ရန်ကုန်မြို့တွင်း ပစ္စည်းသယ်ယူပို့ဆောင်ရေးအတွက် အချိန်ကုန်ကျမှုသက်သာစေတဲ့ Hi-So App

ရန်ကုန်မြို့တွင်း သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေမှာ နည်းပညာပိုင်းဆိုင်ရာနဲ့ ပတ်သက်ပြီးတိုးတက်ပြောင်းလဲလာခဲ့တာ နှစ်တွေမကြာသေးပါဘူး။ အချိန်ကုန်သက်သာစေရန်နဲ့လူပင်ပန်းမှုလျှော့နည်းစေရန် စတဲ့အကြောင်းအရာတွေကို အခြေခံပြီး Delivery Online Platform လုပ်ငန်းများလည်းပိုမိုပေါ်ထွက်လာခဲ့ပါတယ်။ ထိုကဲ့သို့ ထွက်ပေါ်လာခြင်းကလည်း လူနေ မှုပုံစံတိုးတက်ပြောင်းလဲလာစေနိုင်တဲ့ အချက်တစ်ခုဆိုရင်လည်းမမှားပါဘူး။


လွယ်လင့်တကူ ဖုန်းနဲ့ဆက်သွယ်အသုံးပြုလို့ရစေတဲ့ App တွေကနေ ပို့ဆောင်ခြင်း၊ သွားလာခြင်း၊ ဝယ်ယူခြင်း၊ ငှားရမ်းခြင်း နဲ့ပတ်သက်တာတွေကို လုပ်ဆောင်လာကြပါတယ်။ ထိုသို့လုပ်ဆောင်လာတာဟာ ရန်ကုန်မြို့အပါအဝင် အခြားနယ်မြို့ ကြီးတွေမှာလည်း စတင်လုပ်ဆောင်နေတာကို မြင်တွေ့ရပါတယ်။ လက်ကိုင်ဖုန်းနဲ့ လွယ်ကူစွာအသုံးပြုလို့ရတဲ့အတွက် လူ တိုင်းနီးပါး သုံးစွဲလာကြတာပါ။


ရန်ကုန်မြို့တွင်း Delivery နဲ့ပတ်သက်ပြီးလူသုံးများလာတဲ့ App တစ်ခုကတော့ Hi-So App ဖြစ်ပါတယ်။ ပစ္စည်းနဲ့ ပတ်သက်တဲ့ Delivery Service လုပ်ငန်းကို အချိန်တိုအတွင်းမြန်ဆန် တိကျအောင်ဆောင်ရွက်ပေးပါတယ်။ Hi-So App ဟာပစ္စည်းပို့ဆောင်ပေးလိုသူ တစ်ဦးနဲ့တစ်ဦးကြားထဲမှာ ချိတ်ဆက်ဆောင်ရွက်ပေးတဲ့ App တစ်ခုဖြစ်ပြီး ယခုလိုအပ်တာနဲ့ ယခုပို့ဆောင်ပေးနိုင်တဲ့ ပစ္စည်းပို့ဆောင်ရေး ဝန်ဆောင်မှုလုပ်ငန်းပဲ ဖြစ်ပါတယ်။
မိမိရဲ့အရေးကြီးတဲ့စာရွက်စာတမ်းတွေ၊ အီလက်ထရွန်နစ်ပစ္စည်းတွေ၊ အစားအသောက် (ထမင်းချိုင့်) စတဲ့အခြား အမြန် ရောက်ရှိရန်လိုအပ်တဲ့ပစ္စည်းတွေကို နာရီပိုင်းအတွင်း လွယ်ကူယုံကြည်စိတ်ချစွာ ပို့ဆောင်နိုင်အောင်စီစဉ်ဆောင်ရွက်ထား တာပါ။ ပို့ဆောင်ပေးသွားမယ့် လမ်းကြောင်းကိုလည်း မိမိဖုန်းထဲက Hi-So App ကပဲ ခြေရာခံကြည့်ရှုနိုင်ပါတယ်။ ပို့ဆောင်ပေးမယ့်ပစ္စည်းက အချိန်ဘယ်လောက်ကြာမယ်။ ဘယ်နေရာကို ရောက်နေပြီဆိုတာကအစ ကြည့်ရှုနေနိုင်တာမျိုး လည်းဖြစ်ပါတယ်။


“ Hi-So က ၂၀၁၈ ခုနှစ် နိုဝင်ဘာလလောက်ကနေစပြီး စတင်ဆောင်ရွက်ခဲ့တာပါ။ နောက်ပိုင်းမှာ ဒီထက်ပိုအဆင့်မြှင့်ပြီး ပိုမိုကောင်းမွန်တဲ့ အနေအထားတစ်ခုအထိရောက်လောက်အောင် ဆောင်ရွက်သွားဖို့ရှိပါတယ်” ဟု Hi-So App ကိုစီစဉ် ဆောင်ရွက်ခဲ့သူ Htun Khaing International Co.,Ltd မှ General Manager  မသက်ထားဇော် ကပြောပါတယ်။
Hi-So Delivery Service လုပ်ငန်းကို တနင်္လာနေ့မှစတင်ကာ စနေနေ့အထိ အသုံးပြုသူများအဆင်ပြေရန် ဝန်ဆောင်မှုများ ပေးနေခြင်းဖြစ်ပြီး ဝန်ဆောင်မှုလုပ်ငန်းများပိုမိုမြှင့်တင်မှုအနေဖြင့် အချိန်ဆိုင်းဖြင့်အလှည့်ကျ ဝန်ဆောင်မှုပေးနိုင်ရန်စီစဉ် ဆောင်ရွက်ရန်ပြင်ဆင်နေကြောင်း သူမက ဆက်လက်ပြောကြားသည်။
“အခုကတော့ စက်ဘီးနဲ့ Delivery ပို့ဆောင်တာကို အရင်လုပ်တာပေါ့နော်။ နောက်ပိုင်းမှာ Customer  တွေတောင်းဆိုချက် အရ ကားနဲ့ပို့ဆောင်ပေးတာမျိုးတွေပါ ဆက်လုပ်သွားဖို့ရှိပါတယ်” ဟု သူမကဆိုသည်။

လက်ရှိမှာ Delivery Driver အယောက် (၂၀) ခန့်ရှိပြီး နောက်ပိုင်းတွင် Delivery Driver (၃၀) ဦးမှ (၅၀) ဦးခန့်အထိ တိုးမြင့်ခန့်အပ်သွားမည်ဖြစ်ကြောင်း နှင့် လက်ရှိတွင်လည်း Delivery Driver ဝန်ထမ်းများကို ဝန်ဆောင်မှုပိုမိုကောင်း မွန်စေရန်Training များပို့ချဆောင်ရွက်လျက်ရှိကြောင်းလည်းသိရသည်။
ရန်ကုန်မြို့တွင်း Downtown မြို့နယ်များနှင့်မြို့နယ်စုစုပေါင်း (၁၉) မြို့နယ်ခန့်ကို Delivery Service လုပ်ငန်းဆောင်ရွက် နေပြီး နောက်ပိုင်းမှာ ရန်ကုန်မြို့တွင်းမြို့နယ်အားလုံးတွင် ပို့ဆောင်နိုင်ရန်စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း သူမ ကဆက်လက်ပြောကြားပါတယ်။


“ပို့ဆောင်ခနှုန်းထားတွေအနေနဲ့လည်း အနည်းဆုံး ကျပ် (၁၈၀၀) လောက်ကစပြီးတော့ ယူပါတယ်။ အဓိကကတော့ ခရီးအ  ကွာအဝေးပေါ်မူတည်ပြီး ကောက်ခံတာမျိုးပါ။ ပုံသေတော့မရှိပါဘူး။ ပြီးတော့ Partner စတိုးဆိုင်တွေကနေ တစ်ဆင့်ခံ ပစ္စည်းပို့ဆောင်ပေးတဲ့ စနစ်ကိုလည်း ချိတ်ဆက်ဆောင်ရွက်နေတာရှိပါတယ်။ နောက်ပိုင်းမှာလည်း အဲ့ဒါမျိုးတွေအများကြီး ချိတ်ဆက်လုပ်ဆောင်သွားဖို့ ရှိပါသေးတယ်” ဟု General Manager  မသက်ထားဇော် ကပြောပါတယ်။
Hi-So Delivery ဝန်ထမ်းများကိုလည်း မိမိစက်ဘီးဖြင့်ဖြစ်စေ၊ Hi-So မှထုတ်ပေးထားသည့်စက်ဘီးဖြင့်ဖြစ်စေပို့ဆောင်စေပြီး Hi-So App ထဲမှ မြေပုံထဲတွင် မိမိပို့ဆောင်ပေးလိုသည့် လိပ်စာအတိအကျရှာမတွေ့ပါက Delivery အသေးစိတ်အချက်အ ဖြည့်သွင်းရမည့်နေရာတွင် လိပ်စာအတိအကျထည့်သွင်းရေးသားခြင်းဖြင့်လည်း အဆင်ပြေကြောင်းလည်း သူမကဆက် လက်ပြောကြားသည်။


“Google Map အတိုင်းထည့်သွင်းထားတာဆိုပေမယ့် အချို့နေရာတွေက အတိအကျရှာလို့မရတာတွေရှိတယ်။ အနီးစပ်ဆုံး အထင်ကရနေရာတစ်ခုကို မြေပုံမှာညွှန်းဆိုပြီး လိပ်စာအတိအကျကို ရေးသွင်းလိုက်ရင်လည်း လာယူပေးမယ့် Delivery ဝန် ထမ်းက ရောက်အောင်လာဖို့အဆင်ပြေပါတယ်” ဟု သူမက ပြောသည်။
Hi-So Delivery ဝန်ဆောင်မှုလုပ်ငန်းကို ရန်ကုန်မြို့တွင်းတွင်သာ လက်ရှိဆောင်ရွက်နေပြီး မန္တလေးမြို့နှင့်အခြားနယ်မြို့ များတွင် မလုပ်ဆောင်ရသေးကြောင်းလည်းသိရသည်။
“စက်ဘီးနှင့်ပို့ဆောင်ပေးရတဲ့အတွက် ပစ္စည်းအလေးချိန် ၃၀ ကီလိုဂရမ်အထိတော့ လက်ခံပို့ဆောင်ပေးပါတယ်။ နည်းနည်း ပါးပါးပိုနေရင်းလည်း ပို့ပေးမယ့် Delivery ဝန်ထမ်းကို ပြောပြလို့လည်းရတယ်။ ပို့ဆောင်ပေးရမယ့် ပစ္စည်းကိုလည်း ရေမစိုရ အောင်၊ ထိခိုက်မှုမရှိအောင် Delivery အသေးစိတ်အချက်အလက်မှာ ဖြည့်သွင်းရေးပေးလို့ရပါတယ်။ ဥပဒေနဲ့ မလွတ်ကင်း တဲ့ပစ္စည်းတွေကိုလည်း လုံးဝပို့ဆောင်ခွင့်မပြုပါဘူး” ဟု General Manager  မသက်ထားဇော် ကပြောကြားပါတယ်။


လက်ရှိတွင် Hi-So App ကို Download ရယူအသုံးပြုနေသူ တစ်ထောင်ကျော်ရှိနေပါတယ်။
Hi-So App ကို ဘယ်လိုအသုံးပြုရမလဲဆိုတာကိုလည်း တစ်ဆင့်ခြင်း ရှင်းပြချင်ပါတယ်။
Hi-So App ကနှစ်မျိုးရှိပါတယ်။ Hi-So App ကနှစ်မျိုးရှိပါတယ်။ Hi-So Delivery Driver ကအသုံးပြုတဲ့ Driver App နဲ့ ပစ္စည်းပို့ဆောင်ပေးလိုတဲ့သူသုံးတဲ့ Hi-So App ပဲဖြစ်ပါတယ်။ ပစ္စည်းပေးပို့လိုတဲ့သူတွေ အသုံးပြုတဲ့ Hi-So App အဆင့်ဆင့်အသုံးပြုပုံလေးကို အရင်ရှင်းပြပါ့မယ်။

(၁) Hi-So App ကိုစတင်သုံးစွဲတော့မယ်ဆိုရင် ပထမဆုံးအနေနဲ့ မိမိဖုန်းထဲမှာ အင်တာနက်ဖွင့်ပြီး Google Play နဲ့ QS App Store မှာ download ရယူလိုက်ပါ။ ပြီးရင် Install လုပ်ပါ။


(၂) မိမိဖုန်း Screen ပေါ်မှာ Hi-So App ရောက်လာပြီဆိုတာနဲ့ App ကိုဖွင့်လိုက်ပြီး မိမိနဲ့ကိုက်ညီမယ့် ဘာသာစကားကို အရင်ဆုံးရွေးချယ်နိုင်ပါတယ်။ ဘာသာစကားအားဖြင့်လည်း အင်္ဂလိပ်-မြန်မာနှစ်မျိုးဖော်ပြထားပါလိမ့်မယ်။ မိမိအဆင်ပြေနိုင် မယ့်ဘာသာစကားတစ်ခုကို ရွေးချယ်လိုက်ပါ။


(၃) Hi-So Account လိုအပ်တဲ့အတွက် Account ဖွင့်ရန်အတွက် Register ကိုအရင်ဆုံးနိုပ်ရပါမယ်။ အဲ့ဒီမှာ Facebook သင်္ကေတနဲ့ Gmail သင်္ကေတ နှစ်ခုပြထားပါတယ်။ Facebook account နဲ့ဝင်ရောက်မယ်ဆိုရင်လည်း Facebook သင်္ကေတကိုနိုပ်ပါ။ Gmail သင်္ကေတ နဲ့ဝင်ရောက်မယ်ဆိုရင်လည်း Gmail ကိုနိုပ်ပါ။ ဒါမှမဟုတ် Register လုပ်ပြီးဝင်မယ်ဆိုလည်း ပေးထားတဲ့ ကွက်လပ်တွေမှာ အချက်အလက်တွေ ဖြည့်သွင်းဖို့လိုပါတယ်။ အဲ့ဒီကွက်လပ်မှာ ဖြည့် သွင်းရမယ်အချက်အလက်တွေရဲ့ First Name နေရာမှာ မိမိနာမည်ရှေ့ဆုံးစာလုံးကိုရေးပါ။ Last Name နေရာမှာ မိမိနာ မည်ရဲ့ နောက်ဆုံးစာလုံးကိုရိုက်ထည့်ပါ။ ပြီးရင် Email နေရာမှာ မိမိ Email လိပ်စာကို ရေးပါ။ Password နေမှာ မိမိမှတ်မိ လွယ်စေမယ့် ဂဏန်း (၆) လုံးရိုက်ထည့်ပါ။ ဖုန်းနံပါတ်နေရာမှာ လက်ရှိ မိမိကိုင်နေတဲ့ ဖုန်းနံပါတ်ကို ထည့်ပါ။


(၄) Register လုပ်ပြီးတာနဲ့ ဖုန်း Screen ပေါ်မှာ မြေပုံလေးပေါ်လာပါလိမ့်မယ်။ အဲ့ဒီမှာ ပစ္စည်းယူဆောင်ရမယ့်နေရာဆိုပြီး လိပ်စာရေးသွင်းရမယ့် ကွပ်လပ်လေးရှိနေပါတယ်။ အဲ့ဒီမှာ မိမိပစ္စည်းလာယူရမယ့်နေရာကိုတိကျစွာကို ရိုက်ထည့်ပါ။ ပို့ဆောင်ရမည့်နေရာဆိုတဲ့ ကွက်လပ်မှာလည်း ပို့ဆောင်ရမည့်လိပ်စာကို ထည့်ရေးပါ။ မိမိပို့ဆောင်လိုသောနေရာများကို စာရိုက်ထည့်ပြီး ရှာဖွေနိုင်သလို မြေပုံပေါ်မှာထောက်ပြီးလည်းရှာဖွေနိုင်ပါတယ်။ ပေးပို့မယ့်နေရာသတ်မှတ်ပြီးတာနဲ့ ပေးပို့ချင်တဲ့ ယာဉ်အမျိုးအစားနဲ့ ကျသင့်ငွေကိုအသေးစိတ်ဖော်ပြထားပါတယ်။ မိမိဘာသာ ရွေးချယ်နိုင်ပါတယ်။


(၅) နိုပ်လိုက်ပြီးတာနဲ့ ပို့ဆောင်ပေးမယ့် Hi-So App နဲ့ချိတ်ဆက်ထားတဲ့ Driver (မိမိနဲ့အနီးဆုံးမှာရှိတဲ့)ကို ရှာဖွေပေးတဲ့ ပုံလေးပေါ်နေပါတယ်။ Hi-So Driver ကိုတွေ့ပြီဆိုတာနဲ့ ဝန်ထမ်းနာမည်၊ ပို့ဆောင်ပေးမည့်ယာဉ်အမျိုးအစား၊ ဖုန်းနံပါတ်တွေ မြင်တွေ့ရမှာပါ။ Driver  မိမိဆီကို ရောက်လာဖို့အချိန် ဘယ်လောက်ကြာမြင့်မလဲဆိုတာကိုလည်း တစ်ခါတည်းဖော်ပြထားပါတယ်။ မိမိပစ္စည်းပို့မည့်နေရာကို Driver  ရောက်ပြီဆိုတာနဲ့ “ Delivery ဝန်ထမ်းရောက် ရှိပါပြီ” ဆိုတဲ့ စာကြောင်းဖော်ပြလာပါလိမ့်မယ်။


(၆) နိုပ်လိုက်ပြီးတာနဲ့ Delivery ပို့ဆောင်ပေးမယ့် Hi-So App နဲ့ချိတ်ဆက်ထားတဲ့ယဉ်မောင်း (မိမိနဲ့အနီးဆုံးမှာရှိတဲ့) Delivery ဝန်ထမ်းတစ်ဦးကို ရှာဖွေပေးတဲ့ ပုံလေးပေါ်နေပါတယ်။ Hi-So Delivery ဝန်ထမ်းကိုတွေ့ပြီဆိုတာနဲ့ ဝန်ထမ်းနာ မည်၊ ပို့ဆောင်ပေးမည့်ယာဉ်အမျိုးအစား၊ ဖုန်းနံပါတ်တွေ မြင်တွေ့ရမှာပါ။ Delivery ဝန်ထမ်း မိမိဆီကို ရောက်လာဖို့အချိန် ဘယ်လောက်ကြာမြင့်မလဲဆိုတာကိုလည်း တစ်ခါတည်းဖော်ပြထားပါတယ်။ မိမိပစ္စည်းပို့မည့်နေရာကို Delivery ဝန်ထမ်း ရောက်ပြီဆိုတာနဲ့ “ Delivery ဝန်ထမ်းရောက်ရှိပါပြီ” ဆိုတဲ့ စာကြောင်းဖော်ပြလာပါလိမ့်မယ်။


(၇) Delivery ဝန်ထမ်းကို မိမိပို့ရမည့် ပစ္စည်းကိုပေးလိုက်တာနဲ့ “သင်၏ Delivery စတင်ပါပြီ” ဆိုသည့် စာကြောင်းလေး တွေ့မြင်ရပါမယ်။ မိမိပစ္စည်းပို့ခိုင်းလိုက်တဲ့ ဝန်ထမ်းဘယ်နေရာရောက်နေပြီလဲဆိုတာ ဖုန်းထဲက မြေပုံမှာကြည့်နေလို့ရပါ တယ်။ မိမိ ပစ္စည်းပို့ပြီးသွားတာနဲ့ “သင်၏ Delivery ပြီးဆုံးပါပြီ” ဆိုသည့် စာကြောင်းမြင်တွေ့ရပါမယ်။


(၇) နောက်ဆုံးမှာ Hi-So ရဲ့ Delivery ဝန်ဆောင်မှုကို အသုံးပြုတဲ့သူက Comment ရေးပေးပြီး ဝန်ဆောင်မှုကောင်း၊ မ ကောင်းကို မှတ်ချက်ပေးတဲ့အနေနဲ့ ကြယ်တစ်ပွင့်ကနေ ငါးပွင့်အထိ ပေးနိုင်ပါတယ်။


အောက်ပါ Link မှ App ကို ရယူနိုင်ပါတယ်။
User App
iOS https://itunes.apple.com/us/app/hi-so/id1438712957
Android https://play.google.com/store/apps/details?id=com.hiso.passenger