အူရီဒူးမြန်မာမှ စီးပွားရေးလုပ်ငန်းများ အဆင်ပြေစေရန်အတွက် မြန်နှုန်းမြင့်“Office from Home ကြိုးမဲ့ Broadband ဝန်ဆောင်မှုပေးအပ်

လုပ်ငန်းများအား ယခုကဲ့သို့ခက်ခဲနေသည့် အချိန်ကာလတွင် အဆင်ပြေချောမွေ့စွာလည်ပတ်နိုင်စေရန် ရည်ရွယ်ချက်ဖြင့် အူရီဒူးသည် ရိုးရှင်းထိရောက်သော ဆက်သွယ်ရေးစနစ်တစ်ခု ဖြစ်သည့် Office from Home ကြိုးမဲ့ broadband အင်တာနက်ဝန်ဆောင်မှုကို ပေးအပ်ခဲ့ကြောင်းသိရသည်။ အဆိုပါဝန်ဆောင်မှုအား စီးပွားရေးလုပ်ငန်းများအတွက် အထူးသီး သန့်ပေးအပ်ခြင်းလည်းဖြစ်သည်။
“အခုလက်ရှိအခြေအနေကြောင့်စီးပွားရေးလုပ်ငန်းတွေအနေနဲ့ အိမ်ကနေလုပ်ငန်းဆောင်ရွက်ရတဲ့အခါမှာ ဆက်သွယ်ရေး ပိုင်းဆိုင်ရာ အခက်အခဲတွေ ကြုံတွေ့နေရတာကို ကျွန်တော်တို့ သတိထားမိပါတယ်။ ဒီလိုအချိန်မှာ အူရီဒူးအနေနဲ့ စီးပွားရေးလုပ်ငန်းတွေကို ပံ့ပိုးပေးလိုပြီးတာဝန်သိဆက်သွယ်ရေးအော်ပရေတာတစ်ခုအဖြစ် ဆောင်ရွက်လိုပါတယ်။ ကျွန် တော်တို့အနေနဲ့လက်ရှိမှာ အိမ်ကနေလုပ်ကိုင်နေရတဲ့ စီးပွားရေး လုပ်ငန်းတွေကို ကူညီနိုင်ဖို့အတွက် ဈေးနှုန်းသင့်တင့်ပြီး မြန်နှုန်းမြင့်တဲ့ ကြိုးမဲ့ broadband အင်တာနက်ဝန်ဆောင်မှုကို ပေးအပ်လိုက်ပါပြီ။ ဒီ Office from Home ကြိုးမဲ့ broadband ဝန်ဆောင်မှုနဲ့ဆိုရင် လုပ်ငန်းတွေအနေနဲ့အင်တာနက် ချိတ်ဆက်မှုတွေအတွက် ဘာမှ စိတ်ပူစရာမလိုတော့ပဲ ရုံးမှာအလုပ်လုပ်နေသလိုမျိုးပဲ အိမ်ကနေဆက်သွယ်လုပ်ဆောင်သွားနိုင်မှာဖြစ်ပါတယ်။ အသုံးပြုသူတွေအတွက်အကျိုး ကျေးဇူးတွေပိုမိုယူဆောင်လာပေးနိုင်ဖို့ဆိုတဲ့ ရည်သန်ချက်နဲ့အညီ အူရီဒူးအနေနဲ့ အကောင်းမွန်ဆုံး ဝန်ဆောင်မှုတွေနဲ့ ထုတ်ကုန်တွေကို ပေးအပ်သွားနိုင်ဖို့ အမြဲတမ်း ကြိုးစားဆောင်ရွက်နေပါတယ်”ဟု အူရီဒူးမြန်မာ၏ Chief Business Officer ဖြစ်သူ Mr. Anadi Agnihotri မှ ပြောကြားသည်။

Photo Source https://web.facebook.com/OoredooMyanmar/

Office from Home ကြိုးမဲ့ broadband ဝန်ဆောင်မှုသည် စီးပွားရေးလုပ်ငန်းများအတွက်ပုံမှန်ရုံးတက်ရက်များကဲ့သို့ နေအိမ်မှ အလုပ်လုပ်နိုင်စေရန်အတွက် 5 Mbps အထိ မြန်နှုန်းမြင့် အင်တာနက်ကို မနက် ၈ နာရီမှ ညနေ ၆ နာရီအထိ ပေးအပ်ထားပါသည်။ အူရီဒူးမြန်မာသည် ဤbroadband ဝန်ဆောင်မှုတွင် ပါဝင်သည့် စက်ပစ္စည်းအတွက် အာမခံတစ်နှစ် ပေးထားပြီး ထိုစက်ပစ္စည်းအား စတင်အသုံးပြုသည့် အချိန်မှစ၍ Office from Home ဝန်ဆောင်မှုကို ရက် ၃၀ အတွင်းရရှိအသုံးပြုနိုင်မည်ဖြစ်ပါသည်။ ဝန်ဆောင်မှုကို စတင်အသုံးပြုရန်အတွက်အသုံးပြုလိုသူများသည် ၎င်းတို့၏ Account Manager အားဆက်သွယ်ခြင်း (သို့မဟုတ်)၀၉၉၇၀၀၀၀၂၁၆ သို့ ဖုန်းခေါ်ဆိုခြင်းတို့ကို ပြုလုပ်နိုင်ပါသည်။
Office from Home broadband အင်တာနက်ဝန်ဆောင်မှု၏ စက်ပစ္စည်းတန်ဖိုးမှာ ၄၀,၀၀၀ ကျပ် ဖြစ်ပြီး လစဉ်ကြေးမှာ ၄၀,၀၀၀ကျပ်ဖြစ်သည်။ အသုံးပြုသူများသည် CB ဘဏ် သို့AYA ဘဏ်တို့မှတစ်ဆင့် ငွေပေးချေနိုင်ပြီး သတ်မှတ်ရက် မကုန်ဆုံးမီ ဝန်ဆောင်မှုကို သက်တမ်းတိုးနိုင်မည် ဖြစ်သည်။စက်ပစ္စည်း၌ ဝန်ဆောင်မှု အသုံးပြုရန် ဆင်းမ်ကတ်အား ကြိုတင်ထည့်သွင်းထားပြီး ဖြစ်သည့်အတွက် အသုံးပြုသူမှ ဝန်ဆောင်မှုအား စတင်အသုံးပြုရန် ခလုတ်နှိပ်လိုက်သည်နှင့် တပြိုင်နက် ရက်သုံးဆယ်အတွင်း အသုံးပြုနိုင်မည်ဖြစ်သည်။

Photo Source https://web.facebook.com/OoredooMyanmar/

အူရီဒူးမြန်မာသည်မြန်မာနိုင်ငံတွင် ဆက်သွယ်ရေးဝန်ဆောင်မှုများပေးအပ်ရန် ၂၀၁၃ ခုနှစ်ဇွန်လတွင်လိုင်စင် ရရှိခဲ့သည်။ အူရီဒူးမြန်မာသည် ပြည်သူများ၏လူမှုဘဝကိုဒစ်ဂျစ်တယ်လူနေမှုဖြင့်တောက်ပကောင်းမွန်အောင်လုပ်ဆောင်ပေးမည် ဆိုသည့် ရည်မှန်းချက်နှင့်အတူမြန်မာနိုင်ငံ၏ဆက်သွယ်ရေးကဏ္ဍတွင် ဆက်သွယ်ရေးဝန်ဆောင်မှုများပေးအပ်ရာ၌ ဦးဆောင်လျှက်ရှိနေပါသည်။ အူရီဒူးမြန်မာသည်လက်ရှိတွင်တစ်ဦးချင်းအသုံးပြုသူများအတွက်သာမက စီးပွားရေး လုပ်ငန်းများ၊ အစိုးရဌာနများနှင့် အသေးစားနှင့်အလတ်စားလုပ်ငန်းများအတွက်လည်း လုပ်ငန်းများတိုးတက်ကောင်းမွန်စွာ လုပ်ဆောင်နိုင်စေရန်ဝန်ဆောင်မှုများစွာပေးအပ်လျက်ရှိပါသည်။ အဆိုပါဝန်ဆောင်မှုများသည် လူမှုဘဝဖွံ့ဖြိုးရေးနှင့် လုပ်ပိုင်ခွင့်အခွင့်အလမ်းများရရှိရေးတို့ကို ဦးတည်၍ဝန်ဆောင်မှုပေးထားသဖြင့်ပြည်သူများအားလုပ်ကိုင်စွမ်းအားများကို မြှင့်တင်ပေးခြင်းနှင့်စီးပွားရေးလုပ်ငန်းများကိုပိုမိုချောမွေ့စွာလုပ်ဆောင်နိုင်မှာဖြစ်ပါသည်။ အူရီဒူးမြန်မာသည် ၎င်း၏ထုတ် ကုန်များ၊ဝန်ဆောင်မှုများနှင့်လူမှုအကျိုးပြုလုပ်ငန်းများမှတဆင့်ပြည်သူများ၏ဘဝကိုတောက်ပကောင်းမွန်စေရန်လုပ်ဆောင်ပေးသွားမည်ဖြစ်သည်။