အသက်အရွယ်အပိုင်းအခြားမျိုးစုံက အမျိုးသမီးတိုင်းအတွက် “Madi”

ခေတ်ကာလအနေအထားအရ အမျိုးသမီးတစ်ဦးဟာ အသက်အရွယ်ကြီးပြင်းလာသည်ဖြစ်စေ၊ ငယ်ရွယ်နုပျိုးနေစဉ်မှာပဲဖြစ် စေ ကျန်းမာရေးဆိုင်ရာဗဟုသုတတွေ၊ အချစ်ရေးကိစ္စမှာ ဆောင်ရန်ရှောင်ရန်တွေ၊ ဖက်ရှင်နဲ့အလှအပရေးရာတွေ စတဲ့ အကြောင်းအရာမျိုးစုံကို သိရှိနေဖို့တော့လိုအပ်ပါတယ်။ အဲ့လိုသိထားတဲ့အတွက်ကြောင့်လည်း မိမိကိုယ်ကို ယုံကြည်မှုပိုမို ရရှိစေတဲ့အပြင် အရာရာကိုအောင်မြင်မှုရရှိစေအောင် စွမ်းဆောင်နိုင်တဲ့ စိတ်နေစိတ်ထားတွေရရှိလာတတ်ကြပါတယ်။

Photo Source – https://www.facebook.com/madi.duwun/?epa=SEARCH_BOX

အမျိုးသမီးတိုင်းရဲ့သဘာဝအရ အသက်အရွယ်အပိုင်းအခြားအလိုက် ခန္ဓာကိုယ်ဖွဲ့စည်းမှုဆိုင်ရာတွေလည်း ပြောင်းလဲလာ တတ်ကြပါတယ်။ ဓမ္မတာမမှန်ခြင်းရောဂါတွေအပါအဝင် အခြားသွေးသားဆိုင်ရာကျန်းမာရေးပြဿတွေတွေလည်း ဖြစ်လေ့ ဖြစ်ထရှိတတ်တာမို့ ကြိုတင်သိရှိကာကွယ်နိုင်ခြင်းထားဖို့လည်း အမျိုးသမီးတိုင်းအတွက် မဖြစ်မနေလိုအပ်ပါတယ်။
လုပ်ငန်းခွင်ဝင်ရောက်နေပြီဖြစ်တဲ့ အမျိုးအမီးတွေကလည်း လုပ်ငန်းခွင်နဲ့ပတ်သက်ပြီး တခါတလေမှာစိတ်ဖိစီးမှုတွေကိုအ နည်းနဲ့အများဆိုသလို ကြုံတတ်ကြရသလို အခြားသော လူမှုရေး၊ အချစ်ရေး ပြဿနာတွေကလည်း စိတ်ရှုပ်ထွေးမှုတွေကို ဖြစ်စေတတ်တာ သဘာဝပါပဲ။ အဲ့လို ပြဿနာတွေနဲ့ရင်ဆိုင်လာရတဲ့အခါ စိတ်ခွန်အားဖြစ်စရာ စာပေတွေကလည်း စိတ် သက်သာမှုရစေဖို့ တစ်ဖက်တစ်လမ်းက အကူအညီဖြစ်စေတတ်ပြန်ပါတယ်။

Photo Source – https://www.facebook.com/madi.duwun/?epa=SEARCH_BOX

အရွယ်ရောက်ခါစ အမျိုးသမီးတစ်ဦးချင်းကတော့ ဖက်ရှင်နဲ့အလှအပရေးရာကဏ္ဍတွေမှာ ပိုမိုစိတ်ဝင်စားသလို အရွယ် ရောက်ပြီးသား အမျိုးသမီးတစ်ဦးအနေနဲ့လည်း ကျန်းမာရေးဆိုင်ရာဗဟုသုတတွေကိုပိုမိုစိတ်ဝင်စားတတ်ကြတာသဘာ၀ ပါပဲ။ အဲ့ဒီအတွက်ကြောင့် ဖက်ရှင်နဲ့အလှအပရေးရာကို အဓိကစိတ်ဝင်စားတဲ့အမျိုးသမီးတွေရှိသလို ကျန်းမာရေးဆိုင်ရာဗဟု သုတတွေကို စိတ်ဝင်စားတဲ့အမျိုးသမီးတွေလည်း ရှိတတ်ကြပြန်ပါတယ်။
အမျိုးသမီးတွေရဲ့ ကျန်းမာရေးဆိုင်ရာတွေမှာလည်း ကိုယ်လက်လှုပ်ရှားမှုဖြင့်ဖြစ်စေပြုလုပ်လို့ရစေတဲ့ကျန်းမာရေးလေ့ကျင့် ခန်းတွေရှိသလို တချို့ကျန်းမာရေးကုထုံးတွေက သဘာဝအိမ်တွင်းဆေးမြီးတိုနဲ့ဖြေရှင်းလို့ အဆင်ပြေကောင်းမွန်သွားတဲ့အခါ မျိုးတွေလလည်းရှိပါတယ်။ အဲ့ဒါကြောင့်လည်း မိမိရဲ့ကျန်းမာရေးကို အကျိုးရှိစေမယ့် သဘာဝဆိုင်ရာအိမ်တွင်းဆေးမြီတို လေးတွေကိုလည်း သိထားတာအကောင်းဆုံးပါပဲ။

Photo Source – https://www.facebook.com/madi.duwun/?epa=SEARCH_BOX

အိမ်ထောင်ရှင်မိခင်လောင်းအမျိုးသမီးတွေအတွက်လည်း ကလေးမီးဖွားပြီးဆောင်ရန်၊ ရှောင်ရန်နဲ့ ကိုယ်ဝန်ရှိစဉ်မှာကျန်းမာ ရေးနဲ့သင့်တော်မယ့်နေထိုင်နည်းအကြောင်းအရာတွေကို သိရှိနားလည်ထားဖို့လိုပါတယ်။ အဲ့လိုသိရှိထားမှလည်း ကလေးနဲ့ မိခင်ကျန်းမာရေးအတွက်များစွာအကျိုးရှိစေမှာဖြစ်သလို ပျော်ရွင်စရာမိသားစုဘဝကိုဖြတ်သန်းနိုင်ကြမှာလည်း ဖြစ်ပါတယ်။
ဒီနေ့ခေတ်မှာတော့ လူသုံးများနေတဲ့ Social Media တွေကနေတဆင့် ကျန်းမာရေးဆိုင်ရာဗဟုသုတ၊ အချစ်ရေးကိစ္စတွေမှာ သိသင့်သိထိုက်တာများ၊ ဖက်ရှင်နဲ့အလှအပရေးရာကဏ္ဍတွေအားလုံးကို Social Media ပေါ်ကနေတဆင့်ပဲအများဆုံးကြည့် ရှုလေ့လာလာကြပါတယ်။ အဲ့ဒီအတွက်လည်း အသက်အရွယ်အပိုင်းအခြားမျိုးစုံက အမျိုးသမီးတိုင်းသိရှိလေ့လာနိုင်စေဖို့ Madi Facebook Page ကလည်း အကောင်းဆုံးနေရာတစ်ခုလို့ဆိုနိုင်ပါတယ်။

Photo Source – https://www.facebook.com/madi.duwun/?epa=SEARCH_BOX

Madi Facebook Page ကတော့ အသက်အရွယ်အပိုင်းအခြားမျိုးစုံက အမျိုးသမီးတိုင်းအတွက် ကျန်းမာရေးဆိုင်ရာဗဟုသု တ၊ အချစ်ရေးကိစ္စတွေမှာဆောင်ရန်ရှောင်ရန်၊ ဖက်ရှင်နဲ့အလှအပရေးရာ၊ စိတ်ဓာတ်ခွန်အားဖြစ်စေတဲ့အကြောင်းအရာတွေ ကို နေ့စဉ်ဖော်ပြပေးနေတော့ အမျိုးသမီးအားလုံးအတွက်တော့ အရေးပါအသုံးဝင်စေတဲ့ Page တစ်ခုလည်းဖြစ်ပါတယ်။ လက်ရှိမှာ Madi Facebook Page ကတော့ Follow ငါးသိန်းနီးပါးရှိနေပြီးလည်းဖြစ်ပါတယ်။

Photo Source – https://www.facebook.com/madi.duwun/?epa=SEARCH_BOX

အမျိုးသမီးအားလုံးအတွက် ဘဝရပ်တည်မှုအတွက် စိတ်ခွန်အားဖြစ်စေတဲ့အကြောင်းအရာ၊ ဘဝရှင်သန်နေထိုင်နည်းအ အကြောင်းအရာတွေကို ကျယ်ကျယ်ပြန့်ပြန့်ဖော်ပြထားတဲ့အတွက် အမျိုးသမီးတိုင်းရဲ့အဓိကထားလေ့လာသင့်တဲ့နေရာတစ် ခုဆိုလည်း မှားမယ်မထင်ပါဘူး။
အောက်ပါ Link မှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
https://www.facebook.com/madi.duwun/