ထူးခြားသည့်စွမ်းဆောင်ရည်များဖြင့် အဆင့်မြင့် Budget King စမတ်ဖုန်းတစ်လုံး ဖြစ်လာမည့် realme C3

Realme Myanmar မှ မြန်မာပြည်မိုဘိုင်းဈေးကွက်အတွက် ထူးခြားသည့် စွမ်းဆောင်ရည်များဖြင့် အဆင့်မြှင်တင်ထုတ်လုပ် ထားသော Budget King စမတ်ဖုန်းတစ်လုံးဖြစ်လာမည့် realme C3 ကို ၂၀၂၀ ဖေဖော်ဝါရီလ ၂၅ရက်နေ့က ရန်ကုန်မြို့ Lotte Hotel တွင် စတင်မိတ်ဆက်ပေးခဲ့သည်။ 

Photo source – Myanmar Tech Press

realme C3 တွင် Android 10 version ကိုအသုံးပြုထားပြီး ကိုယ်ပိုင် realme UI (User Interface) ကိုလည်းထည့်သွင်း အသုံးပြုထားသည့် ပထမဆုံး realme smartphone ဖြစ်သည်။ Personal Information Protection အချက်အလက် လုံခြုံစိတ်ချ စေရန် ကာကွယ်မှု အပိုင်းတွင်လည်း realme UI ကများစွာ အဆင့်မြှင့်တင်ပေးထားသည်။ မြန်ဆန် သွက်လက်ပြီး ခေတ်နှင့် လိုက်ဖက်ညီစေမည့် Function များစွာကို ထည့်သွင်းပေးထားခြင်းကြောင့် ညက်ညောပြေပြစ်ခြင်း၊ ပါဝါစားသက်သာခြင်းနှင့် စွမ်းဆောင်ရည် ကောင်းမွန်ခြင်းများကို ထိတွေ့ခံစားရစေမည်ဖြစ်သည်။

ကြီးမားကြာရှည်ခံစေမည့် 5000 mAh Battery အမျိုးအစားနှင့် HD+ IPS LCD အမျိုးအစား6.5 လက်မ မျက်နှာပြင် အရွယ်အစား တို့ကို အသုံးပြုပေးထားခြင်းကြောင့် ဖုန်းပြောခြင်း၊ YouTube ကြည့်ခြင်း၊ သီချင်းနားထောင်ခြင်း၊ ဂိမ်းကစားခြင်းများကို အချိန် ကြာမြင့်စွာအထိ အသုံးပြုနိုင်မည်ဖြစ်သည်။ Reverse Charging စနစ်ကိုပါ ထောက်ပံ့ထား ခြင်းကြောင့် Phone Accessory နှင့် Power Bank တို့ကဲ့သို့သော Device များကိုအားပြန်သွင်းပေးနိုင်ဦးမည် ဖြစ်သည်။

Photo source – Myanmar Tech Press

realme C3 တွင် ဈေးနှုန်းတန်ဖိုးသည် အကောင်းဆုံးသင့်တင့်သည်ဟု ဆိုနိုင်သလို MediaTek Helio G70 Processor ကို တွဲဖက် အသုံးပြုထားသည့် ကမ္ဘာ့ပထမဆုံးဖုန်းတစ်လုံးဖြစ်သည်။ MediaTek Gaming Technology ကြောင့် ကွန်ရက် နှေးကွေးမှုအပိုင်းများ ကိုပါ အမြင့်ဆုံး ချိန်ညှိပေးနိုင်စေမည်ဖြစ်သည်။ realme C3 မှာ ဘက်စုံသုံးစမတ်ဖုန်း သုံးစွဲသူများအတွက် အဓိကရည်ရွယ် ထားခြင်းဖြစ်သည်နှင့်အညီ ဂိမ်းကစားသူများအတွက်လည်း ARM Mali-G52GPU ဖြင့် ပိုမိုထောက် ပံ့ထားပေးသည်။ Antutu benchmark ရမှတ်စမ်းသပ်မှုတွင်လည်း 1,930,000 အထိရရှိထားသည့်အတွက် စွမ်းဆောင်မှု အကောင်းဆုံးအဖြစ် ရည်တည် ထားသည်။ ဖုန်းမြန်နှုန်းချိတ်ဆက်မှုများအတွက် Dual Wifi စနစ်ပါဝင်ပြီး ချိတ်ဆက်မှုကို ချေမွေ့ပြေပြစ်စွာ လုပ်ဆောင် နိုင်စေမည်ဖြစ်သည်။

reame C3 တွင် LPDDR 4 RAM ကိုအသုံးပြုပေးထားပြီး ပုံမှန် LPDDR 3 နှင့်နှိုင်းယှဉ်ပါက ရုပ်ထွက်လုပ် ဆောင်မှု အပိုင်းတွင် ၂၀ ရာခိုင်နှုန်းနှင့် RAM အလုပ်လုပ်မှုအပိုင်းတွင် ၁၀၀ ရာခိုင်နှဒန်းအထိ ကောင်းမွန်လာစေမည်ဖြစ်သည်။ Triple-slot tray ပါဝင်ခြင်းကြောင့် ပုံမှန် SIM Card ၂ခု အပြင် SD Card ကိုပါ အသုံးပြုနိုင်မည် ဖြစ်သည်။ Triple AI Camera တွင် hardware စနစ် Bokeh effect ပါဝင်သည့် Portrait အလှပုံများကိုပါ ရိုက်ယူနိုင်စေမည်ဖြစ်သည်။ ကင်မရာအသုံးပြုရာတွင်လည်း Chroma Boost, Slow-mo Video recording များကိုပါ အသုံးပြုနိုင်စေမည်ဖြစ်သည်။ Automatic HDR Mode ကိုလည်း အသုံးပြုနိုင်မည်ဖြစ်ပြီး FullHD Video များကိုပါ 120fps အထိရိုက်ကူး ဖန်တီးနိုင်မည်ဖြစ်သည်။ ထို့အပြင် 0.27 စက္ကန့်အတွင်း ဖွင့်ပေးနိုင်မည့် မြန်ဆန်သည့် Fingerprint Unlocking စနစ်တပ်ဆင် ထားပေးရုံသာမက လွယ်ကူမြန်ဆန်စွာ အသုံးပြုနိုင်မည့် Facial Unlock စနစ်ကိုပါ ထောက်ပံ့ပေးထားသည်။

Photo source – Myanmar Tech Press

“Realme ဟာ “Dare to leap”ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ Brand ရဲ့ Message နဲ့အတူ ကျနော်တို့ရဲ့အနာဂတ်ကို အကောင်းဆုံး ဖြစ်အောင် ထုဆစ်ပုံဖော်လျှောက်လှမ်းပေးတာဖြစ်ပါတယ်။ လွယ်ကူရိုးရှင်းတာတော့မဟုတ်ပါဘူး Challenge တွေ အများကြီး နည်းပညာအခက်အခဲတွေအများကြီးရှိပါတယ်။ ဒါတွေအားလုံးကို စဉ်ဆက်မပြတ်ကျော်ဖြတ်ရပ်တည် လာခဲ့တာကတော့ ယနေ့ အချိန်အထိပဲ ဖြစ်ပါတယ်။ realme လို့ပြောလိုက်တာနဲ့ ဘယ်လိုအချက်အလက်တွေကို ယှဉ်တွဲမြင်နိုင်မလဲ ဆိုတာကို ပြောပြချင်ပါတယ်။ realme ထုတ်ကုန်တွေက Performance ပိုင်းကိုအမြဲတမ်းအလေးထားတယ် လူငယ်အားပေးသူတွေ လူငယ်သုံးစွဲသူတွေ မတူညီတဲ့ creative present တွေမတူညီတဲ့ ပုံစံနဲ့ဆန်းသစ်တီထွင်ကြမယ့် အနာဂတ်မျိုးဆက်သစ် လူငယ်တွေအတွက် ရည်ရွယ်ပြီးတော့ ထုတ်ကုန်တွေက မြန်ဆန်သွက်လက်နေမယ်။ ဒါ့အပြင် Trendy ကျပြီးတော့ Design ပိုင်းကောင်းမွန်ရမယ်။ လူငယ်တွေကြိုက်နှစ်သက်အောင်ဆိုပြီး ဖန်တီးပေးနေ Quality နဲ့ပြောရရင်တော့ လုံးဝယုံကြည့်စိတ်ချရတဲ့ အဆင့်ဖြစ်အောင် ဖြတ်သန်းပြီးမှ သုံးစွဲသူလက်ထဲကို ချပြတယ်” ဟု realme Myanmar ရဲ့ Head of Brand Communication ကိုဝေဖြိုးအောင် မှပြောကြားသည်။

realme C3 စမတ်ဖုန်းကိုတော့ လာမည့် ဖေဖော်ဝါရီလ ၂၉ ရက်နေ့မှာ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် 2GB+32GB ကို မြန်မာငွေ ၁၆၉,၉၀၀ ကျပ်၊ 3GB+32GB ကို မြန်မာငွေ ၁၉၉,၉၀၀ ကျပ်ဖြင့် ရောင်းချပေးသွားရန် စီစဉ်ထားကြောင်းလည်း သိရသည်။

အသေးစိတ်သိရှိလိုပါက အောက်ပါ Link တွင် ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ပါသည်။

https://www.facebook.com/realmeMyanmar/?brand_redir=1948377012126958