HUAWEI P40 Pro ကို ၂၀၂၀ ခုနှစ် ဧပြီလ (၃၀) ရက်နေ့အထိ Pre-Order မှာယူနိုင်

နည်းပညာပိုင်းအရ အဆန်းသစ်ဆုံးနည်းပညာဖြစ်ပြီး Quad-Curved Overflow Display နည်းပညာကိုအသုံးပြု ထားတဲ့အပြင် ကင်မရာပိုင်းကောင်းမွန်ပြီး 5G ကိုပါအရံသင့် အသုံးပြုနိုင်မည့် HUAWEI P40 Pro ကို ဧပြီလ (၃၀) ရက်နေ့နောက်ဆုံးထားကာ ၁,၅၉၉,၀၀၀ ကျပ် ဖြင့် Pre-Order မှာယူနိုင်မည်ဖြစ်ပြီး HUAWEI x Gentle Monster Eyewear ကို လက်ဆောင်အဖြစ်ရရှိမှာဖြစ်ပါတယ်။
HUAWEI ကနေထုတ်လုပ်နေတဲ့ P Series စမတ်ဖုန်းတွေဟာ ဒီဇိုင်းပိုင်းမှာသာမက ခေတ်ရေစီးကြောင်းကို တမျိုးတဖုံ ပြောင်းလဲပေးနေတဲ့ အနုပညာမြောက် ထုတ်ကုန်တစ်ခုလို့ သုံးနှုန်းရင်လည်း မမှားပါဘူး။ အကောင်းဆုံးသော နည်းပညာ ဖန်တီးမှုနဲ့ ထွေးပိုက်ထားတဲ့ P Series ကို “Art of Motion” လို့ ပြောနိုင်သလို လွတ်လပ်မှု ၊ အကန့်သတ်မဲ့ ရွေ့လျားနိုင်မှု အစရှိတဲ့ အရည်သွေးတွေ ပိုင်ဆိုင်ထားပါတယ်။တစ်နည်းပြောရင်တော့ P40 Series ရဲ့ ဒီဇိုင်းအလှနဲ့ မျက်နှာပြင် ဖန်တီးမှုအနုပညာဟာ Art of Motion ကို အခြေခံထားတာ ဖြစ်ပါတယ်။ အခုလို မျက်နှာပြင် လေးဖက်ခုံး Quad-curved Overflow Display နည်းပညာကို ရှင်းပြချင်ပါတယ်။

Photo Source https://web.facebook.com/HuaweimobileMM/

စမတ်ဖုန်း Display နည်းပညာမှာ ဦးဆောင်နေတဲ့ HUAWEI က ဘောင်မဲ့ (အကန့်သတ်မဲ့) Display ဖန်တီးနိုင်ဖို့ ကြိုးစားနေခဲ့တာ ကာလတစ်ခုကြာမြင့်ခဲ့ပြီပဲဖြစ်ပါတယ်။ ဘေးဘောင်နှစ်ဘက် မျက်နှာပြင်အကွေး ဒီဇိုင်းနဲ့ စမတ်ဖုန်းကို HUAWEI Mate30 Series မှာ မိတ်ဆက်ပြီးနောက်ပိုင်း အခု HUAWEI P40 Pro ဟာ လက်ရှိအချိန်မှာInnovative အဖြစ်ဆုံး Display နည်းပညာ ပဲဖြစ်ပါတယ်။ အခု HUAWEI P40 Pro မှာဆိုရင် HUAWEI Quad-curve Overflow Display အမျိုးအစားလို့ သတ်မှတ်ထားပြီး လေးဖက်လေးတန် မျက်နှာပြင်ကွေး အမျိုးအစားပဲဖြစ်ပါသည်။ မြင်သာအောင် ပြောရရင်တော့ ရေအပြည့်ထည့်ထားတဲ့ ဖန်ခွက်မျက်နှာပြင်မှာ မဖိတ်မစင်ဘဲ ရေရွေ့လျားနေသလို ဖြစ်နေသလို ဖန်တီးထားတာပါ။ဖန်ခွက်ထဲ ရေပြည့်လာရင် ဖိတ်စင်မှာ အမှန်ဆိုပေမယ့် မျက်နှာပြင်မှာ ဖြစ်ပေါ်လာတဲ့ Surface Tension ကြောင့် နဘေးကကြည့်ရင် မတရားကို လှပါတယ်။ အဲ့သလိုပဲ HUAWEI P40 Pro ၊ P40 Pro+ စမတ်ဖုန်းတွေမှာ အလားတူပုံစံမျိုး ဖန်တီးထားလို့ သုံးစွဲသူတွေကို Immersive Viewing Experience ကို ရရှိစေမှာပါ။HUAWEI Quad-curve Overflow Display နည်းပညာဟာ လှပကျော့ရှင်းပြီး အကန့်သတ်မဲ့ Display ဟာ သုံးစွဲသူတွေကို မြင်ရုံနဲ့ ကျေနပ်မှုတွေ ပေးစွမ်းနိုင်ပါသည်။ HUAWEI P30 Pro Display နဲ့ နှိုင်းရမယ်ဆိုရင်တော့ ဘယ်ဘက်နဲ့ ညာဘက်နှစ်ဘက်မှာပဲ မျက်နှာပြင် ကွေးထားခဲ့တာပါ၊ အခု HUAWEI P40 Pro မှာ မျက်နှာပြင် လေးဘက်ခုံးဖြစ်လာတဲ့အပြင် နဂို ဘယ်ဘက်နဲ့ ညာဘက် မျက်နှာပြင်နှစ်ခုကို နည်းနည်းလေး ပိုခုံးပေးထားပါသည်။ ယခုလို Curve Edge တွေ ပိုခုံးထားပေမယ့် ကိုင်တွယ်အသုံးပြုရတဲ့အခါ သက်တောင့်သက်သာ ရှိစေမယ်၊ ဘောင်မဲ့ Display အဖြစ် အသုံးပြုနိုင်မယ်၊ နောက်တစ်ချက်ကတော့ ချောမွေ့နေတဲ့ မျက်နှာပြင်ကြောင့် ကိုင်တွယ်အသုံးပြုရ အဆင်ပြေသလို Gesture Control ပိုင်းလည်း ပြည့်စုံသွားစေတဲ့အတွက်ကြောင့် Premium User Experience ရရှိစေဦးမှာပါ။


Photo Source https://web.facebook.com/HuaweimobileMM/

မတ်ဖုန်းတစ်လုံးရဲ့ အသွင်အပြင် လက္ခဏာဆိုတာ အထာကျဆုံး Design ပဲဖြစ်ပြီးတော့ မော်ဒယ်တစ်ခုကနေတစ်ခု ပြောင်းလာတဲ့အခါ အသုံးပြုထားတဲ့ ဒီဇီုင်းသစ်ရဲ့ အားသာချက်၊ လုပ်ဆောင်နိုင်စွမ်းကို ဖော်ပြနိုင်တဲ့အခါကို ဆိုလိုတာပါ။ HUAWEI P40 Pro တွေမှာ Overflow ဒီဇိုင်း အသုံးပြုထားပြီး အဆိုပါ ဒီဇိုင်းအသစ်မှာ အနားသတ်လေးဘက်ကို လုံးဝန်းပေးထားပြီး မျက်နှာပြင်ခုံးလေးခုနဲ့ ပနံရအောင် ဖန်တီးထားပါတယ်။ ဒါကြောင့်မလို့ Quad-curved Overflow Display နဲ့ လိုက်ဖက်သလို ခေတ်စကားအရ Streamlined ဒီဇိုင်းကို မြင်တွေ့ရမယ်လို့ ပြောနိုင်ပါတယ်။ HUAWEI P40 Pro ရဲ့ မျက်နှာပြင် လေးဘက်ခုံး Display ၊ အနားသတ်လုံးဝန်းနေတဲ့ Unique Streamlined ဒီဇိုင်းတွေကြောင့် ကိုင်တွယ် အသုံးပြုရတဲ့အခါ ချောမွေ့နေမယ့်အပြင် Viewing Experience ပိုင်းမှာလည်း ကျေနပ်အားရစေမှာပါ။
HUAWEI P40 Pro မှာဆိုရင် အဆင့်မြင့်တင်ထားတဲ့ ကင်မရာစနစ် အသုံးပြုထားပြီး အရင်မော်ဒယ်တွေနဲ့ မတူတဲ့ ကင်မရာ Setup ဒီဇိုင်း၊ ကြီးမားတဲ့ Sensor တွေနဲ့ ဖန်တီးထားပါတယ်။ ကင်မရာ Setup ဒီဇိုင်းကို P Series တွေရဲ့ Signature ဖြစ်တဲ့ ဒေါင်လိုက်ကလေး ထည့်သွင်းထားပြီး Logo ကို ကင်မရာ Alignment နဲ့ လိုက်ဖက်အောင် အလျားလိုက် ထည့်ထားပါသည်။ ထို့အပြင် All-in-one Camera Module ဒီဇိုင်းက ကင်မရာ Components တွေကို ကောင်းမွန်စွာ စုစည်းပေးထားပြီး အရွယ်စားအနေနဲ့လည်း သင့်တင့်မှုရှိသလို ဖုန်းတစ်လုံးလုံးရဲ့ Size နဲ့ နှိုင်းယှဉ်လိုက်မယ်ဆိုရင်လည်း ပန်းချီကားတစ်ချပ်လို အချိုးညီညီ ဖန်တီးထားသလို မြင်တွေ့ရမှာပဲဖြစ်ပါသည်။
နောက်တစ်နည်းအားဖြင့် ဆိုရသော် Layers ထပ်ထားတဲ့ ပန်းချီကားတစ်ချပ် သို့မဟုတ် တေးတစ်ပုဒ်နားဆင်တဲ့အခါ ပနံရတဲ့ သဘာဝအလှတရားနောက် ကျွန်တော်တို့တတွေ စိတ်ဝင်တစား ရှာဖွေတတ်ကြပါတယ်။HUAWEI P40 Pro တွေမှာ အလားတူပုံစံမျိုး ဖွဲ့စည်းထားပြီး အနားသတ် လုံးဝန်းနေတဲ့ ထောင့်မှန်စတုဂံ Body တို့နဲ့ ဖန်တီးထားပါတယ်။ ဒီထဲမှာ စမတ်ဖုန်းရဲ့ ကျောဘက်ကိုယ်ထည်၊ ကင်မရာ Setup နဲ့ ကင်မရာ Lens တွေအားလုံး ပါဝင်ပါတယ်။ HUAWEI P40 Pro ရဲ့ အစိတ်ပိုင်း အားလုံးက Streamlined ဒီဇိုင်းမှာ အကျုံးဝင်တယ်လို့ ဆိုနိုင်ပြီး Golden Spiral အသုံးနှုန်းလို ဖုန်းကိုယ်ထည်၊ ကင်မရာ Setup ၊ Overflow Display နဲ့ Rounded Edge စတဲ့ Factors (Fibonacci) တွေနဲ့ လှပအောင် အချိုးချ ဖန်တီးထားလို့ပါ။ဒါကြောင့် Fibonacci Golden Spiral လို့ တင်စားထားသလို ဖုန်းတစ်လုံးကို မြင်လိုက်တာနဲ့ ဘယ်ဘက်ကနေ ကြည့်ကြည့် လှတယ်၊ ပနံရတယ်၊ ရွေ့လျားနေတဲ့ တိမ်တိုက်နဲ့ ပြေးနေတဲ့ ရေပြင်လို ကာရန်လိုက်တယ် စသဖြင့် ခံစားစေနိုင်ပါတယ်။

Photo Source https://web.facebook.com/HuaweimobileMM/

HUAWEI P40 Pro မှာ အသုံးပြုထားတဲ့ ကင်မရာပိုင်းနဲ့ စတင်ရရင် Watch Crystal Process အသုံးပြုထားပါတယ်။ မြင်သာအောင် ပြောရရင် ဓာတ်ပုံရိုက်တဲ့အခါ ကင်မရာ ၃ လုံးစလုံးကို Shade နဲ့ Light ခွဲခြားသိစေဖို့ ကင်မရာစနစ်ထဲမှာ အကန့်လေး ခွဲထားတာမျိုးပါ။ဘာနဲ့ဆင်တူလဲဆို လူရဲ့မျက်လုံးမှာ Pupil ကို Iris က ဝန်းရံထားသလို HUAWEI P40 Pro ကင်မရာစနစ်မှာ Watch Crystal Process ကို အသုံးပြုထားပါတယ်။မတူညီတဲ့ Lens အရွယ်စားတွေ အကောင်းမွန်ဆုံး ဖွဲ့စည်းမှု ဖြစ်လာစေဖို့ ကနဦး စမ်းသပ်မှုတွေ ကြိမ်ဖန်များစွာ ပြုလုပ်ခဲ့ပြီး ဒီစမ်းသပ်မှုတိုင်းမှာ ထုတ်လုပ်မှု Standard နဲ့ အညီ စမ်းသပ်ခဲ့သလို Lens တစ်ခုစီတိုင်းမှာ Iconic Blue-green Film သုံးပေးထားပါတယ်။
အချုပ်အနေနဲ့ P40 Series ရဲ့ ခေတ်ရှေ့ပြေး ဒီဇိုင်းဖန်တီးရာမှာ အထက်မှာ ပြောခဲ့သလို သီးသန့်ဆန်ပြီး သေချာ အနုစိတ်ဖန်တီးထားတဲ့ လက်ရာတွေနဲ့အတူ၊ ခေတ်ရှေ့ပြေး နည်းပညာတစ်ခုဖြစ်တဲ့ ထောင့်လေးဘက်လုံးကွေးနေတဲ့ Quad-curve Overflow Display နည်းပညာတွေပါဝင်လာတာပဲဖြစ်ပါသည်။ ဒါ့အပြင် HUAWEI P40 Pro ရဲ့ မျက်နှာပြင် ဘေးဘောင်တွေဟာ သေးသွယ်တဲ့ အပြင် ထုတ်လုပ်မှုအပိုင်းမှာလည်း အားသာချက်တချို့ရှိနေပါသေးတယ်။ ဘယ်နေရာမှာလဲဆိုရင် Glass Panel နဲ့ သတ္ထု Frame တို့ ပေါင်းစပ်ပြီး ဖုန်းကိုယ်ထည် ဖြစ်လာစေဖို့ ပြုလုပ်ရတဲ့အခါ အသုံးဝင်ပြီး ကိုင်ရတာ ချောမွေ့ပြီး သက်တောင့်သက်သာ ဖြစ်စေဖို့ပါ။ သိသာတဲ့နေရာကတော့ ဖုန်းရဲ့ထောင့်ချိုးတိုင်းဟာ သတ္ထုကိုယ်ထည်ကို လုံးဝန်းနေအောင် ဖန်တီးထားပြီး အဲ့ထောင့်ချိုးတွေကပါ စမတ်ဖုန်းရဲ့ မျက်နှာပြင်ကို ပိုးထားတဲ့ နေရာတွေ ဖြစ်နေပါတယ်။ တနည်းဆိုရသော် HUAWEI Quad-curve Overflow Display နဲ့ Rounded Smooth Edges က အလှတရား ဖြစ်စေလို့ ထုတ်လုပ်တဲ့အဆင့်ဆင့်တိုင်းမှာလည်း စနစ်တကျ ဖန်တီးထားလို့ အချိတ်ဆက်မိမိ လှပကျော့ရှင်း သေသပ်နေတာပဲဖြစ်ပါတယ်။ အလားတူပဲ ကြွရွနေပြီးတော့ လက်ထဲကိုင်လိုက်တာနဲ့ ကျစ်ကျစ်လျစ်လျစ် ဖြစ်စေတဲ့ ခံစားချက်မျိုး ရရှိစေမှာပဲဖြစ်ပါသည်။ HUAWEI P40 Pro ကို မြန်မာနိုင်ငံမှာ Brush Gold (ရွှေရောင်) ၊ Deep Sea Blue (နက်ပြာရောင်) နှင့် Silver Frost (ငွေရောင်) တို့ဖြင့် တင်သွင်းလာမှာဖြစ်ပြီး ဈေးနှုန်းအားဖြင့် (၁,၅၉၉,ဝဝဝ) ကျပ်ဖြင့် Pre-Order မှာယူနိုင်မှာပဲဖြစ်ပါသည်။ HUAWEI P40 Pro ဝယ်ယူသူတိုင်းလက်ဆောင်အနေဖြင့် ငွေကျပ် ၅သိန်းဝန်းကျင်ခန့် တန်ဖိုးရှိတဲ့ HUAWEI x Gentle Monster Eyewear ကိုရရှိဦးမှာလည်းဖြစ်ပါတယ်။