MPT ၏ အကန့်အသတ်မဲ့သုံး မြန်နှုန်းမြင့် ဒုံးပျံအိမ်သုံးဖိုင်ဘာအင်တာနက်ဝန်ဆောင်မှုကို နိုင်ငံတစ်ဝန်းတွင် (၁၇၅) မြို့နယ်အထိ တိုးချဲ့အသုံးပြုနိုင်ပြီ

MPT သည် ၎င်း၏ အကန့်အသတ်မဲ့သုံး မြန်နှုန်းမြင့် ဒုံးပျံအိမ်သုံး ဖိုင်ဘာ အင်တာနက် ဝန်ဆောင်မှုကို မြန်မာနိုင်ငံတစ်ဝန်းမှ တိုင်းဒေသကြီးနှင့်ပြည်နယ် (၄) ခုရှိ  မြို့နယ် (၁၅) ခု တွင် ထပ်မံ တိုးချဲ့ဆောင်ရွက်လိုက်ပြီဖြစ်ကြောင်း ထုတ်ပြန်ကြေညာလိုက်ပါသည်။ အဆိုပါ တိုးချဲ့ဆောင်ရွက် မှုတွင် ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း)၊ ရန်ကုန်တိုင်းဒေသကြီး နှင့် ရှမ်းပြည်နယ် (တောင်ပိုင်း) တို့ပါဝင်ကာ ၂၀၂၄ ခုနှစ် မေလ၊ ဇွန်လ နှင့် ဇူလိုင်လ အတွင်းက တိုးချဲ့ ဆောင်ရွက်လိုက်ခြင်း ဖြစ်ပါသည်။

MPT က သုံးစွဲသူများထံသို့ ယုံကြည်စိတ်ချရသည့် မြန်နှုန်းမြင့် အင်တာနက် ချိတ်ဆက်မှုများ ပေးအပ်သွားမည် ဟူသည့် ကတိကဝတ်ကို ယခုလိုဆောင်ရွက်မှုနှင့် ဖော်ပြလိုက်ပြီဖြစ်ပါသည်။ ယနေ့အထိ ရေတွက်ပါက  ဝန်ဆောင်မှုများကို မြန်မာနိုင်ငံတစ်ဝန်းရှိ မြို့နယ်ပေါင်း (၁၇၅) မြို့နယ်တွင် အောင်မြင်စွာ တိုးချဲ့ဆောင်ရွက် လိုက်နိုင်ခဲ့ပြီ ဖြစ်ပါသည်။ ယခုကဲ့သို့ တိုးချဲ့ဆောင်ရွက်မှုကြောင့် အဆိုပါဒေသများရှိ သုံးစွဲသူများအနေဖြင့် မိမိတို့၏ နေအိမ်များတွင် အဆင်ပြေလွယ်ကူပြီး စိတ်ချရသော အင်တာနက်ချိတ်ဆက်မှုနှင့်အတူ MPT ၏ အကန့်အသတ်မဲ့သုံး မြန်နှုန်းမြင့် ဒုံးပျံအိမ်သုံးဖိုင်ဘာအင်တာနက်ကို အချိန်မရွေး အသုံးပြုနိုင်‌ပြီ ဖြစ်ပါသည်။

MPT ၏ အကန့်အသတ်မဲ့သုံး မြန်နှုန်းမြင့် ဒုံးပျံအိမ်သုံးဖိုင်ဘာ အင်တာနက် ဘေလ်ကို ၃ လ၊ ၆ လ (သို့မဟုတ်) ၁၂ လ ကြိုတင်ပေးချေခြင်းဖြင့် သုံးစွဲသူများသည် ၂ သိန်းကျပ် အထိ လျှော့စျေးများကို ရရှိခံစားနိုင်ပါသည်။

သုံးစွဲလိုသူများအနေဖြင့် အကန့်အသတ်မဲ့သုံး မြန်နှုန်းမြင့် ဒုံးပျံအိမ်သုံးဖိုင်ဘာအင်တာနက်ကို MPT ၏ အရောင်း ကိုယ်စားလှယ်များမှ တစ်ဆင့်သော်လည်းကောင်း၊ နီးစပ်ရာ MPT ရုံးများ၊ MPT ၏ Franchise ဆိုင်များ၊ Own shop များနှင့် MPT၏ တရားဝင်ဝက်ဘ်ဆိုက်ဖြစ်သော https://mpt.com.mm/mm/dome-pyan-mm/ တို့မှ လည်းကောင်း လျှောက်ထားရယူနိုင်ကာ ဝန်ဆောင်မှု ရရှိနိုင်သည့်မြို့နယ် (၁၇၅) မြို့နယ်တို့၏ အသေးစိတ် အချက်အလက်များလည်း သိရှိနိုင်မည်ဖြစ်ပါသည်။

MPT သည် သုံးစွဲသူများအတွက် လွယ်ကူရိုးရှင်းသော အွန်လိုင်းငွေပေးချေမှုကိုလည်း ဆောင်ရွက်ပေးထားပါသည်။  သုံးစွဲသူများအားလုံးအနေဖြင့် လွယ်ကူစွာ ငွေပေးချေနိုင်သည့်နည်းလမ်းများ နှင့် အသေးစိတ်အချက်အလက်ကို https://mpt.com.mm/mm/payment-channels-mm/ မှတစ်ဆင့် ဝင်ရောက်လေ့လာနိုင်ပါသည်။ ထို့အပြင် သုံးစွဲသူများသည် E-invoice ငွေတောင်းခံလွှာဝန်ဆောင်မှုအတွက် https://einvoice.mpt.com.mm/#/Einvoice  တွင် စာရင်းပေးသွင်းရယူနိုင်ပြီး မိမိတို့၏ ဖုန်းနံပါတ်နှင့် အီးမေးလ်ကို E-invoice Form တွင် ထည့်သွင်းပေးရန် လိုအပ်ပါသည်။

MPT ၏ ဝန်ဆောင်မှုများကို အစဉ်တစိုက်အသုံးပြုလျက်ရှိသည့် သုံးစွဲသူ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအထူးတင်ရှိပါသည်။ MPT အနေဖြင့် သုံးစွဲသူများ၏ ဒီဂျစ်တယ်ဘဝများကို မြှင့်တင်ပေးနိုင်ရန်အတွက် မြန်ဆန်သက်သာပြီး စိတ်ချယုံကြည်ရသည့် အင်တာနက်ဝန်ဆောင်မှုများကို ပေးစွမ်းနိုင်ရန် ဆောင်ရွက်လျက် ရှိပါသည်။ MPT ၏ မြန်နှုန်းမြင့် ဒုံးပျံအိမ်သုံးဖိုင်ဘာအင်တာနက် ဝန်ဆောင်မှုအကြောင်း ပိုမိုသိရှိလိုပါက hotline *2800# (သို့မဟုတ်) 18652800 သို့ခေါ်ဆိုပြီး (သို့မဟုတ်) 106 call center နှင့် တိုက်ရိုက်တုံ့ပြန်ဖြေကြားပေးသည့် Chatbot ဝန်ဆောင်မှုများကို MPT4U အက်ပလီကေးရှင်း၊ MPT Viber နှင့် တရားဝင် ဝက်ဘ်ဆိုက် တို့တွင် စုံစမ်းမေးမြန်းနိုင်ပါသည်။