Grab သုံးစွဲသူများ UnionPay ကို အသုံးပြုကာ ငွေပေးချေနိုင်

UnionPay မှ အငှားယာဉ်ဝန်ဆောင်မှုလုပ်ငန်း app ဖြစ်သည့် Grab နှင့်လက်တွဲကာ အလုပ်မအားလပ်သည့် Grab ဝန်ဆောင်မှုအသုံးပြုသူများအတွက် UnionPay ဖြင့်ပိုမိုလွယ်ကူချောမွေ့စွာ ငွေပေးချေနိုင်မည့်စနစ်တစ်ခုကို စတင်အကောင်အ ထည်ဖော်ဆောင်ရွက်လိုက်ပြီဖြစ်ကြောင်းသိရသည်။
UnionPay သည်ကမ္ဘာတစ်ဝန်းတွင် ကတ်ပေါင်း ၇ ဒဿမ ၅ ဘီလျံကျော် ထုတ်ပေးထားပြီး ယခုနှစ်အစပိုင်းတွင် မြန်မာနိုင်ငံကို ငွေသားကိုင်ဆောင်အသုံးပြုမှုကိုအားထားသည့်နိုင်ငံအဖြစ်မှ ငွေသားကိုင်ဆောင်အသုံးပြုမှုကင်းဝေးသည့်လူမှုဝန်းကျင်ဖြစ်လာ စေရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်းလည်းသိရသည်။Grab စီးနင်းသူများအနေဖြင့် ၎င်းတို့၏ UnionPay debit/credit ကတ်များကို Grab app နှင့် ချိတ်ဆက်ကာ စီးနင်းခဲ့သည့်ခရီးစဉ်များအတွက် လွယ်ကူရိုးရှင်းစွာ ငွေပေးချေနိုင်ပြီဖြစ်သည်။

Photo Source – https://www.facebook.com/UnionPayInternationalMM/

“ကျွန်တော်တို့ UnionPay နဲ့ Grab က ဝန်ဆောင်မှုအသုံးပြုကြတဲ့ သုံးစွဲသူတစ်ဦးချင်းစီနဲ့ စီးပွားရေးလုပ်ငန်းတွေကို အဆက် အသွယ်ပိုမိုရရှိစေပြီး အသုံးပြုရလွယ်ကူအဆင်ပြေတဲ့ ဝန်ဆောင်မှုတွေ ထောက်ပံ့ပေးရေး၊ မြန်မာ့စီးပွားရေးမှာ အခွင့်အလမ်း ကောင်းတွေ ပိုမိုပေါ်ထွန်းလာရေးတို့ကို ဦးတည်ဆောင်ရွက်နေကြတဲ့ လုပ်ငန်းနှစ်ခုဖြစ်လို့ ရည်ရွယ်ချက်ချင်းတူတဲ့ Grab နဲ့ အခုလိုပူးပေါင်းဆောင်ရွက်ရခြင်းအတွက် တကယ်စိတ်လှုပ်ရှားမိပါတယ်။ မြန်မာနိုင်ငံသူ၊ နိုင်ငံသားတွေကလည်း သူတို့ရဲ့တစ် နေ့တာအတွင်း ငွေပေးချေမှုတွေပြုလုပ်တဲ့နေရာမှာ ငွေသားနဲ့မပေးချေဘဲ ဒစ်ဂျစ်တယ်ငွေပေးချေမှုစနစ်ကို ပိုပြီးအသုံးပြုလာကြ တာကို တွေ့ရတဲ့အတွက် ကျွန်တော်တို့ရဲ့ UnionPay ကတ်အသုံးပြုသူတွေအနေနဲ့ ရရှိပြီးသားကတ်တွေကို Grab App နဲ့ ချိတ်ဆက်ပြီး စီးနင်းခဲ့တဲ့ခရီးစဉ်တွေအတွက် ငွေပေးချေရာမှာ အသုံးပြုကြဖို့ တိုက်တွန်းချင်ပါတယ်။ ဒါက လွယ်ကူပြီး အသုံးပြုရအဆင်ပြေတဲ့အပြင် အသုံးပြုတဲ့အကြိမ်တိုင်းမှာလည်း စိတ်ဝင်စားစရာကောင်းတဲ့ဆုတွေ ပြန်ရဦးမှာပါ” ဟု UnionPay International ၏ အရှေ့တောင်အာရှဒေသဆိုင်ရာ ဒုတိယအထွေထွေမန်နေဂျာဖြစ်သူ Vincent Ling က ပြောကြားသည်။
ယခုနှစ်အစပိုင်း၌ Grab မှ တရားဝင်ထုတ်ပြန်ခဲ့သည့် သတင်းထုတ်ပြန်ချက်တစ်ခုအရ မြန်မာနိုင်ငံတွင်း နေ့စဉ်အသုံးပြုသည့် Grab ဝန်ဆောင်မှုအရေအတွက်ပေါင်း ၂၀၁၇ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ နှစ်စဉ် ၃၀၀ ရာခိုင်နှုန်းတိုးမြင့်လာသည်ဟုဖော်ပြထား သည်။

Photo Source – https://www.facebook.com/UnionPayInternationalMM/

“ပြီးခဲ့တဲ့နှစ်တွေမှာ မြန်မာနိုင်ငံရဲ့ ပို့ဆောင်ဆက်သွယ်ရေးနယ်ပယ်ကို ပိုမိုချိတ်ဆက်ပြီး ဒစ်ဂျစ်တယ်စနစ်အသုံးပြုတဲ့ နယ်ပယ်တစ်ခု အဖြစ်တိုးတက်လာအောင် ဆောင်ရွက်ရေးမှာ ကျွန်မတို့ ပါဝင်ကူညီပေးခဲ့ပါတယ်။ ဒီလိုလုပ်ဆောင်တဲ့နေရာမှာ ကျွန်မတို့ရဲ့ဝန်ဆောင်မှုအသုံးပြုသူတွေကို ငွေသားကိုင်ဆောင်အသုံးပြုစရာမလိုဘဲ Grab App မှာ နဲ့ ငွေပေးချေနိုင်တဲ့စနစ်ကို မိတ်ဆက်ပေးခဲ့တာကလည်း တစ်ခုအပါအဝင်ပါပဲ။ UnionPay နဲ့ပူးပေါင်းဆောင်ရွက်မှုကနေ ကျွန်မတို့ရဲ့ ဝန်ဆောင်မှုအသုံးပြု သူတွေအတွက် ပိုပြီးလွယ်ကူအဆင်ပြေတဲ့ဝန်ဆောင်မှုတွေပေးသွားမှာဖြစ်ပြီးတော့ အနာဂတ်မှာလည်း ကတ်အသုံးပြုငွေပေး ချေမှုစနစ် ကို ပိုပြီးအသုံးပြုလာကြလိမ့်မယ်လို့လည်း ကျွန်မတို့မျှော်လင့်ပါတယ် ” ဟု Grab Myanmar ၏ မြန်မာနိုင်ငံဆိုင်ရာ အကြီးအကဲဖြစ်သူ Cindy Toh က ပြောကြားသည်။
မြန်မာနိုင်ငံရှိ မိတ်ဖက်ဘဏ်များမှ ထုတ်ပေးထားသည့် UnionPay ကတ်ကိုင်ဆောင်ထားသူများသည် ပရိုမိုးရှင်းကာလဖြစ်သည့် ၂၀၁၉ ခုနှစ် သြဂုတ်လ ၃ဝ ရက် မှ ၂ဝ၂ဝ ခုနှစ် ဖေဖော်ဝါရီလ ၂၉ ရက် အတွင်း Grab ခရီးစဉ်သစ် (၁ဝ) ကြောင်းကို အများဆုံး ၃၀ ရာခိုင်နှုန်းလျှော့ဈေးဖြင့် စီးနင်းနိုင်မည်လည်းဖြစ်သည်။
Grab App ဝန်ဆောင်မှုအတွက် UnionPay ကတ်သုံးထားသူတိုင်း အဆိုပါပရိုမိုးရှင်းကို ခံစားခွင့်ရှိမည်ဖြစ်ပြီး ဝန်ဆောင်မှု အသုံးပြုချိန်တွင် ပရိုမိုးရှင်းကုတ်နံပါတ်ဖြစ်သည့် “UP1200” ကို ရိုက်သွင်းရမည်ဖြစ်သည်။
မြန်မာနိုင်ငံရှိ UnionPay အကြောင်းပိုမိုသိရှိနိုင်လိုပါက အောက်ပါ Link များမှဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
https://www.facebook.com/UnionPayInternationalMM/
https://www.unionpayintl.com