လုပ်ငန်းခွင်အတွင်းအားလုံးပူးပေါင်းပါဝင်နိုင်မှု နှင့် လုပ်ကိုင်နိုင်စွမ်းအားမြင့်တင်နိုင်မှု ကိုအားပေးသည့် “Workplace TransformX Myanmar” ပွဲကို ရိုးမဘဏ် ၊ တယ်လီနော (မြန်မာ) ၊ အူရီဒူး (မြန်မာ) တို့ ဦးဆောင် ကျင်းပ

လုပ်ငန်းခွင်အတွင်းအားလုံးပူးပေါင်းပါဝင်နိုင်မှု နှင့် လုပ်ကိုင်နိုင်စွမ်းအားမြင့်တင်နိုင်မှု ကိုအားပေးသည့် “Workplace TransformX Myanmar” ပွဲကို ရိုးမဘဏ် ၊ တယ်လီနော (မြန်မာ) ၊ အူရီဒူး (မြန်မာ) တို့ ဦးဆောင်၍ ကျင်းပခဲ့သည်။ လုပ်ငန်းခွင် တစ်ခုတွင်ပွင့်လင်းမြင်သာမှုရှိခြင်း၊ အကြံပြုချက်များကို ကြိုဆိုခြင်းနှင့် အားလုံးပူးပေါင်းပါဝင်မှုကိုဦးတည်ခြင်းတို့ကို မြင့်တင်လုပ်ဆောင် သင့်သည်ဟုဦးဆောင်ကျင်းပသည့်ကုမ္ပဏီ (၃) ခုစလုံးက ယုံကြည်ထားသည်။ထို့ကြောင့်အဖွဲ့အစည်းအတွင်းဆက်သွယ်လုပ်ဆောင်မှုများကိုအသွင်ကူးပြောင်းနိုင်ရန် Workplace by Facebook ကိုအသုံးပြုခဲ့ကြခြင်း ဖြစ်သည်။ Workplace TransformX Myanmar ပွဲကျင်းပရခြင်း၏အဓိကရည်ရွယ်ချက်မှာလူမှု့အဖွဲ့အစည်းနှင့်လုပ်ငန်းကဏ္ဍ ဦးဆောင်သူများအဖြစ် ပူးပေါင်းပါဝင်သည့် ကုမ္ပဏီများက၄င်းတို့၏အဖွဲ့အစည်းအတွင်းတွင် လုပ်ဆောင်ခဲ့သည့်ဆက်သွယ်မှုဆိုင်ရာအသွင်ကူးပြောင်းမှု အဆင့်ဆင့် နှင့် အကောင်းဆုံးလုပ်ဆောင်နိုင်သည့်လုပ်ထုံးလုပ်နည်းများကို မျှဝေပေးရန် ဖြစ်သည်။

ရိုးမဘဏ်သည် Workplace by Facebook ကိုအစောဆုံးစတင်အသုံးပြုသည့်အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ၂၀၁၅ ခုနှစ် နောက်ပိုင်းက “Facebook at Work” ဟုအမည်ပေးထားသည့် Platform ကိုအာရှတွင် စတင်စမ်းသပ်အသုံးပြုခဲ့သည့် ပထမဆုံးဘဏ်လည်း ဖြစ်သည်။ ၂၀၁၆ ခုနှစ်တွင် အောင်မြင်စွာ ဖြင့် Workplace by Facebook ကိုဘဏ်ခွဲတိုင်းတွင် အသုံးချ ဆောင်ရွက်နိုင်ခဲ့သည်။လက်ရှိတွင် ရိုးမဘဏ်ရှိဝန်ထမ်းပေါင်း ၃,၀၀၀ ကျော်သည် Workplace နှင့် Workchatကိုအသုံးပြု၍နေ့စဉ် ရုံးတွင်းဆက်သွယ်မှုကိစ္စရပ်များကိုလုပ်ဆောင်လျက်ရှိသည်။ ရိုးမဘဏ်သည် Workplace ကိုအဖွဲ့အစည်းအတွင်းဆက်သွယ်ရေး ၊ လေ့ကျင့်သင်ကြားရေး ၊ ဦးဆောင် သရုပ်ပြ သင်ကြားရေး ၊ အဖွဲ့အစည်းအတွင်းပူးပေါင်းလုပ်ဆောင်ရေး နှင့် အဖွဲ့အစည်းအတွင်းအမှတ်တံဆိပ်ထိတွေ့ဆွဲဆောင်နိုင်မှုများအတွက် အသုံးချသည်။ ရိုးမဘဏ် ရုံးချုပ်ရှိစီမံခန့်ခွဲမှု အဖွဲ့နှင့် ဝန်ထမ်းများသည် နေ့စဉ် နှင့်အမျှ ပွင့်လင်းမြင်သာမှုရှိစွာပုံမှန်သတင်းအချက်အလက်မျှဝေခြင်း နှင့် တစ်ဦးနှင့်တစ်ဦးအပြန်အလှန် ဆက်သွယ်ဆောင်ရွက်ခြင်းတို့ကိုအားပေးသည်။

“Workplace ဟာ ရိုးမဘဏ်ရဲ့ အသွင်ကူးပြောင်းရေးကို လုပ်ဆောင်တဲ့နေရာမှာအဓိကကျတဲ့အဖွဲ့အစည်း အတွင်းဆက်သွယ်ဆောင်ရွက်တဲ့ Communication Tool တစ်ခု ဖြစ်ပါတယ်။ ဒီ Workplace နဲ့ WorkChat ကိုအသုံးပြုပြီးဘဏ်မှာရှိတဲ့ ဝန်ထမ်းအားလုံးကတစ်ဦးနဲ့ တစ်ဦးအပြန်အလှန် အကျိုးတူ နှီးနှောဖလှယ်နိုင်သလိုအုပ်စုတွေဖွဲ့ပြီးညှိနှိုင်းဆောင်ရွက်နိုင်တာကြောင့်အဖွဲ့အစည်းအတွင်းဆက်သွယ်မှု စနစ်ကြီးဟာဘဏ်အတွက် အကျိုးကျေးဇူးများစွာရရှိစေခဲ့ပါတယ်။ ဒါ့အပြင် ဘဏ်မှာရှိတဲ့ဝန်ထမ်းအားလုံးကိုရှေ့ပြေးလုပ်ဆောင်မှုတွေလုပ်ငန်းဆိုင်ရာပြောင်းလဲမှုတွေကိုပွင့်လင်းမြင်သာစွာသိရှိနိုင်အောင်လည်းဒီ Platform က လုပ်ဆောင်ပေးပါတယ်” ဟု ရိုးမဘဏ်၏ အမှုဆောင်အရာရှိချုပ် (CEO) ဖြစ်သူ Hal Bosher က ပြောသည်။

အူရီဒူးမြန်မာမှ Workplace ဒီဂျစ်တယ်ပလက်ဖောင်းကို၂ဝ၁၇ခုနှစ်၊ဒီဇင်ဘာလတွင်အူရီဒူးဝန်ထမ်းများအကြားအချိန်နှင့်တပြေးညီတိုက်ရိုက်ဆက်သွယ်နိုင်ဖို့အတွက်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး၄င်းသည်ဝန်ထမ်းအချင်းချင်းထိတွေ့ဆက်ဆံခြင်း၊သတင်းအချက်အလက်မျှဝေခြင်း၊ဆက်သွယ်ခြင်း၊ပူးပေါင်းဆောင်ရွက်ခြင်းနှင့်လုပ်ငန်းစဉ်တွင်ကျယ်ခြင်းတို့ကိုပိုမိုခိုင်မာစေသည့်အဓိကကဏ္ဍတစ်ခုဖြစ်လာပါသည်။လက်ရှိစာရင်းအရဝန်ထမ်းပေါင်း၉၁၉ဦးတို့မှအသုံးပြုနေပြီး၄င်းသည်အူရီဒူးမြန်မာ၏အောင်မြင်မှုနှုန်းထား၉၉ % ရှိနေပါသည်။

အူရီဒူးမြန်မာ၏ Acting CEO ဖြစ်သူ Mr. Alok Verma က “ဆက်သွယ်ခြင်းဆိုတဲ့ အကြောင်းအရာဟာအူရီဒူးရဲ့ အဓိကတန်ဖိုးထားတဲ့အရာတွေထဲမှာတစ်ခုပါ၀င်သလို ပြည်သူများရဲ့ ဘဝကိုဒီဂျစ်တယ်လူနေမှုဘဝနဲ့ တောက်ပကောင်းမွန်အောင်ပြုလုပ်ပေးမယ် ဆိုပြီးအူရီဒူးကနေရည်မှန်းချက်အဖြစ် ထားရှိပါတယ်။ ကျွန်တော်တို့ရဲ့ရည်မှန်းချက် နဲ့ အညီFacebook က နေဝန်ဆောင်မှုပေးထားတဲ့ Workplace ကိုအူရီဒူးအနေနဲ့ ၂၀၁၇ခုနှစ် ဒီဇင်ဘာလမှစတင်မိတ်ဆက်ခဲ့တဲ့အခါ မိတ်ဆက်ပြီးပြီးခြင်းသုံးရက်အတွင်းမှာဝန်ထမ်းပေါင်းသုံးပုံ၂ပုံကျော်ဟာစတင်ပြီးအသုံးပြုခဲ့သလိုအခုအချိန်အထိအုပ်စုပေါင်း(၁၀၃) အုပ်စုကိုလဲဖွဲ့စည်းထားပြီးဖြစ်ပါတယ်။ Workplace ဟာဆိုရင် Facebook ကိုအသုံးပြုတာရင်းနှီးကျွမ်းဝင်ပြီးသားဖြစ်တဲ့အတွက် လွယ်ကူစွာသုံးလို့ရတဲ့ပြင် ကျွန်တော်တို့ရဲ့ ၀န်ထမ်းတွေအချင်းချင်းထိတွေ့ဆက်ဆံမှု၊ သတင်းအချက်အလက် မျှဝေမှု၊ ဆက်သွယ်ချိတ်ဆက်ပေးမှုတွေအပြင် တစ်ဦးနဲ့ တစ်ဦးဆက်သွယ်ပြောဆိုတာကိုလည်းတိုးတက်ကောင်းမွန်စေသလိုပူးပေါင်းဆောင်ရွက်မှုကိုလဲ ဖြစ်ပေါ် စေပါတယ်။တကယ်ကိုကောင်းမွန်တဲ့စနစ် ရှိနေတဲ့အတွက်ကြောင့် ကျွန်တော်တို့ဟာအခုဆိုရင် အလုပ်လုပ်တဲ့အခါ ပိုမိုမြန်ဆန်စွာနဲ့ ပူးပေါင်းလုပ်ဆောင်နိုင်နေပြီ ဖြစ်ပါတယ်” ဟုပြောကြားခဲ့ပါသည်။

တယ်လီနောလုပ်ငန်းစု၏ တစ်စိတ်တစ်ပိုင်းဖြစ်သောတယ်လီနောမြန်မာတွင်လည်း၂၀၁၆ခုနှစ်မှ စတင်ကာ Workplace ကိုမိတ်ဆက်ခဲ့ရာယခုအခါ မြန်မာနိုင်ငံမှ ၀န်ထမ်း ၈၀၀ ကျော် အပါအဝင် စုစုပေါင်းဝန်ထမ်း၂၅,၀၀၀မှာအဖွဲ့အစည်းအတွင်းသတင်းအချက်အလက်များ၊ လှုပ်ရှားမှုများ၊ ကမ္ဘာတဝန်းဝန်ထမ်းများအားလုံးအတွက် Live ပြသမှုများ၊ သက်ဆိုင်ရာဌာနအလိုက် ဆက်သွယ် ပြန်ကြားမှုများ၊ အသိပညာမျှဝေမှုများ၊ ပရောဂျက်များ၊ ဆွေးနွေးပွဲများစသည်တို့ကိုဝေမျှရာ platform တစ်ခုအနေဖြင့် နေ့စဉ်အသုံးပြုနေပြီဖြစ်သည်။

“တယ်လီနောရဲ့ရည်မှန်းချက်ကလူတွေကိုသူတို့ဘဝအတွက် အရေးပါတဲ့အရာတွေနဲ့ ချိတ်ဆက် ပေးနိုင်ဖို့ ဖြစ်ပါတယ်။ ဒီလိုချိတ်ဆက်တဲ့နေရာမှာလည်းတယ်လီနောသုံးစွဲသူတွေကိုသာမက ကျွန်တော်တို့ရဲ့ဝန်ထမ်းတွေကို ပါ ဒစ်ဂျစ်တယ် နည်းပညာကိုအသုံးပြုပြီးဆက်သွယ်ပြန်ကြားတာနဲ့ စွမ်းရည်မြှင့်တင် ပေးတာတွေပြုလုပ်ဖို့လိုအပ်ပါတယ်။ဒီအတွက် အဖွဲ့အစည်းအတွင်းချိတ်ဆက်မှုကိုပိုကောင်းလာစေဖို့ platform အမျိုးမျိုးအသုံးပြုနေတဲ့နေရာမှာ Workplace က တယ်လီနောလုပ်ငန်းစုတစ်ခုလုံးအတွင်းကဝန်ထမ်းတွေအကြားချိတ်ဆက်နိုင်ဖို့ အတော်လေးအသုံးဝင်တာကိုတွေ့ရပါတယ်။ ဒီလိုစွမ်းရည်မြင့် tool တစ်ခုကိုသုံးပြီးအီးမေးလ် လွန်ကဲစွာအသုံးပြုမှုကိုလျော့ချ နိုင်ခဲ့သလိုအဖွဲ့အစည်းအတွင်းပွင့်လင်းမြင်သာမှုရှိခြင်းနဲ့ ပူးပေါင်းဆောင်ရွက်ခြင်းတွေကိုတိုးမြှင့်နိုင်ခဲ့ပြီးကုမ္ပဏီတစ်ခုလုံးရဲ့ လုပ်ငန်းဆောင်ရွက်မှုတွေကိုပိုမိုသွက်လက်မြန်ဆန်စေနိုင်ခဲ့ပါတယ်” ဟုတယ်လီနောမြန်မာ၏ အမှုဆောင်အရာရှိချုပ် Sharad Mehrotra က ပြောကြားသည်။

ရိုးမဘဏ်အကြောင်း

၁၉၉၃ခုနှစ်ကစတင်တည်ထောင်ခဲ့သည့်ရိုးမဘဏ်သည်မြန်မာနိုင်ငံတွင်အတိုးတက်ဆုံးသောပြည်တွင်းပုဂ္ဂလိကဘဏ်တစ်ခုဖြစ်သည်။နှစ်အနည်းငယ်ကြာပြီးနောက်မှာပင်ရိုးမဘဏ်သည်လူ့စွမ်းအားအရင်းအမြစ်၊နည်းပညာ၊ကော်ပိုရိတ်အုပ်ချုပ်ရေးစသည့်အဓိကကျသည့်အခန်းကဏ္ဍများတွင်မဟာဗျူဟာကျသောရင်းနှီးမြှုပ်နှံမှုများကိုသိသာစွာလုပ်ကိုင်ခဲ့သည်။လက်ရှိတွင်ရိုးမဘဏ်သည်တန်ဖိုးအားဖြင့်မြန်မာနိုင်ငံ၏အကြီးဆုံးဘဏ်များစာရင်းတွင်နံပါတ် (၅) နေရာ၌ရပ်တည်နေပြီးဝန်ထမ်းပေါင်း၃,၀၀၀ကျော်ရှိကာနိုင်ငံတစ်ဝန်းတွင်ဘဏ်ခွဲပေါင်းရ၈ဘဏ်ကိုဖွင့်လှစ်ထားသည်။၂၀၁၄ခုနှစ်တွင်ရိုးမဘဏ်သည်နိုင်ငံတကာငွေကြေးအဖွဲ့အစည်းဖြစ်သော International Finance Corporation (IFC) မှပထမဆုံးတိုက်ရိုက်ရင်းနှီးမြှုပ်နှံသောဘဏ်တစ်ခုဖြစ်လာပြီး Credit Risk Management ၊ Finance ၊ Treasury ၊ Product Development တို့ကိုအဆင့်မြှင့်တင်ရန်၊ New Core Banking System ကိုအသုံးပြုနိုင်ရန် IFC ၏သုံးနှစ်တာကာလအတွက်အကြံပေးမှုများပြုလုပ်သည့်အကူအညီကိုရရှိခဲ့သည်။

ထို့ပြင်ဂျာမနီနိုင်ငံဖွံ့ဖြိုးရေးအေဂျင်စီတစ်ခုဖြစ်သောGIZမှလည်းနည်းပညာအထောက်အကူများရရှိခဲ့ပြီးအသေးစားအလတ်စားလုပ်ငန်းများသို့ချေးငွေထုတ်ချေးခြင်းနှင့်ပတ်သက်၍တိုးတက်မှုများရရှိခဲ့ကာလုပ်ငန်းများချဲ့ထွင်ဆောင်ရွက်နိုင်ခဲ့သည်။၂၀၁၅ခုနှစ်တွင်ဆက်သွယ်ရေးကုမ္ပဏီတယ်လီနောနှင့်ပူးပေါင်း၍မြန်မာနိုင်ငံ တစ်ဝန်းသို့ဒစ်ဂျစ်တယ်ဘဏ္ဍာရေးဝန်ဆောင်မှုလုပ်ငန်းများဆောင်ရွက်နိုင်သည့် Wave Money ကိုပူးတွဲ တည်ထောင်ခဲ့သည်။ရိုးမဘဏ်သည်နိုင်ငံတကာအဖွဲ့အစည်းတစ်ခုဖြစ်သည့် LIFTနှင့်လက်တွဲ၍မြန်မာနိုင်ငံ၏ဖွံ့ဖြိုးရေးတွင်အဓိကကျသောအခန်းကဏ္ဍတစ်ခုဖြစ်သည့်လယ်ယာစီးပွားကဏ္ဍအတွက်လည်းတိုးချဲ့လုပ်ကိုင်လျက်ရှိသည်။ယင်းလယ်ယာစီးပွား ကဏ္ဍအတွက်နယ်သာလန်နိုင်ငံမှRaboBankကလည်းနည်းပညာအထောက်အပံ့များကူညီလျက်ရှိသည်။ရိုးမဘဏ်သည်မြန်မာနိုင်ငံ၏ဘဏ္ဍာရေးကဏ္ဍဖွံ့ဖြိုးမှုအတွက်ဆက်လက်ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။

တယ်လီနောမြန်မာအကြောင်း

တယ်လီနောမြန်မာသည်မြန်မာနိုင်ငံတဝန်း၌သင့်တင့်သည့်စျေးနှုန်းဖြင့်လွယ်ကူစွာရယူနိုင်သည့်မိုဘိုင်းဆက်သွယ်ရေးဝန်ဆောင်မှုများအား၂၀၁၄ခုနှစ်၊စက်တင်ဘာလမှစတင်ပေးအပ်လျက်ရှိသည်။နိုင်ငံတဝန်းဆက်သွယ်ရေးတာဝါတိုင် ပေါင်း၈,၃၀၀ကျော်ဖြင့်ပြည်နယ်နှင့်တိုင်းဒေသကြီးအားလုံးရှိအသုံးပြုသူပေါင်း၁၈သန်းကျော်ထံသို့၎င်း၏ 2G၊ 3G နှင့် 4G ကွန်ရက်များဖြင့်ဝန်ဆောင်မှုများပေးအပ်နေခြင်းဖြစ်သည်။တယ်လီနောမြန်မာ၏မိခင်လုပ်ငန်းစုဖြစ်သောတယ်လီနောလုပ်ငန်းစုသည်ကမ္ဘာ့အကြီးဆုံးမိုဘိုင်းအော်ပရေတာများအနက်တစ်ခုဖြစ်ပြီးစကင်ဒီနေးဗီးယန်းဒေသနှင့်အာရှတိုက်တဝန်းတွင်အသုံးပြုသူပေါင်း၁၇၆သန်းကျော်အားပိုင်ဆိုင်ထားကာစီးပွားရေးလုပ်ငန်းများကိုတာဝန်သိစွာဆောင်ရွက်ရန်ရည်သန်ထားပြီးလူမှုပတ်ဝန်းကျင်ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်ဦးတည်ဆောင်ရွက်နေသည့်လုပ်ငန်းစုတစ်ခုဖြစ်သည်။

အူရီဒူးမြန်မာအကြောင်း

အူရီဒူးမြန်မာသည်မြန်မာနိုင်ငံတွင်ဆက်သွယ်ရေးဝန်ဆောင်မှုများပေးအပ်ရန်၂၀၁၃ခုနှစ်ဇွန်လတွင်လိုင်စင်ရရှိခဲ့ပါသည်။အူရီဒူးမြန်မာသည် “ပြည်သူများ၏လူမှုဘဝကိုဒီဂျစ်တယ်လူနေမှုဖြင့်တောက်ပကောင်းမွန်အောင်လုပ်ဆောင်ပေးမည်” ဆိုသည့်ရည်မှန်းချက်နှင့်အတူမြန်မာနိုင်ငံ၏ဆက်သွယ်ရေးကဏ္ဍတွင်ဆက်သွယ်ရေးဝန်ဆောင်မှုများပေးအပ်ရာ၌ဦးဆောင်လျှက်ရှိနေပါသည်။ အူရီဒူးမြန်မာသည်ယခုအခါတွင်တစ်ဦးချင်းအသုံးပြူသူများသာမကစီးပွားရေးလုပ်ငန်းများ၊အစိုးရဌာနများနှင့်အသေးစားနှင့်အလတ်စားလုပ်ငန်း များအတွက်လုပ်ငန်းများတိုးတက်ကောင်းမွန်စွာလုပ်ဆောင်နိုင်စေရန်ဝန်ဆောင်မှုများစွာပေးအပ်လျှက်ရှိပါသည်။အဆိုပါ၀န်ဆောင်မှုများသည်လူမှုဘဝဖွံ့ဖြိုးရေးနှင့်လုပ်ပိုင်ခွင့်အခွင့်အလန်းများရရှိရေးတို့ကိုဦးတည်၍ဝန်ဆောင်မှုပေးထားသဖြင့်ပြည်သူများအားလုပ်ကိုင်စွမ်းအားများကိုမြှင့်တင်ပေးခြင်းနှင့်စီးပွားရေးလုပ်ငန်းများကိုပိုမိုချောမွေ့စွာလုပ်ဆောင်နိုင်မှာဖြစ်ပါသည်။အူရီဒူးမြန်မာသည်၎င်း၏ထုတ်ကုန်များ၊၀န်ဆောင်မှုများနှင့်လူမှုအကျိုးပြုလုပ်ငန်းများမှတဆင့်ပြည်သူများ၏ဘဝကိုတောက်ပကောင်းမွန်စေရန်လုပ်ဆောင်ပေးသွားမည်ဖြစ်ပါသည်။