PUBG MOBILE Club Open Global 2019 Final ပွဲစဉ်များတွင် Vivo NEX ၏ နောက်ဆုံး Gaming Upgrade များကို မိတ်ဆက်ပြသ

နောက်ဆုံးပေါ် Multi-Turbo တပ်ဆင်ထားသည့် Game ကစားရန် အထူးထုတ်လုပ်ထားသော Vivo ၏ game-changing smartphone NEX မှ Turbo Mode ဖြင့် ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၂၆ ရက်နေ့မှ ၂၈ ရက်နေ့အထိ ဂျာမနီနိုင်ငံ၊ ဘာလင်မြို့တွင် ကျင်းပပြုလုပ်ခဲ့သော PUBG MOLBILE Club Open (PMCO) 2019 ၏ Spring Split Global Final ပွဲစဉ်များ၏ ထိပ်တန်းအဖွဲ့ ၁၆ ဖွဲ့ကို ပြိုင်ဆိုင်စေခဲ့ပြီး Vivo Nex ၏ နောက်ဆုံး Gaming Upgrade များကို မိတ်ဆက်ပြသခဲ့ ကြောင်းသိရသည်။

Photo Source – https://www.vivo.com

NEX သည် gamers များအတွက် ၎င်းတို့၏ ပြိုင်ဆိုင်မှုကို ထောက်ပံ့ပေးသည့် နောက်ဆုံးပေါ် gaming ကိရိယာတစ်ခုဖြစ် ပြီး PMCO 2019 ပြိုင်ပွဲများကို Sprint နှင့် Fall Split ဖြင့် အမျိုးအစား နှစ်မျိုး ခွဲခြားထားကာ အမျိုးအစားတစ်မျိုးစီအတွက် အမေရိကန်ဒေါ်လာ ၂ ဒဿမ ၅ သန်း ဆုချီးမြင့်သွားမည်လည်းဖြစ်သည်။
NEX သည် Vivo ၏ premium ရွေးချယ်စရာအဖြစ် ထုတ်လုပ်ထားသည့် flagship စီးရီးဖြစ်ပြီး ဆန်းသစ်တီထွင်မှုများဖြင့် ဖန်တီထားသော ဒီဇိုင်း၊ လုပ်ဆောင်ချက်များအပြင် cutting-edge နည်းပညာများ အသုံးပြုထားသည့် ထိပ်တန်းစမတ်ဖုန်း တစ်ခုလည်းဖြစ်သည်။ မျက်နှာပြင်အပြည့် notch-free Ultra FullViewTM Dispay ဖြင့် ဖန်တီးထားသည့် NEX သည် bezel-less အနေအထားကို ဖန်တီးပေးပြီး screen-to-body ၉၁ ဒဿမ ၂၄ ရာခိုင်နှုန်း ရှိသည့်အတွက် gamers များကို အကောင်းဆုံးအတွေ့အကြုံများကို အပြည့်အဝဖန်တီးပေးနိုင်မည်လည်းဖြစ်သည်။

Photo Source – https://www.vivo.com

လက်ရှိတွင် Vivo သည် နောက်ဆုံးပေါ် အကောင်းဆုံးနှင့်အသစ်ဖြစ်သော game feature များယူဆောင်လာနိုင်ခြင်းဖြင့် gamer ၏ စွမ်းရည်ကို ပိုမို မြှင့်တင်ပေးနိုင်ခဲ့ပြီး PUBG MOBILE Club Open Global Finals 2019 ပွဲစဉ်များတွင် ထောက်ပံ့ပေးနိုင်ရန် ရည်ရွယ်ထားကြောင်းသိရသည်။ NEX ၏ အဆင့်မြင့် နည်းပညာများဖြင့် gamer များသည့် ပြိုင်ပွဲတစ်လျှောက် အကောင်းဆုံး best-in-class gaming software များကို အသုံးပြုနိုင်မည်လည်းဖြစ်သည်။
NEX တွင် မိုဘိုင်းဂိမ်းများ နစ်ဝင်ကစားနေစဉ်အတွင်း အကောင်းဆုံး လုပ်ဆောင်ချက်များကို ရရှိနိုင်ဖို့ Vivo Multi-Turbo Engine ကို ထည့်သွင်းထားပြီး အကောင်းဆုံးနှင့် အချောမွေ့ဆုံး gaming အတွေ့အကြုံများ ရရှိနိုင်ရန် Game Turbo, Center Turbo, Colling Turbo နှင့် AI Turbo များဖြင့် ပေါင်းစပ်ထည့်သွင်းထားကြောင်းလည်းသိရသည်။‘Game Turbo’ က PUBG MOBILE အပါအဝင် အခြားနာမည်ကြီး မိုဘိုင်းဂိမ်းများကို အကောင်းဆုံးကစားနိုင်စေရန် game performance SDK နဲ့ ချိတ်ဆက်ထားသည်။

Photo Source – https://www.vivo.com

‘Center Turbo’ က CPU နဲ့ internal storage တွင်ပါဝင်သည့် အချက်အလက်များကို အဓိကထားပြီး အခြားအက်ပလီ ကေးရှင်းများ ဖွင့်ထားသည့်တစ်ချိန်တည်းမှာပင် အမြင့်ဆုံး game လုပ်ဆောင်ချက်ကို ရရှိစေရန်လုပ်ဆောင်ပေးခြင်းလည်း ဖြစ်သည်။ ထိုသို့ လုပ်ဆောင်ချက်သည် FPS လျော့ကျမှုကို ၇၈ ရာခိုင်နှုန်းလျှော့ချပေးကြောင်းသိရသည်။ ‘Cooling Turbo’ က game ပွဲစဉ်များ အပြင်းအထန်ကစားနေစဉ် အပူထိန်းချုပ်ပေးသည့် feature မှတစ်ဆင့် စမတ်ဖုန်းများကို အပူမလွန်ကဲ စေရန် လုပ်ဆောင်ပေးသည်။

Photo Source – https://www.vivo.com

‘AI Turbo’ မှ CPU/GPU လုပ်ဆောင်ချက်များကို ချောမွေ့သော game အတွေ့အကြုံများ ရရှိစေရန် ဖြစ်လာမည့် အခြေအနေများကို စနစ်တကျ ပြုလုပ်ပေးသည်။ AI ခန့်မှန်းချက်များမှတစ်ဆင့် အသုံးပြုသူများ၏ အက်ပလီကေးရှင်း အမြန်နှုန်းများကို ပုံမှန်အမြန်နှုန်းများထက် ၂၀% ထက်ပိုစေရန် ဆောင်ရွက်ပေးပါသည်။ အသုံးပြုသူများသည် NEX ၏ PUBG MOBILE အက်ပလီကေးရှင်းပေါ်တွင် Turbo Mode ကို ရရှိနိုင်ပါသည်။
PMCO 2019 Spring Split ကို မတ်လတွင် စတင်ကျင်းပခဲ့ပြီး ကမ္ဘာအနှံ့အပြားမှ ဂိမ်းအဖွဲ့ဝင်ပေါင်း (၃၀၀၀၀) ကျော် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ Fall Split ပြိုင်ပွဲများကို လာမည့်နှစ်တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းလည်းသိရသည်။

Photo Source – https://www.vivo.com

PUBG MOBILE ကို App Store နှင့် Google Play တို့တွင် အခမဲ့ ဒေါင်းလုဒ် ရယူနိုင်ပြီး အသေးစိတ်သိရှိလိုပါက Facebook, Twitter နှင့် YouTube တို့တွင် လေ့လာကြည့်ရှုနိုင်ပါသည်။
Vivo စမတ်ဖုန်းများအကြောင်းကို ပိုမိုသိရှိလိုတယ်ဆိုရင်တော့ https://www.vivo.com တွင်ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။