ထူးခြားဆန်းသစ်သောအစီအစဉ်များနှင့် မင်္ဂလာလက်ဖွဲ့အွန်လိုင်းဝန်ဆောင်မှု Website

မင်္ဂလာဆောင်တော့မယ့် ချစ်သူစုံတွဲတွေအတွက် ဆွေမျိုးအသိုင်းအဝိုင်းတွေအပါအဝင် အွန်လိုင်းပေါ်မှာရှိတဲ့ သူငယ်ချင်း မိတ်ဆွေအပေါင်းအသင်းအားလုံးကို စုံလင်အောင်မဖိတ်ကြားလိုက်ရတဲ့အခါမျိုးတွေရှိတတ်ကြသလို အကြောင်းအမျိုးမျိုး ကြောင့် အသိမိတ်ဆွေမင်္ဂလာဆောင်ကို ကိုယ်တိုင်မသွားနိုင်ခဲ့လို့ လက်ဆောင်ပစ္စည်းတစ်ခုခုဝယ်မပေး လိုက်ရတဲ့အခါမျိုး တွေလည်းဖြစ်တတ်ကြပါတယ်။
အလုပ်မအားတဲ့အသိမိတ်ဆွေတွေ၊ နယ်ဝေးကမိတ်ဆွေတွေကတော့ မိမိမင်္ဂလာဆောင်ကို မလာနိုင်ကြပေမယ့်လည်း လက် ဖွဲ့ပစ္စည်းတွေကို လူကြုံထည့်ပေးရတာတွေ၊ ကားဂိတ်ကတဆင့်ပို့ရတာတွေ ပြုလုပ်တတ်ကြပါတယ်။ အဲ့လိုပြုလုပ်တဲ့နေရာ မှာလည်း အချိန်ကုန်ကြန့်ကြာစေမှုနဲ့ အခြားမလိုလားအပ်တဲ့ ပြဿနာတွေလည်းဖြစ်လာတတ်ကြတာပါပဲ။

Photo Source – https://www.facebook.com/mingalarletphwet/

မင်္ဂလာဆောင်တော့မယ့် ချစ်သူစုံတွဲတွေအနေနဲ့လည်း မိမိတို့မင်္ဂလာဆောင်ကို အဝေးကသူငယ်းချင်းမိတ်ဆွေတွေ အားလုံး ကိုလည်း သိစေချင်တယ်။ လက်ဖွဲ့ပစ္စည်းများများလည်းရစေချင်တယ်ဆိုရင်တော့ ခုပြောပြမယ့် မင်္ဂလာလက်ဖွဲ့အွန်လိုင်း ဝန်ဆောင်မှု Website လေးကိုတော့ မဖြစ်မနေသိထားဖို့တော့လိုပါတယ်။
မင်္ဂလာလက်ဖွဲ့အွန်လိုင်းဝန်ဆောင်မှု Website ကတော့ မင်္ဂလာဆောင်တော့မယ့်ချစ်သူစုံတွဲတွေအတွက် မင်္ဂလာလက်ဖွဲ့စာ ရင်းမှာဖြည့်စွက်ပြီး မိတ်ဆွေသူငယ်ချင်းအားလုံးကို ဖြန့်ဝေပေးလို့ရတဲ့ အွန်လိုင်းဝန်ဆောင်မှုပဲဖြစ်ပါတယ်။ လက်ဖွဲ့ချင်တဲ့သူ ဘက်ကလည်း Website မှာဖော်ပြထားတဲ့ လက်ဖွဲ့ပစ္စည်းစုံစုံလင်လင်ကို ရွေးချယ်ပြီးလက်ဖွဲ့နိုင်တဲ့ လွယ်ကူရိုးရှင်းတဲ့ အွန် လိုင်းဝန်ဆောင်မှုတစ်ခုလည်းဖြစ်ပါတယ်။ သုံးစွဲသူအားလုံးအတွက်လည်း အခမဲ့ဝန်ဆောင်မှုဖြစ်ပါတယ်။

Photo Source – https://www.facebook.com/mingalarletphwet/

မင်္ဂလာဆောာင်တော့မယ့် ချစ်သူစုံတွဲတွေအတွက် မင်္ဂလာလက်ဖွဲ့ဝန်ဆောင်မှုကို အသုံးပြုမယ်ဆိုရင်တော့ ပထမဆုံး Register ပြုလုပ်ဖို့အတွက် Facebook ဖြင့်ဖြစ် စေ Email ဖြင့်ဖြစ်စေ Account တစ်ခုဖွင့်ရပါမယ်။ ပြီးမှ သတို့သား၊ သတို့သမီးနာမည်၊ ဖုန်းနံပါတ်၊ Email ၊ နေရပ်လိပ်စာ၊ မင်္ဂလာပွဲကျင်းပမည့်အချိန်၊ ကျင်းပမည့်နေရာ၊ လက်ဆောင်ထုတ် ယူမည့်နေရာ၊ စတဲ့အချက်အလက်တွေကို ဖြည့်သွင်းရပါတယ်။ မင်္ဂလာဧည့်ခံပွဲကျင်းပမည့်တည်နေရာကို Google Map နဲ့တ ကွဖော်ပြပေးနိုင်အောင်ပြုလုပ်ထားပါတယ်။ မင်္ဂလာလက်ဖွဲ့စာရင်းကို ကိုယ်ပိုင်ဓာတ်ပုံတွေ၊ Pre-wedding ဓာတ်ပုံ တွေ၊ မင်္ဂလာဆောင်နဲ့ပတ်သက်တဲ့ အချက်အလက်တွေထည့်သွင်းပြီးဖန်တီးနိုင်သလို မိမိတို့လိုချင်တဲ့ မင်္ဂလာလက်ဖွဲ့ပစ္စည်းတွေ ကိုလည်း ထည့်သွင်းဖော်ပြနိုင်ပါတယ်။ မင်္ဂလာလက်ဖွဲ့စာမျက်နှာပြုလုပ်ပြီးတာနဲ့ မိမိဖိတ်ကြားချင်တဲ့ သူငယ်ချင်းမိတ်ဆွေ တွေကို မင်္ဂလာလက်ဖွဲ့စာမျက်နှာ Link ကိုပေးပို့ပြီးဖိတ်ကြားနိုင်ပါတယ်။

Photo Source – https://www.facebook.com/mingalarletphwet/

မင်္ဂလာဆောင်လက်ဖွဲ့ချင်သူများအတွက်လည်း မင်္ဂလာလက်ဖွဲ့ Website စာမျက်နှာမှာဝင်ရောက်ပြီး မိမိလက်ဖွဲ့ချင်တဲ့ သတို့သား၊ သတို့သမီးနာမည်များကို ဖြည့်စွက်ပြီး Website မှာ ဖော်ပြထားတဲ့ ပစ္စည်းအမျိုးအစားပေါင်း (၅၀၀၀) ကျော်ထဲ ကမိမိလက်ဖွဲ့ချင်တဲ့ ပစ္စည်းကိုရွေးချယ်နိုင်ပါတယ်။ ပရိဘောဂပစ္စည်း၊ လျှပ်စစ်ပစ္စည်း၊ အသုံးအဆောင်ပစ္စည်းစတဲ့ လက်ဖွဲ့ ပစ္စည်းတွေပါဝင်ပါတယ်။ လက်ဖွဲ့ပစ္စည်းအတွက်ငွေပေးချေမှုကိုတော့ အီလက်ထရောနစ်စနစ်ဖြင့် ဖြစ်စေ၊ ငွေပေးချစနစ် နဲ့ဖြစ်စေ ပေးချေနိုင်ရန်ပြုလုပ်ထားပါတယ်။ လက်ဆောင်ကဒ်ဝယ်ယူပြီး ငွေကြေးနဲ့လက်ဖွဲ့နိုင်သလို ဟန်းနီးမွန်းထွက်ဖို့အ တွက်လည်း ငွေကြေးထည့်သွင်းလက်ဖွဲ့နိုင်ပါတယ်။ မင်္ဂလာပွဲပြီးသွားတဲ့အချိန်မှာလည်း မိမိတို့ရရှိတဲ့ လက်ဆောင်ပစ္စည်း တွေကို ဝင်ရောက်ကြည့်ရှုနိုင်သလို ပစ္စည်းတန်ဖိုးစုစုပေါင်းကိုလည်း ဖော်ပြထားပေးပါတယ်။

Photo Source – https://www.facebook.com/mingalarletphwet/

သတို့သား၊ သတို့သမီးနဲ့ ရရှိထားတဲ့လက်ဖွဲ့ပစ္စည်းတွေကိုမနှစ်သက်လို့ ပြန်လည်လဲလှယ်မှုပြုလုပ်မယ်ဆိုရင်လည်း ဈေးနှုန်း ညီမျှတဲ့ပစ္စည်းတစ်ခုခုကို ပြန်လည်လဲလှယ်ခွင့်ရှိပါသေးတယ်။ မင်္ဂလာပွဲပြီးသွားတာနဲ့ ရန်ကုန်၊ မန္တလေး စတဲ့မြို့တွေ အတွက် အိမ်အရောက် ပစ္စည်းအရောက်ပို့ဆောင်ပေးနိုင်အောင် စီစဉ်ပြုလုပ်ထားခြင်းပဲဖြစ်ပါတယ်။
အသေးစိတ်သိရှိလိုပါကလည်း အောက်ပါ Link မှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
http://mingalarletphwet.com/about
https://www.facebook.com/mingalarletphwet/