Wave Money မှ မြန်မာနိုင်ငံရှိ COVID-19 လှုပ်ရှားမှုများဆိုင်ရာ ဒီဂျစ်တယ်ငွေပေးချေမှုကဏ္ဍအား ဦးဆောင်လျက်ရှိ

အစိုးရအဖွဲ့များ၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်းများနှင့် စီးပွားရေးလုပ်ငန်းစုများသည် မြန်မာနိုင်ငံ၏ မိုဘိုင်းလ်ငွေကြေးဝန်ဆောင်မှုကဏ္ဍ၏ ဦးဆောင်ကုမ္ပဏီတစ်ခုဖြစ်သော Wave Money နှင့်ပူးပေါင်းကာ COVID-19 ကပ် ရောဂါအခြေအနေများကြောင့် ထိခိုက်ဆုံးရှုံးမှုများရင်ဆိုင်ကြုံတွေ့လျက်ရှိသည့် လူ့အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များသို့ ဒီဂျစ်တယ်နည်းပညာဖြင့် ကူညီထောက်ပံ့ပေးလျက်ရှိသည်။
Wave Money မှ COVID-19 ကာလအတွင်း အကူအညီလိုအပ်လျက်ရှိသော ကဏ္ဍများနှင့် ပြည်သူများထံသို့ ငွေထောက်ပံ့ ခြင်းအစီအစဉ်များအတွက် ဝန်ဆောင်ခမယူဘဲ ကူညီပံ့ပိုးလျက်ရှိသည်။ Wave Money သည် လူမှုဖူလုံရေးဝန်ဆောင်မှုများ၊ လယ်သမားများအတွက် ငွေချေးအစီအစဉ်များ၊ အထည်ချုပ်လုပ်သားများအတွက် အရေးပေါ်ထောက်ပံ့ငွေများ၊ လမ်းဘေး ဈေးသည်များနှင့် အခက်အခဲကြုံတွေ့နေရသော ပြည်သူများအတွက် ထောက်ပံ့ငွေများ စသည်တို့အတွက် လုံခြုံစိတ်ချစွာ နှင့် လွယ်ကူလျင်မြန်စွာ ထောက်ပံ့ပေးနိုင်သော ဒီဂျစ်တယ်ပလက်ဖောင်းတစ်ခုဖြစ်လာခဲ့သည်။
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန လက်အောက်ရှိ လူမှုဖူလုံရေးအဖွဲ့၊ မြန်မာ့လယ်ယာ ဖွံ့ ဖြိုးရေးဘဏ်၊ ဥရောပသမဂ္ဂ၏ လူသားချင်းစာနာထောက်ထားမှု တိုးတက်ရေးဆိုင်ရာ Peace Nexus Response Mechanism(NRM) နှင့် ကုလသမဂ္ဂ စီမံကိန်းဆိုင်ရာရုံးမှ ဦးစီးသော မြန်ကူအရေးပေါ်ထောက်ပံ့ငွေစီမံကိန်း၊ ဒို့အိမ်နှင့် MultiVerse Advertsing တို့မှ ဦးစီးသော လမ်းဘေးဈေးသည်များအား ကူညီထောက်ပံ့ပေးလျက်ရှိသည့် I Do Nation ကမ် ပိန်းနှင့် မြန်မာနိုင်ငံကျော်ရုပ်ရှင်မင်းသား ဇဏ်ခီနှင့် Central Base Production မှ ဦးစီးသော FCPN ထောက်ပံ့ငွေပေးအပ် သည့် စီမံကိန်းတို့သည် Wave Money ၏ ဒီဂျစ်တယ်ပလက်ဖောင်းမှတဆင့် ဝန်ဆောင်ပေးအပ်စရာမလိုဘဲ အခမဲ့ ငွေကြေး လွှဲပြောင်းပေးနိုင်ရန် Wave Money မှ ပံ့ပိုးလျက်ရှိသည်။

Photo Source https://web.facebook.com/WaveMoney/

Wave Money ၏ Wave နဲ့အတူလက်တွဲကူ အစီအစဉ်၏ တစ်စိတ်တစ်ပိုင်းအဖြစ် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့်ဗဟိုကော်မတီနှင့်ပူးပေါင်းကာ PCNC COVID Donation ပလက်ဖောင်းအား WavePay အက်ပလီကေးရှင်းတွင် ထည့်သွင်းခဲ့ပြီး အများပြည်သူများမှ အလှူငွေများထည့်ဝင်နိုင်စေရန် လုပ်ဆောင်ခဲ့သည်။ အဆိုပါ ရန်ပုံငွေမြှင့်တင်ရေးအစီအစဉ်ကို ၂ လတာ ဆောင်ရွက်သွားမည်ဖြစ်ကာ COVID-19 သံသယလူနာများစောင့်ကြည့်ခြင်း၊ ပညာပေးလုပ်ငန်းများဆောင်ရွက်ခြင်း၊ သတင်းများဖြန့်ချိခြင်းနှင့် လိုအပ်သော ဆေးပစ္စည်းများဝယ်ယူတင်သွင်းခြင်းတို့အ တွက် အဆိုပါလှူငွေများကို အသုံးပြုသွားမည်ဖြစ်သည်။
“ဒီဂျစ်တယ်နည်းပညာကို အသုံးပြုပြီးတော့ ငွေကြေးဆိုင်ရာ အကူအညီပေးခြင်းက အခုလိုအခြေအနေမျိုးမှာ ထိရောက်တဲ့ နည်းလမ်းတစ်ခုပဲဖြစ်ပါတယ်။ အချိန်နဲ့လူ့စွမ်းအားကို ချွေတာနိုင်ရုံသာမကဘဲ လူ့အသက်ပေါင်းများစွာကိုလည်း ကာကွယ် ပေးနိုင်ပါတယ်။ လူသားချင်းဆိုင်ရာ စာနာထောက်ထားမှုအစီအစဉ်တွေနဲ့ Wave နဲ့အတူလက်တွဲကူ အစီအစဉ်တွေရဲ့ ပံ့ပိုးမှု တွေကတစ်ဆင့် အားလုံးပါဝင်နိုင်တဲ့ ငွေကြေးစနစ်ကို ပိုမိုအကောင်အထည်ဖော်နိုင်စေပြီး Wave Money ရဲ့ ရည်မှန်းချက် ဖြစ်တဲ့ ပိုမိုကောင်းမွန်တဲ့အနာဂတ်ကို ဖော်ဆောင်နိုင်မှာဖြစ်ပါတယ်။ ဒီထက်ပိုပြီးအရေးကြီးတာက အားလုံးယုံကြည်ထားကြ သလို နည်းပညာဟာ ကောင်းမွန်တဲ့အရာတွေအတွက် အားတစ်ခုဖြစ်ပါတယ်။ အားတင်းထာပါ မြန်မာ”ဟု Wave Money ၏ အမူဆောင်အရာရှိချုပ်ဖြစ်သူ Mr.Brand Jones မှ ပြောကြားသည်။
“သန်းပေါင်းများစွာသော လူတွေဟာ အခုအချိန်မှာ မိုဘိုင်းလ်ငွေကြေးဝန်ဆောင်မှုတွေကို လက်ခံလာကြပါပြီ။ သက်တောင့် သက်သာရှိစွာလုံခြုံစွာနဲ့ပဲ အိမ်မှာနေရင်း ကုန်ပစ္စည်းတွေ၊ ဝန်ဆောင်မှုတွေကို လွယ်လွယ်ကူကူနဲ့ရရှိနိုင်၊ ငွေလွှဲပြောင်းပေး နိုင်ကြပါပြီ။ ဒီဂျစ်တယ်နည်းပညာဟာ အချိန်မရွေး၊ နေရာမရွေး လွယ်လင့်တကူနဲ့ မတူညီတဲ့ အတွေ့အကြုံတွေကို ပေးစွမ်း နိုင်ပါတယ်”ဟု Brad Jones မှ ထပ်မံပြောကြားသည်။

Photo Source https://web.facebook.com/WaveMoney/

Wave Money ၏ COVID-19 ကာလအတွင်း သိသာထင်ရှားသည့် အောင်မြင်မှုမှတ်တိုင်များထဲတွင် စိုက်ပျိုးရေးကဏ္ဍ အပြုသဘောဆောင်သော ပြောင်းလဲမှုများအတွက် ဒီဂျစ်တယ်ဆိုင်ရာသက်ရောက်မှုဖော်ဆောင်နိုင်ခြင်းသည် တစ်ခုအပါ အဝင်ဖြစ်သည်။ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်နှင့်ပူးပေါင်းကာ လယ်သမားများအတွက် WavePay မှတဆင့် ဒီဂျစ်တယ် ချေးငွေထုတ်ချေးခြင်း အစီအစဉ်ကို အကောင်အထည်ဖော်နိုင်ခဲ့သည်။
Wave Money သည် လက်ရှိလုပ်ဆောင်လျက်ရှိသော လှုပ်ရှားမှုအစီအစဉ်များအား ပိုမိုအားကောင်းလာစေရန် ရည်ရွယ်ကာ COVID-19 ကြောင့် ပြင်းထန်စွာထိခိုက်နစ်နာခဲ့သော ကဏ္ဍများအတွက် အားတင်းထားပါ မြန်မာ(#StayStrongMyanmar) လှုပ်ရှားမှုကို ဧပြီလတွင် စတင်ခဲ့ပြီး ပြည်သူနှင့်ပူးပေါင်းကာ ထောက်ပံ့ကူညီပေးလျက်ရှိသည်။
Wave Money အက်ပလီကေးရှင်းမှတဆင့် လူလူချင်းထိတွေ့မှုလျှော့ချပြီး လုံခြံစိတ်ချရသော နည်းလမ်းဖြင့် လှူဒါန်းမှုများ ကို အကျိုးခံစားရသူများထံသို့ တိုက်ရိုက်ပေးပို့နိုင်အောင် ဆောင်ရွက်လျက်ရှိသည်။ နာရေးကူညီမှုအသင်း(ရန်ကုန်)၊ ဓမ္ဓရောင်ခြည်၊ နှင်းဆီကုန်းနှင့်စသည့် COVID-19 တားဆီးကာကွယ်ရေးနှင့် တိုက်ဖျက်ရေးတို့တွင်ပါဝင်လုပ်ကိုင်နေကြသော အဖွဲ့အစည်းများသို့ တိုက်ရိုက်လှူဒါန်းမှုများ လုပ်ဆောင်နိုင်သည်။
ထို့အပြင် Wave Money သည် ကျန်းမာရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများပေးအပ်ချက်ရှိသော အဖွဲ့အစည်းများဖြစ်သည့် Medical Action Myanmar နှင့် Population Services International Myanmar တို့အား မြန် မာကျပ်ငွေ ၆၈ သန်းကျော်ကို လှူဒါန်းပေးအပ်ခဲ့သည်။ ၎င်းအဖွဲ့အစည်းများသည် COVID-19 စတင်ဖြစ်ပွားသည့် အချိန်မှစ ပြီး COVID-19 နှင့်ပတ်သက်သည့် လုပ်ငန်းစဉ်များကို တက်တက်ကြွကြွနှင့် လုပ်ဆောင်လျက်ရှိသောကြောင့် စီမံကိန်းများ အကောင်အထည်ဖော်ရာတွင် လိုအပ်သည်များကို ပံ့ပိုးပေးနိုင်ရန် ရည်ရွယ်ချက်ဖြင့် လှူဒါန်းခဲ့ကြောင်းသိရသည်။