တိုက်ခန်းငှားတဲ့အခါ စပေါ် (၆) လစာ ကြိုပေးစရာမလိုတော့တဲ့ Nay Yar Platform

ရန်ကုန်မြို့မှာ အခန်းငှားနေထိုင်သူတွေအတွက် တစ်နေရာကတစ်နေရာပြောင်းရွှေ့နေထိုင်ရာတာမျိုးလည်းရှိတတ်ကြပါ တယ်။ တစ်လချင်းပေးရသူတွေအဆင်ပြေကြတယ်ဆိုပေမယ့် စပေါ်ပေးငှားရတာကျတော့ ငွေရေးကြေးရေးအဆင်မပြေတဲ့သူ တွေလည်းရှိတတ်ပါတယ်။ ကိုယ်တိုင်ကလည်း ကုမ္ပဏီဝန်ထမ်းဖြစ်နေတယ်။ ကိုယ်ငှားနေချင်တဲ့တိုက်ခန်းက (၆) လစာ စပေါ်ငွေ ပေးသွင်းရမယ်။ ကိုယ်ကလည်း လတ်တလောငွေက အပိုမရှိဘူးဆိုရင်တော့ Nay yar စိုက်ငှားဝန်ဆောင်မှုကို ရွေး ချယ်အသုံးပြုသင့်ပါတယ်။

Photo Source- https://www.facebook.com/nayyarplatform/photos/a.206121293408759/206121263408762/?type=3&theater

Nay Yar ရဲ့စိုက်ငှားဝန်အစီအစဉ်ဆိုတာကလည်း ငှားရမ်းနေထိုင်ချင်တဲ့တိုက်ခန်းရှိနေပေမယ့် စပေါ်ငွေ (၆) လစာမပေးချေ နိုင်သည်ဖြစ်စေ၊ မပေးချင်သေးရင်ပဲဖြစ်စေ Nay Yar က(၆) လစာအတွက် ငွေထုတ်ပေးသွားမည်ဖြစ်ပြီး ငှားရမ်းနေထိုင်သူ အနေနဲ့ လစဉ်တိုက်ခန်းငှားခနဲ့ဝန်ဆောင်ခကိုသာ ပေးသွင်းသွားရမယ့် ဝန်ဆောင်မှုဖြစ်ပါတယ်။
ဥပမာ- (၂) သိန်းတန်တိုက်ခန်းရဲ့ (၆) လစာ (၁၂) သိန်းကို Nay Yar မှဦးစွာဝန်ဆောင်မှုပေးသွားမှာဖြစ်ပါတယ်။ တိုက်ခန်း ငှားသူက လစဉ်တိုက်ခန်းငှားရမ်းခ (၂) သိန်း၊ ဝန်ဆောင်ခအနေနဲ့ (၁၂) သိန်းရဲ့ (၃) ရာခိုင်နှုန်း (၃၆၀၀၀) ကျပ်အပါအဝင် စုစုပေါင်း (၂၃၆၀၀၀)ကို Nay Yar အား (၆) လတိတိပုံမှန်ပေးသွင်းသွားရမှာဖြစ်ပါတယ်။
တိုက်ခန်းငှားရမ်းခလစာ (၁) သိန်းနဲ့ (၂) သိန်းကျပ် အတွင်းရှိတဲ့အခန်းများကိုပဲ (၆) လစာဝန်ဆောင်မှုပေးမှာဖြစ်ပြီး ရန်ကုန်မြို့တွင်းပိုင်းမြို့နယ်များ၊ စမ်းချောင်းမြို့နယ်၊ ကမာရွတ်မြို့နယ်၊ လှိုင်မြို့နယ်နဲ့ တာမွေမြို့နယ်တို့ကို ဦးစားပေးရွေး ချယ်ဝန်ဆောင်မှုပေးသွားမှာဖြစ်ပါတယ်။

Nay Yar ရဲ့စိုက်ငှားဝန်ဆောင်မှုနဲ့ပတ်သက်ပြီး အသေးစိတ်ထပ်မံလေ့လာချင်သေးတယ်။ ဖုန်းဆက်မေးမြန်းချင်တယ်ဆိုရင် အောက်ဖော်ပြပါ Link ကို ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
https://www.facebook.com/nayyarplatform/

Photo Source- https://www.facebook.com/nayyarplatform/

အသေးစိတ် သက်မှတ်ချက်များမှာ
၁။ ပိုင်ရှင်တိုက်ရိုက်အခန်းဖြစ်ရန် လိုအပ်ပါတယ်။ ပွဲစားနဲ့ချိတ်ဆက်ထားတဲ့အခန်းဖြစ်နေတယ်ဆိုရင်လည်း Nay Yar မှ ပွဲစားခပေးချေမှာမဟုတ်ဘဲ တိုက်ခန်းငှားလိုသူဘက်မှ ပွဲစားခပေးရမှာဖြစ်ပါတယ်။
၂။ Nay Yar အနေနဲ့ တိုက်ခန်းပိုင်ရှင်ဆီမှ ဝန်ဆောင်ခကောက်ခံမှာဖြစ်ပါတယ်။ အိမ်ငှားဘက်မှ မကောက်ခံပါ။
၃။ စပေါ်အနေနဲ့ တစ်လစာအခန်းငှားခကို ကြိုတင်ပေးသွင်းရမှာဖြစ်ပြီးနောက်ဆုံး (၆) လမြောက်အတွက် ငွေပေးသွင်းစ ရာမလိုတော့ပါ။
၄။ တိုက်ခန်းငှားလိုသူကလည်း (၆) လအပြည့် နေထိုင်ရမည်ဖြစ်ပြီးရွေ့ပြောင်းခြင်း၊ လူပြောင်းလဲခြင်းများပြုလုပ်ခွင့်မရှိပါ။
၅။ Nay Yar မှ တိုက်ခန်းပိုင်ရှင်နှင့် အငှားစာချုပ် ချုပ်ဆိုမည်ဖြစ်ပြီး ဝန်ဆောင်မှုရယူပြီးနေထိုင်သူအနေက Nay Yar နဲ့ ငွေ ကြေးစာချုပ်ချုပ်ဆိုရမှာဖြစ်ပါတယ်။
ဝန်ဆောင်မှုလျှောက်ထားရန် လိုအပ်သောစာရွက်စာတမ်းများမှာ
၁။ မှတ်ပုံတင်မိတ္တူ (အသက် ၂၀ ပြည့်ပြီးကြောင်းမှတ်ပုံတင်ဖြစ်ရပါမည်)
၂။ အမြဲတမ်းအိမ်ထောင်စုစာရင်းမိတ္တူ (နယ်မှလူများနယ်မှာရှိသောအိမ်ထောင်စုဇယား)
၃။ ကုမ္ပဏီဝန်ထမ်းဖြစ်ကြောင်းထောက်ခံစာ။ ထောက်ခံစာကိုကုမ္ပဏီ၏လိပ်စာပါသော Letter Head တွင် လျှောက်ထားသူ ၏ အမည်၊လစာ၊လုပ်သက်နှစ် နှင့် ရာထူးတို့ ပါဖော်ပြရပါမည်။
၄။ ထောက်ခံသူတစ်ဦး၏ မှတ်ပုံတင်မိတ္တူ၊ လက်ရှိလုပ်ကိုင်နေသောကုမ္ပဏီ၊ ရာထူး၊ ဆက်သွယ်ရန် ဖုန်းနံပါတ်နှင့်လိပ်စာ။ (ထောက်ခံသူသည် မူရင်းဝန်ဆောင်မှုရယူသူငွေကြေးပြန်သွင်းရန် တစုံတရာပျက်ကွက်ပါက တာဝန်ခံစိုက်သွင်းရပါမည် ဖြစ်ပါသည်။)

Photo Source- https://www.facebook.com/nayyarplatform/photos/a.226322391388649/296294241058130/?type=3&theater

စိုက်ငှားဝန်ဆောင်မှုအစီအစဉ်မှာလျှောက်ထားဖို့ အလုပ်တစ်ဖက်နဲ့မအားလပ်တဲ့လူတွေအတွက်လည်း ရုံးလာစရာမလိုပဲဖုန်း ဆက်အကြောင်းကြားလိုက်တာနဲ့ Nay Yar ရဲ့ဝန်ထမ်းက ရုံးအထိလာရောက်ယူပေးမှာဖြစ်ပါတယ်။ အွန်လိုင်းကနေလျှောက် ထားချင်တယ်ဆိုရင်လည်း အောက်ပါ Link မှ ဝင်ရောက်လေ့လာလျှောက်ထားနိုင်ပါတယ်။
https://bit.ly/2tFHulS