COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် MPT မှဆက်သွယ်ရေးနည်းပညာများပိုမိုတိုးမြှင့်

မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် (COVID-19) ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆက်လက်လုပ်ဆောင်နေသကဲ့သို့ MPT အနေဖြင့်လည်း မြန်မာနိုင်ငံတစ်ဝန်းရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ နေရာဒေသအသီးသီးတွင် အဆင့်မြင့် ဆက်သွယ်ရေးနည်းပညာများနှင့် ဝန်ဆောင်မှုများကိုပေးအပ်ခြင်းတို့အပြင် အများပြည်သူတို့အတွက် မရှိမဖြစ်လိုအပ်သော ဆက်သွယ်ရေးဆိုင်ရာ အထောက်အပံ့များကို ဆင့်ပွားတိုးချဲ့ လုပ်ဆောင် လျက်ရှိကြောင်းသိရသည်။

Photo Source https://web.facebook.com/mptofficialpage/

MPT အနေဖြင့် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် COVID-19 တိုက်ဖျက်ရေးကြိုးပမ်းမှုများတွင် အသွားအလာကန့် သတ်ထားသူများအတွက် အင်တာနက်ပါဝင်သော ဆင်းမ်ကတ်များပေးအပ်ခြင်း၊ သတင်းဌာနဝက်ဘ်ဆိုက်များနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့၏ ဝက်ဘ်ဆိုက်များသို့ အင်တာနက်ဖိုး အခမဲ့ဖြင့် ဝင်ရောက်ကြည့်ရှုနိုင်ရန် ဆောင်ရွက်ပေးခြင်း၊ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ ပုဂ္ဂိုလ်၏ဖုန်းနှင့် ဆွေးနွေးအကြံပြု စင်တာများသို့ အခမဲ့ဖုန်းခေါ်ဆိုနိုင်ရန် စီစဉ်ပေးခြင်း၊ ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးရှိ စောင့်ကြည့်လူနာများအား ထားရှိရာ အသွားအလာကန့်သတ် ဆောင်ရွက်ထားသော စင်တာများသို့ ဖိုင်ဘာအင်တာနက် အသုံးပြုနိုင်သည့် ဝန်ဆောင် မှုပေးအပ်ထားခြင်းများကိုလည်း စဉ်ဆက်မပြတ် ပံ့ပိုးဆောင်ရွက်ပေးခဲ့ပြီးဖြစ်ကြောင်းလည်းသိရသည်။
လွန်ခဲ့သည့် ရက်သတ္တပတ်များတွင် MPT သည် ပြည်နယ်နှင့်တိုင်းဒေသကြီး ၁၀ ခု ရှိ အသွားအလာကန့်သတ် ဆောင်ရွက်ထားသော နေရာများ၊ ဆေးရုံများ၊ ကုသမှု စင်တာများ၊ ကျောင်းများနှင့် အဖွဲ့အစည်းများသို့ FTTH နှင့် B2B Fiber အင်တာနက်ဆက်သွယ်မှု ၄၀ ခု အထိ တိုးချဲ့ကာ ပံ့ပိုးဆောင်ရွက်ထားခဲ့သည်။ ထို့အပြင် PSTN အော်တို တယ်လီဖုန်း ဝန်ဆောင်မှုကို ရခိုင်ပြည်နယ်အတွင်းရှိ နေရာ ၁၆ ခု ၊ ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ နေရာ ၂ ခုနှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဖောင်ကြီး ကုသရေးစင်တာတို့တွင် ဖိုင်ဘာစနစ်သုံး (Fax အသုံးပြုနိုင်သည့်) အော်တိုတယ် လီဖုန်းလိုင်း ၄ လိုင်းတို့ကိုလည်း ထောက်ပံ့ဆောင်ရွက်ပေးလျက်ရှိသည်။

Photo Source https://web.facebook.com/mptofficialpage/

အလားတူပင် အများပြည်သူတို့အနေဖြင့် COVID-19 နှင့်ပတ်သက်သည့် စုံစမ်းမေးမြန်းမှုများအတွက် သတ်မှတ်ထားသည့် ကျန်းမာရေးစင်တာများနှင့် ဌာနများရှိ နံပါတ်များသို့ ဖုန်းခေါ်ဆိုခြင်းတွင် အခပေးရန်မလိုသည့်(toll-free call) ဝန်ဆောင်မှု ကိုလည်း ပေးအပ်လျက်ရှိသည်။
ထိုပြင့် MPT သည် ရန်ကုန်၊ နေပြည်တော်၊ မွန်ပြည်နယ်၊ မန္တလေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ကရင်ပြည်နယ်များရှိ စောင့်ကြည့်လူနာများထားရှိသည့် အသွားအလာ ကန့်သတ်ဆောင်ရွက်ထားသော နေရာ(၆)ခု တွင် စောင့်ကြည့်လူနာများနှင့် တာဝန်ရှိသူများအနေဖြင့် သတင်းအချက်အလက် မျှဝေရန်နှင့် မိသားစုဝင်များနှင့် အဆက်အ သွယ်မပြတ်စေရန် MPT ဆင်းမ်ကတ် ၁၅,၄၀၀ ကျော်ကိုလည်း လှူဒါန်းဆောင်ရွက်ထားပြီးလည်းဖြစ်သည်။
MPT မှ COVID-19 ဖြစ်ပွားစဉ်ကာလအတွင်း မြန်မာနိုင်ငံသားများအားလုံး အဆက်အသွယ်မပြတ်ရှိနေ စေရန်နှင့် MPT သုံးစွဲသူများအားလုံး COVID-19 နောက်ဆုံးရတိုးတက်မှုအခြေအနေများကို သိရှိနိုင်စေရန် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၊ မြန်မာနိုင်ငံဆရာဝန်အသင်း၊ Eleven သတင်းမီဒီယာ၊ 7 Day သတင်းမီဒီယာ၊ Irrawaddy သတင်းမီဒီယာ၊ The Myanmar Times သတင်းမီဒီယာ စသော ဝက်ဘ်ဆိုက်များကို အကန့်အသတ်မရှိ အခမဲ့ ဝင်ရောက်ကြည့်ရှုခွင့် ပေးအပ်ထားသည်။
“အခုဆိုရင် အများပြည်သူတွေအနေနဲ့ အရင်ကထက်ပိုပြီး မိမိတို့ရဲ့မိသားစုတွေ၊ မိတ်ဆွေတွေ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ထိတွေ့နိုင်ဖို့ ဆက်သွယ်ရေးဝန်ဆောင်မှုတွေကို အားထားနေရပါတယ်။ MPT အနေနဲ့ နိုင်ငံတော်အစိုးရရဲ့ ကြိုးစားဆောင် ရွက်မှုတွေကို အပြည့်အဝ ထောက်ခံအားပေးလျက်ရှိပြီး နိုင်ငံတစ်ဝန်းက သုံးစွဲသူတွေအားလုံးကို ကူညီထောက်ပံ့မှုတွေ ပေးအပ်နိုင်ဖို့ ကြိုးစား ဆောင်ရွက်လျက်ရှိပါတယ်” ဟု MPT-KSGM Joint Operations မှ လုပ်ငန်းလည်ပတ်မှုဌာနကြီး၏ ဒုတိယအရာရှိချုပ်ဖြစ်သူ ဦးမျိုးသန်းမှ ပြောကြားသည်။

Photo Source https://web.facebook.com/mptofficialpage/

MPT အနေဖြင့် မိမိ၏ ဌာနအားလုံး လုံခြုံစိတ်ချရသော လုပ်ငန်းလည်ပတ်မှုများကို စဉ်ဆက်မပြတ် ဆက်လက် လုပ်ဆောင်နိုင်ရန်နှင့် Call Center များတွင် သုံးစွဲသူများအတွက် ဝန်ဆောင်မှုများ တိုးတက် ကောင်းမွန်လာစေရန် ဌာနတွင်း မူဝါဒများနှင့် လုပ်ထုံးလုပ်နည်းများကို အဆင့်မြှင့်တင်ထားသည်။ အလားတူပင် MPT သုံးစွဲသူများအနေဖြင့် မိုဘိုင်းလ်ဖုန်းကို အသုံးပြုကာ မိမိတို့၏ ဝန်ဆောင်မှုများ၊ အကောင့်များကို MPT4U အက်ပလီကေးရှင်းကို အသုံးပြုပြီး အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ပါသည်။ အသေးစိတ် ထပ်မံသိရှိလိုပါက Hotline ဖုန်းနံပါတ် 106 သို့ခေါ်ဆို၍သော် လည်းကောင်း၊ MPT ၏ ဝက်ဘ်ဆိုက် သို့မဟုတ် MPT ၏ တရားဝင်လူမှုကွန်ရက်စာမျက်နှာတို့တွင် ဝင်ရောက်ကြည့်ရှု လေ့လာနိုင်သည်။