Facebook နဲ့ Instagram အတွက် Blue Budge စတင်ရောင်းချတော့မယ့် Meta

Facebook, Messenger, WhatsApp နဲ့ Instagram Application တွေရဲ့ မိခင်ကုမ္ပဏီ Meta ဟာ Facebook နဲ့ Instagram အတွက် Blue Budge တွေကို subscription အနေနဲ့ ရောင်းချတော့မယ်လို့ သိရပါတယ်။ ဒီရောင်းချမယ့် Subscription ကို Meta Verified လို့အမည်ရမှာ ဖြစ်ပါတယ်။

Meta Verified ကို Subscription ပြုလုပ်သူတွေအနေနဲ့ သူတို့ရဲ့ Instagram နဲ့ Facebook အကောင့်တွေမှာ အပြာရောင် Check Mark လေးရရှိမှာ ဖြစ်ပါတယ်။ Subscription ကြေးအနေနဲ့ ကိုယ့်ရဲ့အချက်အလက်တွေကို Verify ပြုလုပ်ပြီး တစ်လကို ၁၅ ဒေါ်လာနဲ့ ဝယ်ယူအသုံးပြုနိုင်မယ်လို့ သိရပါတယ်။

ပထမဆုံးအကြိမ်အနေနဲ့ Subscription ဝန်ဆောင်မှုကို နယူးဇီလန်နိုင်ငံနဲ့ ဩစတြေးလျနိုင်ငံတွေမှာ အခု ရက်သီတင်းပတ်ကစတင်ပြီး အသုံးပြုခွင့်ပေးထားပြီ ဖြစ်ပါတယ်။ တခြားနိုင်ငံတွေအတွက်လည်း Meta Verified ဝန်ဆောင်မှုကို မကြာခင်မှာ ဝယ်ယူခွင့်ပေးသွားမယ်လို့ သိရပါတယ်။ ဝန်ဆောင်မှုဈေးနှုန်းအနေနဲ့ Web ကနေ ဝယ်ယူမယ်ဆိုရင် တစ်လ ၁၁.၉၉ ဒေါ်လာကျသင့်မှာ ဖြစ်သလို Apple ရဲ့ iOS နဲ့ Google ရဲ့ Android တွေအတွက်ကိုတော့ ၁၄.၉၉ ဒေါ်လာကျသင့်မှာ ဖြစ်ပါတယ်။

Meta’s existing verified badges

Meta ဟာ အသုံးပြုသူတွေကို အစိုးရအသိအမှတ်ပြု ID Card တွေကို အသုံးပြုပြီး ကိုယ့်ရဲ့အချက်အလက်တွေကို Verify ပြုလုပ်ခွင့်ပေးအပ်ထားပါတယ်။ Meta ရဲ့ ပြောဆိုချက်အရ Subscription Service ပြုလုပ်ထားခြင်းက Customer Support ကို တိုက်ရိုက်ဆက်သွယ်နိုင်မှာ ဖြစ်သလို၊ ကိုယ့်ရဲ့အကောင့်ကို တပါးသူက တိုက်ခိုက်ရယူခြင်းတွေကနေလည်း ကာကွယ်ပေးနိုင်တယ်လို့ သိရပါတယ်။ Mark Zuckerberg ရဲ့ Facebook ပေါ်တင်ထားတဲ့ Post အရ Meta Verified ဟာ အသုံးပြုသူတွေရဲ့  လုံခြုံရေးအချက်အလက်တွေကို အဓိကထားကာကွယ်ပေးဖို့ ဖြစ်တယ်လို့လည်း သိရပါတယ်။ Facebook Post မှာ လက်ရှိအသုံးပြုခွင့်ပေးထားတဲ့နိုင်ငံတွေကို ဖော်ပြပေးထားပေမယ့် တခြားနိုင်ငံတွေအတွက် ဘယ်အချိန်မှာ အသုံးပြုနိုင်မယ်ဆိုပြီး အချိန်ကိုပြောပြထားတာမျိုးတော့ မရှိပါဘူး။

 

Meta ရဲ့ Blog Post မှာ ဖော်ပြထားတဲ့ အချက်အလက်တွေအရ Meta Verified ကနေတစ်ဆင့် Subscription ပြုလုပ်ထားသူတွေဟာ

(၁) အသုံးပြုသူဟာ အစစ်အမှန်ဖြစ်ကြောင်းနဲ့ အကောင့်ကို အစိုးရအသိအမှတ်ပြုအချက်အလက်တွေနဲ့ မှတ်ပုံတင်ထားတယ်ဆိုတာကို သိနိုင်မယ့် Verified Badge ကိုရရှိမှာ ဖြစ်ပါတယ်။

(၂) Online Audience များပြားတဲ့ သူတွေအတွက် Impersonation Attack တွေကတစ်ဆင့် ပိုပြီး ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။

(၃) ဖြစ်လေ့ဖြစ်ထရှိတဲ့ Account ပြဿနာတွေကို တစ်ကယ့် Real Personal တစ်ယောက်နဲ့ ကိုယ်လိုအပ်တဲ့အချိန်မှာ ဖြေရှင်းပေးဖို့ အဆင်သင့်ရှိနေမှာ ဖြစ်ပါတယ်။

(၄) Search, Comment နဲ့ Recommendation လိုနေရာမျိုးတွေမှာ ကိုယ့်အကောင့်ဟာ ပိုပြီး Visibility ဖြစ်မယ် တခြားသူတွေဆီ ပိုပြီး Reach ရရှိနေမှာ ဖြစ်ပါတယ်။

(၅) ကိုယ့်အကြောင်းကို ပုံစံမျိုးပုံနဲ့ဖော်ပြနိုင်မယ့် အခြားလုပ်ဆောင်ချက်ပေါင်းများစွာလည်း ပါဝင်မယ်လို့ သိရပါတယ်။

Meta Verified Subscription အကြောင်း ပိုမိုသိရှိလိုသူတွေအနေနဲ့ Instagram Platform ပေါ်မှာရှိတဲ့ Mark Zuckerberg ရဲ့ Meta Channel ကို Mobile Device ကတစ်ဆင့် ဝင်ရောက်လေ့လာနိုင်မှာ ဖြစ်ပါတယ်။