တယ်လီနောသုံးစွဲသူများ ထူးခြားသည့် ဗေဒင်ဝန်ဆောင်မှုအမျိုးမျိုးအား ရယူနိုင်

  • အသုံးပြုသူများအနေနှင့် ‘ကံကြမ္မာအကြောင်းသိကောင်းစရာ’ အစီအစဉ်အား တယ်လီနောမြန်မာ ဝက်ဘ်ဆိုက် ပေါ်တွင် အခမဲ့ ဝင်ရောက်ကြည့်ရှုနိုင်မည်
  • ဤ ဝက်ဘ်စာမျက်နှာမှတဆင့် အခပေး သာမက အခမဲ့ ဝန်ဆောင်မှုများကို မြန်မာနိုင်ငံတဝန်းရှိ တယ်လီနော အသုံးပြုသူများ ရယူအသုံးပြုနိုင်မည်

အကောင်းမွန်ဆုံးသော အသုံးပြုမှုအတွေ့အကြုံများအား ပေးအပ်နိုင်ရန် ရည်ရွယ်ချက်ဖြင့် တယ်လီနောမြန်မာသည် ၎င်း၏ ဝက်ဘ်ဆိုက်တွင် ‘ကံကြမ္မာ အကြောင်း သိကောင်းစရာ’ စာမျက်နှာသစ် အား စတင်ထည့်သွင်းလိုက်ပြီး အသုံးပြုသူများအနေဖြင့် ဗေဒင်နှင့်ပတ်သက်သည့် ထူးခြားသော ဝန်ဆောင်မှု အမျိုးမျိုးကို အချိန်မရွေး၊ နေရာမရွေး အလွယ်တကူ ရယူအသုံးပြုသွားနိုင်မည် ဖြစ်သည်။ အဆိုပါအစီအစဉ်အရ အခပေး ဝန်ဆောင်မှု များ သာမက အခမဲ့ ဝန်ဆောင်မှုများကိုလည်း တယ်လီနောအသုံးပြုသူများ အနေနှင့် ရယူအသုံးပြုသွားနိုင်မည် ဖြစ်သည်။

“မိုဘိုင်းဆက်သွယ်ရေး ဝန်ဆောင်မှုတွေကနေ ရရှိနိုင်တဲ့ အကောင်းမွန်ဆုံးအကျိုးကျေးဇူးတွေကို တယ်လီနောအသုံးပြုသူ တွေဆီ ပေးအပ်နိုင်ဖို့အတွက် ရည်ရွယ်ပြီး ကံကြမ္မာရေးရာ သိကောင်းစရာဆိုတဲ့ စာမျက်နှာကို ဖန်တီးတည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာဆိုလည်း ဗေဒင်ပညာရပ်ကို အတော်လေး စိတ်ဝင်တစားရှိကြတဲ့အပြင် ဗေဒင်ပညာရှင်တွေနဲ့ လည်း မကြာခဏ ဆက်သွယ်တိုင်ပင်လေ့ရှိကြတယ်လို့ ကျွန်တော်တို့ သိရှိထားပါတယ်။ အခု ကျွန်တော်တို့ ပေးအပ် လိုက်တဲ့ ဗေဒင်ဝန်ဆောင်မှုတွေကနေတဆင့် ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးက အသုံးပြုသူတွေအနေနဲ့ သူတို့ရဲ့ ကံကြမ္မာရေးရာ ဟောစာတမ်းတွေကို အသုံးတည့်ပြီး ပျော်ရွှင်စရာကောင်းတဲ့ ပုံစံအသစ်နဲ့ အချိန်မရွေး ရယူသွားနိုင်မှာ ဖြစ်တဲ့အပြင် နိုင်ငံတဝန်းကို လွှမ်းခြုံထားတဲ့ တယ်လီနောကွန်ရက်ကနေတဆင့်လည်း နာမည်ကျော် ဗေဒင်ပညာရှင်တွေ နဲ့ အလွယ်တကူတိုက်ရိုက်ဆက်သွယ် ဆွေးနွေးသွားနိုင််မှာ ဖြစ်ပါတယ်။ ဒါ့အပြင် သူတို့ရဲ့ နှစ်သက်ရာ ပညာရှင်တွေနဲ့ တွေ့ဆုံဖို့အတွက်လည်း အချိန်ကုန်ခံနေစရာ မလိုတော့ပါဘူး။ သူတို့လိုအပ်တဲ့တစ်ခုတည်းသော အရာကတော့ တယ်လီနော ဆင်းမ်ကတ်ထည့်သွင်းထားတဲ့ မိုဘိုင်းဖုန်းပဲ ဖြစ်ပါတယ်” ဟု တယ်လီနောမြန်မာ၏ စျေးကွက် ဖော်ဆောင်ရေး ဆိုင်ရာ အရာရှိချုပ် ဖြစ်သူ Amaresh Kumar က ပြောကြားခဲ့သည်။

သီးသန့်ဖုန်းခေါ်ဆို၍ တိုင်ပင်ဆွေးနွေးနိုင်

ဗေဒင်ဝန်ဆောင်မှုနှင့် ပတ်သက်၍ တယ်လီနောအသုံးပြုသူများသာ ရယူနိုင်မည့် အခပေးဝန်ဆောင်မှု ပထမ တစ်ခုမှာ ဖုန်းနံပါတ် 7777 သို့ သတ်မှတ်ထားသော အချိန်အတွင်း ဖုန်းခေါ်ဆို၍ နာမည်ကျော်ဗေဒင်ပညာရှင် ၃ ဦးဖြစ်သည့် ဆရာမင်းသိမ်းခိုင်၊ ဒေါက်တာ စောယုနွယ်နှင့် ဆရာကျော်စစ်သွေးတို့နှင့် သီးသန့်စကားပြောဆို ဆွေးနွေးသွားနိုင်မည့် ဝန်ဆောင်မှု ဖြစ်ပြီး တစ်မိနစ်လျှင် ၅၂၅ ကျပ် (ကုန်သွယ်လုပ်ငန်းခွန် အပါအဝင်) နှုန်းထားကျသင့်မည်ဖြစ်သည်။

တယ်လီနောအသုံးပြုသူများအနေဖြင့် အောက်ပါ ဇယားတွင်ဖော်ပြထားသည့်အတိုင်း သတ်မှတ်ထားသော အချိန်အတွင်း သက်ဆိုင်ရာ ပညာရှင်ကို ဖုန်းခေါ်ဆို၍ သီးသန့်ဆွေးနွေးနိုင်မည် ဖြစ်သည်။

ဆက်သွယ်ရန် နံပါတ် ဗေဒင်ပညာရှင်များ ပြောဆိုဆွေးနွေးနိုင်မည့် အချိန်
7777 ဆရာမင်းသိမ်းခိုင် တနင်္လာနေ့မှ စနေနေ့အထိ
နေ့စဉ် ည ၆ နာရီမှ ရ နာရီ အတွင်း
ဆရာမ ဒေါက်တာစောယုနွယ် တနင်္လာ၊ ဗုဒ္ဓဟူးနှင့် သောကြာနေ့တိုင်း
ညနေ ၃ နာရီမှ ၅ နာရီအထိ
ဆရာ ကျော်စစ်သွေး အင်္ဂါ၊ ကြာသပတေး၊ သောကြာနေ့
နံနက် ၉ နာရီမှ နေ့လည် ၁၂ နာရီ

သီးသန့် ဒစ်ဂျစ်တယ် ဟောစာတမ်း

တယ်လီနောမြန်မာမှ မိတ်ဆက်ခဲ့သည့် ဒုတိယဝန်ဆောင်မှု တစ်ခုမှာ ‘သီးသန့် ဟောစာတမ်း’ ဝန်ဆောင်မှု ဖြစ်ပြီး အသုံးပြုသူများသည် ၎င်းတို့၏ နာမည်၊ မွေးသက္ကရာဇ်၊ မွေးရက်၊ ကျား/မ စသည့် အချက်အလက်များကို ဖြည့်သွင်းပြီး အထက်ပါ ဗေဒင်ပညာရှင် ၃ ဦး အနက် မေးမြန်းလိုသည့် နှစ်သက်ရာ ဗေဒင်ပညာရှင်ကို ရွေးချယ်ကာ မိမိအတွက် သီးသန့်တွက်ချက်ထားသည့် ဟောစာတမ်းကို ရယူနိုင်ခြင်းဖြစ်သည်။ ဤဝန်ဆောင်မှုအား အသုံးပြုမည့်သူသည် အသက် ၁၈ နှစ်နှင့် အထက် ရှိရန် လိုအပ်ပြီး ၁၈ နှစ်အောက် အသုံးပြုသူများအနေဖြင့် အုပ်ထိန်းသူ၏ ခွင့်ပြုချက်လိုအပ်မည် ဖြစ်သည်။ လိုအပ်သည့် အချက်အလက်များအား ဖြည့်သွင်းပြီး (၇၂ နာရီ) ၃ ရက်အကြာတွင် အသုံးပြုသူများသည် ၎င်းတို့ အတွက် ‘သီးသန့်ဟောစာတမ်း’ အား ရရှိသွားမည် ဖြစ်သည်။ အသုံးပြုသူများသည် အဆိုပါ ‘သီးသန့်ဟောစာတမ်း’ ဝန်ဆောင်မှုအား ရယူလိုပါက ရက်သတ္တပတ် ၁ ပတ် (၇ ရက်) အတွက် စာရင်းပေးသွင်းခ ၁,၀၀၀ ကျပ် (ကုန်သွယ် လုပ်ငန်းခွန် အပါအဝင်) နှင့် ၁ လ (ရက်ပေါင်း ၃၀) အတွက် ၂,၀၀၀ ကျပ် (ကုန်သွယ်လုပ်ငန်းခွန် အပါအဝင်) နှုန်းထား ဖြင့် စာရင်းပေးသွင်းရယူနိုင်မည် ဖြစ်သည်။ အဆိုပါ ဝန်ဆောင်မှုအား တယ်လီနောမြန်မာ၏ ၀က်ဘ်ဆိုက်ရှိ ‘ကံကြမ္မာရေးရာ သိကောင်းစရာ’ စာမျက်နှာမှတဆင့် စာရင်းပေးသွင်း ရယူနိုင်မည် ဖြစ်သည်။

အသံဖြင့် အလိုအလျောက် ဖြေကြားခြင်း

အခြားသော ဗေဒင်နှင့်သက်ဆိုင်သည့် ဝန်ဆောင်မှုတစ်ခုမှာ သင့်တော်သောဖြေကြားမှုများအား အလိုအလျောက် ပေးအပ် သွားမည့် စနစ် (IVR) ဖြစ်ပြီး အသုံးပြုသူများသည် အဆိုပါ စနစ်အား အသုံးပြု၍ ကံကြမ္မာရေးရာ ဟောပြောမှုများအား ရယူ နားဆင်သွားနိုင်မည်ဖြစ်သည်။ လက်ရှိတွင် အသုံးပြုသူများသည် ဖုန်းနံပါတ် ၃၀၄ သို့ ဖုန်းခေါ်ဆို၍ အဆိုပါ ဝန်ဆောင်မှုအား စာရင်းပေးသွင်းရယူနိုင်မည် ဖြစ်ပြီး ဆရာမင်းသိမ်းခိုင်၊ ဆရာပိုင်ဟိန်းကျော်၊ ဆရာဇင်ယော်နီ၊ ဆရာမ ဒေါက်တာ စောယုနွယ်၊ ဆရာ ဦးတင်ဦး၊ ဆရာ စံဇာဏီဘိုနှင့် ထိုင်းဗေဒင်ပညာရှင် Kahta အစရှိသည့် နာမည်ကျော် ဗေဒင်ပညာရှင် ၆ ဦးအနက် ၁ ဦးထံမှ ကံကြမ္မာရေးရာ ဟောပြောချက်များအား ရယူနားဆင်နိုင်မည် ဖြစ်သည်။ ရက်သတ္တပတ် ၁ ပတ် အတွက် ၃၁၅ ကျပ် (ကုန်သွယ်လုပ်ငန်းခွန် အပါအဝင်) သာ ကျသင့်မည့် အဆိုပါ ဝန်ဆောင်မှုအား စာရင်းပေးသွင်း ရယူထားခြင်းဖြင့် အသုံးပြုသူများသည် အဆိုပါ ရက်သတ္တပတ်အတွင်း နေ့စဉ်နေ့တိုင်း ဗေဒင်ဟောပြောမှု အတွက် အလိုအလျောက်ဖုန်းခေါ်ဆိုမှု တစ်ကြိမ်ကို လက်ခံရရှိမည်ဖြစ်ပြီး အဆိုပါ ဟောပြောမှုအား အချိန်မရွေးပင် ဖုန်းနံပါတ် ၃၀၄ သို့ ဆက်သွယ်၍ ပြန်လည်နားဆင်နိုင်မည် ဖြစ်သည်။ ယင်းဝန်ဆောင်မှုမှာ ရက်သတ္တတစ်ပတ်ပြည့် သည့်အခါ အလိုအလျောက်သက်တမ်းတိုးမည်ဖြစ်သည်။

အထက်ပါ ဝန်ဆောင်မှုများအပြင် အသုံးပြုသူများအတွက် အောက်ပါ အခမဲ့ ဝန်ဆောင်မှု ၃ မျိုးကိုလည်း ‘ကံကြမ္မာ အကြောင်း သိကောင်းစရာ’ စာမျက်နှာပေါ်တွင် ရယူနိုင်မည် ဖြစ်သည်။

  • ကံကြမ္မာရေးရာ – အသုံးပြုသူ တစ်ဦးချင်းစီ အနေနှင့် ၎င်းတို့၏မွေးနေ့အလိုက် နေ့စဉ်ဟောစာတမ်းများကို ရယူ ဖတ်ရှုနိုင်မည်။
  • ကံကြမ္မာလှည်းဘီး – အသုံးပြုသူတစ်ဦးချင်းစီသည် ကံကြမ္မာလှည်းဘီးကို လှည့်ကာ မိမိအတွက် ကံကောင်းစေ သည့် နံပါတ်များအား ရယူပြီး အဆိုပါ နံပါတ်များက ဖော်ပြနေသည့် ၎င်းတို့အတွက် ဗေဒင်ဟောစာတမ်းအား ရယူဖတ်ရှုနိုင်မည်။
  • တားရော့ကတ်များ – အသုံးပြုသူများ အနေနှင့် ကြိုက်နှစ်သက်ရာ တားရော့ကတ်တစ်ကတ်ကို ရွေးချယ်ပြီး အသေးစိတ် ဟောစာတမ်းကို ရယူ ဖတ်ရှုနိုင်မည်။

တယ်လီနောမြန်မာ၏ ဝန်ဆောင်မှုအသစ်ဖြစ်သော ‘ကံကြမ္မာအကြောင်း သိကောင်းစရာ’ စာမျက်နှာကို အောက်ပါ link မှတဆင့် ဝင်ရောက်ကြည့်ရှုနိုင်မည် ဖြစ်သည်။ https://www.telenor.com.mm/my/personal/astrology-zone

Ref: Telenor