လက်မှတ်ပြဿနာတွေကို ဖြေရှင်းပေးနိုင်တဲ့ “လက်မှတ်” Ticketing Service

ခရီးသွားတဲ့အခါဖြစ်စေ၊ ပျော်ပွဲရွှင်ပွဲတွေသွားချင်တဲ့အခါဖြစ်စေ တစ်ခါတစ်လေ လက်မှတ်ကိစ္စကြောင့် စိတ်ကသိကအောက် ဖြစ်ရတဲ့အခါမျိုးတွေရှိပါတယ်။ ခရီးသွားဖို့စီစဉ်နေတဲ့ လူတွေအတွက် ကားလက်မှတ်စီစဉ်ရတာကလည်း ဒုက္ခတစ်ခုလို့ဆိုနိုင် သလို လက်မှတ်မရတဲ့အခါမျိုးတွေဆိုရင် ခရီးစဉ်ရက်ရွှေ့လိုက်ရတဲ့အထိဖြစ်တတ်ကြပါတယ်။ ကိုယ်တိုင်သွားဝယ်ရတဲ့ဒုက္ခ တွေနဲ့ ဖုန်းဆက်ပြီး Booking လုပ်ထားပေမယ့် လက်မှတ်လာယူတဲ့အချိန်နောက်ကျလို့ Booking ပျက်သွားတာမျိုးလည်း မကြာခဏဆိုသလို ကြုံတွေ့ရစမြဲပါပဲ။

Photo Source- https://www.facebook.com/latmat.mm/

မြို့ကြီးတွေမှာလစဉ်လိုလို ကျင်းပလေ့ရှိတဲ့ Show ပွဲတွေ၊ ဖျော်ဖြေရေးအစီအစဉ်တွေကိုလည်း ကိုယ်တိုင်ကသွားချင် ပါလျက်နဲ့ လက်မှတ်မရလို့ ပါဝင်ခွင့်မရတဲ့အခါမျိုးတွေလည်း မကြာခဏဆိုသလိုဖြစ်တတ်ကြပါတယ်။ ဒါ့အပြင် လက် မှတ်ဝယ်ယူလို့ရနိုင်တဲ့ နေရာကိုမသိတဲ့သူတွေရှိသလို၊ ဝယ်ယူလို့ရတဲ့နေရာကိုသိပြီး လက်မှတ်မရလိုက်တာမျိုးတွေလည်း ဖြစ်တတ်ကြပါသေးတယ်။

Photo Source- https://www.facebook.com/latmat.mm/

လူတိုင်းမှာတော့ ခရီးသွားဖို့လေယာဉ်လက်မှတ်ပဲဖြစ်ဖြစ်၊ ကားလက်မှတ်ပဲဖြစ်ဖြစ်၊ ပျော်ပွဲရွှင်ပွဲလက်မှတ်ပဲဖြစ်ဖြစ် အလွယ် တကူဝယ်ယူလို့ရနိုင်တဲ့ နည်းလမ်းကောင်းတစ်ခုကို သိထားရင် လက်မှတ်ကိစ္စနဲ့တော့ စိတ်သောကရောက်စရာတွေ ဖြစ်မ လာနိုင်တော့တာသေချာပါတယ်။

Photo Source- https://www.facebook.com/latmat.mm/

ကိုယ်တိုင်ခရီးမသွားတောင် မိသားစုတစ်ဦးဖြစ်စေ၊ အသိမိတ်ဆွေတစ်ယောက်အတွက်ဖြစ်စေ ခရီးသွားလို့ ကားလက်မှတ်၊ လေယာဉ်လက်မှတ်တွေစီစဉ်ပေးတဲ့အခါ လွယ်ကူအဆင်ပြေတဲ့နည်းလမ်းတွေကို သိရှိထားတော့ စီစဉ်ဆောင်ရွက်ပေးရတာ လည်းလွယ်ကူသလို လက်မှတ်ကိစ္စကြောင့် ခေါင်းရှုပ်စရာလည်းမလိုတော့တဲ့ နည်းလမ်းတစ်ခုကို သိထားတော့ ပိုအဆင်ပြေ စေပါတယ်။

Photo Source- https://www.facebook.com/latmat.mm/

“လက်မှတ်” Ticketing Service ကတော့ လက်ရှိကျင်းပနေတဲ့ Show ပွဲလက်မှတ်၊ EDM ပွဲလက်မှတ်၊ ဖျော်ဖြေရေး လက်မှတ်၊ အဝေးပြေးကားလက်မှတ်၊ လေယာဉ်လက်မှတ်၊ Yangon River Cruise လက်မှတ်၊ ခရီးသွားဝန်ဆောင်မှု Package တွေကို ဖုန်းဆက်ရုံနဲ့ လွယ်လွယ်ကူကူကြိုတင်ဝယ်ယူနိုင်ပြီး အိမ်တိုင်ရာရောက်ပို့ဆောင်ပေးတဲ့ ဝန်ဆောင်မှုစနစ် ပဲဖြစ်ပါတယ်။ အလုပ်တစ်ဖက်၊ မိသားစုကိစ္စတစ်ဖက်နဲ့ မအားလပ်တဲ့သူတွေအတွက် ဖုန်းတစ်ချက်ဆက်ရုံနဲ့ အဆင်ပြေစေ သလို အချိန်တိုတိုနဲ့အထိရောက်ဆုံး ဆောင်ရွက်ပေးနိုင်တဲ့ Ticketing Service ဖြစ်ပါတယ်။

Photo Source- https://www.facebook.com/latmat.mm/

Delivery ကတော့ ပို့ဆောင်ရမယ့်မြို့နယ်အကွာအဝေးအလိုက် ကျသင့်မှာဖြစ်ပြီး ကျပ် (၁၀၀၀) ကနေစတင်ပေးဆောင်ရမှာ ဖြစ်ပါတယ်။ အိမ်ရောက်မှငွေပေးချေစနစ်ဆိုတော့ ပိုအဆင်ပြေစေပါတယ်။ လက်မှတ်တွေကိုဆက်သွယ်မှာယူနိုင်တဲ့ဖုန်း နံပါတ်ကတော့ 012399211 နဲ့ 1886 တို့ပဲဖြစ်ပါတယ်။
ရန်ကုန်မြို့တွင်းက ဖျော်ဖြေပွဲတွေနဲ့ အခြားအစီအစဉ်တွေအတွက် Latmat Facebook Page မှာစဉ်ဆက်မပြတ်ဖော်ပြပေး လျက်လည်းရှိပါတယ်။
အောက်ဖော်ပြပါ “Latmat” Facebook Page မှာလည်း ဝင်ရောက်လေ့လာနိုင်ပါတယ်။
https://www.facebook.com/latmat.mm/