ဈေးသက်သာပြီး Apple Intelligence အသုံးပြုနိုင်မယ့် iPhone 16e ကို Apple မိတ်ဆက်

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့မှာ အဓိကထွက်ရှိနေတဲ့ iPhone Model တွေထက် ဈေးသက်သာတဲ့ iPhone Model အသစ်တစ်ခုကို စပြီးမိတ်ဆက်ခဲ့ပါတယ်။ အသစ်ထွက်ရှိမယ့် iPhone Model အသစ်ကိုတော့ iPhone 16e လို့ခေါ်ပြီး ဈေးနှုန်းအနေနဲ့ ၅၅၉ ဒေါ်လာ ကျင့်သင့်မယ်လို့ သိရပါတယ်။

Image: Apple

iPhone 16e မှာ Home Button နဲ့ လက်ဗွေစနစ်တွေပါဝင်တော့မှာ မဟုတ်ဘဲ Face ID ပါဝင်တဲ့ Notch ပဲပါဝင်တော့မှာ ဖြစ်ပါတဲ့အတွက် နောက်ဆုံးပေါ် iPhone Model တွေမှာပါဝင်နေတဲ့ Dynamic Island လည်းပါဝင်မှာ မဟုတ်ပါဘူး။ Apple Intelligence ကိုအသုံးပြုဖို့အတွက် နောက်ဆုံးပေါ် A18 Chip ကိုတော့ထည့်သွင်းပေးထားတဲ့အတွက် iPhone 16e ဟာ AI အသုံးပြုနိုင်ရုံအတွက်ပဲသီးသန့် ပြုလုပ်ဖန်တီးထားတဲ့ iPhone Model တစ်ခုလို့ပြောလို့ရပါတယ်။ ဒီဇိုင်းပိုင်းမှာလည်း ၂၀၂၂ ခုနှစ်ရဲ့ iPhone 14 ကို အခြေပြုထားတဲ့ iPhone SE လိုပုံစံမျိုးဖြစ်ပါတယ်။

Image: Apple

6.1-inch Super Retina XDR Display ကိုအသုံးပြုထားပြီး Apple ရဲ့ 6.12-inch အရွယ် iPhone 16 နဲ့ မတိမ်းမယိမ်းဖြစ်နေမှာတော့ အမှန်ပါပဲ။ Camera Control ခလုတ်တော့မပါဝင်တော့ပေမယ့် Customizable Action Button ကိုတော့ ထည့်သွင်းပေးထားပါတယ်။ Charging နဲ့ Connection တွေအတွက်အသုံးပြုဖို့ USB-C ကိုအသုံးပြုထားပါတယ်။ iPhone 16e မှာ Qi Wireless Charging ကို 7.5W အထိပြု အသုံးပြုခွင့်ပေးထားတဲ့အတွက် Fast Wireless Charging တော့အသုံးပြုလို့ရတော့မှာ မဟုတ်ပါဘူး။ Apple ရဲ့ထုတ်ပြန်ချက်တွေအရ iPhone 16e ဟာ iPhone 11 ထက် ၆ နာရီပိုအသုံးခံပြီး iPhone SE နဲ့ယှဉ်ရင်တော့ ၁၂ နာရီပိုပြီး အသုံးခံတယ်လို့ ဖော်ပြထားပါတယ်။

Image: Apple

ပါဝင်တဲ့ A18 Chip ဟာ iPhone 16 မှာပါဝင်တဲ့ Chip ပဲဖြစ်အတွက် Apple Intelligence တွေဖြစ်တဲ့ Writing Tools, Priority Messages in Mail နဲ့ Summarizing လိုလုပ်ဆောင်ချက်တွေကို အသုံးပြုဖို့အတွက်တော့ လုံလောက်ပါတယ်။ Apple အနေနဲ့ Apple Intelligence ကိုအသုံးပြုဖို့ 8GB RAM လိုအပ်တယ်လို့ပြောခဲ့တဲ့အတွက် iPhone 16e ဟာလည်း အနည်းဆုံး 8GB RAM ဖြစ်ဖို့တော့ ခန့်မှန်း ရပါတယ်။ Internal Storage အနေနဲ့ 128GB အနည်းဆုံးဖြစ်နိုင်ပါတယ်။ iPhone 16e ရဲ့ ထူးခြားချက် လည်းဖြစ်သလို တခြား iPhone Model တွေ နဲ့လုံးဝကွဲပြားသွားတဲ့ နောက်တစ်ချက်ကတော့ 48-megapixel ကင်မရာတစ်လုံးထဲပါဝင်မှာ ဖြစ်ပါတယ်။

iPhone 16e ကို အသုံးပြုဖို့စိတ်ဝင်စားသူတွေအနေနဲ့ ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှာ $559 နဲ့စတင်ပြီး Preorder တင်နိုင်တော့မှာဖြစ်ပါတယ်။