OneKyat အက်ပလီကေးရှင်းသည် အသုံးပြုသူပေါင်းတစ်သန်းကျော်ရရှိထားပြီး အွန်လိုင်းအရောင်းအဝယ် အက်ပလီကေး ရှင်းတစ်ခုဖြစ်ပြီး အမျိုးအစားစုံလင်လှသော လူအသုံးအဆောင်ပစ္စည်းအမျိုးမျိုးကို ထပ်မံအားဖြည့်ရန် ရည်ရွယ်ချက်ဖြင့် အဆိုပါ အက်ပလီကေးရှင်းအတွင်း ကားအရောင်းအဝယ်ကဏ္ဍကို ထပ်မံဖြည့်စွက်လိုက်ပြီဖြစ်ကြောင်းသိရသည်။
OneKyat Application သည် အဝတ်အစား၊ မိုဘိုင်းဖုန်း၊ ပရိဘောဂ၊ လူအသုံးအဆောင်ပစ္စည်းအမျိုးအစားများအပြင် ကားနှင့်ဆက်စပ်ပစ္စည်းများကိုပါ ထပ်မံတိုးချဲ့လိုက်သဖြင့် ပစ္စည်းအမျိုးအစားစုံစုံလင်လင်ကို အက်ပလီကေးရှင်းတစ်ခု တည်းမှ ပိုမိုရောင်းချ၊ ဝယ်ယူ၊ လဲလှယ်လာနိုင်မည်လည်းဖြစ်သည်။ ထို့အပြင် အသုံးပြုရလွယ်ကူပြီးဝန်ဆောင်ခပေးရန် မလိုဘဲ အခမဲ့အသုံးပြုနိုင်သည့် Application တစ်ခုလည်းဖြစ်သည်။
Photo Source – https://www.facebook.com/onekyat/
မြန်မာနိုင်ငံတွင် ဆက်သွယ်ရေးနှင့် အင်တာနက်ဝန်ဆောင်မှုများ အရှိန်အဟုန်ဖြင့်တိုးတက်ခေတ်မီမြန်ဆန်လာသည်နှင့် အမျှ လူအသုံးအဆောင်ပစ္စည်းများရောင်းဝယ်မှု လုပ်ငန်းများမှာလည်း ယခင်ကဆိုင်ထိုင်ရောင်းချခြင်းစနစ်မှ ဝန်ဆောင်မှု ပုံစံနည်းလမ်းအမျိုးမျိုးတို့ဖြင့် အင်တာနက်အွန်လိုင်းပေါ်သို့ တစစတိုးတက် ကူးပြောင်းလာခဲ့ပြီး ရွေးချယ်စရာလည်း များပြားလာခဲ့ခြင်းလည်းဖြစ်သည်။ ထို့အပြင် အက်ပလီကေးရှင်းအမျိုးမျိုး ဝန်ဆောင်မှုနည်းစနစ်အမျိုးမျိုးတို့ မြန်မာနိုင်ငံဈေး ကွက်အတွင်း ပေါ်ပေါက်လာခဲ့ကြသည်။
“ကျွန်တော်တို့ OneKyat အွန်လိုင်းအက်ပလီကေးရှင်းမှာ ပစ္စည်းအမျိုးအစားစုံစုံလင်လင်နဲ့ အဝတ်အစားဖက်ရှင်၊ ဖုန်း၊ ပရိဘောဂ၊ အိမ်ခြံမြေ စတာတွေကနေ အခုလို ကားအရောင်းအဝယ်ကဏ္ဍတွေအထိ အောင်အောင်မြင်မြင် တိုးချဲ့လာနိုင်ခဲ့ တာကို အရမ်းကိုပဲ ဝမ်းမြောက်ဂုဏ်ယူမိပါတယ်။ ဒါဟာလည်း ကျွန်တော်ဒီ အက်ပလီကေးရှင်းကို စတင်ရေးဆွဲခဲ့တုန်းက ရည်ရွယ်ချက်ထားခဲ့တဲ့အတိုင်း ပြည်တွင်းကလူငယ်တွေ ဈေးရောင်းဈေးဝယ်လုပ်သူတွေ လွယ်ကူအဆင်ပြေချောမွေ့စေဖို့နဲ့ အဲ့ဒီကမှတစ်ဆင့် လူနေမှုအဆင့်အတန်းမြင့်မားလာစေဖို့ စေတနာထားတစိုက်မတ်မတ် ကြိုးပမ်းလုပ်ဆောင်ခဲ့လို့ပဲလို့ ယုံကြည်ပါတယ်” ဟု OneKyat အက်ပလီကေးရှင်း၏ Founder နှင့် Chief Operation Officer ဖြစ်သူ ကိုသီဟရဲတင့်က ပြောကြားခဲ့သည်။
Photo Source – https://www.facebook.com/onekyat/
OneKyat အက်ပလီကေးရှင်းပေါ်တွင် ရောင်းသူ၊ဝယ်သူသုံးစွဲသူ user အများအပြားရှိထားပြီးဖြစ်ခြင်း၊ အက်ပလီကေးရှင်း အား အခမဲ့အသုံးပြုနိုင်ပြီး အခြားသောအခကြေးငွေများ ပေးဆောင်ရန်မလိုအပ်ဘဲ ရောင်းသူ၊ ဝယ်သူနှင့်လဲလှယ်လိုသူတို့ အချင်းချင်းတိုက်ရိုက်ချိတ်ဆက်၍ ရောင်းဝယ်လဲလှယ်မှု လုပ်ဆောင်နိုင်ခြင်းစသော အားသာချက်များ ကြောင့် ယခုကဲ့သို့ ကားအရောင်းအဝယ်ကဏ္ဍကို တိုးချဲ့လိုက်ခြင်းအားဖြင့် ကားအဝယ်အရောင်းအလဲအထပ်လုပ်လိုသူများ အနေဖြင့် ငွေကုန်ကြေးကျမှုပိုမိုသက်သာအဆင်ပြေစေမည်လည်းဖြစ်သည်။
“ကျွန်တော်တို့ပတ်ဝန်းကျင်က ဒီနေ့ခေတ်လူငယ်တွေကို သတိထားကြည့်လိုက်ရင် တော်တော်များများက အင်တာနက် အွန်လိုင်းကနေတစ်ဆင့် ရောင်းဝယ်မှုများလာကြတာကို တွေ့ရမှာပါ။ ဒါဟာလည်း ဒီလောက်နဲ့ ရပ်တန့်နေမှာ မဟုတ်ဘဲ အများကြီးတိုးတက်ပြောင်းလဲနေဦးမှာပါ။ ဒီလိုတိုးတက်ဖွံ့ဖြိုးလာတဲ့ ခေတ်ကြီးမှာ သုံးစွဲသူတွေအဆင်ပြေပြေအသုံးပြု နိုင်နေဖို့ဆိုတာက ကျွန်တော်တို့အနေနဲ့က အမြဲတမ်းဆန်းသစ်တီထွင်နေမှဖြစ်မှာပါ။ အခု OneKyat ထဲမှာ အသစ်ထည့်သွင်း ပေးလိုက်တဲ့ ကားအရောင်းအဝယ်ကဏ္ဍမှာဆိုရင် အသေးစိတ်အချက်အလက်တွေကို ဝယ်ချင်တဲ့သူတွေအနေနဲ့လည်း ပြည့်ပြည့်စုံစုံ ရှာဖွေကြည့်ရှုနိုင်အောင်၊ ရောင်းတဲ့သူဘက်ကဆိုရင်လည်း အချက်အလက် ပြည့်ပြည့်စုံစုံကို လွယ်လွယ်ကူကူ ဖြည့်စွက်နိုင်အောင် ရေးဆွဲပေးထားပါတယ်။ OneKyat အက်ပလီကေးရှင်းရဲ့ ကားကဏ္ဍမှာဆိုရင် ကားအရောင်းအဝယ်၊ အလဲအထပ် ပိုလွယ်ကူစေဖို့ လုပ်ဆောင်နိုင်ချက်တွေကို ထည့်သွင်းရေးဆွဲထားပါတယ်။ ကျွန်တော်တို့ OneKyat အဖွဲ့သား တွေအနေနဲ့ကတော့ သုံးစွဲသူတွေ လွယ်ကူအဆင်ပြေစေဖို့ အစဉ်တစိုက် ကြိုးပမ်းပြီးလုပ်ဆောင်နေသလို မြန်မာနိုင်ငံရဲ့ အွန်လိုင်း ကားအရောင်းအဝယ်ကဏ္ဍမှာလည်း အကောင်းဆုံး အက်ပလီကေးရှင်းတစ်ခုအဖြစ် ရေရှည်ရပ်တည်သွားနိုင်ဖို့ ကြိုးပမ်းအားထုတ်သွားမှာ ဖြစ်ပါတယ်” OneKyat ၏ Founder နှင့် Chief Operation Officer ဖြစ်သူ ကိုသီဟရဲတင့်မှ ဆက်လက်ပြောကြားသည်။
Photo Source – https://www.facebook.com/onekyat/
OneKyat သည် ၂၀၁၅ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သော ပြည်တွင်းဒစ်ဂျစ်တယ် startup လုပ်ငန်းတစ်ခုအနေဖြင့် ရန်ကုန်မြို့တွင်စတင်တည်ထောင်ခဲ့ပြီး ယခုလက်ရှိအချိန်တွင် ဒေါင်းလုတ်ပေါင်းတစ်သန်းကျော်ဖြင့် မြန်မာနိုင်ငံ၏ အကြီး မားဆုံးသော အွန်လိုင်းအရောင်းအဝယ် ပလက်ဖောင်းတစ်ခုလည်းဖြစ်သည်။ OneKyat Application အားဖုန်းနံပါတ် (သို့မဟုတ်) Facebook အကောင့်တို့ဖြင့် အကောင့်ဖွင့်လှစ်အသုံးပြုနိုင်ပါသည်။ အသေးစိတ်ထပ်မံသိရှိလိုပါက အောက်ပါ Link တွင်ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
https://www.facebook.com/onekyat/
OneKyat App ကိုအောက်ပါ Link တွင်ဝင်ရောက် Install ပြုလုပ်နိုင်ပါသည်။
AppStore – https://play.google.com/store/apps/details?id=com.onekyat.app
Play Store – https://apps.apple.com/us/app/id973372986?mt=8