KBZPay အသုံးပြုမည့်သူများ အဖြစ်မနေသိထားရမည့် အဓိကလုပ်ဆောင်ချက်များအကြောင်

ယနေ့ခေတ်မှာတော့ Mobile Payment အသုံးပြုမှုတွေဟာ ပိုမိုများပြားလာခဲ့သလို အသုံးပြုရသူအတွက်လည်း လွယ်ကူပြီးမြန် ဆန်လာစေပါတယ်။ တစ်နေရာကတစ်နေရာကို ငွေလွှဲတဲ့အခါမှာလည်း Bank စနစ်အပြင် အခြား Mobile Payment တွေကနေ ပိုမိုပေးချေမှုက သိသာစွာများပြားလာတာပဲဖြစ်ပါတယ်။ Payment တွေများစွာထဲမှ KBZPay အသုံးပြုမယ့်သူတွေအတွက် မဖြစ် မနေသိထားရမယ့် KBZPay ရဲ့ အဓိကလုပ်ဆောင်ချက်အချို့ကို ဖော်ပြပေးလိုက်ပါတယ်။
KBZPay ကိုသုံးစွဲခြင်းဖြင့် ရရှိနိုင်တဲ့အအကျိုးကျေးဇူးတွေကတော့ KBZPay အသုံးပြုထားတဲ့ ဆိုင်တွေမှာဈေးဝယ်တဲ့အခါ မိမိဖုန်းထဲမှာရှိတဲ့ KBZPay App ကိုဖွင့်ပြီး QR Code ကို Scan ဖတ်ပြီး တစ်ပါတည်း ငွေပေးချေနိုင်မှုမြန်ဆန်ခြင်း၊ KBZPay အသုံးပြုသူများအချင်းချင်း စက္ကန့်ပိုင်းအတွင်း အခမဲ့ငွေလွှဲနိုင်ခြင်း၊ MPT၊ Telenor၊ MYtel၊ Ooredoo ဖုန်းများကို အချိန် မရွေးနေရာမရွေး ဖုန်းငွေဖြည့်နိုင်ခြင်း၊ မိမိခွင့်ပြုချက်မရှိပဲ ငွေလွှဲအားအခြား မည်သူမှထုတ်မယူနိုင်ခြင်း စတဲ့အကျိုးကျေးဇူးတွေ ရရှိမှာပဲဖြစ်ပါတယ်။

Photo Source Screenshot By Myanmar Tech Press

KBZPay ကိုအသုံးပြုပြီး KBZ ATM စက်များတွင်လည်း တိုက်ရိုက်ငွေထုတ်ယူနိုင်မှာလည်းဖြစ်ပါတယ်။ KBZPay ဖြင့် ATM Cash Out လုပ်ဆောင်ချက် အသုံးပြုပုံမှာအောက်ပါအတိုင်းဖြစ်ပါတယ်။
ပုံမှန်အားဖြင့် ATM စက်တွင် ငွေထုတ်မယ်ဆိုပါက ATM ကတ်၏ သံလိုက်အစင်းနေရာမှာ မှတ်သားထားတဲ့ ATM PIN တစ်ခုနှင့် အချက်အလက်များကို အသုံးပြုပြီး ကတ်ကိုင်ဆောင်သူဖြစ်ကြောင်း အတည်ပြုမှသာ စက်ကလက်ခံမှာဖြစ်ပါတယ်။ KBZPay ATM Cash Out မှာ KBZPay အက်ပလီကေးရှင်းမှ ထုတ်ပေးလိုက်တဲ့ ကိန်းဂဏန်းကုဒ်များကို မိုဘိုင်းဖုန်းသို့ပေးပို့မှာဖြစ် ပါတယ်။ KBZPay ATM Cash Out အသုံးပြုရန် လွယ်ကူရိုးရှင်းသည့် အဆင့်အနည်းငယ်သာ လိုအပ်ပါတယ်။

Photo Source Screenshot By Myanmar Tech Press

(၁) KBZPay အက်ပလီကေးရှင်း၏ ပင်မစာမျက်နှာတွင် ငွေထုတ် အားရွေးချယ်ပါ။
(၂) KBZPay အက်ပလီကေးရှင်း၏ ATM အားအသုံးပြုပြီး အနီးဆုံးမှာရှိတဲ့ ATM စက်ထံသွားပါ။ (အကယ်၍ သင်က ATM စက်တွင် ရှိနေပါက နောက်အဆင့်ကို ချက်ချင်းလုပ်ဆောင်နိုင်ပါသည်။)
(၃) ATM စက်သို့ ရောက်ရှိပါက KBZPay အက်ပလီကေးရှင်းမှ ကုတ်တောင်းခံခြင်း (Request Code) အား နှိပ်ပြီး မိမိ၏ KBZPay အကောင့်လျှို့ဝှက်နံပါတ်အား ရိုက်ပါ။

Photo Source Screenshot By Myanmar Tech Press

(၄) မိမိ၏ KBZPay အကောင့်လျှို့ဝှက်နံပါတ် ရိုက်ထည့်ပြီးပါက အက်ပလီကေးရှင်းမှ ATM မှ ငွေထုတ်ရန် ကုဒ်နံပါတ် (၆) လုံး နဲ့ (၄) လုံး စတဲ့ PIN ကုဒ်နှစ်ခု ထုတ်ပေးမှာဖြစ်ပါတယ်။
(၅) ATM စက် မျက်နှာပြင်တွင် KBZPay Cash out အားရွေးချယ်ပြီး အထက်ကပေးပို့ထားသည့် လျှို့ဝှက်နံပါတ် နှစ်ခုအားရိုက် ထည့်ပါ။
(၆) ထုတ်ယူလိုသော ငွေပမာဏကိုရိုက်ထည့်ပြီး ငွေထုတ်ရန်အတွက် လုပ်ဆောင်မည်” ကိုနှိပ်ပါက ATM စက်မှငွေသား ထွက်လာပါမယ်။ ကြိုတင်ထုတ်ပေးထားပြီး သက်တမ်းကုန်ဆုံးသွားသည့် PIN ကုဒ်တစ်ခုဖြင့် ငွေထုတ်ရန်ကြိုးပမ်းနေသည်ကို ATM စက်က စစ်ဆေးသိရှိပါက ငွေထုတ်မည့်လုပ်ဆောင်ချက်မှာ အလိုအလျောက် ပျက်ပြယ်သွားမှာလည်းဖြစ်ပါတယ်။

Photo Source Screenshot By Myanmar Tech Press

အခြားလုပ်ဆောင်ချက်များအနေနဲ့ KBZPay အသုံးပြုတဲ့အခါ အောက်ပါ အချက် (၄) ချက်ကိုအဓိကလုပ်ဆောင်ကြရပါတယ်။
(၁) ငွေသွင်း လုပ်ဆောင်ချက်ကိုလုပ်ဆောင်မယ့်သူတွေအတွက် KBZPay မူလစာမျက်နှာမှာ ငွေသွင်းဆိုတဲ့နေရာကို ရွေးချယ် ရပါမယ်။ မိမိပတ်ဝန်းကျင်အနီးအနားမှာရှိတဲ့ KBAPay ကိုယ်စားလှယ်ဆီသွားရောက်ပြီးငွေသွင်းနိုင်ပါတယ်။ ငွေသွင်းတဲ့အတွက် လည်းအခကြေးငွေပေးချေစရာလိုမှာမဟုတ်ပါဘူး။ ငွေသွင်းရန်အတွက် နီးစပ်ရာကိုယ်စားလှယ်ဆိုင်များကိုလည်း အလွယ်တကူ ရှာဖွေနိုင်ပါတယ်။
(၂) ငွေထုတ် လုပ်ဆောင်ချက်ကို လုပ်ဆောင်မယ့်သူတွေအတွက် KBZPay မူလစာမျက်နှာမှာ ငွေထုတ်ဆိုတဲ့နေရာကို ရွေးချယ် ရပါမယ်။ အနီးအနားရှိကိုယ်စားလှယ်ထံသို့သွားရောက်ပြီး ငွေထုတ်မည်ဆိုသည့်အကြောင်းအားပြောကြားပါ။ ကိုယ်စားလှယ်ရဲ့ ဖုန်းနံပါတ်နဲ့ မိမိရဲ့ KBZPay မှ ထုတ်ယူလိုသောငွေပမာဏကိုရိုက်ထည့်ပါ။ PIN နံပါကိုရိုက်ထည့်ပါက လုပ်ဆောင်ချက်အောင် မြင်သည်ဟုပေါ်ထွက်လာပါက ငွေထုတ်ယူနိုင်ပါပြီ။
(၃) ငွေလွှဲ လုပ်ဆောင်ချက်ကို လုပ်ေဆောင်မည့်သူများအတွက် KBZPay မူလစာမျက်နှာမှ ငွေလွှဲမည်ဆိုတဲ့နေရာကို ရွေးချယ် ပါ။ ငွေလွှဲရမည့်ဖုန်းနံပါတ်ကို ရိုက်ထည့်ပါ။ ငွေလွှဲမည့်ပမာဏကို ရိုက်ထည့်ပါ။ မိမိ Password ကိုရိုက်ထည့်ပါ။ လုပ်ဆောင်ချက် အောင်မြင်ပါသည်ဟု ထွက်ပေါ်လာပါက ငွေလွှဲခြင်းအောင်မြင်ပါပြီ။ KBZPay အကောင့်မဖွင့်ထားတဲ့ဖုန်းနံပါတ်များကို ငွေလွဲမည် ဆိုပါကလည်း အဆိုပါ ဖုန်းနံပါတ်ကို ရိုက်ထည့်လိုက်သည်နှင့် အကောင့်မဖွင့်ထားပါဟုဖော်ပြမည်ဖြစ်ပြီး ငွေလွှဲမည်ဆိုပါက လည်း ငွေလက်ခံမယ့်သူရဲ့ ဖုန်းနံပါတ်၊ အချက်အလက်နှင့်ပေးချေရန်ကိုအတည်ပြုပေးရပါတယ်။ ပေးပို့သူမှ လုံခြုံရေးဂဏန်း (၆) လုံးအတည်ပြုရန်ရရှိပါလိမ့်မယ်။ ငွေလက်ခံမယ့်သူကတော့ ငွေထုတ်မယ့် ကုဒ်နံပါတ် (၄) လုံးကို SMS ရရှိမှာလည်းဖြစ်ပါ တယ်။ ငွေထုတ်မည့်သူမှ ကုဒ်နံပါတ် (၄) လုံးပါသော SMS နှင့် ငွေပေးပို့ထားသူ၏ လျှို့ဝှက်ဂဏန်းခြောက်လုံးကို KBZPay ကိုယ်စားလှယ်ထံပြသပြောဆိုကာ ထုတ်ယူနိုင်ပါတယ်။
(၄) ဖုန်းငွေဖြည့်သွင်းတဲ့ လုပ်ဆောင်ချက်ကို လုပ်ဆောင်မယ့်သူများအတွက် KBZPay ၏ မူလစာမျက်နှာမှ ဖုန်းငွေဖြည့်ဆိုသည့် နေရာကို ရွေးချယ်ရမှာဖြစ်ပါတယ်။ မိမိဖြည့်သွင်းလိုသည့် ငွေပမာဏကိုရွေးချယ်ကာ အလွယ်တကူငွေဖြည့်သွင်းနိုင်ပြီး မြန်မာပြည်တွင်း ဆယ်သွယ်ရေးအော်ပရေတာများ၏ မည့်သည့်ဖုန်းနံပါတ်ကိုမဆို လွယ်ကူစွာငွေဖြည့်သွင်းနိုင်မှာလည်းဖြစ်ပါ တယ်။ ဒါ့အပြင် အင်တာနက်အသုံးပြုရန် Data Package များကိုလည်း အဆိုပါနေရာမှာတစ်ပါတည်းဝယ်ယူနိုင်မှာလည်းဖြစ်ပါ တယ်။
ဒါ့အပြင် အဝေးပြေးကားလက်မှတ်များအလွယ်တကူဝယ်ယူနိုင်ခြင်း၊ KBZPay မှ သတ်မှတ်ပေးထားသော လှူဒါန်းလိုသော အဖွဲ့ အစည်းများကို ငွေလှူဒါန်းနိုင်ခြင်း၊ YCDC ဘေလ်ဆောင်နိုင်ခြင်း၊ ချစ်ခင်ရသူသူငယ်ချင်းမိတ်ဆွေ မိသားစုများကို မုန့်ဖိုးပေးချေ နိုင်ခြင်း၊ KBZ Bank အကောင့်ဖြင့်ချိတ်ဆက်အသုံးပြုနိုင်ခြင်း၊ စတဲ့လုပ်ဆောင်ချက်များကို လုပ်ဆောင်နိုင်မှာလည်းဖြစ်ပါတယ်။

Photo Source Screenshot By Myanmar Tech Press

KBZPay အကောင့်အား ယခင်ဖွင့်ထားတဲ့ ဖုန်းနံပါတ်နဲ့ ယခုအသစ်ထပ်မံအသုံးပြုမည့် ဖုန်းနံပါတ်လွှဲပြောင်းခြင်းများနဲ့ အခြားလို အပ်သည်များရှိပါကလည်း ဆက်သွယ်မေးမြန်းနိုင်တဲ့နေရာများ ကိုဖော်ပြပေးလိုက်ပါတယ်။
MPT Customers – 09969963211
Non-MPT Customers – 3211
Email Us– query@kbzpay.com
Facebook Us – https://www.facebook.com/KBZPay/