နည်းပညာပိုင်းဆိုင်ရာ Startup လုပ်ငန်းများစတင်လုပ်ကိုင်ချင်သူတွေအတွက် Kanaung Hub

မြန်မာနိုင်ငံတွင်း အိုင်တီနည်းပညာဖြင့် Stratup လုပ်ငန်းစတင်လုပ်ကိုင်ချင်သူများ၊ ကွန်ပျူတာတက္ကသိုလ်၊ နည်းပညာ တက္ကသိုလ်ကျောင်းပြီးခါစ လုပ်ငန်းစတင်လုပ်ကိုင်လို့သည့်လူငယ်များအတွက် ငွေကြေးဆိုင်ရာအရင်းအနှီး၊ နေရာအခက် အခဲများကိုလည်း ကြုံတွေ့တတ်ကြသည်မှာလည်း အမှန်ပင်ဖြစ်ပေသည်။ ထို့အပြင် စဉ်ဆက်မပြတ် အိုင်တီပိုင်းဆိုင်ရာ အသိပညာရပ်များကို Sharing ပြုလုပ်ပေးနိုင်သောနေရာတစ်ခုကိုလည်း Startup လုပ်ငန်းစတင်လိုသူများသိရှိထားပါက လည်း ပိုမိုအကျိုးရှိနိုင်မည်ဖြစ်ထွန်းနိုင်မည်လည်းဖြစ်သည်။
ထို့အပြင် Startup လုပ်ငန်းစတင်လုပ်ကိုင်သူများအနေဖြင့် ထိရောက်သော နည်းပညာပိုင်းဆိုင်ရာကဏ္ဍများတွင် ပိုမိုအမြင် ကျယ်စွာထိုးဖောက်လုပ်ကိုင်နိုင်ခြင်း၊ လုပ်ငန်းစတင်ချိန်တွင် မလိုအပ်သောငွေကြေးကုန်ကျမှုသက်သာခြင်း၊ နေ့စဉ်နှင့်အမျှ တိုးတက်ပြောင်းလဲနေသော အိုင်တီစီးပွားရေးကဏ္ဍကိုမျက်ခြေမပြတ်လေ့လာနိုင်ခြင်း၊ Co-Working Space ဖြင့် ကောင်း မွန်သောလုပ်ငန်းအနာဂတ်ကိုဖန်တီးနိုင်ခြင်း စသည့်အကျိုးကျေးဇူးများကိုလည်းရရှိနိုင်မည်လည်းဖြစ်သည်။

Photo Source – https://www.kanaunghub.com/

Kanaung Hub သည် စွန့်ဦးတီထွင်လုပ်ငန်းစတင်လုပ်ကိုင်သူများအခက်အခဲများကို ကူညီဖြေရှင်းပေးနိုင်သောနေရာတစ်ခု ဖြစ်ပြီး မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်နှင့် မြန်မာ့အိုင်စီတီဖွံ့ဖြိုးတိုးတက်ရေးကော်ပိုရေးရှင်းလီမီတက်တို့မှ မြန်မာနိုင်ငံ၏ ICT နည်းပညာကို ကြိုးစားလုပ်ဆောင်မည့်လူငယ်များအတွက် ရည်ရွယ်ကာ ၂၀၁၅ ခုနှစ် ဇွန်လ ၂၄ ရက်နေ့ တွင် ရန်ကုန်မြို့ MICT Park ဝင်းအတွင်းတွင် ဖွင့်လှစ်ခဲ့ခြင်းလည်းဖြစ်သည်။ Kanaung Hub တွင် စွန့်ဦးတီထွင်သူများ၊ လုပ်ငန်းတည်ထောင်သူများကို စနစ်တကျတည်ထောင်နိုင်အောင် အဓိကဝန်ဆောင်မှုများထည့်သွင်းတည်ထောင်ပေးထား သည့် လုပ်ငန်းပျိုးထောင်ရေးနှင့် အရှိန်အဟုန်မြင့်တင်ရေးနေရာတစ်ခုလည်းဖြစ်သည်။
Kanaung Hub သည် စတင်ဖွင့်လှစ်သည့်အချိန်မှ ယခုအချိန်အထိ လူငယ်များအတွက် နည်းပညာဆိုင်ရာ Workshop များပြုလုပ်ပေးခြင်း၊ သင်တန်းများဖွင့်လှစ်ပေးခြင်း၊ ဆန်းသစ်တီထွင်မှုပြိုင်ပွဲများပြုလုပ်ပေးခြင်း၊ NLP စီမံကိန်းများဆောင်ရွက် ပေးခြင်း၊ SIDC (Software Industry Development Committee) အစည်းအဝေးများပြုလုပ်ခြင်း၊ စီးပွားရေးဆိုင်ရာအတွေ့ အကြုံများဖလှယ်သည့်အစည်းအဝေးများ၊ တွေ့ဆုံပွဲများပြုလုပ်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိသည်။

Photo Source By Myanmar Tech Press

“Kanaung Hub မှာက Startup လုပ်ငန်းတွေအပြင်ကို Intenship ကျောင်းသားတွေအတွက်လည်းလုပ်ပေးပါတယ်။ Kanaung Hub ဆိုတာကလည်း MCF(Myanmar Computer Federation)နဲ့အတူတူပါပဲ။ အဓိကကတော့ နေရာဖန်တီးပေးတာပဲ။ တကယ့် Main Sponsor လုပ်ပေးတာကတော့ MCF ကလုပ်တယ်။ MIC လုပ်တယ်။ အခြားအဖွဲ့တွေပေါ့နော်။ ကွန်ပျူတာတက္ကသိုလ်တွေက နောက်ဆုံးကျောင်းပြီးခါနီးကျောင်းသားတွေကို ဒီမှာနေရာယူဆောင် ရွက်ပေးတာပါ။ အဓိကကတော့ အဲ့ဒါတွေလုပ်တယ်ပေါ့နော်။ နောက်ပြီးတော့ Startup လုပ်ငန်းတွေပေါ့။ ရင်းနှီးမြှုပ်နှံမှုသိပ်မ တတ်နိုင်ကြသေးတဲ့အတွက် နေရာထိုင်ခင်းအခက်အခဲရှိတဲ့သူတွေအတွက် ဈေးနှုန်းသက်သက်သာသာနဲ့ ဒီက ဆောင်ရွက် ပေးတာပါ”ဟု Kanaung Hub တွင်လုပ်ရှိလုပ် ကိုင်နေသည့်အရာများနှင့်ပတ်သက်၍ Kanaung Hub မန်နေဂျာ ဦးကျော်ကျော်လင်းက ပြောကြားသည်။
မြန်မာ့လူငယ်နည်းပညာစွန့်ဦးတီထွင်ဖွံ့ဖြိုးအစီအစဉ် ၂၀၁၈-၂၀၁၉ အားကျင်းပပြုလုပ်ခဲ့ပြီး ကွန်ပျူတာတက္ကသိုလ်အသီးသီး နှင့်နည်းပညာတက္ကသိုလ်များမှ ကျောင်းသူ၊ ကျောင်းသားများကို နည်းပညာပိုင်းဆိုင်ရာများကိုဝင်ရောက်ယှဉ်ပြိုင်စေကာ အကောင်းဆုံးအဖွဲ့သုံးဖွဲ့ကိုရွေးချယ်ဆုချီးမြှင့်ခဲ့ကြပြီးလည်းဖြစ်သည်။ အနိုင်ရရှိသည့်အဖွဲ့သုံးဖွဲ့အား ကုမ္ပဏီမှတ်ပုံတင်များ ပြုလုပ်ပေးခြင်း၊ ရင်းနှီးမြုပ်နှံငွေကျပ်သိန်း ၅၀ ချီးမြှင့်ပေးခြင်း၊ Kanaung Hub ၏ Co-Working Space တွင် လုပ်ငန်းများ အား ခြောက်လတိတိဆက်လက်လုပ်ကိုင်ခွင့်ပြုလျက်ရှိသည်။ MYTDP( Myanmar Youth Technopreneurship Development Program) မြန်မာလူငယ်နည်းပညာစွန့်ဦးတီထွင် ဖွံ့ဖြိုးရေးအစီအစဉ်ကို မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် (MCF) နှင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) တို့ပူးပေါင်းကာ ၂၀၁၇ ခုနှစ်တွင် စတင်အကောင်အထည်ဖော်ဆောင်ရွက် ခဲ့ခြင်းလည်းဖြစ်သည်။ MCF ၏ Incubation Cente အဖြစ် Kanaung Hub မှတာဝန်ယူဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး နှစ်ကြိမ် ကျင်းပခဲ့ပြီးလည်းဖြစ်သည်။

Photo Source – https://www.kanaunghub.com/

“MYTDP(Myanmar Youth Technopreneurship Development Program) ဆိုတာက အိုင်တီနဲ့ပတ်သက်တဲ့ စွန့်ဦး တီထွင်လုပ်ငန်းတစ်ခုလည်းဖြစ်တယ်။ အဲ့ဒါကို MPT နဲ့ပူးပေါင်းပြီး နှစ်တိုင်းလုပ်ဖြစ်တယ်ပေါ့နော်။ အခု ဆိုရင် ၂၀၁၈-၂၀၁၉ လုပ်ပြီးပြီပေါ့။ ခုဆိုရင် ၂၀၁၉-၂၀၂၀ လုပ်ဖို့ MPT နဲ့ပူးပေါင်းပြီး အစီအစဉ်ဆွဲနေပြီပေါ့နော်။ ရက်အတိ အကျကိုတော့ မသိရသေးပါဘူး။ ဒီနှစ်ကနည်းနည်းလေးတော့ နောက်ကျတာပေါ့နော်။ MYDTP(Myanmar Youth Technopreneurship Development Program) ကပြီးခဲ့တဲ့ ၂၀၁၈-၂၀၁၉ တုန်းက တစ်နိုင်ငံလုံးအတိုင်းအတာအရ အသင်း ၅၀၀ လောက်ရှိ မယ်လို့ခန့်မှန်းထားပေမယ့်အဲလောက်မရောက်လိုက်ဘူးပေါ့နော်။ ကြော်ငြာအားနည်းတာလည်းပါတာပေါ့။ အိုင်တီနဲ့ပတ် သက်တဲ့ တက္ကသိုလ်ကျောင်းသူကျောင်းသားတွေကိုလုပ်ပေးတာပါ။ နောက်ဆုံးရွေးချယ်ထားတဲ့အသင်း ၁၀ သင်းကို ဒီမှာပဲ ၁၀ ရက်လောက်လေ့ကျင့်ပေးတယ်။ အဲ့ဒါပြီးမှာနောက်ဆုံးအဆင့် ပြိုင်တဲ့အခါမှာ သုံးသင်းကိုပေးတယ်ပေါ့။ ဆုမရတဲ့ကျန်တဲ့ ၇ သင်းကိုလည်း နှစ်သိမ့်ဆုတွေပေးပါတယ်။ ပြိုင်ပွဲမှာအနိုင်ရတဲ့ သုံးသင်းက Kanaung Hub မှာ ၆ လတိတိ Free အလုပ်လုပ်ကိုင်ခွင့်ရတယ်။ ခြောက်လစာနေရာအလကားပေးထားတဲ့ သဘောပေါ့။ သူတို့ရဲ့စာချုပ်ပါစည်းကမ်းအရ Project တွေကို မပြီးမပြတ်မချင်းဒီမှာပဲလုပ်လို့ရတယ်။ အခုကျင်းပမယ့်ပြိုင်ပွဲကိုတော့ ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလောက်တော့ အကြမ်းဖျင်းစဉ်းစားထားပါတယ်။ အတိအကျတော့ ထွက်မလာသေးပါဘူး။ MPT နဲ့လည်း ညှိနှိုင်းဆောင်ရွက်ရမှာတွေ ရှိသေးတဲ့အတွက်ကြောင့်ပါ။ MYTDP ကတော့ နည်းပညာရှင်တွေကို ဆွဲထုတ်တာမျိုးပေါ့။ ဒီနှစ် MYDTP ကျင်းပပြုလုပ်တဲ့ အခါမှာလည်း နယ်စွန်နယ်ဖျားက သူတွေကို လည်းပါဝင်ယှဉ်ပြိုင်နိုင်စေဖို့ ရည်ရွယ်ထားတာတွေရှိတယ်။ အစပိုင်းကတော့ ပြိုင်ပွဲနေရာကိုလာဖို့အတွက် လမ်းစရိတ်က အစအခက်အခဲတွေရှိကြမှာပေါ့။ နောက်ဆုံးရွေးချယ်ပြီးသွားရင်တော့ ကျွန်တော်တို့က ရန်ကုန်ကိုစရိတ်ငြိမ်းခေါ်ယူတာပေါ့။ အားလုံးပြိုင်ပြီးလို့ နှစ်သိမ့်ဆုရတယ်ဆိုရင်တော့ သူတို့အတွက် (၈) သိန်းပေးထားပါတယ်။ အသင်းတစ်သင်းကိုလည်း နှစ်ဦးကနေ ငါးဦးအထိပါဝင်ရတာပေါ့။ ဝင်ပြိုင်တဲ့ Project ကတော့ အခြားနေရာတွေမှာ ဆုရထားပြီးသားတော့ မဖြစ်ရဘူး။ အဲ့လိုစည်းကမ်းလေးတွေတော့ရှိတာပေါ့ ”ဟု Kanaung Hub တွင်နှစ်စဉ်ကျင်းပလျက်ရှိသော MYTDP နှင့်ပတ်သက်၍ Kanaung Hub မန်နေဂျာ ဦးကျော်ကျော်လင်းက ဆက်လက် ပြောကြားသည်။

Photo Source – https://www.kanaunghub.com/

MYTDP အစီအစဉ်နှင့်ပတ်သက်၍လည်း နည်းပညာရှင်လူငယ်များအနေဖြင့်ပါဝင်ယှဉ်ပြိုင်ရန်အတွက် Programing Launching ဆောင်ရွက်ပြီးချိန်မှစတင်ပြီး https://mmtechnopreneurship.com တွင်ဝင်ရောက်ကြည့်ရှုလျှောက်ထားနိုင် မည်လည်းဖြစ်သည်။
Kanaung Hub နောက်အနာဂတ်ဆက်လက်လုပ်ဆောင်သွားမည်များမှာလည်း လုပ်ငန်းပျိုးထောင်ရေးနှင့်အရှိန်အဟုန်မြှင့် တင်ရေးဌာနအား အိုင်စီတီလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်ရှိနေသမျှကာလပတ်လုံး မြန်မာနိုင်ငံကွန်ပျူတာ အသင်းချုပ်နှင့်မြန်မာအိုင်စီတီဖွံ့ဖြိုးတိုးတက်ရေးကော်ပိုရေးရှင်းလီမိတက်တို့က အပြည့်အဝဆက်လက်ထောက်ပံ့သွားမည် ဖြစ်ကြောင်းနှင့် ပြည်တွင်းပညာရှင်များ၊ အဖွဲ့အစည်းများ၊ ပြည်ပမှပညာရှင်များ၊ အဖွဲ့အစည်းများနှင့်လည်းလက်တွဲ၍ မြန်မာ့ လူငယ်များအိုင်စီတီလုပ်ငန်းတိုးတက်ရေးတွင် ပူးပေါင်းဆောင်ရွက်နိုင်ရေးကိုအလေးထားဆောင်ရွက်သွားမည်လည်းဖြစ် သည်။
Kanaung Hub တွင် Event ဧရိယာများ၊ Co-working space တွေရှိနေသည်ဆိုသော်လည်း ၎င်း၏ပေါ်လစီအရ အိုင်တီနှင့်ပတ်သက်သည့်လုပ်ငန်းများ ဖြစ်ရမည်ဟုသတ်မှတ်ထားသည့်အတွက် အိုင်တီနှင့်ပတ်သက်သည့် Event များကိုသာဆောင်ရွက်ပေးလျက်ရှိပြီ Kanaung Hub စတင်ဖွင့်လှစ်စဉ်အခါက မည့်သည့် Event ကိုမဆို လက်ခံဆောင် ရွက်ပေးခဲ့သော်လည်း ယခုအခါ ကနဦးရည်ရွယ်သည့်အတိုင်း အိုင်တီနှင့်သက်ဆိုင်သော Event များကိုသာ လက်ခံဆောင် ရွက်ပေးနေခြင်းလည်းဖြစ်သည်။

Photo Source – https://www.kanaunghub.com/

“လက်ရှိမှာတော့ Kanaung Hub မှာပုံမှန်လာပြီးငှားသုံးနေတဲ့ အဖွဲ့တွေရှိတယ်။ တချို့ကျတော့လည်း အမြဲတမ်းလိုလိုဒီမှာပဲ ငှားပြီးလာလုပ်နေတာမျိုးတွေရှိတယ်။ နာရီနဲ့ငှားတာရှိတယ်။ လနဲ့ငှားတာရှိတယ်။ ရက်အပြတ်နဲ့ငှားတာတွေရှိတာပေါ့။ နောက်ပြီး အိုင်တီနဲ့ပတ် သက်တဲ့ပညာရေးဆိုင်ရာတွေမှာ အခက်အခဲတွေရှိတယ်ဆို ရင်လည်း MCF ကိုစာတင်ပြီး အကူ အညီတောင်းလို့ရတယ်”ဟု Kanaung Hub မှမန်နေဂျာ ဦးကျော်ကျော်လင်းက ပြောကြားသည်။
“မြန်မာနိုင်ငံနည်းပညာပိုင်းဆိုင်ရာတိုးတက်မှုတွေက အများကြီးကောင်းမွန်လာတယ်လို့ဆိုနိုင်ပါတယ်။ ဒီမှာဆိုလည်း Web Design ပိုင်းလုပ်တဲ့သူတွေရှိလာတယ်။ နည်းပညာပိုင်းကို လူငယ်တွေကလည်းစိတ်ဝင်စားမှုများလာတယ်။ နည်းပညာရှင် တွေလည်းများလာတယ်ပေါ့နော်။ အဲ့ဒီအတွက်လည်း နည်းပညာပိုင်းဆိုင်ရာတွေမှာ အားကျစရာတွေဖြစ်လာတာပေါ့။ အခြား ကိုယ်တိုင်မသိသေးတာတွေလည်းရှိချင်ရှိလာနိုင်ပါတယ်။ ဥပမာ-စက်မှုဇုံတွေမှာ အိုင်တီနဲ့ပတ်သက်တဲ့ Project တွေထုတ် ချင်ထုတ်နေတာမျိုးတွေရှိလာနိုင်တာပါပဲ။ မြန်မာပြည်မှာတော့နည်းပညာရှင်တွေကအများကြီးပါပဲ။ နောက်ပြီးကွန်ပျူတာ တက္ကသိုလ်တွေနည်းပညာတက္ကသိုလ်တွေများလာတဲ့အတွက် နည်းပညာပိုင်းဆိုင်ရာမှာလည်းတော်တော်လေးအဆင်ပြေ လာပါတယ်။ Intenship ကျောင်းသူ၊ ကျောင်းသားတွေလည်း အိုင်တီနယ်ပယ်မှာတော်တော် လေးစိတ်ဝင်စားလာတာ ကိုတွေ့ရပါတယ်။ နည်းပညာနဲ့ပတ်သက် တာကိုလည်း လူတော်တော်များများစိတ်ဝင်စားလာကြတယ်ပေါ့။ ဘာကိုမျှော်လင့် နေရလည်းဆိုတော့ ဒီနိုင်ငံမှာ Software တွေထွက်လာပြီးတော့ Hardware တွေထွက်လာဖို့အတွက်ပါပဲ”ဟု မြန်မာနိုင်ငံ နည်းပညာပိုင်းဆိုင်ရာတိုးတက်မှုနှင့်ပတ်သက်ကာ Kanaung Hub မှမန်နေဂျာ ဦးကျော်ကျော်လင်းက သုံးသပ်ပြောဆို သည်။
Kanaung Hub တွင်လာရောက်၍ နည်းပညာဆိုင်ရာများကို လေ့လာနိုင်သလို စာအုပ်များကိုလည်း မြန်မာဘာသာဖြင့်ဖတ်ရှု နိုင်သည့် E-Library ကိုလည်းဆောင်ရွက်ထားရှိသည်။ ထို့အပြင်နည်းပညာများကို Sharing လုပ်နိုင်ရန်အတွက် Own Cloud လည်းဆောင်ရွက်ထားရှိသည်။ ထို့အပြင် မန်နေဂျာတစ်ဦး၊ ရုံးအဖွဲ့ဝင်သုံးဦး၊ NLP Project ဝန်ထမ်းသုံးဦးတို့ဖြင့် နံနက် ၉ နာရီမှ ညနေ ၆ နာရီအထိဖွင့်လှစ်ထားရှိသည်။ အစိုးရရုံးပိတ်ရက်များတွင်ပိတ်လေ့ရှိပြီး ကွန်ပျူတာတက္ကသိုလ် ကျောင်းသား၊ကျောင်းသူများ၊ နည်းပညာတက္ကသိုလ်မှကျောင်းသား၊ကျောင်းသူများ နည်းပညာနှင့်ပတ်သက်၍ စိတ်ဝင်စားသူ များအား စတင်မိတ်ဆက်ပေးသည့်နေရာ၊ လုပ်ငန်းများစတင်ဆောင်ရွက်နိုင်သည့်နေရာတစ်ခုဖြစ်အောင်ဆောင်ရွက်ပေး လျက်ရှိသည်။