မြန်မာပြည်တွင်း ကုန်ပစ္စည်းသယ်ယူပို့ဆောင်ရေးဝန်ဆောင်မှုမှာ အရေးပါတဲ့ Konesi

စီးပွားရေးလုပ်ငန်းရှင်တွေ၊ အသေးစားနဲ့အလတ်စားလုပ်ငန်းရှင်တွေအတွက် ကုန်ပစ္စည်းတွေကို တစ်နေရာကနေတစ်နေရာ ကိုပို့ဆောင်ပေးရတာကလည်း အနည်းနဲ့အများဆိုသလိုရှိတတ်ကြပါတယ်။ အဲ့ဒီအတွက်လည်း မိမိတို့ကိုယ်ပိုင်ကားတွေနဲ့ပို့ ဆောင်ပေးနေတဲ့သူတွေရှိသလို လုပ်ငန်းလိုအပ်ချက်အရ ကားအငှားဝန်ဆောင်မှုတွေကို အသုံးပြုတဲ့အခါမျိုးတွေလည်းရှိကြ တာပါပဲ။ အဲ့ဒီအတွက်လည်း မြန်ဆန်တိကျပြီးအချိန်ကုန်ကျမှုသက်သာစေတဲ့ ကားအငှားဝန်ဆောင်မှုတစ်ခုခုနဲ့ ချိတ်ဆက် ဆောင်ရွက်ထားဖို့လိုအပ်ပါတယ်။

Photo Source – https://www.facebook.com/konesifreight/

ကားငှားဝန်ဆောင်မှုဆိုတာမှာလည်း လူသာလိုက်ပါစီးနင်းလို့ရတဲ့ ကားအငှားဝန်ဆောင်မှုတွေရှိသလို ကုန်ပစ္စည်းသက်သက် သာ အဓိကထားပို့ဆောင်ပေးနေတဲ့ ကားအငှားဝန်ဆောင်မှုတွေလည်း များစွာရှိလို့နေပါတယ်။ ကုန်ပစ္စည်းတွေကို ဖြန့်ချိရေး လုပ်ငန်းလုပ်ကိုင်နေသူတွေအတွက်တော့ မိမိတို့ရဲ့လုပ်ငန်းနဲ့ သက်ဆိုင်တဲ့ကုန်ပစ္စည်းတွေကို တစ်နေရာမှတစ်နေရာ(သို့) ရန်ကုန်မြို့မှ အခြားနယ်မြို့တွေကိုပို့ဆောင်ရတဲ့အခါမျိုးများတတ်တာမို့ ကုန်ပစ္စည်းတွေကို သယ်ယူပို့ဆောင်ပေးတဲ့ကား အငှားဝန်ဆောင်မှုလုပ်ငန်းတိုင်းကို သိထားတာမမှားပါဘူး။

Photo Source – https://www.facebook.com/konesifreight/

ခုဖော်ပြပေးတဲ့ Konesi ဝန်ဆောင်မှုကတော့ ရန်ကုန်မြို့တွင်းမြို့နယ်တွေအပါအဝင်အခြားနယ်မြို့တွေဆီကို ကားစင်းလုံးငှား ရမ်းနိုင်ပြီး ကုန်ပစ္စည်းပို့ဆောင်ပေးတာတွေကို ပြုလုပ်ပေးတဲ့ ဝန်ဆောင်မှုလုပ်ငန်း Website တစ်ခုအကြောင်းပဲဖြစ်ပါတယ်။ ရန်ကုန်နဲ့ မန္တလေး မြို့ကြီးတွေမှာ ရှိတဲ့ Retail စတိုးဆိုင်များ၊ ကုန်စုံဆိုင်များ၊ စားသောက်ဆိုင်များ၊ Hotel များ၊ Coffee ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များကို တင်ပို့ရောင်းချနေတဲ့ ကုန်ပစ္စည်းများကို ဆိုင်အရောက်ပို့ပေးတဲ့ ဝန်ဆောင်မှုမျိုး Konesi မှာရရှိနိုင်ပါတယ်။ ဒါ့အပြင် ရန်ကုန်မြို့တွင်းသာမက အခြားမြို့များသို့ ကုန်ကားစင်းလုံးငှားရမ်းချင်ရင်လည်း Konesi မှာ ငှား ရမ်းနိုင်ခြင်းပဲဖြစ်ပါတယ်။

Photo Source – https://www.facebook.com/konesifreight/

Konesi ရဲ့ ကားစင်းလုံးအငှားဝန်ဆောင်မှုအတွက် ကားဈေးနှုန်းတွေကတော့ ကားအမျိုးအစားနဲ့ခရီးအကွာအဝေးပေါ်မှု တည်ပြီးကွာခြားပါတယ်။ ကားစင်းလုံးငှားဝန်ဆောင်မှုမှာလည်း Service နှစ်မျိုးပါဝင်ပါတယ်။
(၁) နေရာတစ်ခုမှ တစ်ခုသို့ပို့ဆောင်ရေးဝန်ဆောင်မှုပေး ခြင်း(ရန်ကုန်မြို့တွင်း (သို့) ရန်ကန်ုမှ နယ်မြို့များသို့)
(၂) နေရာတစ်ခုမှ တစ်ခုထက်ပိုသော နေရာများသို့ ပို့ဆောင်ရေးဝန်ဆောင်မှုပေးခြင်း (ရန်ကုန်မြို့တွင်း မြို့နယ်များသာ) စတဲ့ Service တွေပဲဖြစ်ပါတယ်။ ကားအငှားဝန်ဆောင်မှုအပြင် အခြားရရှိနိုင်တဲ့ဝန်ဆောင်မှုတွေကတော့
(၁) ငွေကောက်ခံပေးခြင်း
(၂) လက်ခံဘောင်ချာ ပြန်လည်ပေးပို့ပေးခြင်း
(၃) ကုန်ပစ္စည်းများ ပို့ရမည့်နေရာအလိုက် စီမံထုပ်ပိုးပေးခြင်း
(၄) ကုန်စည်ကို အာမခံထားရှိနိုင်ခြင်း
(၅) အကူလုပ်သားများရရှိနိုင်ခြင်း
(၆) စုံလင်တဲ့ ကားအမျိုးအစားများကို တစ်နေရာထဲမှာ ဈေးနှုန်းနှင့်တကွ ရွေးချယ်နိုင်ခြင်း စတဲ့အချက်တွေပဲဖြစ်ပါတယ်။

Photo Source – https://www.facebook.com/konesifreight/

ကားစင်းလုံးပြည့်မငှားရမ်းလိုသူများအတွက်လည်း ဝန်ဆောင်မှုဈေးနှုန်းဟာ ကုန်ပစ္စည်းအလေးချိန်အရွယ်အစားအပေါ်မှု တည်ပြီးဈေးနှုန်းကွာခြားချက်ရှိပါတယ်။ နေရာတစ်ခုမှ တစ်ခုထက်ပိုသောနေရာများအထိ ငှားရမ်းနိုင်ခြင်းနိုင်သလို Service များအနေဖြင့်
(၁) ငွေကောက်ခံပေးခြင်း
(၂) လက်ခံဘောင်ချာ ပြန်လည်ပေးပို့ပေးခြင်း
(၃) ကုန်ပစ္စည်းများ ပို့ရမည့်နေရာအလိုက် စီမံထုပ်ပိုးပေးခြင်း
(၄) အကူလုပ်သားများ ရရှိနိုင်ခြင်း စတာတွေပဲဖြစ်ပါတယ်။
Konesi မှာငှားရမ်းလို့ရတဲ့ကားအမျိုးအစားများအနေနဲ့လည်း ရန်ကုန်မြို့တွင်းအတွက်တော့ Hijet မှစပြီး ဘောက်စ်ကားများ အထိရရှိနိုင်သလို ခရီးရှည် ခရီးဝေးတွေအတွက်လည်း Hijet မှ စပြီး ၂၂ဘီးတွဲကားများအထိ ငှားရမ်းနိုင်ပါတယ်။

Photo Source – https://konesifreight.com/mm/

Konesi မှာကားငှားရမ်းပြီး ကုန်ပစ္စည်းပို့ဆောင်စေသူတွေအတွက် ကုန်ပစ္စည်းပို့ပြီးကြောင်း လက်ခံစာရွက်ကိုလည်း Konesi မှ ပြန်လည်ပေးပို့ပေးပါတယ်။ Konesi ရဲ့ဝန်ဆောင်မှုကို ဆက်လက် သုံးစွဲမည်ဆိုရင်လည်း ပစ္စည်းပေးပို့ပြီးကြာင်း လက်ခံစာရွက်ကို ပြန်လည်ပေးပို့ပေးခြင်းအတွက် အခကြေးငွေမကောက်ခံတဲ့ ဝန်ဆောင်မှုကိုဆောင်ရွက်ပေးပါတယ်။ ပစ္စည်းပို့ပြီး သုံးရက်အတွင်း ပြန်လည်ပေးပို့ရမည်ဆိုရင်လည်း တည်နေရာတစ်ခုကို ကျပ် ၁၀၀၀ သာ Konesi ကကောက်ခံပါတယ်။ Konesi မှာ ကုန်ပစ္စည်းအာမခံဝန်ဆောင်မှုလုပ်ငန်းများနဲ့ ချိတ်ဆက်ထားတဲ့အတွက်လည်း ကုန်ပစ္စည်းကို ကုန်အာမခံထားရှိလိုပါက အာမခံဝန်ဆောင်ခထပ်မံပေးချေရမှာလည်းဖြစ်ပါတယ်။ Konesi service ကို မနက် (၇) နာရီ မှ ည(၇) နာရီ (တနင်္လာနေ့ မှ စနေနေ့ အထိ) ရရှိနိုင်မှာလည်းဖြစ်ပါတယ်။
အောက်ပါ Link မှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
https://konesifreight.com/mm/
https://www.facebook.com/konesifreight/