အူရီဒူးမြန်မာမှ စီးပွားရေးလုပ်ငန်းများအတွက် ဈေးနှုန်းသက်သာသောမိုဘိုင်းအင်တာနက်ဝန်ဆောင်မှုအားမိတ်ဆက်

မြန်မာနိုင်ငံမှ စီးပွားရေးလုပ်ငန်းများအတွက် ဈေးနှုန်းသက်သာ၍သုံးစွဲရပိုမိုအဆင်ပြေစေမည့် အင်တာနက်ဝန်ဆောင်မှု များအား ပေးအပ်နိုင်ရန် ရည်ရွယ်ချက်ဖြင့် အူရီဒူးမြန်မာသည် အစိုးရလုပ်ငန်းဌာနများ၊ အသေးစားနှင့်အလတ်စား စီးပွားရေး လုပ်ငန်းများနှင့် စီးပွားရေးလုပ်ငန်းကြီးများအတွက် မိုဘိုင်းအင်တာနက်ဝန်ဆောင်မှုများကို စတင်မိတ်ဆက်လိုက်ပြီဖြစ် ကြောင်းသိရသည်။ ထို့ကြောင့် စီးပွားရေးလုပ်ငန်းများအနေနှင့် ၎င်းတို့ကြိုက်နှစ်သက်ရာ အင်တာနက်အစီအစဉ်များအား ရွေးချယ်ဝယ်ယူ၍ မြန်မာ့အမြန်ဆုံး 4G LTE TURBO ကွန်ရက်ကို အသုံးပြုနိုင်မည်ဖြစ်သည်။
အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများနှင့် အစိုးရလုပ်ငန်းဌာနများမှ တစ်ဦးချင်းအသုံးပြုလိုသူများအနေနှင့် အူရီဒူး၏ အသုံးပြုခကြိုတင်ပေးဆောင်ရသည့် မိုဘိုင်းအင်တာနက် အစီအစဉ်များအား USSD ကုတ် *568*1*5# အားဖုန်းခေါ်ဆိုခြင်းဖြင့် 1 GB ( ၉၅၅ ကျပ်) မှ စ၍ 50 GB (၄၆,၆၀၀ ကျပ်) အထိ ကြိုက်နှစ်သက်ရာ အင်တာနက် အစီအစဉ်များအားရွေးချယ်ဝယ်ယူနိုင်မည်ဖြစ်သည်။ထို့အပြင်အသုံးပြုသူများသည် ငွေပေးချေမှုများအား ကတ်စနစ်ဖြင့်ဖြစ် စေ၊ EVC စနစ်နှင့်ဖြစ်စေ လုပ်ဆောင်နိုင်မည်ဖြစ်သည်။

Photo Source https://www.facebook.com/OoredooMyanmar

အူရီဒူးမြန်မာသည် စီးပွားရေးလုပ်ငန်းကြီးများအတွက်နှင့် တစ်ဦးချင်းအသုံးပြုလိုသူများအတွက် မိုဘိုင်းအင်တာနက် အစီ အစဉ်များသာမက အဖွဲ့လိုက်အသုံးပြုနိုင်မည့် Data Pool ဝန်ဆောင်မှုကိုလည်း ပေးအပ်ထားသည်။ Data Pool ဝန်ဆောင် မှုသည်သုံးစွဲပြီးမှအသုံးပြုခပေးဆောင်ရသည့်စနစ်ဖြစ်ပြီး သုံးစွဲသူအနေဖြင့် မိမိတို့အဖွဲ့ဝင်များအကြား ဒေတာမျှဝေ သုံးစွဲနိုင်မည်ဖြစ်သည်။ လုပ်ငန်းများမှ သက်ဆိုင်ရာတာဝန်ရှိသူများကို အဖွဲ့မန်နေဂျာများအနေဖြင့်သတ်မှတ်ပြီး ၎င်းတို့ အနေဖြင့် အဖွဲ့ဝင်များအတွက် ကိုယ်တိုင်စီမံ၍ ဒေတာမျှဝေပေးခြင်းကို ဆောင်ရွက်နိုင်မည်ဖြစ်သည်။
စီးပွားရေး လုပ်ငန်းကြီးများအနေဖြင့် Data Pool ဝန်ဆောင်မှုအား ဒေတာပမာဏ 50 GB မှစ၍ Terabytes များစွာအထိ လိုအပ်ချက် ပေါ်တွင်မူတည်၍ ရွေးချယ်ဝယ်ယူ နိုင်မည်ဖြစ်သည်။ စီးပွားရေးလုပ်ငန်းကြီးများအနေဖြင့် အဖွဲ့လိုက် အသုံးပြုရန် ဒေတာဝန်ဆောင်မှုများကို သက်ဆိုင်ရာတာဝန်ရှိမန်နေဂျာများမှတဆင့် ဆက်သွယ်ဝယ်ယူနိုင်မည်ဖြစ်သည်။
အူရီဒူးမြန်မာသည်မြန်မာနိုင်ငံတွင် ဆက်သွယ်ရေးဝန်ဆောင်မှုများပေးအပ်ရန်၂၀၁၃ခုနှစ်ဇွန်လတွင်လိုင်စင်ရရှိခဲ့ပါသည်။ အူရီဒူးမြန်မာသည် “ပြည်သူများ၏လူမှုဘဝကိုဒစ်ဂျစ်တယ်လူနေမှုဖြင့် တောက်ပကောင်းမွန်အောင်လုပ်ဆောင်ပေးမည်” ဆိုသည့် ရည်မှန်းချက်နှင့်အတူ မြန်မာနိုင်ငံ၏ဆက်သွယ်ရေးကဏ္ဍတွင်ဆက်သွယ်ရေးဝန်ဆောင်မှုများ ပေးအပ်ရာ၌ ဦးဆောင်လျှက်ရှိနေပါသည်။ အူရီဒူးမြန်မာသည်လက်ရှိတွင် တစ်ဦးချင်းအသုံးပြုသူများအတွက်သာမက စီးပွားရေး လုပ်ငန်းများ၊ အစိုးရဌာနများနှင့်အသေးစားနှင့်အလတ်စားလုပ်ငန်းများအတွက် လည်းလုပ်ငန်းများ တိုးတက်ကောင်းမွန်စွာ လုပ်ဆောင်နိုင် စေရန်ဝန်ဆောင်မှုများစွာပေးအပ်လျက်ရှိပါသည်။

Photo Source https://www.facebook.com/OoredooMyanmar

အဆိုပါဝန်ဆောင်မှုများသည်လူမှုဘ၀ ဖွံ့ဖြိုးရေးနှင့် လုပ်ပိုင်ခွင့်အခွင့်အလမ်းများရရှိရေးတို့ကိုဦးတည်၍ ဝန်ဆောင်မှုပေး ထားသဖြင့် ပြည်သူများအား လုပ်ကိုင်နိုင်စွမ်းများကိုမြှင့် တင်ပေးခြင်းနှင့်စီးပွားရေးလုပ်ငန်းများကိုပိုမို အဆင်ပြေ ချောမွေ့စွာလုပ်ဆောင်နိုင်စေမည်ဖြစ်ပါသည်။ အူရီဒူးမြန်မာသည် ၎င်း၏ထုတ်ကုန်များ၊ဝန်ဆောင်မှုများနှင့် လူမှုအကျိုးပြု လုပ်ငန်းများမှတဆင့်ပြည်သူများ၏ ဘဝကိုတောက်ပကောင်းမွန်စေရန် လုပ်ဆောင်ပေးသွားမည်ဖြစ်ပါသည်။
အူရီဒူးမြန်မာသည် စီးပွားရေးလုပ်ငန်းများအတွက် ဈေးနှုန်းသက်သာ၍သုံးစွဲရလွယ်ကူ အဆင်ပြေစေမည့် ဝန်ဆောင်မှုများနှင့် ထုတ်ကုန်အမျိုးမျိုးအားအချိန်ပြည့် သုံးစွဲသူဝန်ဆောင်မှုနှင့်အတူ ပေးအပ်ထားပါသည်။ အသုံးပြုသူများအနေဖြင့် အူရီဒူး၏ စီးပွားရေးလုပ်ငန်းများအတွက် မိုဘိုင်းအင်တာနက် အစီအစဉ်များနှင့် နှုန်းထားများအား အောက်ပါ Link တွင်ဝင်ရောက် ကြည့်ရှုနိုင်ပါသည်။
https://ooredoo.com.mm/portal/en/businessmobileinternet
https://www.facebook.com/OoredooMyanmar