Mytel မှ ကလေးငယ်များအတွက် အကျိုးပြုရန်ရည်ရွယ်သည့် “Empower My Children” ဖောင်ဒေးရှင်းအားမိတ်ဆက်

Mytel သည်မြန်မာနိုင်ငံရှိကလေးငယ်များ၏သက်သာဖူလုံစေရေးအတွက်ရည်ရွယ်ပြီးတည်ထောင်ထားသည့် “Empower My Children” ဖောင်ဒေးရှင်းအားအများပြည်သူထံတရားဝင်အသိပေးမိတ်ဆက်ခဲ့ကြောင်းသိရသည်။
အနာဂတ်တွင် မြန်မာနိုင်ငံကို အကျိုးပြုသည့် ခေါင်းဆောင်များဖြစ်လာမည့် ရင်သွေးငယ်များ၏ဘဝများအား တစ်ဖက်တစ်လမ်းကကူညီပံ့ပိုးမြှင့်တင့်ပေးခြင်းဖြင့် အပြုသဘောဆောင်သည့်ပြောင်းလဲမှုများကိုဖန်တီးလုပ်ဆောင်နေသည့် လုပ်ငန်းစဉ်တွင်နိုင်ငံတစ်ဝှမ်းလုံးရှိ Mytel အသုံးပြုသူများအတူတကွပါဝင်လျှောက်လှမ်းနိုင်ရန်ရည်ရွယ်ကာအဆိုပါ “Empower My Children” ဖောင်ဒေးရှင်းကို Mytel ကတရားဝင်မိတ်ဆက်အသိပေးခြင်းဖြစ်သည်။

Photo Source https://www.facebook.com/mytelmyanmar

“လူမှုပတ်ဝန်းကျင်ကို တတ်စွမ်းတဲ့ဘက်ကပြန်ကူညီပေးဖို့ဆိုတဲ့အချက်က Mytel ရဲ့အဓိကတန်ဖိုးထားရတဲ့ခံယူချက် တစ်ခု ဖြစ်တာကြောင့် Mytel အနေနဲ့ခုလိုလူမှုအကျိုးပြုဖောင်ဒေးရှင်းတည်ထောင်ပြီး မြန်မာနိုင်ငံကကလေးငယ်တွေရဲ့ ဘဝတွေပိုမိုသာယာလှပလာဖို့ကူညီမှုတွေကိုအဆက်မပြတ်ပြုလုပ်လာခဲ့တာပဲဖြစ်ပါတယ်။ ကျွန်မတို့ Mytel အနေနဲ့ ဒီဖောင်ဒေးရှင်းကနေတစ်ဆင့်ကလေးငယ်တွေရဲ့ လိုအပ်နေတဲ့ကွက်လပ်တွေကို အတတ်နိုင်ဆုံးဖြည့်ပေးပြီး အဘက် ဘက်က နေပံ့ပိုးပေးဖို့မျှော်မှန်းထားပါတယ်။ ဒီဖောင်ဒေးရှင်းကနေကလေးငယ်တွေကိုပညာရေး၊ ကျန်းမာရေးနဲ့ပတ်သက်ပြီး အဘက်ဘက်ကလိုအပ်တဲ့ထောက်ပံ့မှုတွေပေးသွားမှာဖြစ်ပြီး ဒီလိုထောက်ပံ့တဲ့အကျိုးရလာဒ်အနေနဲ့ ဒီကလေးတွေမှာ ပိုမိုတောက်ပပြီး ကောင်းမွန်တဲ့အနာဂတ်ရှိလာဖို့ ရည်ရွယ်ပါတယ်”ဟု Mytel မြန်မာ၏ပြင်ပဆက်ဆံရေးအရာရှိ ချုပ်ဖြစ်သူဒေါက်တာဒေါ်နီလာအေးမှ ပြောကြားသည်။
Mytel သည် ယခုကဲ့သို့ ကလေးငယ်များအားကူညီပံ့ပိုးရန်ရည်ရွယ်ပြီး “Empower My Children” ဖောင်ဒေးရှင်းအား Mytel ၏ နှစ်နှစ်ပြည့်မွေးနေ့အထိမ်းအမှတ်အဖြစ်ဇွန်လ ၅ ရက်နေ့ ၂၀၂၀ ခုနှစ်တွင်တရားဝင်စတင်မိတ်ဆက်ခဲ့ခြင်းဖြစ်သည်။ “Empower My Children” ဖောင်ဒေးရှင်းသည်မြန်မာနိုင်ငံရှိ ဆက်သွယ်ရေးအော်ပရေတာများအနက် ပထမဦးဆုံး ပေါ်ပေါက်လာသည့် ပရဟိတဖောင်ဒေးရှင်းဖြစ်ပါသည်။ ဤဖောင်ဒေးရှင်းသည် ရန်ကင်းကလေးဆေးရုံနှင့်ပူး ပေါင်း၍ငွေရေးကြေးရေး အခက်အခဲရှိသည့်မွေးရာပါနှလုံးရောဂါသည်ကလေးငယ်များခွဲစိတ်မှုခံယူနိုင်ရန် Mytel မှ လိုအပ်သည့်ငွေကြေးထောက်ပံ့မှုများကိုပြုလုပ်ခဲ့သည်။ Mytel သည် ဖောင်ဒေးရှင်းစတင်ချိန်မှ ယနေ့အချိန်အထိ မွေးရာပါ နှလုံးရောဂါရှိသော ကလေးငယ် ၃၄ ဦးအား ခွဲစိတ်ကုသမှုအတွက်လိုအပ်သော ငွေကြေးများကို ထောက်ပံ့ကူညီ လှူဒါန်း ခဲ့ပြီးပြီ ဖြစ်သည်။

Photo Source https://www.facebook.com/mytelmyanmar

မြန်မာလူမျိုးတို့၏ အကျိုးစီးပွားကိုရှေးရှု၍ ဆက်သွယ်ရေးဝန်ဆောင်မှုများကို ကုန်ကျစရိတ်သက်သာစွာ အသုံးပြုနိုင်ရန် အတွက် အကောင်းဆုံးပရေတာ Mytel သည် ယခုကဲ့သို့ခက်ခဲကျပ်တည်းသော အချိန်ကာလအတွင်း ခေတ်မီဆန်း သစ်သော နည်းပညာများဖြင့်သုံးစွဲသူများအားအထောက်အပံ့ဖြစ်စေနိုင်မည့် ဝန်ဆောင်မှုများနှင့်ပိုမိုကောင်းမွန်သော အတွေ့အကြုံများပေးနိုင်ရန်တီထွင် ဆောင်ရွက်လျက်ရှိပါသည်။ ထို့အပြင် Mytel သည်သုံးစွဲသူတို့၏ လူမှုဘဝဖွံ့ဖြိုးတိုးတတ်ရေးအတွက်လည်း တစ်ဖက်တစ်လမ်းမှပံ့ပိုးပေးနိုင်ရန်အတွက်လိုအပ်သောဆန်းသစ်တီထွင်မှုများနှင့် ဝန်ဆောင်မှုများအားအထူးအာရုံစိုက်လျက်ပြီးမြန်မာပြည်သူတို့အတွက်ကောင်းမွန်သောအနာဂတ်ကိုဖန်တီးပေးနိုင်ရန်အစဉ်အမြဲကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။
Mytel ကုမ္ပဏီသည် ၂၀၁၆ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး မြန်မာနိုင်ငံဆက်သွယ်ရေးဈေးကွက်သို့ စတုတ္ထမြောက်ဝင်ရောက်လာသည့် ဆက်သွယ်ရေးကုမ္ပဏီတစ်ခုဖြစ်သည်။ ဆက်သွယ်ရေးလုပ်ငန်းတွင် ဆယ်စုနှစ်တစ်ခု ကျော်တိုင်အတွေ့အကြုံရှိသည့် ဗီယက်နမ်ဆက်သွယ်ရေးဝန်ဆောင်မှုကုမ္ပဏီ Viettel နှင့်ပူးပေါင်းဆောင်ရွက် လျက်ရှိသောကြောင့် ဝန်ဆောင်မှုများမှာနိုင်ငံတကာအရည်အသွေးမှီပြီး နည်းပညာဆင့်အတန်းများမြင့်မား လျက်ရှိသည်။ ထိုမျှသာမက မြန်မာသဘာဝအလေ့အထနှင့်ကိုက်ညီသော ဝန်ဆောင်မှုများကိုသုံးစွဲသူအကြိုက် နောက်ဆုံးပေါ် နည်းပညာများဖြင့် ပေါင်းစပ်ကြိုးပမ်းလုပ်ဆောင်ရင်း အဓိကအားဖြင့် အရည်အသွေးကောင်းမွန်ပြီး ဈေးနှုန်းသက်သာ သည့်ဝန်ဆောင်မှုများကိုပေးအပ်သွားမည်ဖြစ်သည်။

Photo Source https://www.facebook.com/mytelmyanmar

Mytel သည် မြန်မာနိုင်ငံတစ်ဝန်းလုံးတွင်အကျယ်ပြန့်ဆုံး 4.5G ကွန်ရက်နှင့်ခေတ်အမီဆုံးဆက်သွယ်ရေး အခြေခံအဆောက်အဦးကိုတည်ဆောက်ထားရှိပြီး ဒစ်ဂျစ်တယ်စနစ်သို့ ကူးပြောင်းရန်နှင့်မြန်မာပြည်သူပြည်သားတို့၏ လူနေမှု ဘဝများကိုမြှင့်တင်ရန်ဆောင်ရွက်ပေးနေသောဆက်သွယ်ရေးကုမ္ပဏီတစ်ခုဖြစ်သည်။
အသေးစိတ်အချက်အလက်များကိုပိုမိုသိရှိလိုပါက အောက်ပါ Link တွင်ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
https://www.facebook.com/mytelmyanmar