MPT နင့် Mytel အသုံးပြုသူများအတွက်သက်ဆိုင်ရာ ဆုမဲများရရှိနိုင်မည့်အခွင့်အရေးများ

MPT ရဲ့ပေါက်ပေါက်ပေါက်


MPT သည် နိုင်ငံအတွင်းတွင် အမြန်ဆုံးသော 4G ကွန်ရက်၊ အကျယ်ပြန့်ဆုံးသော ကွန်ရက်ဖြန့်ကျက်နိုင်မှု၊ အကောင်းဆုံးသော ထုတ်ကုန်များနှင့် တန်ဖိုးထပ်ဆောင်း ဝန်ဆောင်မှုများကို အလွန်သင့်တင့်သော ဈေးနှုန်းများနှင့်ပေးအပ်ခြင်းတို့ကို အစဉ်တစိုက် ဆောင်ရွက် လျက်ရှိရာ ယခုလည်း MPT အသုံးပြုသူများအနေဖြင့် ဖုန်းဘေလ် ဖြည့်သွင်း လိုက်ရုံဖြင့် TOYOTA Vios ကားသစ် ၂ စီး၊ ၅ ကျပ်သားရွှေပြားဆု ၁၄ ခု၊ ကျပ်သိန်းပေါင်း ၄၀,၀၀၀ တန်ဖိုးရှိ တယ်လီကွန်းဆုများကို ကံထူးနိုင်မည့် ကံစမ်းမဲအစီအစဉ်အသစ်ဖြစ်သည့် “ပေါက် ပေါက် ပေါက်” အစီအစဉ်အား စတင်လိုက်ပြီ ဖြစ်သည်။

၂၀၁၉ ခုနှစ်၊ မေလ ၂၄ ရက်နေ့မှ ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၁၄ ရက်နေ့အထိ MPT ၏ ကြိုတင်ငွေဖြည့်စနစ်သုံး GSM/WCDMA သုံးစွဲသူများအနေဖြင့် ကျပ် ၁,၀၀၀ နှင့်အထက် ဖုန်းဘေလ်ဖြည့်သွင်းတိုင်း အဆိုပါ “ပေါက် ပေါက် ပေါက်” ကံစမ်းမဲအစီအစဉ်သစ်တွင် ပါဝင်ခွင့်ရနိုင်မည်ဖြစ်ပြီး နေ့စဉ်ဆုများ အဖြစ် ဖုန်းဘေလ်များ၊ MPT အချင်းချင်း ဖုန်းခေါ်ဆိုမှု မိနစ်များ၊ MPT အချင်းချင်းပေးပို့နိုင်သည့် SMS များ၊ Data များနှင့် ထောဘီဖုန်းဘေလ်များကို ချက်ချင်းကံထူးခွင့်ရရှိနိုင်မည် ဖြစ်ပါသည်။ ထို့အပြင် ဖုန်းဘေလ်ဖြည့်သွင်းမှုပမာဏအလိုက် အပတ်စဉ် ၅ ကျပ်သား ရွှေပြားဆုကံစမ်းခွင့်များ၊ အထူးဆု TOYOTA Vios ကားသစ်ကြီး ကံစမ်းခွင့်များ ရရှိသွားမည် ဖြစ်ပါသည်။
MPT အသုံးပြုသူများအနေဖြင့် ဖြည့်သွင်းသည့် ဖုန်းဘေလ်ပမာဏအလိုက် ရရှိလာမည့် ကံစမ်းခွင့် အခွင့်အရေးများ(Chance)မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

Photos Source- https://www.facebook.com/mptofficialpage/

အသုံးပြုသူများအနေဖြင့် ဖုန်းဘေလ် ပိုမိုဖြည့်သွင်းခြင်းဖြင့် ကံစမ်းခွင့်(Chance)များ ပိုမိုရရှိမည် ဖြစ်ပါသည်။

MPT အနေဖြင့် အပတ်စဉ်တိုင်း ၅ ကျပ်သားစီရှိသည့် ရွှေဆုမဲ(၂) ခုအတွက် ကံထူးသူ ၂ ဦးကို ရွေးချယ် ပေးအပ်သွားမည်ဖြစ်ပြီး အဆိုပါရွှေဆုများအပြင် အထူးဆုကြီး ဖြစ်သည့် TOYOTA Vios ကားသစ်ကြီး(၂)စီး၏ ကံထူးရှင်များကိုလည်း ဇွန်လ ၁၄ ရက်နှင့် ဇူလိုင်လ ၁၅ ရက်တို့တွင် အသီးသီးရွေးချယ်ပေးသွားမည် ဖြစ်ပါသည်။

MPT-KSGM Joint Operations ၏ Chief Commercial Officer ဖြစ်သူ Mr. Reizo Umeda မှလည်း “ကျွန်တော်တို့အနေနဲ့ MPT ကို အစဉ်တစိုက် အသုံးပြုတဲ့သုံးစွဲသူတွေအပေါ် ဆုတွေ ပြန်လည် ပေးအပ် နိုင်ဖို့ ဆောင်ရွက်လိုတာကြောင့် ပျော်ရွှင်စရာကောင်းတဲ့ အစီအစဉ်အဖြစ် “ပေါက် ပေါက် ပေါက်” ကံစမ်းမဲ အစီအစဉ်ကို စတင်ပြီး ဆုလက်ဆောင်တွေ အများကြီးပေးအပ်ရင် ကောင်းမယ်လို့ စဉ်းစားမိခဲ့ပါတယ်။ ကျွန်တော်တို့ဘက်က ကံစမ်းမဲအစီအစဉ်ကို အရိုးရှင်းဆုံးဖြစ်အောင် ပြင်ဆင်ထားပြီး လူတိုင်းပါဝင်နိုင်တဲ့ အစီအစဉ်ဖြစ်အောင် ဆောင်ရွက်လိုက်တာဖြစ်ပါတယ်။ MPT ကို အသုံးပြုသူတိုင်း ဒီပရိုမိုးရှင်း အစီအစဉ်မှာပါဝင်ပြီး MPT သုံးစွဲသူများကို ပြန်လည်ကျေးဇူးတုံ့ပြန်တဲ့ ဒီအခွင့်အရေးကို အပြည့်အဝ အသုံးချလိမ့်မယ်လို့ မျှော်လင့်ထားပါတယ် ” ဟု ပြောကြားခဲ့ပါသည်။

MPT ၏ ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများအကြောင်း ပိုမိုသိရှိလိုပါက ဖုန်းနံပါတ် ၁၀၆ သို့ခေါ်ဆို၍ဖြစ်စေ၊ MPT ၏ တရားဝင် Facebook စာမျက်နှာ https://www.facebook.com/mptofficialpage/ သို့မဟုတ် MPT ၏ တရားဝင် website ဖြစ်သည့် www.mpt.com.mm ဝင်ရောက်၍ဖြစ်စေ လေ့လာနိုင်မည် ဖြစ်ပါသည်။

 

MYTEL ရဲ့ Xbox

 

Photos Source- https://www.mytel.com.mm/
အခုဆို MYTEL ရဲ့ XBOX ကို MyMytel App ထဲမှာတင်တန်း ဖွင့်လို့ရနေပြီစြဖ်ပါတယ်။ ဆုတွေကတော့ အဆ ၁၀၀ အထိပွားနိုင်မယ့် စတို၊ဒေတာ၊ဖုန်းခေါ်ဆိုမှုမိနစ်၊ဖုန်းငွေတွေ အပြင် တစ်နေ့ကို Huawei Y9 2019 စမတ်ဖုန်းတစ်လုံးကိုလည်းကံထူးနိုင်ဦးမှာပါ။အဲတော့ အခုပဲ MyMytel App ရဲ့ နောက်ဆုံး version ကို update လုပ်လိုက်ပြီး *9668# က ိုဆက်ပြီးလည်းဖွင့်နိုင်ဦးမှာဖြစ်ပါတယ်။
MYTEL ရဲ့ Lucky Load Promo

Photos Source- https://www.mytel.com.mm/

MYTEL ရဲ့ ဖုန်းဘေလ်ငွေဖြည့်သွင်းပြီးတိုင်း ဆုလက်ဆောင်များ ရရှိနိုင်မယ့် LUCKY LOAD အစီအစဉ်လေးကနေ ကျပ်သိန်းပေါင်း ၂၈,၀၀၀ အထိကံထူးနိင်မယ့် အခွင့်အရေးက ဒီ မေလ ၂၅ ရက် ၂၀၁၉ မှာပြီးဆုံးမှာဖြစ်ပါတယ်။.ဒါ့ကြောင့် မပြီးဆုံးခင်ကံစမ်းကြရအောင်လို့ ဒီနေ့ပဲ ငွေကျပ် ၁,၀၀၀ ဖြည့်ပြီး iPhone XS MAX နဲ့ Samsung J6+ အပါအဝင် အခြားအလန်းစားဆုမဲတွေဖြစ်တဲ့ ဒေတာ 100 GB အထိ ကံထူးနိုင်မှာဖြစ်ပါတယ်။