Digital Yangon App ဖြင့်ရန်ကုန်မြို့ မြို့နယ် (၆) ခုအတွက် ပတ်ဝန်းကျင်လိုအပ်ချက်များ သတင်းပေးပို့နိုင်

Digital Yangon Application ကိုအသုံးပြု၍ ရန်ကုန်မြို့ရှိ မြို့နယ် (၆) ခုတွင် ရေပိုက်ပြဿနာများ၊ အမှိုက်ပြဿနာများ၊ စည်းကမ်းမဲ့ကားရပ်နားထားမှုများ၊ လမ်းပျက်စီးနေမှုများကို သတင်းပေးပို့တိုင်ကြားနိုင်ပြီဖြစ်ကြောင်းသိရသည်။ အဆိုပါ App နှင့်ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲကိုလည်း ၂၀၁၉ ခုနှစ် သြဂုတ်လ ၂၃ ရက်နေ့ ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးတွင်ကျင်းပပြုလုပ်ခဲ့သည်။

                                                           Photo Source By Myanmar Tech Press

အဆိုပါ ပြဿနာများကိုသတင်းပေးပို့နိုင်သည့် မြို့နယ်များမှာလည်း ကျောက်တံတားမြို့နယ်၊ ပုဇွန်တောင်မြို့နယ်၊ လသာ မြို့နယ်၊ ဗိုလ်တထောင်မြို့နယ်၊ လမ်းမတော်မြို့နယ်၊ ပန်းပဲတန်းမြို့နယ် တို့ဖြစ်ပြီး Digital Yangon Application ကို Play Store တွင် ဝင်ရောက် Install ပြုလုပ်အသုံးပြုနိုင်ပြီဖြစ်ကြောင်းသိရသည်။ အဆိုပါ Application သည် အစိုးရစီမံချက်ဖြင့် ဝန်ကြီးဌာနများက ဆောင်ရွက်အကောင်အထည်ဖော်နေသည့် E-Government လုပ်ငန်းစဉ်များထဲတွင်လည်းတစ်ခုအပါအ ဝင်ဖြစ်ကြောင်း အဆိုပါအခမ်းအနားမှသိရသည်။
အဆိုပါ App ကိုအသုံးပြုပြီးတိုင်ကြားရာတွင်လည်း မိမိဖုန်းနံပါတ်နှင့် အဆိုပါ App တွင်Register ပြုလုပ်ထားရမည်ဖြစ်ပြီး ဖြစ်ပျက်နေသည့် ပတ်ဝန်းကျင်အခြေအနေများကို အလွယ်တကူဓာတ်ပုံရိုက်ကူးတင်ပြနိုင်မည်လည်းဖြစ်သည်။ အဆိုပါတိုင် ကြားမှုအတွက်လည်း သက်ဆိုင်ရာတာဝန်ရှိသူများက အမြန်ဆုံးပြုပြင်ဆောင်ရွက်သွားမည်ဖြစ်ပြီး အဆိုပါ App မှတဆင့်ပြန် လည်အကြောင်းကြားပေးသွာမည်လည်းဖြစ်သည်။

 

                                                      Photo Source Screenshot By Myanmar Tech Press

Digital Yangon Application ကိုစတင်ပြုလုပ်မိတ်ဆက်သည့်အချိန်မှစ၍ Install ပြုလုပ်အသုံးပြုသူ သုံးထောင်ကျော်ရှိသွား ပြီဖြစ်သော်လည်း မလိုလားအပ်သည့်ပြဿနာများကို သတင်ပေးပို့လာသူများရှိသလို မှန်ကန်သည့်သတင်းပေးပို့ချက်များကို လည်း လိုက်လံဖြေရှင်းပေးခဲ့ပြီးဖြစ်ကြောင်း အဆိုပါအခမ်းအနားမှသိရသည်။ ထို့အပြင် ယခုအခါ သတင်းပေးပို့တိုင်ကြားနိုင် သည့်အချက်အလက်ငါးခုခန့်သာရှိပြီးနောက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးမြို့နယ်အားလုံးနှင့် ပတ်ဝန်းကျင်ပြဿနာများ ကိုထိရောက်စွာဖြေရှင်းပေးသွားနိုင်ရန် ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်းလည်းသိရသည်။
ယခုအခါတွင် ဓာတ်ပုံရိုက်သတင်းပေးပို့နိုင်သည့်အကြောင်းအဓိက အကြောင်းအရာများမှာလည်း ရေပိုက်ပေါက်ခြင်း၊ ရေယို စိမ့်ခြင်း၊ စည်ပင်နယ်နိမိတ်အတွင်းအမှိုက်နှင့်စွန့်ပစ်ပစ္စည်းများရှင်းလင်းခြင်း၊ ဓာတ်အားလိုင်းများ၊ လျှပ်စစ်ဝိုင်ယာကြိုးများ ပြတ်တောက်ခြင်း၊ လမ်းမပေါ်တရားမဝင်ကားရပ်နားခြင်းများ၊ ကားအဟောင်းနှင့်လိုင်စင်မဲ့ကားများရပ်နားခြင်း၊ ယာဉ်သွား လမ်း၊ လူသွားလမ်းများပျက်စီးခြင်းတို့ကို အဓိကထားသတင်းပေးပို့ရမည်လည်းဖြစ်သည်။

 

                                                              Photo Source Screenshot By Myanmar Tech Press

Digital Yangon Application ကိုအသုံးပြုရာတွင် ဖုန်းဘေလ်ကုန်ကျမှုသက်သာစေရန်အတွက်လည်း Application ပြုလုပ် သူများကစီစဉ်ဆောင်ရွက်ပေးထားပြီး သတင်းပေးပို့လိုသည့်အကြောင်းအရာကို App ထဲတွင်ဓာတ်ပုံဝင်ရောက်ရိုက်ကူးပါက လည်း ရိုက်ကူးသည့်နေရာ၏ တည်နေရာကို အလိုအလျောက်ဖော်ပြပေးသည့်စနစ်ကိုပါထည့်သွင်းအသုံးပြုထားကြောင်း လည်းသိရသည်။
အဆိုပါ Application သည် ဌာနဆိုင်ရာများမှ တိုက်ရိုက်ထုတ်ပြန်ထားသော သတင်းနှင့်အချက်အလက်များကို ပင်မစာမျက်နှာတွင် ကြည့်ရှုဖတ်သားနိုင်ပြီး အင်္ဂလိပ်ဘာသာ၊ မြန်မာဘာသာတို့ဖြင့် ဝင်ရောက်ဖတ်ရှုနိုင်ပြီး ဇော်ဂျီဖောင့်နှင့် ယူနီဖောင့်နှစ်ခုစလုံးသုံးစွဲနိုင်ရန်ပြုလုပ်ထားသည်။ ပင်မစာမျက်နှာတွင် ဖော်ပြထားသောသတင်းနှင့်အချက်အလက်များကို လည်း Facebook ကဲ့သို့ Like၊ Comment၊ Share ပြုလုပ်နိုင်ရန် ဖော်ပြထားပြီး Documents များအနေဖြင့် ဥပဒေ အကြောင်းအရာအချို့ဖြစ်သော Educational Technology၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေ၊ နိုင်ငံသားများ ကာကွယ်စောင့်ရှောက်ပေးသည့်ဥပဒေ စသည်တို့ကို ဖော်ပြထားသည်။

 

                                                       Photo Source Screenshot By Myanmar Tech Press

 

ဥပမာ-ရေပိုက်ပျက်နေပါက ရေပိုက်ပျက်နေသည့်နေရာအား ဓာတ်ပုံရိုက်ကာ ပြောကြားလိုသောအကြောင်းအရာများကို ရေး သားကာ ပို့မည်ဆိုသည့်နေရာကို နိုပ်လိုက်ရုံဖြင့် ပေးပို့နိုင်လိုက်ပါက ပေးပို့သူထံသို့ Ticket No တစ်ခုပြန်လည်ရရှိ မည်ဖြစ်သည်။ သက်ဆိုင်ရာဌာနမှ ပြန်လည်အကြောင်းကြားသည်များကိုလည်း သိရှိနိုင်မည်ဖြစ်သည်။ အဆိုပါ Application ကိုအသုံးပြုရန်အ တွက်လည်း အင်တာနက်နှင့် GPS ကို ဖွင့်ပြီးအသုံးပြုရမည်လည်းဖြစ်သည်။
အဆိုပါ Digital Yangon Mobile Application ကို အသုံးပြုလိုပါကလည်း Play Store တွင် ဝင်ရောက် Install ပြုလုပ်နိုင်ပြီး ဖုန်းနံပါတ်ဖြင့် Registration ပြလုပ်ရမှာဖြစ်ပါတယ်။ မိမိဖုန်းနံပါတ်၊ အမည်၊ နေထိုင်ရာမြို့နယ် တို့ကို ရေးသားဖော်ပြပြီး Registration ပြုလုပ်လိုက်ပါက ပေးပို့လာသော ဂဏန်းနံပါတ် (၆) လုံးကို ရိုက်ထည့်ပြီး Login ဝင်ရောက်နိုင်မည်ဖြစ်သည်။
Digital Yangon App ကို လက်ရှိတွင် Android ဖုန်းများတွင်သာအသုံးပြုနိုင်ပြီး ယခုရက်ပိုင်းအတွင်း IOS ဖုန်းများတွင် အသုံးပြုနိုင်မည်ဖြစ်သည်။ အောက်ပါ Link တွင် ဝင်ရောက် Install ပြုလုပ်နိုင်ပါသည်။
https://play.google.com/store/apps/details?id=dc.digitalyangon