ပိုမို စိတ်လှုပ်ရှားဖွယ် ဒစ်ဂျစ်တယ်ပိုင်းဝန်ဆောင်မှုများအား မြန်မာနိုင်ငံသို့ သယ်ဆောင်လာရန် ထိပ်တန်း ဗီဒီယိုအက်ပလီကေးရှင်းများနှင့် တယ်လီနော လက်တွဲ

  • မြန်မာနိုင်ငံ၏ လူကြိုက်အများဆုံးသော ဗီဒီယိုအက်ပလီကေးရှင်းများ ဖြစ်သည့် myanflix, YouTube, Viu, WowPlay တို့နှင့် တယ်လီနော လက်တွဲလုပ်ဆောင်သွားမည် ဖြစ်

မြန်မာနိုင်ငံရှိ တယ်လီနောသုံးစွဲသူများအတွက် ဆန်းသစ်သည့် ဒစ်ဂျစ်တယ်ပိုင်းဆိုင်ရာ ဝန်ဆောင်မှုအသစ်များအား ဖန်တီးပေးအပ်နိုင်ရန် ရည်ရွယ်ချက်ဖြင့် တယ်လီနော က မြန်မာနိုင်ငံတွင် အကောင်းမွန်ဆုံးနှင့် လူကြိုက်အများဆုံးသော ဗီဒီယို အက်ပလီကေးရှင်းများ ဖြစ်သည့် myanflix, YouTube, Viu, WowPlay တို့နှင့် ပူးပေါင်းဆောင်ရွက်မှုပိုင်းဆိုင်ရာ သဘောတူညီမှုစာချုပ်အား အောင်မြင်စွာ လက်မှတ်ရေးထိုးနိုင်ခဲ့သည်။

ယနေ့တွင် တယ်လီနောမြန်မာ၏ 4GSuperLTE+ ကွန်ရက်သည် ပြည်နယ်နှင့်တိုင်းဒေသကြီးများရှိ မြို့နယ် ပေါင်း ၉၀ ရာခိုင်နှုန်းကျော်အား လွှမ်းခြုံထားနိုင်ပြီဖြစ်ကာ မြို့နယ်စုစုပေါင်း ၃၀၇ မြို့နယ်တွင် မြန်မာနိုင်ငံ၏ အကောင်းမွန်ဆုံး သော 4G ဒေတာကွန်ရက်ဖြင့် ဝန်ဆောင်မှုများ ပေးအပ်လျက် ရှိသည်။ ကမ္ဘာ့အဆင့်မီ ဆက်သွယ်ရေးအခြေခံ အဆောက်အအုံများအား ပိုင်ဆိုင်ထားသည်နှင့်အညီ ဒစ်ဂျစ်တယ်နည်းပညာ၏ အကျိုးကျေးဇူးများကို ၎င်း၏ အသုံးပြုသူများပိုမိုပြည့်ပြည့်ဝဝ ခံစားနိုင်စေရန်အတွက် တယ်လီနောမြန်မာ သည် ပိုမိုစိတ်လှုပ်ရှားစရာကောင်းသော ဒစ်ဂျစ်တယ် content ဝန်ဆောင်မှုများနှင့် ဖျော်ဖြေရေးဆိုင်ရာ ၀န်ဆောင်မှုများအား ပေးအပ်သွားနိုင်ရန် ရည်ရွယ် လုပ်ဆောင်လျက် ရှိသည်။

“တယ်လီနောအနေနဲ့ အသုံးပြုသူ တစ်ဦးတစ်ယောက်ချင်းစီရဲ့ နေ့စဉ်ဘဝတွေဆီကို အကောင်းမွန်ဆုံး ဒစ်ဂျစ်တယ် ပိုင်းဆိုင်ရာ အတွေ့အကြုံတွေကို သယ်ဆောင်လာပေးနိုင်ဖို့ စိတ်အားထက်သန် အခုလို အကောင်းမွန်ဆုံး၊ လူကြိုက်အများဆုံး ဗီဒီယိုအက်ပလီကေးရှင်းတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားဖို့ သဘောတူညီမှုရရှိခဲ့တဲ့အတွက် အရမ်းကိုဝမ်းမြောက်မိပါတယ်။ အခုသဘောတူညီမှုအရ ကျွန်မတို့ အားလုံးပူးပေါင်းပြီး မြန်မာနိုင်ငံမှာရှိတဲ့ အသုံးပြုသူတွေအားလုံးအတွက် ပိုမိုကောင်းမွန်တဲ့ ဒစ်ဂျစ်တယ် ဝန်ဆောင်မှုတွေကို ပိုမိုသက်သာတဲ့ စျေးနှုန်းနဲ့ ပေးအပ်သွားနိုင်တော့မှာဖြစ်ပါတယ်။ မကြာမီ အချိန်မှာ premium ဗီဒီယိုတွေ အပါအဝင် ဗီဒီယိုအမျိုးအစားအားလုံးကို စိတ်ကြိုက်ကြည့်ရှုသွားနိုင်မယ့် ဝန်ဆောင်မှု တွေကို ကျွန်မတို့ရဲ့အသုံးပြုသူတွေဆီ ပေးအပ်သွားနိုင်ဖို့အတွက် လုပ်ဆောင်နေပါတယ်” ဟု တယ်လီနော မြန်မာ၏ ဒစ်ဂျစ်တယ် ဝန်ဆောင်မှုပိုင်းဆိုင်ရာ အကြီးအကဲ Chan May Ling က ပြောကြားသည်။

မြန်မာနိုင်ငံရှိ မိုဘိုင်းသုံးစွဲသူများအကြား ဗီဒီယိုကြည့်ရှုနှုန်း ပိုမိုတိုးတက်လာသည်ကို သိရှိနားလည်ထား သည်နှင့်အညီ ဤသဘောတူညီမှုမှတဆင့် စိတ်လှုပ်ရှားစရာဝန်ဆောင်မှုများအား မကြာမီအချိန်တွင် ပရိသတ်များထံ စတင်မိတ်ဆက်သွားမည်ဖြစ်သည်။ မြန်မာနိုင်ငံ၏ အကောင်းမွန်ဆုံးသော 4GSuperLTE+ ကွန်ရက်မှတဆင့် တယ်လီနော အသုံးပြုသူများသည် ယခုသဘောတူညီမှုတွင် ပါဝင်သည့် မိတ်ဖက်အဖွဲ့ အစည်းများ ဖြစ်ကြသော myanflix, YouTube, Viu, WowPlay တို့မှ အားလုံးသော ဗီဒီယိုများ (premium ဗီဒီယိုများ အပါအဝင်) ကို အံ့အားသင့်ဖွယ် နှုန်းထားများဖြင့် ရယူကြည့်ရှုသွားနိုင်မည် ဖြစ်သည်။ ဤ အစီအစဉ်နှင့် ပတ်သက်သော အသေးစိတ်အချက်အလက်များ အားလုံးကို မကြာမီအချိန်တွင် ကြေညာ ပေးသွားမည် ဖြစ်သည်။

မြန်မာနိုင်ငံမှ ၎င်း၏အသုံးပြုသူများအတွက် ပိုမိုကောင်းမွန်သော အသုံးပြုမှုအတွေ့အကြုံများနှင့် ဒစ်ဂျစ်တယ် အတွေ့အကြုံများအား ပေးအပ်သွားနိုင်ရန် ရည်ရွယ်ချက်ဖြင့် တယ်လီနောမြန်မာသည် ၎င်း၏ MyTelenor app ကိုလည်း ပိုမိုကောင်းမွန်သော ဒစ်ဂျစ်တယ် လုပ်ဆောင်ချက်များစွာ ပါဝင်သည့် version 3.0 အဖြစ် မကြာသေးမီက အဆင့်မြှင့်တင်ခဲ့သည်။ ထို့အပြင် နေ့စဉ် စိတ်လှုပ်ရှားဖွယ်ရာ ဆုမဲများစွာနှင့် အထူးဆုဖြစ်သည့် KIA Sportage 2018 SUV အမျိုးအစား ကားသစ်တစ်စီးအပါအဝင် အထူးဆုများစွာ ကိုလည်း ကံစမ်းသွားနိုင်မည့် ‘ချွင်ချွင်ဆို ပေါက်ပြီ’ အမည်ရှိ အထူးကံစမ်းမဲအစီအစဉ်တစ်ခုကိုလည်း အဆိုပါ MyTelenor app 3.0 တွင် ထည့်သွင်း ပေးအပ်ခဲ့သည်။

နိုင်ငံတဝန်းတွင် ဆက်သွယ်ရေးတာဝါတိုင်ပေါင်း ၈,၆၀၀ ကျော်နှင့် ပြည်နယ်နှင့်တိုင်းဒေသအားလုံးတွင် အရောင်းဆိုင်ပေါင်း ၁၀၀,၀၀၀ ခန့် ပါဝင်သည့် မြန်မာနိုင်ငံ၏ အကြီးမားဆုံးသော 2G/3G/4G ကွန်ရက်အား ပိုင်ဆိုင်ထားသည်နှင့်အညီ တယ်လီနော၏ 4GSuperLTE+ ကွန်ရက်သည် လက်ရှိတွင် နိုင်ငံတဝန်းရှိ မြို့နယ်အရေအတွက် စုစုပေါင်း၏ ၉၀% ကျော်အား လွှမ်းခြုံထားပြီး ဆုတံဆိပ်များ ဆွတ်ခူး ရရှိထားသော မြန်နှုန်းမြင့် 4G ဝန်ဆောင်မှုများ အား အသုံးပြုသူများထံ ပေးအပ်လျက် ရှိသည်။

Viu အကြောင်း

Viu သည် ဟောင်ကောင်၊ စင်ကာပူ၊ မလေးရှား၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ ထိုင်း၊ တောင်အာဖရိကနှင့် အရှေ့အလယ်ပိုင်းဒေသနိုင်ငံများ ဖြစ်သည့် ဘာရိန်း၊ အီဂျစ်၊ ဂျော်ဒန်၊ ကူဝိတ်၊ အိုမန်၊ ကာတာ၊ ဆော်ဒီအာရေဗျနှင့် ယူအေအီးစသည့်နိုင်ငံများအပါအဝင် စျေးကွက်ပေါင်း ၁၇ ခုတွင် အသုံးပြု နိုင်သည့် ထိပ်တန်းအွန်လိုင်းဗီဒီယိုဝန်ဆောင်မှု (OTT) ဖြစ်သည်။ Viu ၏ ထူးခြားသည့် ရပ်တည်ချက် အနေဖြင့် ၎င်း၏ဆန်းသစ်သော ဒေသအလိုက်၊ ဒေသအကြိုက် တီဗွီအစီအစဉ်များ၊ ရုပ်ရှင်များနှင့် ဇာတ်လမ်းများကို သန်းပေါင်းများစွာသော ကြည့်ရှုသူများထံသို့ နေ့စဉ်ပြသဖျော်ဖြေလျက်ရှိသည်။ Viu Originals မှလည်း ကမ္ဘာအဆင့်မီ အရည်အသွေးမြင့် စိတ်ဝင်စားဖွယ်ကောင်းသော ဇာတ်လမ်းများကို ရိုက်ကူးလျက်ရှိသောကြောင့် ဒေသတွင်းပညာရှင်များအတွက် ကမ္ဘာ့စင်မြင့်ပေါ်သို့ တက်လှမ်းနိုင်သော အခွင့်အရေးတစ်ရပ်လည်း ဖြစ်လာနိုင်ပါသည်။

Viu App အား App Store သို့မဟုတ် Google Play မှတဆင့် အခမဲ့ ရယူနိုင်မည်ဖြစ်ပြီး www.viu.com တွင် တိုက်ရိုက်ကြည့်ရှုနိုင်မည်ဖြစ်သည်။

Myanflix အကြောင်း

သင်အနှစ်သက်ဆုံး မြန်မာရုပ်ရှင်ဇာတ်လမ်းများကို Myanflix တွင် အခမဲ့ကြည့်ရူနိုင်ပါသည်။ Myanflix သည် မြန်မာပြည်တွင် မြန်မာ့ရုပ်ရှင်ဇာတ်ကားအများဆုံးကို စုစည်းပေးထားပြီး တစုတစည်းထဲ ကြည့်ရူနိုင်သော ဝန်ဆောင်မှု တစ်ခု ဖြစ်ပါသည်။ နှစ်သက်ရာ ရုပ်ရှင်နမူနာများကြည့်ရှုပြီး ရုပ်ရှင်များကို စိတ်ကြိုက်ရွေးခြယ်နိုင်မည် ဖြစ်ပါသည်။ အမျိုးအစားစုံလင်လှသော (ဇာတ်ကြမ်း၊ ဟာသ၊ အချစ်၊ သည်းထိပ်ရင်ဖို) မြန်မာရုပ်ရှင်များစွာကို Myanflix တွင် ကြည့်ရှုခြင်းဖြင့် သင်၏ အားလပ်သောအချိန်များတွင်း အပန်းပြေ စိတ်ကျေနပ်မှု ရမည်ဖြစ်သည်။

WowPlay အကြောင်း

Huawei နှင့် တယ်လီနောမြန်မာတို့ လက်တွဲပြီး ကုမ္ပဏီတစ်ခုချင်းစီ၏ တီထွင်ဆန်းသစ်မှု၊ ကွန်ရက်နှင့် နည်းပညာ ဆိုင်ရာ စွမ်းဆောင်နိုင်မှုများကို ပူးပေါင်းမြှင့်တင်ဆောင်ရွက်ခြင်းအဖြစ် အွန်လိုင်းမှဗီဒီယိုများကို တိုက်ရိုက်ကြည့်ရှုနိုင် ရန်အတွက် WowPlay အက်ပလီကေးရှင်း (App) ကို မိတ်ဆက်ခဲ့သည်။ WowPlay အန်းဒရွိုက်အက်ပလီကေးရှင်းကို တယ်လီနောအသုံးပြုသူများအတွက် အဓိကရည်ရွယ်ပြီး မိတ်ဆက်ခဲ့ခြင်းဖြစ်သည်။ WowPlay အသုံးပြုသူများအနေ ဖြင့် ဇာတ်လမ်းတိုများမှ ရုပ်ရှင်ဇာတ်ကားကြီးများအထိ စိတ်တိုင်းကျရှာဖွေနိုင်မည်ဖြစ်ပြီး မည်သည့်အချိန်၊ မည်သည့် နေရာတွင်မဆို ကြည့်ရှုနိုင်ပါတယ်။ မြန်မာ၊ ထိုင်း၊ တရုတ်၊ ဟောလိ၀ုဒ်တို့နဲ့ နိုင်ငံများစွာမှ ဇာတ်ကားများ၊ ရုပ်ရှင် စီးရီးများ၊ ဗီဒီယိုများအပြင် အခြားများစွာသော ဗီဒီယိုဇာတ်လမ်းတိုများကိုလည်း ကြည့်ရှုနိုင်သည်။ အသေးစိတ်သိရှိလိုပါက https://www.facebook.com/WowPlayMyanmar/ တွင် ၀င်ရောက်လေ့လာကြည့်ရှု နိုင်သည်။

 

Ref: Telenor Myanmar