖွင့်လှစ်သွားမည်ဖြစ်သည်။ သင်တန်းကြေးမှာ မြန်မာကျပ်ငွေ ၃ သိန်းဖြစ်ပြီး Promotion Period အနေဖြင့် ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၁၈ ရက်နေ့မတိုင်မှီ အပ်နှံပါက မြန်မာကျပ်ငွေ ၂ သိန်းသာကျသင့်မည်ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။
အဆိုပါသင်တန်းစာရင်ပေးသွင်းလိုသူများအနေဖြင့် အောက်ပါ Link တွင်ဝင်ရောက်စာရင်းပေးသွင်းနိုင်မည်လည်းဖြစ်သည်။
https://www.seepwar.com/launchpad-online-register/
LaunchPad အစီအစဉ်နှင့်ပတ်သက်သည့် သင်ခန်းစာဆိုင်ရာအသေးစိတ်အချက်အလက်တွေနှင့် ဝန်ဆောင်မှုအသေးစိတ် များအား အောက်ပါ Link တွင်ဝင်ရောက်ကြည့်ရှုနိုင်မည်လည်းဖြစ်သည်။
https://www.seepwar.com/launchpad-online/