Honor မှကင်မရာလေးလုံးပါသည့် Honor 20 Pro စမတ်ဖုန်းများမြန်မာပြည်တွင် စတင်ပွဲထုတ်

Honor မှ ပထမဆုံးသောကင်မရာလေးလုံးပါရှိပြီး အရည်အသွေးပိုမိုကောင်းမွန်သော Honor 20 Pro စမတ်ဖုန်းကို မြန်မာ ပြည်တွင်စတင်ပွဲထုတ်လိုက်ပြီဖြစ်ကြောင်းသိရသည်။ Honor 20 Pro နှင့် Honor 20 စမတ်ဖုန်များကို ပြည်တွင်းမီဒီယာများ မိတ်ဆက်ပွဲအခမ်းအနားကို ၂၀၁၉ ခုနှစ် သြဂုတ်လ ၁၅ ရက်နေ့တွင် ရန်ကုန်မြို့ Sakura Tower တွင်ကျင်းပပြုလုပ်ခဲ့ပြီး မီ ဒီယာများကိုလည်း စမ်းသပ်အသုံးပြုစေခဲ့သည်။

Photo Source By Myanmar Tech Press

Honor 20 Pro နှင့် Nonor 20 စမတ်ဖုန်းများသည် ၆ ဒဿမ ၂၆ လက်မ Full-Screen မျက်နှာပြင် ၂၃၄၀ × ၁၀၈၀ resolution ရှိပြီး မျက်နှာပြင်အပေါ်ဘယ်ဘက်ထောင့်တွင် Punch hole(အရှေ့ကင်မရာ) နှင့် အသုံးပြုရာတွင် ပိုမိုလွယ်ကူ အဆင်ပြေစေရန် Fingerprint Senor ကို ဘေးဘက်တွင်တပ်ဆင်ပေးထားသည်။ အဆိုပါစမတ်ဖုန်းများတွင် အဆင့်မြင့် Kirin 980 chipset ကို ထည့်သွင်းအသုံးပြုထားသည့်အတွက် စွမ်းဆောင်ရည်ပိုင်းနှင့်နေ့စဉ်ဖုန်းလုပ်ဆောင်ချက်များကို အဆင်ပြေချောမွေ့စွာ ပြုလုပ်နိုင်မည်ဖြစ်ကြောင်းသိရသည်။
Honor 20 Pro တွင် ဂိမ်းစွမ်းဆောင်ရည်ပိုင်းကို အကောင်းဆုံးထောက်ပံ့ပေးထားပြီး အဓိက အားသာချက်မှာ ပရော်ဖက်ရှင် နယ်ကျစွာ ဓာတ်ပုံရိုက်ကူးနိုင်သည့် ကင်မရာလေးလုံးပါဝင်ပြီး ကင်မရာများမှာ အလင်းရောင်အားနည်းသည့် နေရာများ၌ပင် ကြည်လင်ပြတ်သားသည့် အကောင်းဆုံးဓာတ်ပုံများကို ဖမ်းယူပေးနိုင်မည့် Ultra-Hight ISO sensitivity နှင့် industry- Largest f/1.4 wide aperture တို့လည်းပါဝင်သည်။ 48MP f/1.4 aperture ရှိ ကင်မရာ၏ အဓိကလုပ်ဆောင်ချက်များအ တွင်းမှ နှစ်ခုမှာ AI Ultra Clarity Mode နှင့် AIS Super Night Mode တို့ဖြစ်သည်။ အနောက်ကင်မရာမှာ ဓာတ်ပုံနှင့်ဗီဒီယို များရိုက်ကူးနေစဉ်အတွင်း လက်မငြိမ်မှုကြောင့်ဖြစ်သည့် ပုံရိပ်ေ၀ဝါးမှုကို ကာကွယ်ပေးနိုင်မည်ဖြစ်ကြောင်းလည်းသိရသည်။

Photo Source By Myanmar Tech Press

16MP ရှိ ၁၁၇ ဒီဂရီအထိ လှည့်လည်ရိုက်ကူးနိုင်မည့် Super-wide-angle lens f/2.2 နှင့် OIS စနစ်ပါရှိသည့် 8MP telephoto sensor f/2.4 တို့လည်းပါဝင်ကြသည်။ အဆိုပါ ကင်မရာနှစ်ခုအနက် 8MP telephoto Sensor တွင် 3× optical Zoom၊ 5× hybrid zoom၊ 30× digital zoom နှင့် လကိုဆွဲယူရိုက်ကူးနိုင်သည့် moon shot mode လည်းပါရှိသည်။ လေး ခုမြောက်ကင်မရာ 2MP macro camera f/2.4 aperture မှာ သေးငယ်သည့်အရာဝတ္တုများကို 4 စင်တီမီတာအကွာမှပင် ကြည်လင်ပြတ်သားစွာ ရိုက်ကူးနိုင်မည်လည်းဖြစ်သည်။
အဆိုပါ ဖုန်းပုံစံဒီဇိုင်းမှာလှပသေသပ်ပြီး ဖုန်း၏ကျောဘက်တွင် လှပသည့် 3D effect ပေးစွမ်းနိုင်သည့် Dynamic Holographic Glass ဖြင့်တည်ဆောက်ထားပြီး အရောင်အားဖြင့် Phantom Black နှင့် Phantom Blue စသည့်အရောင်နှစ် မျိုးဖြင့်ထုတ်လုပ်ထားသည်။ ဂိမ်းလုပ်ဆောင်ချက်များကို အကောင်းဆုံးပေးစွမ်းနိုင်သည့် Industry-leading GPU Turbo 3.0 feature ကိုလည်းထည့်သွင်းပေးထားသည်။ ဘက်ထရီစွမ်းအားပိုင်းတွင်လည်း တစ်ကြိမ်အားဖြင့်ထားရုံဖြင့် တစ်ရက် တာလုံးအသုံးပြုနိုင်မည့် 4000 mAh ဘက်ထရီထည့်သွင်းထားပြီး ဖုန်းမှတ်ဉာဏ်သိုလှောင်နိုင်စွမ်းပမာဏမှာ 256GB ဖြစ် ကြောင်းလည်းသိရသည်။

Photo Source By Myanmar Tech Press

Honor 20 တွင် 2MP ရှိ macro camera၊ 16MP ရှိ Super wide-angle senson 2MP depth assist sensor f/2.4 နှင့် 48MP main sensor f/1.8 aperture ကင်မရာများပါဝင်သည်။ အရှေ့ဆယ်ဖီကင်မရာကို ၂၀၁၉ ခုနှစ်တွင် ရေပန်းစားလာ သည့် feature တစ်ခုဖြစ်သော သေးငယ်သည့်အရွယ်အစား 4.5 mm ရှိ Punch-hole ပုံစံပြုလုပ်ထားပြီး အဆိုပါကင်မရာမှာ 32MP high-res shooter f/2.0 aperture စွမ်းဆောင်ရည်ကို ထောက်ပံ့ပေးနိုင်သည်။ ဖုန်း၏ Screen-to-body ratio မှာ 91.6 percent ရှိပြီး အရောင်အားဖြင့် ဖန်သားနှင့် depth layar နှစ်ခုကို ပေါင်းစပ်ဖန်တီးထားသည့် Midnight Black နှင့် Sapphire Blue အရောင်နှစ်မျိုးဖန်တီးထုတ်လုပ်ထားသည်။
Honor 20 Series စမတ်ဖုန်းများသည် စတင်ရောင်းချသည့် ပထမဆုံးနှစ်ပတ်အတွင်း၌ ဖုန်းအလုံးရေနှစ်သန်းအထိရောင်းချ နိုင်ခဲ့ပြီး တရုတ်မိုဘိုင်းလ်ဈေးကွက်အတွင်း မှတ်တိုင်သစ်တစ်ခုစိုက်ထူနိုင်ခဲ့ပြီးဖြစ်ကြောင်း Honor Myanmar မှထုတ်ပြန် ကြေငြာထားသည်။ Honor ‘N’ Series ၏ ထုတ်ကုန်တစ်ခုဖြစ်သော Honor 20 Lite စမတ်ဖုန်းကိုလည်း ၂၀၁၉ ခုနှစ် သြဂုတ်လ ၇ ၇က်နေ့တွင် ရန်ကုန်မြို့ Novotel Hotel တွင်မိတ်ဆက်ခဲ့ပြီးလည်းဖြစ်သည်။