MPT Money သည် “MPT Pay” အမည်သစ်သို့ ပြောင်းလဲပြီး လုပ်ငန်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
အသုံးပြုသူများအနေဖြင့် သုံးစွဲပုံ နည်းလမ်းများ၊ အစီအစဉ်များနှင့် လက်ရှိပေးအပ်ထားသော ပရိုးမိုးရှင်းများကို ပြောင်းလဲခြင်းမရှိ ဆက်လက်ရယူသုံးစွဲနိုင်မည် လည်းဖြစ်သည်။ “MPT Pay” အက်ပလီကေးရှင်း၏ လုပ်ငန်းဆောင်ရွက်မှုကို သုံးစွဲသူ အက်ပလီကေးရှင်းအသွင်အပြင် ၊ ကိုယ်စားလှယ်များအတွက် အသိပေးကြေညာချက်များ၊ အရောင်းဆိုင်များ နှင့်ဆက်သွယ်မှုများ၊ ဈေးကွက်ဖော်ဆောင်ရေးဆိုင်ရာ ဆက်သွယ်ဆောင်ရွက်ချက်များ၊ ဖေ့စ်ဘုတ်ခ် စာမျက်နှာ၊ တရားဝင်ဝက်ဘ်ဆိုက် စာမျက်နှာ၊ အက်ပလီကေးရှင်း အတွင်း အသိပေးချက်များ၊ စာတိုပေးပို့ခြင်းများနှင့် Call Center လုပ်ငန်းဆောင်ရွက်မှု များနှင့် လိုက်လျောညီထွေဖြစ်စေရန်အတွက် ဆောင်ရွက်သွားမည်ဖြစ်သည်။
Photo Source https://www.facebook.com/MPTPayOfficial
ဒီဂျစ်တယ်ငွေကြေးဝန်ဆောင်မှုလုပ်ငန်းတစ်ခု၏ အမည်သစ်ဖြစ်သည့် “MPT Pay” သည် ပြိုင်ဆိုင်မှုပြင်းထန်သော မိုဘိုင်းလ်ငွေကြေးဈေးကွက်တွင် ဝန်ဆောင်မှုပေးခြင်းကို ခိုင်မာစွာပြသနိုင်မှု၊ အမှတ်တံဆိပ်အပေါ် လူအများသတိပြုအာရုံစိုက်စေခြင်းနှင့် သုံးစွဲသူများထံမှ အသိအမှတ်ပြုမှုများကို တိုးမြှင့်နိုင်စေရန်အတွက် အလေးအနက်ထားကာ ပြောင်းလဲလိုက်ခြင်းဖြစ်သည်။ “MPT Pay” သည် မြန်မာနိုင်ငံရှိ ဒီဂျစ်တယ် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် ငွေသားကိုင်တွယ် သုံးစွဲရန်မလိုသည့် လူမှုအဖွဲ့အစည်း အဖြစ် ဖွံ့ဖြိုးတိုးတက်ရေးကို ထောက်ပံ့ပေးလျက် ရှိသည်။ “MPT Pay” သည် သုံးစွဲသူများ၏ မျှော်လင့်ချက်ထက်ပိုမိုသည့် ခံစားမှုကို ရရှိနိုင်စေရန် ခေတ်မီနည်းပညာများကို အသုံးပြုကာ ဆောင်ရွက် ထားခြင်းနှင့်အတူ ငွေရေးကြေးရေးကဏ္ဍတွင် လူတိုင်းလက်လှမ်းမီ ပါဝင်နိုင်ရေးကို အထူး အလေးထားကာ ဦးတည်ဆောင်ရွက် လျက်ရှိသည်။
“MPT Pay” (ယခင် MPT Money) သည် လက်ရှိအချိန်တွင် မြန်မာနိုင်ငံအတွင်း တိုးတက်မှုအမြန်ဆုံး မိုဘိုင်းငွေကြေးဝန်ဆောင်မှုတစ်ခုဖြစ်ပြီး သုံးစွဲသူများ အဆင်ပြေလွယ်ကူစေရန် နိုင်ငံတစ်ဝန်းရှိ မြို့နယ်ပေါင်း ၂၇၈ ခုမှ ကိုယ်စားလှယ်ပေါင်း ၂၇,၀၀၀ ကျော်ရှိသည့် ကိုယ်စားလှယ်ကွန်ရက်ဖြင့် လည်ပတ်နေသည်။
Photo Source https://www.facebook.com/MPTPayOfficial
သုံးစွဲသူများအတွက် ရိုးရှင်းလွယ်ကူစေမည့် “MPT Pay” ၏ နည်းပညာကို အသုံးပြုခြင်းဖြင့် အီလက်ထရောနစ်စနစ်သုံး ငွေကြေးလွှဲပြောင်းခြင်းနှင့် ငွေပေးချေခြင်းဆိုင်ရာ လုပ်ဆောင်ချက်များဖြစ်သည့် OTC (နှစ်ဦးနှစ်ဖက်တိုက် ရိုက်ငွေလွှဲပြောင်းခြင်း)၊ လစာပေးခြင်းဆိုင်ရာ ဝန်ဆောင်မှုနှင့် ပင်စင်ဝန်ဆောင် မှုများ၊ Mobile Wallet ဖြင့် ငွေပေးချေခြင်း၊ MPT နှင့်အခြားသော အော်ပရေတာများသို့ ဖုန်းငွေဖြည့်သွင်းခြင်း နှင့် အင်တာနက်ပက်ကေ့ချ်များဝယ်ယူခြင်း၊ ငွေတောင်းခံလွှာများကို ပေးချေခြင်း၊ ဈေးဆိုင်များတွင် ငွေပေးချေခြင်း၊ CB ဘဏ် နှင့် AYA ဘဏ်များ၏ ATM တွင် ငွေသားထုတ်ယူနိုင်ခြင်း၊ “MPT Pay” ကိုယ်စားလှယ် ဆိုင်များတွင် ငွေသွင်း၊ ငွေထုတ်ခြင်းအပြင် လူအများသို့ ငွေထုတ်ပေးခြင်းနှင့် အခြားသော ငွေကြေးဆိုင်ရာဝန်ဆောင်မှုများကို သုံးစွဲသူများအနေဖြင့် လုံခြုံစွာနှင့် အဆင်ပြေ လွယ်ကူစွာ ဆောင်ရွက်နိုင်စေမည်ဖြစ်သည်။
“MPT Pay” နှင့် ပတ်သက်၍ အသေးစိတ် အချက်အလက်များနှင့် ဝန်ဆောင်မှုများအကြောင်း ပိုမိုသိရှိလိုပါက “MPT Pay” ၏ တရားဝင်ဖေ့ဘုတ်ခ်စာမျက်နှာဖြစ်သော https://www.facebook.com/MPTPayOfficial သို့ ဝင်ရောက်ကြည့်ရှုနိုင်ပါ သည်။ “MPT Pay” အက်ပလီကေးရှင်း ကို Android အသုံးပြုသူများအနေဖြင့် Google Play Store နှင့် iOS အသုံးပြုသူများအနေဖြင့် Apple Store မှတစ်ဆင့် ဒေါင်းလုတ်ပြုလုပ်၍ ရယူ အသုံးပြုနိုင်သည်။