မြန်မာနိုင်ငံတစ်၀န်းရှိ MPT သုံးစွဲသူများအတွက် အကောင်းဆုံးသော အစီစဉ်များနှင့် Mobile Apps များ အကြောင်း

Image Source: http://mpt.com.mm/mm/

မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးလုပ်ငန်းဆောင်ရွက်နေပြီဖြစ်သော အော်ပရေတာသုံးခုဖြစ်သည့် MPT , Ooredoo, Telenor တို့၏ စုစုပေါင်းသုံးစွဲသူဦးရေသည် သန်း၅၀ ကျော်ခဲ့ပြီဖြစ်ကာ အလျင်အြမ်တိုးတက်နေသော အရှေ့တောင်အာရှနိုင်ငံတစ်ခုဖြစ်သည့် မြန်မာနိုင်ငံ၏ လူဦးရေ စုစုပေါင်းနီးပါးကို လွှမ်းခြုံနိုင်သည့် မှတ်တိုင်သစ်ကိုစိုက်ထူနိုင်ခဲ့ပြီဖြစ်ပါတယ်။ ယခုအောင်မြင်မှု သည် ၂၀၁၄ ခုနှစ်က တင်ခဲ့သောဆက်သွယ်ရေးဆိုင်ရာ ကန့်သတ်ချက်ဖြေလျှော့မှုများကြောင့်ဖြစ်ပြီး အကျိုးဆက်အနေဖြင့် ခိုင်မာကောင်းမွန်သော အများနှင့်ယှဉ်ပြိုင်ရသည့် အခန်းကဏ္႑ကိုဖြစ်ထွန်းစေပြီးမြန်မာနိုင်ငံ၏ လူမှုအသိုက်အ၀န်းအများအပြားအပေါ် အပေါင်းလက္ခဏာဆောင်သောအကျိုးသက်ရောက်မှုများဖြစ်ပေါ်စေခဲ့ပါတယ်။ နောက်ဆုံးပေါ် 4G ကွန်ရက်အတွက်အခြေခံ အဆောက်အအုံကို လက်တွေ့အသုံးချရန်နှင့် အများပြည်သူထံပိုမိုကောင်းမွန်သည့်၀န်ဆောင်မှုများ ပေးနိုင်ရန် အတွက်လိုအပ်သည့်ရင်းနှီးမြှုပ်နှံမှုများ ကိုလည်း ထောက်ပံ့ရန် ကြိုးပမ်းခဲ့ပါတယ်။ ယခုဖော်ပြပေးသွားမှာကတော့ မြန်မာနိုင်ငံတစ်၀န်းရှိ MPT သုံးစွဲသူများအတွက် အကောင်းဆုံးသော အစီစဉ်များနှင့် Mobile Apps များ အကြောင်းဘဲဖြစ်ပါတယ်။

Image Source: http://mpt.com.mm/mm/

MPT သုံးစွဲသူများအတွက် လိုအပ်တဲ့အချိန်မှာ တတိုင်းရ စေနိုင်ရန်အတွက် “လိုတရ” အစီစဉ်ကို မိတ်ဆက်ပေးခဲ့ပါတယ်။ မိမိတို့နေ့စဉ် လိုအပ်သမျှ သတင်းအချက်အလက်များကို တစ်နေရာတည်းတွင်စုံလင်စွာ သိရှိနိုင်မည့် ၀ဘ်ဆိုဒ်တစ်ခုဖြစ်ပါတယ်။ လိုတရတွင်ပါ၀င်သည့် သတင်းစုံ၊ ကဏ္႑စုံ၊ အကြောင်းအရာ အစုံအလင်များက မိမိတို့သိရှိလိုသည့် အရာများကို ပြည်စုံစွာ သိရှိစေနိုင်မှာဖြစ်ပါတယ်။ လိုတရ ၀ဘ်ဆိုဒ်သို့လွယ်ကူရိုးရှင်းစွာ၀င်ရောက်ရန်နည်းလမ်းများစွာရှိပါတယ်။ ၄င်းနည်းလမ်းများမှာ-*7000# သို့ခေါ်ဆိုပါက လိုတရ သို့၀င်ရောက်ရန် URL ကိုရရှိပြီး အဆိုပါ URL link မှတဆင့် လိုတရ ၀ဘ်ဆိုဒ်ကိုရောက်ရှိမှာဖြစ်ပါတယ်။ 7000 သို့ LTY ဟု SMS ပို့ပြီး URL link ကိုလည်းရယူနိုင်ပါတယ်။ http://lotayamm.com ဟုရိုက်ထည့်ပြီးလည်း ၀င်ရောက်နိုင်ပါတယ်။ လိုတရ တွင်ပါ၀င်သော ကဏ္႑များမှာတော့ လိုတရ Search Bar ပေါ်တွင်ရိုက်ထည့်လိုက်ရုံဖြင့် မိမိသိချင်လိုသည့် သတင်းအချက်အလက်များကို သိရှိနိုင်မည်ဖြစ်ပြီး MPT ၏ “ခေါ်ယူနားဆင်တေးသံစဉ်” ၀န်ဆောင်မှုကိုအသုံးပြု၍လည်း သီချင်းများ၊ ဖျော်ဖြေရေး နှင့် SMS ၀န်ဆောင်မှုများအားလုံးကိုလည်း ရှာဖွေနိုင်မှဖြစ်ပါတယ်။ မြန်မာနိုင်ငံတစ်၀ှမ်းလုံးရှိ မြို့ကြီးများ၏ မိုးလေ၀သ ခန့်မှန်းချက် ရာသီဥတု ခန့်မှန်းချက်များကိုလည်းသိရှိနိုင်မှာဖြစ်ပါတယ်။ နိုင်ငံတကာ ငွေလဲလှယ်နှုန်း ၃၈ မျိုးကို အချိန်နဲ့ တပြေးညီ ကြည့်ရှုနိုင်ပြီး နိုင်ငံခြားငွေပေါက်ဈေးနှင့် ညီမျှသော မြန်မာငွေ ပမာဏကိုလည်းသိရှိနိုင်ပြီး နိုင်ငံခြားငွေအချင်းချင်းပေါက်ဈေး ပမဏများကိုလည်းသိရှိနိုင်မှာဖြစ်ပါတယ်။ လိုတရ ကိုအသုံးပြုပြီး ကူပွန်များကိုရယူကာ သတ်မှတ်ထားသည့် ဆိုင်များတွင် အထူးလျှော့ဈေးများ အထူးလက်ဆောင်များကို အခမဲ့ လဲလှယ်ရယူနိုင်မှာဖြစ်ပါတယ်။ စာဖတ်ဝါသနာပါသူများအတွက် လိုတရ ၀တၳုများ မှ စိတ်ကျေနပ်မှုရရှိစေမည့် ခေတ်အဆက်ဆက်မှ နာမည်ကြီး စာရေးဆရာများ၏ စာအုပ်ကောင်းများစွာကိုအခမဲ့ ရွေးချယ်ဖတ်ရှုနိုင်မှာဖြစ်ပြီး မိမိ အနေဖြင့် နေ့စဉ်ကံကြမ္မာကို ကံစမ်းနိုင်မည့်နေရာလေးဖြစ်ပါတယ်။ မိနစ် ၃၀ လျှင် တစ်ကြိမ်ကံစမ်းနိုင်မည့်ဆုမဲများအဖြစ် Bonus Balance များကိုလည်းရရှိနိုင်မှာဖြစ်ပါတယ်။

Image Source: http://mpt.com.mm/mm/

MPT မှ စိတ်လှုပ်ရှားစရာ Shwe Stream Application အသစ်ကိုစတင်မိတ်ဆက်လိုက်ပါတယ်။ အွန်လိုင်းပေါ်က တိုက်ရှိုက်ကြည့်ရှုနိုင်မည့် ထိပ်တန်း ၀န်ဆောင်မှု ထုတ်ကုန်အသစ်တစ်ခုဖြစ်သော Shwe Stream App ကိုစတင်မိတ်ဆက်လိုက်ပြီး ယခု၀န်ဆောင်မှုအသစ်တွင် MPT သုံးစွဲသူများအနေဖြင့် ကိုရီးယား ရုပ်သံဇာတ်လမ်း ကိုရီးယား Variety Show များအပြင် ပြည်တွင်းမှကြည်ရှုသူများအကြား ရေပန်စားလျက်ရှိသည့် ကိုရီးယားရုပ်သံဇာတ်လမ်းတွဲများနှင့် တီဗွီအစီစဉ်များကိုကြည့်ရှုနိုင်မှဖြစ်ပါတယ်။ ထို့အပြင် လူကြိုက်များထင်ရှားသော ကိုရီးယားရုပ်သံ စီးရီးများ၊ ဂျပန် နှင့် ထိုင်းစီးရီး အချို့အပါအ၀င် အင်္ဂလိပ် မြန်မာ နှစ်ဘာသာဖြင့်အကန်အသတ်မရှိ ကြည်ရှုခံစားနိုင်မှာဖြစ်ပါတယ်။ Shwe Stream ၀န်ဆောင်မှုအသစ်ကို အလွန်သက်သာသော ဈေးနှုန်းဖြင့် တစ်ရက်လျင် ကုန်သွယ်လုပ်ငန်းခွန်ပါ၀င်ပြီး ၉၉ ကျပ် ပေးသွင်းရုံဖြင့် ရယူအသုံးပြုနိုင်မှာဖြစ်ပြီး သုံးစွသူများအတွက် ကျေးဇူးတုံ့ပြန်သောအားဖြင့် ပထမတစ်ပတ်တာ ၀န်ဆောင်မှု အသုံးပြုခကို အခမဲ့ပေးအပ်သွားမည်ဖြစ်ပါတယ်။ အင်တာနက်ရှိသည့် မသည့်နေရာဒေသတွင်မဆို မိုဘိုင်းဖုန်းများ တက်ဘလက်များဖြင့် MPT ကွန်ရက်ပေါ်တွင်ရယူအသုံးပြုနိုင်ပါတယ်။ Shwe Stream App ကို ရယူလိုလျင် http://bit.ly/ShweStreamApk တွင် Download လုပ်ယူနိုင်ပါတယ်။

Image Source: http://mpt.com.mm/mm/

မြန်မာနိုင်ငံတစ်၀န်းရှိ MPT သုံးစွသူအများပြည်သူများအတွက် စိတ်၀င်စားဖွယ်ရာကောင်းသော ဗွီဒီယိုများကို အကန့်အသတ် မရှိကြည့်ရူနိုင်ရန် Vuclip နှင့် ပူးပေါင်းဆောင်ရွက်လိုက်ပြီဖြစ်ပါတယ်။ Vuclip ၀န်ဆောင်မှု ဈေးနှုန်းမှာချိုသာပြီး နေ့စဉ် ၀န်ဆောင်ခ ၉၉ ကျပ်သာ ကသင့်မှာဖြစ်ပါတယ်။ အဆိုပါ၀န်ဆောင်မှုတွင် Content Provider ၂၅၀ ကျော်ကပံ့ပိုးပေးထားသော နာရီပေါင်း ၃ သိန်းကျော်စာ ဗီဒီယိုများကို MPT ကွန်ရက်သုံးစွဲသူအားလုံးက အကန့်အသတ်မရှိ ကြည့်ရူခံစားနိုင်မှာဖြစ်ပါတယ်။ Vuclip ၀န်ဆောင်မှုတွင်ပါ၀င်သော ကြောင်းအရာများမှာ မြန်မာစာတန်းထိုး ကိုရီးယား ဇာတ်လမ်းများနှင့် ရုပ်ရှင်များ ၊ အကောင်းဆုံး ဟောလီ၀ုဒ်ရုပ်ရှင်ပြကွက်များ ၊ ဘောလုံးအားကစားအကြောင်းအရာများ အပြင် နိုင်ငံတကာမှ ဂီတရုပ်သံများ စွားပါ၀င်ပါတယ်။ Vuclip ၀န်ဆောင်မှုကိုစတင်သုံးစွဲသူများအနေဖြင့် ပထမဆုံး ၇ရက် ကို အခမဲ့၀င်ရောက်ကြည့်ရှုခွင့်ရရှိနိုင်မှာဖြစ်ပြီး အင်တာနက်ကိုအချိန်တိုင်းဖွင့်ထားရန်မလိုအပ်ဘဲ နောက်ပိုင်းတွင် Offline အနေဖြင့်ပါကြည့်ရှုနိုင်ရန် အတွက် Video များကို Download လုပ်ယူထားနိုင်မှာဖြစ်ပါတယ်။ MPT ကွန်ရက် အနေဖြင့် အင်တာနက်ဆု ရရှိထားတဲ့ 3G နဲ့ 4G/LTE ကွန်ရက်ကို မိတ်ဆက်ပြီးတဲ့နောက် မိုဘိုင်းဗွီဒီယို ကြည့်ရှုနှုန်းဟာအလျင်အမြန် တိုးတက်လာခဲ့ပါတယ်။ မူပိုင်ခွင့်နည်းပညာတွေနဲ့တီထွင်ထားတဲ့ နည်းပညာဟာ အသုံးပြုသူများအတွက် အထစ်အငေါ့မရှိ ကြည်ရှုနိုင်မယ့် ခံစားမှုမျိုးကိုရရှိနိုင်မှာဖြစ်ပါတယ်။ Vuclip အကြောင်းကို အသေးစိတ်အချက်အလက်များကို ထပ်မံသိရှိလိုပါက www.vzonempt.com မှတဆင့်၀င်ရောက်ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ မြန်မာနိုင်ငံတစ်၀န်းရှိ MPT သုံးစွဲသူများအများအနေဖြင့် MPT ရဲ့ အကောင်းဆုံးသော အစီစဉ်များနှင့် Mobile Apps များကို အသုံးပြုပြီးရယ်မောပျော်ရွှင်နိုင်ကြပါစေ။ နောင်တွင်လဲ MPT ကျန်ရှိနေသေသော Mobile Application အကြောင်းကိုလဲတင်ဆက်ပေးသွားပါဦးမည်။