ဆိုက်ဘာလုံခြုံရေးဆိုင်ရာအကဲဖြတ်မှုများအတွက် MPU နှင့် RITZ တို့ပူးပေါင်း

ဆိုက်ဘာလုံခြုံရေးဆိုင်ရာ အကဲဖြတ်မှုများအတွက် Myanmar Payment Union (MPU) နှင RITZတို့ ပူးပေါင်း လုပ်ဆောင်ရန်အတွက် လက်မှတ်ရေးထိုးပွဲအခမ်းအနားကို ၂၀၂၀ ခုနှစ် ဇန်နဝါရီ ၈ ရက်တွင် ရန်ကုန်မြို့ရှိ Pan Pacific ဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

Photo Source By Myanmar Tech Press

သဘောတူစာချုပ်တွင် Myanmar Payment Union (MPU) ၏အမှုဆောင်အရာရှိချုပ်ဖြစ်သူ ဦးဇော်လင်းထွဋ် နှင့် RITZ ၏ Managing Director ဖြစ်သူ ဦးလင်းထွဋ် တို့က MPU အမှုဆောင်အရာရှိများ၊ Information Security Association (MiSA) နှင့် မြန်မာ့ဘဏ္ဍရေးအသိုင်းအဝန်းမှ တာဝန်ရှိသူများ ရှေ့မှောက်၌ လက်မှတ်ရေးထိုးခဲ့ခြင်းလည်းဖြစ်သည်။
ယနေ့ခေတ်တွင် တစ်ကမ္ဘာလုံးဆိုင်ရာ ဆိုက်ဘာခြိမ်းခြောက်မှုများသည် စီးပွားရေးလုပ်ငန်းများတွင် သိသိသာသာများ ပြားလာခဲ့ပြီး စီးပွားရေးလုပ်ငန်းများ၏ အဖိုးတန်သောပိုင်ဆိုင်မှုသတင်းအချက်အလက်များ မပေါက်ကြားစေရန် လုံခြုံမှုများ ထားရှိခြင်းက ဖိအားတစ်ခုသဖွယ်ဖြစ်လာနေကြောင်းသိရသည်။

Photo Source By Myanmar Tech Press

အချို့သောဆိုက်ဘာလုံခြုံရေးချိုးဖောက်မှုများသည် အားနည်းချက်သိသိသာသာပေါ်ပေါက်နေသော နေရာများကိုချိုး ဖောက်၍ သတင်းအချက်အလက်ရယူကြပြီး အချို့သော zero-day လုံခြုံရေးတိုက်ခိုက်မှုများသည် သုံးစွဲနေကျ IT လုံခြုံရေး ဖြေရှင်းချက်များနှင့် အဖြေရှာဖြေရှင်းရန်ပင် အတော်ခက်ခဲကြောင်းလည်းသိရသည်။ နည်းပညာခေတ်ဖြစ်သည်နှင့်အညီ ဈေးရောင်းဝယ်ခြင်းမှအစ အွန်လိုင်းမှတစ်ဆင့် လုပ်ဆောင် လာကြပြီဖြစ်သောကြောင့် ယနေ့ခေတ်တွင် သတင်းအချက်အလက်များသည် အရေးကြီးလာကြောင်း၊ အဆိုပါ သတင်း အချက်အလက်များကို လုံခြုံပြီးသုံးစွဲသူများ ပိုမိုသိရှိနိုင်စေရန် ရည်ရွယ်လုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။

Photo Source By Myanmar Tech Press

“MPU ကတော့ ၂၀၁၂ ခုနှစ်ကတည်းက မြန်မာပြည်ရဲ့ငွေပေးချေမှုကဏ္ဍတွေကို မြှင့်တင်ပေးဖို့အတွက် ဖွဲ့စည်းလာတဲ့အဖွဲ့ အစည်းဖြစ်ပြီးတော့ Payment ဆိုင်ရာတွေကို စဉ်ဆက်မပြတ်ဆောင်ရွက်ခဲ့ပါတယ်။ Ritz ဆိုတာကလည်း မြန်မာနိုင်ငံမှာ နည်းပညာကျွမ်းကျင်ဆိုင်ရာတွေကိုလုပ်ဆောင်နေတာလည်းဖြစ်ပါတယ်။ ခုလို ကျွန်တော်တို့ရဲ့ ဆိုက်ဘာလုံခြုံရေးစနစ်ကို လုံခြုံမှုကောင်းမွန်လာအောင် ကျန်းမာရေး စစ်ဆေးတဲ့သဘောပေါ့။ ကြိုတင် စစ်ဆေးတဲ့အတွက်ကြောင့် ဖြစ်လာနိုင်မယ့် အရာတွေကို ကြိုတင်ကာကွယ်တယ်။ MPU စနစ်ကို ကြိုတင်စစ်ဆေးတယ်။ လိုအပ်တဲ့အပိုင်းတွေကို ကာကွယ်မှုတွေပိုပြီး ပြုလုပ်မှာဖြစ်ပါတယ်။ အကယ်၍များ ကျွန်တော်တို့ လုပ်ဆောင်တဲ့နေရာမှာ ပိုနေတဲ့အပိုင်းတွေရှိပြီး လုပ်ဆောင်မှု ကြန့်ကြာနိုင်တဲ့အပိုင်းတွေရှိရင် လျှော့ချသွားမှာပါ။ အဓိကက လုံခြုံမှုကို စစ်ဆေးပြီး သရုပ်ပြလုပ်ဆောင်မှု ပိုတိုးတက်အောင် လုပ်ပါ့မယ်” ဟု MPU မှ Chief Executive Officer ဦးဇော်လင်းထွဋ် ကပြောသည်။
MPU သည် အဓိကကျသော အခြေခံ အဆောက်အအုံများ အတွက် ဆိုက်ဘာလုံခြုံရေး အကဲဖြတ်မှုများ ပြုလုပ်ရန် RITZ သို့ လုပ်ငန်းအပ်နှံပြီး ပူးပေါင်း လုပ်ဆောင်မည်ဖြစ်သည်။
အသေးစိတ်အချက်အလက်များကို ပိုမိုသိရှိလိုပါက အောက်ပါ Link များတွင်ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ပါသည်။
https://www.myanmarpaymentunion.com/index.php
https://www.facebook.com/MyanmarPaymentUnion/