ရိုးမဘဏ်ဝန်ဆောင်မှုအသုံးပြုသူများအတွက် လွယ်ကူပြီး သီးသန့်ဖြစ်သော ချေးငွေများချက်ချင်းရရယူနိုင်စေရန် ရိုးမဘဏ် ၏ SMART Credit ချေးငွေဝန်ဆောင်မှုတွင် စိတ်လှုပ်ရှားဖွယ် အင်္ဂါရပ်အသစ်တစ်ခုကို ထပ်ပေါင်းပုံဖော်လိုက်ပြီဖြစ်ရာ ရိုးမဘဏ်၏ SMART အကောင့် ကိုင်ဆောင်သူတိုင်း SMART Credit အသေးစားအွန်လိုင်းချေးငွေကို အွန်လိုင်းမှတစ်ဆင့် လျှောက်ထားပြီးသည်နှင့် တစ်ပြိုက်နက် ချေးငွေအတည်ပြုခြင်းနှင့် ချေးငွေပေးခြင်းတို့အတွက် အချိန်ကာလတစ်ခု စောင့် ဆိုင်းရန်မလိုတော့ဘဲ မိမိတို့ SMART အကောင့်မှတစ်ဆင့် ချေးငွေချက်ချင်းရယူနိုင်ပြီဖြစ်သည်။
ဒီဂျစ်တယ်ဘဏ်လုပ်ငန်းတွင် ရှေ့ဆောင်ဖြစ်သော ရိုးမဘဏ်သည် မြန်မာနိုင်ငံတွင် ချက်ချင်းလျှောက် ချက်ချင်းရယူနိုင် သည့် အပေါင်ပစ္စည်းမဲ့ ဒီဂျစ်တယ်ချေးငွေဝန်ဆောင်မှုကို ပေးအပ်နိုင်သော ပထမဆုံးဘဏ်ဖြစ်လာခဲ့သည်။
SMART Credit သည် ရိုးမဘဏ်မှ တီထွင်ဖန်တီးသော တစ်ကိုယ်ရေသုံး ဒီဂျစ်တယ်အသေးစားချေးငွေအမျိုးအစားဖြစ်ပြီး ရိုးမဘဏ် SMART အကောင့်ရှိသူတိုင်းလျှောက်ထားနိုင်သည်။ ၂၀၁၈ ခုနှစ်တွင် စတင်မိတ်ဆက်ခဲ့သည့် SMART Credit သည် မြန်မာနိုင်ငံတွင် ဘဏ်တစ်ခုမှ ဝန်ဆေင်မှုပေးသည့် ပထမဆုံးသော အပေါင်ပစ္စည်းမဲ့ ဒီဂျစ်တယ်ချေးငွေအမျိုးအစား ဖြစ်သည်။ SMART Credit ချေးငွေများသည် Customer များ၏ အရေးပေါ်ချေးငွေလိုအပ်ချက်များကို အချိန်ကြာမြင့်သော လျှောက်ထားမှုအဆင့်ဆင့်မပါဝင်ဘဲ ရယူနိုင်စေရန် ပုံဖော်ဖန်တီးထားခြင်းဖြစ်ပြီး ယခင်ကမူ ချေးငွေလျှောက်ထားပြီးနောက် ချေးငွေရယူရန် ရုံးဖွင့်ရက်တစ်ရက် ကြာမြင့်ခဲ့သည်။ အဆိုပါ ချေးငွေလျှောက်ထားရာတွင် မည်သည့် စာရွက်စာတမ်းမှ မလို အပ်သလို ဘဏ်သို့ ကိုယ်တိုင်သွားရောက်ရန် မလိုအပ်ဘဲ အွန်လိုင်းမှတစ်ဆင့် ရာနှုန်းပြည့်ရယူနိုင်ပါသည်။ စိန်ခေါ်မှုများရှိ နေသော လက်ရှိအချိန်၌ Customer များ ချေးငွေပြန်လည်ပေးဆပ်ရာတွင် ဝန်ထုပ်ဝန်ပိုးလျှော့ကျစေရန် ယခင်ရှိထားသော SMART Credit အဖွဲ့ဝင်ကြေးအားလုံးကိုလည်း ပယ်ဖျက်ပေးလိုက်ပြီဖြစ်သည်။
Photo Source https://smartcredit.yomabank.com
SMART Credit ချေးငွေကို အများဆုံးမြန်မာကျပ် သိန်း ၃၀(အမေရိကန်ဒေါ်လာ ၂၀၀၀) အထိလျှောက်ထားနိုင်ပြီး လျှောက် ထားသူ၏ ရိုးမဘဏ်ရှိ ငွေစုမှတ်တမ်း၊ ငွေစုသက်တမ်းနှင့်ယခင်ချေးငွေရယူထားမှုမှတ်တမ်းကောင်း၊ အခြားအချက်အလက် ပေါ်မူတည်ပြီး ရယူနိုင်သည့်ချေးငွေပမာဏကို သတ်မှတ်ပေးခြင်းဖြစ်သည်။ ချေးငွေအတွက် ကောက်ခံသည့်အတိုးနှုန်းမှာ တစ်လလျှင် ၁ ဒဿမ ၂ ရာခိုင်နှုန်းခန့်သာ ကျသင့်မည်ဖြစ်ကာ နောက်ထပ်အပိုဝန်ဆောင်ခများပေးဆောင်ခြင်းမရှိပါ။ နောက်တိုးချေးငွေယူများအနေဖြင့် ချေးငွေသက်တမ်းကို ၁၂ လအထိ လျှောက်ထားနိုင်မည်ဖြစ်ပြီး ဒဏ်ကြေးတစ်စုံတစ်ရာ ပေးစရာမလိုဘဲ ချေးငွေသက်တမ်းထက်စောပြီးလည်း ချေးငွေပြန်ဆပ်နိုင်သည်။
“ကျွန်တော်တို့ ရိုးမဘဏ်အနေနဲ့ ချေးငွေလျှောက်ထားတဲ့ လုပ်ငန်းစဉ်ကို အတတ်နိုင်ဆုံး ရိုးရှင်းလွယ်ကူပြီး တတ်နိုင်တဲ့ အနေအထားဖြစ်အောင် ကြိုးစားဆောင်ရွက်နေပါတယ်။ ကာလကြာရှည်စွာပဲ မြန်မာနိုင်ငံသားတွေဟာ ငွေတိုးချေးသူတွေဆီ ကရတဲ့ လွယ်ကူမြန်ဆန်ပေမယ့် အတိုးနှုန်းကြီးတဲ့ ချေးငွေအမျိုးအစားနဲ့ အတိုးနှုန်းသက်သာပေမယ့် စာရွက်စာတမ်းတစ်ပုံ တစ်ပင်နဲ့ အချိန်ကြာမြင့်ပြီး အပေါင်ပစ္စည်းလိုအပ်တဲ့ ဘဏ်ချေးငွေနှစ်မျိုးထဲကပဲ ရွေးချယ်ကြရပါတယ်။ ယခုအခါမှာ မြန်မာ နိုင်ငံရဲ့ အယုံကြည်ရဆုံး ဘဏ္ဍာရေးအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ရိုးမဘဏ်ရဲ့ SMART Credit ကတော့ တစ်ဦးချင်းသီးသန့် ဖြစ်ပြီး မြန်ဆန်တဲ့၊ အတိုးနှုန်းမများတဲ့ အကောင်းဆုံးချေးငွေကို Customer တွေအတွက် ချက်ချင်းလက်ငင်းပေးအပ်နေပြီ ဖြစ်ပါတယ်”ဟု ရိုးမဘဏ်၏ Head of Digital Credit ဖြစ်သူ Jason Loughnane မှပြောကြားသည်။
မြန်မာနိုင်ငံ၏ အသေးစားနှင့်အလတ်စားလုပ်ငန်းကဏ္ဍအတွက် ဝန်ဆောင်မှုပေးနေသော ထိပ်တန်းဘဏ်တစ်ခုအနေဖြင့် ရိုးမဘဏ်သည် မြန်မာနိုင်ငံသားများအတွက် ပိုမိုကောင်းမွန်သောနိုင်ငံတစ်ခု ထူထောင်ရန် ဟူသည့် ရည်မှန်းချက်အတိုင်း ပြည်သူများအကျိုးကို သယ်ပိုးဆောင်ရွက်လျက်ရှိပါသည်။ ရိုးမဘဏ်သည် အားလုံးပါဝင်နိုင်သော ငွေရေးကြေးရေးကဏ္ဍ ကို အဆင့်မြှင့်တင်ရန် ဂတိကဝတ်ထားရှိပြီး ကျေးလက်ဒေသလူမှုအသိုက်အဝန်း၊ အသေးစားစီးပွားရေးလုပ်ငန်းများနှင့် စိုက်ပျိုး ရေးကဏ္ဍများတွင် ငွေရေးကြေးရေးအထောက်အပံ့များ ပိုမိုပေးအပ်နိုင်ရန် ဆောင်ရွက်လျက်ရှိသည်။
Photo Source https://smartcredit.yomabank.com
၁၉၉၃ ခုနှစ်မှ စတင်တည်ထောင်ခဲ့သည့် ရိုးမဘဏ်သည် မြန်မာနိုင်ငံတွင် အတိုးတက်ဆုံးသော ပြည်တွင်းပုဂ္ဂလိက ဘဏ်တစ်ခုဖြစ်သည်။ ရိုးမဘဏ်သည် တစ်ဦးချင်း၊ အသေးစားနှင့်အလတ်စားလုပ်ငန်းများနှင့်ပြည်တွင်း ကော်ပိုရီတ်လုပ်ငန်း များအတွက် စီးပွားရေးလုပ်ငန်းများကို ငွေကြေးထောက်ပံ့ပေးရန် ချေးငွေအမျိုးမျိုး၊ စီးပွားရေးဆိုင်ရာဝန်ဆောင်မှုများနှင့် အပ် ငွေစာရင်းဝန်ဆောင်မှုများကို ဆောက်ရွက်လျက်ရှိသည်။ နှစ်ပေါင်း ၂၅ နှစ်ကျော်ကြာကျင့်ဝတ်မှန်ကန်သော ဘဏ်အဖြစ် ရပ်တည်ခဲ့သည့် ရိုးမဘဏ်သည် လူ့စွမ်းအားအရင်းအမြစ်၊ နည်းပညာ၊ ကော်ပိုရိတ်အုပ်ချုပ်ရေးစသည့် အဓိကကျသည့် အခန်းကဏ္ဍများတွင် မဟာဗျူဟာကျသော ရင်းနှီးမြှုပ်နှံမှုများကို တစ်စိုက်တစ်မက် လုပ်ကိုင်ခဲ့သည်။ လက်ရှိတွင် ရိုးမဘဏ် သည်တန်ဖိုးအားဖြင့် မြန်မာနိုင်ငံ၏ အကြီးဆုံးဘဏ် ၅ ဘဏ်စာရင်းတွင်ပါဝင်နေပြီး ဝန်ထမ်းပေါင်း ၃၀၀၀ ကျော်ရှိကာ နိုင်ငံ တစ်ဝန်းတွင် ဘဏ်ခွဲပေါင်း ၈၀ ကျော်ဖွင့်လှစ်ထားသည်။ ၂၀၁၈ ခုနှစ်တွင် အသေးစားလုပ်ငန်းများနှင့် မြန်မာနိုင်ငံအနှံ့ရှိ ရိုးမ ဘဏ်ဝန်ဆောင်မှုအသုံးပြုသူများအတွက် အပေါင်မဲ့ပစ္စည်း ဒီဂျစ်တယ်ချေးငွေများကို ပေးအပ်သွားရန် SMART Credit ချေး ငွေအစီအစဉ်ကို စတင်ခဲ့ခြင်းလည်းဖြစ်သည်။
SMART Credit ချေးငွေနှင့်ပတ်သက်ပြီး ပိုမိုသိရှိလိုပါက အောက်ပါ Link တွင်ဝင်ရောက်လေ့လာနိုင်ပါသည်။
https://smartcredit.yomabank.com