Mytel စာမျက်နှာကို အာရှပစိဖိတ်ဒေသ၏ လုပ်ဆောင်ချက်အကောင်းဆုံး နံပါတ် ၁ လူမှုစာမျက်နှာအဖြစ် Socialbakers က အသိအမှတ်ပြု

Mytel ၏ ဖေ့စ်ဘွတ်စာမျက်နှာကို အာရှပစိဖိတ်ဒေသ၏ လုပ်ဆောင်ချက်အကောင်းဆုံး နံပါတ် ၁ စာမျက်နှာအဖြစ် Socialbakers အဖွဲ့အစည်းက ထုတ်ပြန်ကြေငြာခဲ့သည်။

Socialbakers မှထုတ်ပြန်ထားသည့် ဆန်းစစ်ချက် အစီရင်ခံစာအရ Mytel ဖေ့စ်ဘွတ်စာမျက်နှာသည် သည် ၂၀၂၀ ခုနှစ် တတိယသုံးလပတ်အတွင်းတွင် ပို့စ်ပေါင်း ၃၄၃ ပို့စ်နှင့် တုံ့ပြန်မှုပေါင်း ၃,၄၂၉,၁၂၄ ခုတို့ဖြင့် ပထမနေရာတွင် ရပ်တည်လျက်ရှိပါသည်။

Photo Source https://www.facebook.com/mytelmyanmar

“Socialbakers ဆိုတာက လူမှုကွန်ရက်ပေါ်မှာဖွင့်ထားတဲ့ လုပ်ငန်းတွေရဲ့ လူမှုစာမျက်နှာတွေဟာ ဘယ်လို လုပ်ဆောင်မှုတွေပြုလုပ်နေလဲ၊ ဘယ်လောက်ထိရောက်မှုရှိသလဲ၊ လူထုရဲ့ တုံ့ပြန်မှုဘယ်လိုရှိလဲ အစရှိတာတွေကို ဆန်းစစ်ပြီး ကမ္ဘာနဲ့တစ်ဝန်းမှာရှိတဲ့ စီးပွားရေးလုပ်ငန်းတွေက အရေးတယူနဲ့ စောင့်ကြည့်လေ့လာရတဲ့ ဆန်းစစ်ချက်တွေကို ထုတ်ပြန်ပေးနေတဲ့ Artificial Intelligence အသုံးချ social media marketing ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။  ဒီကုမ္ပဏီကထုတ်ပြန်တဲ့ အစီရင်ခံစာမှာ အာရှပစိဖိတ်ဒေသရဲ့  ၂၀၂၀ ခုနှစ် တတိယ လပတ်အတွင်း လုပ်ဆောင်ချက်အကောင်းဆုံး နံပါတ် ၁ စာမျက်နှာအဖြစ်ပါဝင်ခဲ့တဲ့အတွက် Mytel အနေနဲ့ ဝမ်းသာဂုဏ်ယူမိပါတယ်။  Mytel အနေနဲ့ ဆက်လက်ပြီး ပြည်သူလူထုအတွက် အကျိုးဖြစ်စေပြီး လူထုကလည်း စိတ်ဝင်စားမယ့် အစီအစဉ်မျိုးတွေ၊ ပို့စ်မျိုးတွေကို Mytel ရဲ့ လူမှုကွန်ရက် စာမျက်နှာကနေ ဆက်လက် တင်ဆက်ပေးသွားနိုင်ဖို့ ပိုမိုကြိုးစားသွားမှာပါ။” ဟု Mytel Myanmar ၏ ပြင်ပဆက်ဆံရေးအရာရှိချုပ်  ဒေါက်တာဒေါ်နီလာအေးက  ပြောကြားခဲ့ပါသည်။

မြန်မာ့ဆက်သွယ်ရေးနယ်ပယ်သို့ စတုတ္ထမြောက်ဝင်ရောက်လာခဲ့သော Mytel သည် နှစ်နှစ်အတွင်းတွင် မှတ်တိုင်များစွာကို စိုက်ထူကာ မြန်မာနိုင်ငံ၏ အကောင်းဆုံး အော်ပရေတာအဖြစ် ရပ်တည်နေပါသည်။  Mytel သည် အာရှပစိဖိတ်ဒေသ၏ လုပ်ဆောင်ချက်အကောင်းဆုံး နံပါတ် ၁ စာမျက်နှာအဖြစ် Socialbakers က အသိအမှတ်ပြုခဲ့သည့်အပြင် ကမ္ဘာ့ထိပ်တန်း ကွန်ရက်အမြန်နှုန်းတိုင်းတာ စစ်ဆေးသည့် Ookla အဖွဲ့အစည်း ကလည်း ၂၀၂၀ ခုနှစ်အတွက် မြန်မာနိုင်ငံ၏ အမြန်ဆုံးတယ်လီကွန်းကွန်ရက်အဖြစ် အသိအမှတ်ပြုခဲ့ပါသည်။  Mytel စာမျက်နှာသည် မြန်မာနိုင်ငံရှိ လူမှုစာမျက်နှာများအနက် Socialbakers အစီရင်ခံစာတွင် အာရှပစိဖိတ် ဒေသ၏ လုပ်ဆောင်ချက်အကောင်းဆုံး နံပါတ် ၁ လူမှုစာမျက်နှာအဖြစ် ဖော်ပြခြင်းခံရသော မြန်မာနိုင်ငံ၏ ပထမဆုံးလူမှုစာမျက်နှာလည်းဖြစ်ပါသည်။ Mytel သည် မြန်မာပြည်သူလူထုများကို နိုင်ငံတကာတွင် တွင်ကျယ်စွာ စတင်အသုံးပြုနေပြီဖြစ်သော 5G ကွန်ရက်၊ e-SIM နှင့် VoLTE နည်းပညာများကို ပထမဆုံး မိတ်ဆက်ပေးခဲ့သည့် အော်ပရေတာလည်း ဖြစ်ပါသည်။  ထို့ပြင် Mytel သည် ၃၆,၀၀၀ ကီလိုမီတာအရှည်ရှိသည့် မြန်နှုန်းမြင့် ဖိုက်ဘာဆက်ကြောင်းကို  အသုံးပြုထားပြီး  မြန်မာနိုင်ငံ၏ ၉၃ ရာခိုင်နှုန်းသောဧရိယာကို 4G, 4.5  G ကွန်ရက်ဖြင့် လွှမ်းခြုံထားပါသည်။

Photo Source https://www.facebook.com/mytelmyanmar

မြန်မာလူမျိုးတို့၏ အကျိုးစီးပွားကိုရှေးရှုသော အကောင်းဆုံးအော်ပရေတာ Mytel သည် ခေတ်မီဆန်းသစ်သော နည်းပညာများဖြင့် သုံးစွဲသူများအား အထောက်အပံ့ဖြစ်စေနိုင်မည့်   အတွေ့အကြုံကောင်းများကို ပေးစွမ်းလျက် မြန်မာလူမျိုးတို့၏ သုံးစွဲမှုအလေ့အထနှင့် ကိုက်ညီသည့် အရည်အသွေးပြည့်မီ ကောင်းမွန်သော ဆက်သွယ်ရေး ဝန်ဆောင်မှုများကို အသုံးပြုနိုင်ရန် ဆက်သွယ်ရေးဝန်ဆောင်မှုများကို အသုံးပြုနိုင်ရန် ဆောင်ရွက်လျက်ရှိပါသည်။ Mytel သည် မြန်မာလူမျိုးတို့၏ အလေ့အထနှင့်ကိုက်ညီပြီး အသုံးပြုသူများ၏ လူမှုဘဝဖွံ့ဖြိုး တိုးတက်ရေး အတွက် လိုအပ်သောဆန်းသစ်တီထွင်မှုများနှင့် ဝန်ဆောင်မှုများအားပံ့ပိုးပေးနိုင်ရန် အထူးအာရုံစိုက်၍ ဆက်လက် ကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်သည်။