ဒီဂျစ်တယ်နည်းလမ်းဖြင့် ချေးငွေများထုတ်ပေးနိုင်ရန် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်နှင့် MPT Money တို့ ပူးပေါင်းဆောင်ရွက်

ဒီဂျစ်တယ်ငွေကြေး ဝန်ဆောင်မှု လုပ်ငန်းဖြစ်သည့် MPT Money သည် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်နှင့် ပူးပေါင်း၍ မိုးရာသီ စိုက်ပျိုးစရိတ် ချေးငွေ ထုတ်ချေးပေးခြင်းကို တောင်သူလယ်သမားများ အနေဖြင့် MPT Money ကို အသုံးပြုပြီး MPT Money Agent များမှတစ်ဆင့် ဝန်ဆောင်ခ ပေးစရာမလိုဘဲ ချေးငွေများ အဆင်ပြေလွယ်ကူစွာ ရရှိနိုင်စေရန် ပုသိမ်ကြီးမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ဘဏ်ခွဲ၌ ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်းသိရသည်။
အဆိုပါပူးပေါင်း ဆောင်ရွက်မှုသည် MPT Money နဲ့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် တို့အကြား ရှေ့ပြေးစီမံကိန်းတစ်ခု ဖြစ်ပြီး ဆက်လက်ပြီး တစ်နိုင်ငံလုံးအတိုင်းအတာ အထိတိုးချဲ့ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်းသိရသည်။
စိုက်ပျိုးရေးကဏ္ဍသည် မြန်မာ့စီးပွားရေး၏ အဓိကကျသော ကဏ္ဍကြီးတစ်ခု ဖြစ်ပြီး တောင်သူလယ်သမား အများစုသည် ယင်းတို့၏ ရာသီအလိုက် လယ်ယာစိုက်ပျိုးရေး လုပ်ငန်းများအတွက် ဘဏ်ချေးငွေများအပေါ် မှီခိုအားထား ကြလေ့ရှိသည်။ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်သည် တောင်သူလယ်သမားများအတွက် လိုအပ်သည့် ကာလတို ချေးငွေများကို နှစ်စဉ်နှစ် တိုင်း ထုတ်ချေးပေးလျက်ရှိသည်။

Photo Source https://mptmoney.com.mm/news_detail/103

“MPT Money ဟာ လျင်မြန်စွာ ကျယ်ပြန့်လာနေတဲ့ မိုဘိုင်းလ်ငွေကြေး ဝန်ဆောင်မှုလုပ်ငန်း ဖြစ်တာနဲ့အညီ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်နဲ့ အတူပူးပေါင်းပြီး တောင်သူလယ်သမားတွေကို မိုးရာသီ စိုက်ပျိုးစရိတ် ချေးငွေများ ရရှိနိုင်ရန် ကူညီဆောင်ရွက် ပေးနိုင်မှုအတွက် ဝမ်းသာဂုဏ်ယူမိပါတယ်။ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မှ ရာသီအလိုက် စိုက်ပျိုးစရိတ် ချေးငွေထုတ်ချေးမှုကို MPT Money နဲ့အတူ ဒီဂျစ်တယ်စနစ်ကို ပြောင်းလဲနိုင်ခဲ့ပါပြီ။ ” ဟု MPT Money ၏ အုပ်ချုပ်မှု ဒါရိုက်တာဖြစ်သူ ဦးခင်မောင်မြင့်မှ ပြောကြားသည်။
“အခုလို CO VID-19 ရောဂါဖြစ်ပွားနေတဲ့ ကာလအတွင်း MPT Money နဲ့ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ကျွန်တော်တို့ရဲ့ ဘဏ်ခွဲတွေမှာ လူစုလူဝေး ဖြစ်တာကို ကာကွယ်ပြီးဖြစ်သလို တောင်သူလယ်သမားတွေ အတွက်လည်း လွယ်ကူအဆင်ပြေပြီး ထိရောက်တဲ့ ငွေကြေးဝန်ဆောင်မှုတွေ ပေးနိုင်မှာ ဖြစ်ပါတယ်။ MPT Money က ယုံကြည်စိတ်ချရတဲ့ ဒီဂျစ်တယ် ငွေကြေးဝန်ဆောင်မှုလုပ်ငန်း တစ်ခုဖြစ်ပြီး တောင်သူလယ်သမားတွေ အနေနဲ့ သူတို့ရဲ့ ချေးငွေတွေကို လူကိုယ်တိုင် ဘဏ်ခွဲကို လာရောက်ထုတ်ယူခြင်းထက် ပိုပြီးလွယ်ကူ လျင်မြန်စွာနဲ့ ထုတ်ယူရရှိနိုင်မှာ ဖြစ်ပါတယ်” ဟု မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ ပုသိမ်ကြီးမြို့နယ်ဘဏ်ခွဲ မန်နေဂျာဖြစ်သူ ဦးထွန်းထွန်းဦးမှ ပြောကြားသည်။

Photo Source https://mptmoney.com.mm/news_detail/103

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်သည် မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍအတွက် အထောက်အကူပြု ဆောင်ရွက်ပေးနေသည့် အကြီးမားဆုံးသော ငွေကြေးဆိုင်ရာ အဖွဲ့အစည်းဖြစ်သည်။ ယခုအခါတွင် MPT Money ကို ကျယ်ပြန့်စွာ အသုံးပြုခြင်းဖြင့် ကျေးလက်ဒေသများ၌ ငွေသားမဲ့စနစ်သုံးစွဲမှုသည် ပြောင်းလဲမှု တစ်ခု ဖြစ်လာလျက်ရှိနေပြီး မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်၏ ဘဏ်ခွဲများ၌လည်း အဆိုပါဝန်ဆောင်မှုကို ပေးနိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
ငွေဖြည့်ဝန်ဆောင်မှုအသစ်ကို အသုံးပြုလိုသည့် သုံးစွဲသူများအနေဖြင့် ဦးစွာပထမ MPT Money အကောင့်ကို ဖွင့်ရမည် ဖြစ်သည်။ MPT Money အက်ပလီကေးရှင်းကို မည်သည့်မိုဘိုင်းလ်ကွန်ရက်ဖြင့်မဆို အသုံးပြုနိုင်ကာ Android အသုံးပြုသူ များအနေဖြင့် http://bit.ly/MPTMoneyAndroid နှင့် iOS အသုံးပြုသူများအနေဖြင့် http://bit.ly/MPTMoney_iOS မှ ဒေါင်းလုတ်ရယူပြီး “ငွေဖြည့် ဝန်ဆောင်မှု” မှပေးသော စိတ်လှုပ်ရှားဖွယ်ကောင်းသည့် အကျိုးကျေးဇူးများကို ရရှိခံစားနိုင်မည် ဖြစ်သည်။

Photo Source https://mptmoney.com.mm/news_detail/103

ဧရာဝတီဘဏ်၏ AYA M-Banking ၊ AYA iBanking ၊ AYA Mobile Banking 2.0 နှင့် CB ဘဏ်၏ CB Pay ဝန်ဆောင်မှုကို အသုံးပြုသူများသည် အဆင့်အနည်းငယ်ပြုလုပ်ရုံဖြင့် MPT Money ၏ အကောင့်အတွင်းသို့ ငွေဖြည့်ခြင်း ဝန်ဆောင်မှု ကိုဆောင်ရွက်နိုင်မည်ဖြစ်သည်။ ငွေဖြည့်ဝန်ဆောင်မှု၏ လုပ်ငန်းစဉ်ဆောင် ရွက်ပုံအဆင့်ဆင့်ကို ဧရာဝတီဘဏ် သုံးစွဲသူများအနေဖြင့် https://mptmoney.com.mm/news_detail/103 တွင် လည်းကောင်း၊ CB ဘဏ် သုံးစွဲသူများ အနေဖြင့် https://mptmoney.com.mm/news_detail/104 တွင် လည်းကောင်း ဝင်ရောက် ကြည့်ရှုနိုင် မည်ဖြစ်သည်။